ရင်ခုန်သံပြိုလဲ
အနံ့သင်းသင်း
ဆွဲအားတင်းတင်း
ခါးစည်းကြိုးလေးနဲ့
သမုဒယမျက်နှာလေးကို
မွေးမွေးပေးချင်တယ်။
စကားလေးတီတီတာတာ
ဟန်နွဲ့နွဲ့ပလီပလာ
အင်္ကျီလည်ဟိုက်လေးနဲ့
အသားချင်းမထိတထိ
ဖက်နမ်းမိလိမ့်မယ်။
ခေါင်းကလေးယိမ်းကာတိမ်းကာ
မျက်စောင်းလေးဝင့်ကာတင့်ကာ
ကျောင်းဆင်ထမီလေးနဲ့
အသက်ရှုမသိတသိ
ချစ်နေမိတယ်။
ရက်စက်တဲ့သဏ္ဍာန်
အပြုံးချိုမူဟန်ဟန်နဲ့
ရောဂါတဲ့ သဲနေသူကိုပေါ့
ချစ်အဖြေပေးတော့
လက်တွဲကြရအောင်နော့
တသက်လုံးပေါ့။
ရေးသားသူ----စိုးမိုးသူ(ထားဝယ်)၊ခေတ္တ-အမေရိက၊
soemoethu969@gmail.com
အနံ့သင်းသင်း
ဆွဲအားတင်းတင်း
ခါးစည်းကြိုးလေးနဲ့
သမုဒယမျက်နှာလေးကို
မွေးမွေးပေးချင်တယ်။
စကားလေးတီတီတာတာ
ဟန်နွဲ့နွဲ့ပလီပလာ
အင်္ကျီလည်ဟိုက်လေးနဲ့
အသားချင်းမထိတထိ
ဖက်နမ်းမိလိမ့်မယ်။
ခေါင်းကလေးယိမ်းကာတိမ်းကာ
မျက်စောင်းလေးဝင့်ကာတင့်ကာ
ကျောင်းဆင်ထမီလေးနဲ့
အသက်ရှုမသိတသိ
ချစ်နေမိတယ်။
ရက်စက်တဲ့သဏ္ဍာန်
အပြုံးချိုမူဟန်ဟန်နဲ့
ရောဂါတဲ့ သဲနေသူကိုပေါ့
ချစ်အဖြေပေးတော့
လက်တွဲကြရအောင်နော့
တသက်လုံးပေါ့။
ရေးသားသူ----စိုးမိုးသူ(ထားဝယ်)၊ခေတ္တ-အမေရိက၊
soemoethu969@gmail.com
No comments:
Post a Comment
ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။