ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, January 17, 2009

သရဏဂုံတည်ခြင်းအကျိုး

သရဏဂုံတည်ခြင်းအကျိုး
ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတစ်သိန်း ထက်၌
ဆန္ဒ၀တီပြည်တွင် မိအို၊ ဖအိုတို့ကို ပြုစုလုပ်ကျွေးနေသော အမျိုးကောင်းသား တစ်ဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တစ်နေ့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်နိဿာမထေရ်ထံသို့ ရိုသေစွာ သွားရောက်ကာ .. .." ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမံ္မသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ " ဟု ရွတ်ဆို၍ သရဏဂုံဆောက်တည်၏။ထိုအမျိုးသားကောင်းသည် အနှစ်တစ်သိန်း ကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်၍ (၈)ပါးသော အကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး (၈)ပါးတို့မှာ-(၁)နေရာမရွေး အပူဇော်ခံရခြင်း။(၂)ဥာဏ်ပညာ လွန်စွာထက်မြက်ခြင်း။(၃)များစွာသော စည်းစိမ်းချမ်းသာ ရှိခြင်း။(၄)အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။(၅)အသားအရောင် ရွှေအဆင်းကဲ့သို့ တောက်ပခြင်း။(၆)အရာရာ မိမိအလိုကျဖြစ်ခြင်း။(၇)မိတ်ပျက်ခြင်းမရှိ၊ မိတ်ဆွေပေါခြင်း။(၈)ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်း တို့ဖြစ်သည်။ထိုဘဝမှ စုတေပြီးသောအခါ သိကြားမင်းအဖြစ်အကြိမ်(၈၀)၊ စကြာမင်းအဖြစ် (၇၅)ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည်။ နောက်ဆုံး ဂေါတမ မြတ်စွာဘုရားလက်ထက်တွင် သာဝတ္တိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်တွင် လူအဖြစ် ရရှိခဲ့သည်။ ထို့နောက် (၇)နှစ်သားအရွယ်၌ ရဟန္တာတစ်ပါးထံ သရဏဂုံ ဆောက်တည်စဉ် မိမိကမ္ဘာတစ်သိန်းက ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိသဒ္ဓါဖြစ်ကာ ၀ိပဿနာဥာဏ်စဉ်ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။ဂေါတမမြစ်စွာဘုရားသည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူသည်။ သရဏဂုံတည်ခြင်း အကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်း ပြု၍ ထိုရဟန္တာအရှင်ကို "တိသရဏဂမနိယထေရ်" ဟု ဘွဲ့မည်ပေးခဲ့သည်။(အပဒါနပါဠိ၊ ပ-၃၊ သု ဘူတိဝဂ်။)

အောင်မြေhttp://aung-myay.blogspot.com/ဘလော့မှတစ်ဆင့်ကူးယူဖော်ပြသည်။

အဖေ

သူငယ်ချင်းတစ်ယောက်အီးမေးနဲ့ပို့တဲ့ကဗျာလေးပါကြိုက်လို့
ကျွန်တော်ဘလော့မှာတင်လိုက်ပါတယ်။

!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
အဖေ
ဖေချစ်တို့ …ဖေခင်တို့ ဆိုတာ ရှိတော့ရှိတယ်ရှားတယ် ဆိုတာမျိုးလိုပဲ
အဖေဆိုတာကလည်းသားသမီးကိုချစ်လျှက်နဲ့  ကြောက်အောင်နေပြရတဲ့ဖန်တီးရှင်မဟုတ်လား
ဒါပေမယ့်…အဖေသာ အရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား မင်းသမီးတွေ
ဖြစ်လာနိုင်တာပေါ့ အဖေကချမ်းသာကြွယ်ဝပြန်တော့လည်း သူဌေးသားသမီးတွေ ဖြစ်ပြန်တာပဲမဟုတ်လား
အဖေကပညာရဖို့  ကုသိုလ်ရဖို့ ငွေရဖို့ မိသားစုတာဝန်ကျေဖို့  အလုပ်လုပ်နေတာပါ
ဆူးမွှေ့ ယာလည်းမအိပ်ခဲ့..ပန်းမွှေ့ ရာလည်းမစံရပေမယ့် မငြီးရှာ နှီးဖျာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့
အဖေ့ဦးနှောက်နဲ့  ကြွက်သားကြီးတွေပေါ်မှာ သာယာဖူလုံမှုများနဲ့  လွှမ်းခြုံနွေးထွေးစေခဲ့ပါတယ်
ဖောက်ပြန်မှုကင်းစွာနဲ့ နှစ်ကိုယ်ပိုင်းတစ်စိတ်နဲ့ နှစ်ယောက်ပေါင်း တစ်ဘ၀ဖြစ်အောင်
မေတ္တာတွေအစဉ်အပိုင်ပေးပြီး အမေ့အတွက်နားလည်မှုအရှိဆုံးဟာ အဖေရယ်ပါ
အိမ်နီးချင်းဆိုတာ ကလေးချင်း ၊ မိန်းမချင်း ကြောင့် ၊ ခြံမြေကြောင့် ၊ တိရစ္ဆာန်ကြောင့်
စကားများတက်တယ်ဆိုတဲ့အဖေ့စကား အလွန်မှတ်သားလိုက်နာသင့်တဲ့အချက်ပါ
သောက်တယ်ဆိုတာ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျမ်းမာရေး ၊ လူမှုရေး မပျက်စီးစေရဘူးဆိုတာ
အဖေ့ နိတိ( လမ်းညွှန် )ပါ အဖေဟာအလှချစ် ဓနချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာ အိမ်ထောင်ရေးကိုတည်ထောင်သူပါ
ဒါကြောင့်အဖေ့မိသားစုဟာ ငွေမချမ်းသာပေမယ့်စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ထိပ်ဆုံးကပါပဲ
ကြွေးဟောင်းလည်းဆပ် ၊ ကြွေးသစ်ထပ်နှစ်ရပ်တာဝန်ကျေခဲ့တဲ့အဖေ
သားသမီးဆန်းသမျှ နွမ်းလျှတဲ့အ၀တ်လေးနဲ့တင့်တယ်ခဲ့တဲ့အဖေ
သားသမီးကို ပုခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီး စတိုင်ကျကျပွဲပြခဲ့ဖူးတဲ့အဖေ
သားသမီးတွေအတွက် အသာမခံ အနာခံသမားသက်သက်ဟာ အဖေလိုမိဘတွေမှတပါး အခြားမရှိ
ရေချိုးတော့ချမ်း အဖေ့ပုဆိုးကြမ်းကလေးနဲ့ နွေးထွေးစေခဲ့ဖူးတယ်
အမေကကောင်းစေချင်လို့ ဆုံးမခဲ့သမျှအသားနာပေမယ့်ဘ၀မနာစေရပါဘူး
အခုတော့ အဖေ့မှာ ခေတ်ဆန်းပညာတက်တဲ့ သားသမီးတွေကြားရှေးရိုးအဖိုးကြီးဖြစ်နေပြီ
ခုတော့အဖေ့မှာ ရွှေပုံငွေပုံဘေးမှာ မြေးကိုထိန်း ပေးတာယူကျွေးတာစား လှိုင်သောအပြုံးများနဲ့နှောလို့
အားနာနေတာလား အားငယ်နေတာလား အဖေရယ်…?
အဖေရေ…ခေါ်လို့ ထူးမည့်သူမရှိတဲ့တစ်နေ့မှာ အဖေ့ပုံရိပ်တွေက လှိုင်သောအပြုံးများနဲ့စောင့်ရှောက်ပေးနေဦးမှာပါ
ဒီလောကမှာ အဖေနဲ့တူတဲ့အဖေလို အဖေမျိုးတွေ တဖြုတ်ဖြုတ်ကြွေလွှင့်သွားကြရင်တောင် များများကြီး
ရှိရှိလာနိုင်ပါစေလို့ သားဆုတောင်းလျှက်ပါ……။
( အဖေကိုချစ်သော သားသမီးများအတွက် )
တင်ပြသူပန်ဒိုရာ(ထီလာ)

Friday, January 16, 2009

ပန်းတစ်ပွင့်ရဲ့လတစ်စင်း

ငါ့အချစ်သည်ထာဝရအလင်းဖြစ်သည်
ဘယ်သောအခါမှမှောင်လိမ့်မည်မဟုတ်
ငါ...မြတ်နိုးတဲ့ပန်းတစ်ပွင့်မှာ
ပျားတစ်ကောင်ရှိတာမထူးဆန်းပါဘူး
ထူးဆန်းခြင်းက
ဒီထက်မကပိုရှိသင့်တယ်
..........................
ငါ့ရဲ့..ည၀တ်အင်္ကျီဘယ်ဘက်
အိတ်ကပ်တခုထဲမှာ
တမင်တကာမယူလာခဲ့တဲ့
အပြာရောင်ပန်းသီးတစ်လုံး
နင်လိုချင်ရင်တစ်ခြမ်းတော့ပေးချင်တယ်
ကျန်တဲ့တစ်ခြမ်းကငါ့ဘ၀အတွက်
ခပ်သိမ်းသောသူတို့ ဝေဖန်ခြင်းကို
ဖြစ်ပါစေ
............................
နေမင်းကြီးရဲ့အပူဒဏ်ကိုအန်တုလို့
အေးမြခြင်းအလင်းရောင်ကို
ဆောင်ယူပေးတဲ့လတစ်စင်းလို့
သိခဲ့မယ်ဆိုရင်
မင်းဘ၀အတွက်ညနေတိုင်းမှာ
စီးမြောချင်တဲ့လတစ်စင်းပါ
ဒါပေမယ့်
ငါ့ရဲ့အနောက်ဘက်ခြမ်းကို
ဘယ်သောအခါမှကြည့်ခွင့်မရှိသူဟာ
“မင်း”ဆိုတဲ့
ပန်းလေးတစ်ပွင့်တည်း
.......................................
ပန်ဒိုရာ(ထီလာ)


ယဉ်ကျေးသောငှက်နှစ်ကောင်နှင့်ကျွန်တော်၏အတွေး

.......ဘာရယ်မဟုတ်ဘူးဒီနေ့ပျင်းပျင်းရှိတာနဲ့စာအုပ်လေးတစ်အုပ်ဖတ်နေတာ....အဲဒီစာအုပ်ထဲက

" "ညီညွတ်ကြဟေ့၊စည်းလုံးညီညွတ်မှုဟာ အလွန်ကြီးမားတဲ့ခွန်အားပဲဟေ့။
သူတစ်ပါးပြောတာကိုနားယောင်ပြီးမစည်းလုံးကြ၊မညီညွတ်ကြရင် ကိုယ်ပဲနစ်နာတယ်။
ဘေးကပြောတဲ့သူတစ်ပါးမနာဘူး။ " "

ဒီစာလေးကိုဖက်မိတော့..စိတ်ဝင်စားသွားတယ်.နောက်ဆက်ဖတ်ကြည့်တယ်....
ဖတ်ပြီးတော့စဉ်းစားမိတယ်..ငါတို့လူမျိုးတွေများအချင်းချင်းစည်းလုံးကြရင်ဘယ်လောက်
ကောင်းလိုက်မလဲလို့..ကျွန်တော်တို့နိုင်ငံမှာ..စစ်တပ်လဲစစ်တပ်မလို့..ငြိမ်းချမ်းရေးအဖွဲ့လဲ
ငြိမ်းချမ်းရေးအဖွဲ့မလို့..တောထဲကလက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့ကလဲတမျိုး....
ကြားထဲကသူတို့တွေတိုက်နေခိုက်နေတာနဲ့ပဲ..ကျွန်တော်တို့မြန်မာပြည်သူတွေ
ဘယ်လောက်များ..သေကြေနေပြီလဲ..ဘယ်လောက်များမိဘမဲ့တွေဖြစ်နေပြီလဲ..ဘယ်လောက်များ
ဘ၀ပျက်နေကြပြီလဲ..အများကြီးပါ...နောက်တော့ခံစားမိတာက..စည်းလုံးမှုသာရှိရင်..ပြည်သူတွေဘယ်
လောက်များအေးချမ်းလိုက်မလဲပေါ့.အရင်ကနယ်တွေကိုသွားရင်.ကားခလဲပေးရသေးတယ်..လမ်းမှာ
သူပုန်စခန်းကို..ဆက်ကြေးလဲပေးရတယ်..အခန့်မသင့်လို့ကားပေါ်မှာမိန်းကလေး
ချောချောပါလာရင်..ဆွဲသွားသေးတယ်.နောက်ပြီးကားကိုသေနတ်နဲ့ပစ်တာတို့.ရထားမိုင်းခွဲတာတို့.
လူများတဲ့နေရာမှာဗုံးထောင်တာတို့..ဒဂုံစန်တာဗုံးကွဲတုန်းကအဖြစ်မျိုတွေ..ဒီလိုအဖြစ်မျိုး..မြန်မာပြည်မှာ
မရှိစေချင်တော့ဘူး.............ကျွန်တော်တို့နိုင်ငံကလူမျိုးတွေအားလုံးစည်းလုံးညီညွတ်နေရင်..ဆိုတဲ့အတွေး......
............................
အောက်မှာပုံပြင်လေးကိုဖတ်ကြည့်နော်..

မြန်မာတို့စကားပြော၌တိုတိုနှင့်ထိမိသောစကားကိုပြောဆိုလေ့ရှိကြ၏။စကားပြောဖော်ပြောဖက်၏
စိတ်အာရုံတွင်ကွင်းခနဲထင်းခနဲဖြစ်စေရန်စကားပုံများကိုထည့်သွင်းပြောတက်ကျသည်။
"ဘုတ် ကျီး ရိုသေ၊ကျီး ဘုတ် ရိုသေ"

တစ်ဦးနှင့်တစ်ဦးဆက်ဆံပေါင်းသင်းပြောဆိုရာတွင်အပြန်အလှန်လေးစားရိုသေမှုရှိခြင်းအတွက်
ဤစကားပုံကိုအသုံးပြုကြ၏။ အချို့စကားပုံများသည်စကားပုံသာရှိပြီး..စကားပုံ..ပုံပြင်မရှိချေ။
အချို့မှာသော်စကားပုံစတင်ဖြစ်ပေါ်လာသည့်ပုံပြင်များရှိသည်။အောက်ပါ.ကျွန်တော်ပြောမည့်
ပုံပြင်မှာစကားပုံရှိသောပုံပြင်များထဲကတခုဖြစ်ပေသည်။

"ရှေးအခါကဟိမ၀န္တာတော၏ အစွန်အဖျားတောကြီးအတွင်း၌ တိရိစ္ဆာန်စုံလင်စွာနေထိုင်ကြလေသည်။
ထိုအထဲတွင်အတောင်အားကိုလျှက် ပျံသန်းသွားလာသောငှက်များ.ပါရှိ၏။ဦးချိုကိုအားကိုးသော
ခြေလေးချောင်းသတ္တ၀ါ၊ခွန်အားဗလကိုအားကိုးသောခြေလေးချောင်းသတ္တ၀ါ၊အားကိုးမရှိသောခြေလေး
ချောင်းသတ္တ၀ါနှင့်တွားတွားသတ္တ၀ါများပါရှိပေသည်။
ထိုအမျိုးမျိုးသောသတ္တ၀ါများသည် မျိုးတူချင်းလည်းမသင့်မြတ်၊မျိုးကွဲချင်းလဲမတည့်ကြပေ။အချင်းချင်း
ရန်စောင်ကြ၊ဝှေ့ကြ၊ ခတ်ကြ၊ကိုက်ခဲကြနှင့်ရန်ဖြစ်သံများပွက်ပွက်ညံနေသည်။

ထိုတောထဲ၌ဇီးကွက်များလည်းမှီတင်းနေထိုင်ကြ၏။ထိုဇီးကွက်များကိုအုပ်ချုပ်သူမှာ ပညာရှိရွှေဇီးကွက်
ဖြစ်လေသည်။
ရွှေဇီးကွက်ကြီးသည်နေ့အခါသစ်ခေါင်းအောင်းလေ့ရှိသည်။ပူအိုက်သောရာသီများတွင်ကား၊သစ်ခေါင်း
တွင်းသို့မ၀င်၊။အရွက်ထူထပ်သောသစ်ကိုင်းများကြား၌ငြိမ်သက်စွာနေသည်။ထိုသို့နေစဉ်တွင်..သူသည်
အိပ်ပျော်သည့်အခါအိပ်ပျော်သည်။အိပ်၍မပျော်သည့်အခါများလည်းရှိပေသည်။

ရွှေဇီးကွက်ကြီးအိပ်မပျော်ချိန်တွင် ဒရယ်အချင်းချင်း၊သမင်အချင်းချင်း၊ပြောင်အချင်းချင်း.ခတ်ဝှေ့နေကြ
သည်ကိုမြင်ရ၏။ထိုနည်းအတူပင်ကျားသစ်အချင်းချင်းအသေအကြေကိုက်ခဲနေသည်ကိုမြင်ရပြန်၏။
ရွှေဇီးကွက်ကြီးစိတ်မချမ်းသာပေ..သို့အတွက်ရွှေဇီးကွက်ကြီးသည်.ငယ်သားများအား..........
" "ညီညွတ်ကြဟေ့၊စည်းလုံးညီညွတ်မှုဟာ အလွန်ကြီးမားတဲ့ခွန်အားပဲဟေ့။
သူတစ်ပါးပြောတာကိုနားယောင်ပြီးမစည်းလုံးကြ၊မညီညွတ်ကြရင် ကိုယ်ပဲနစ်နာတယ်။
ဘေးကပြောတဲ့သူတစ်ပါးမနာဘူး။ " "

ဟုဆုံးမလေ့ရှိသည်။

တစ်နေ့သောအခါတွင်ရွှေဇီးကွက်ကြီးရှိသောသစ်ပင်အောက်၌၀ံပလွေတစ်အုပ်နှင့်အခြားဝံပလွေတစ်အုပ်သည်
အစာလုရင်းရန်ဖြစ်ကျလေသည်။တစ်ဖက်ကထွက်ပြေးလျှင်လည်းရန်ပွဲသည်ပြီးစီးမည်။ယခုသော်
သွေးသံရဲရဲဖြင့်မလျှော့တမ်းကိုက်ခဲနေသောအခါရွှေဇီးကွက်ကြီးသည်မနေသာတော့ပေ။ ။

"မိတ်ဆွေတို့...မိတ်ဆွေတို့"
ဝံပုလွေတွေသည်အကိုက်ရပ်ပြီးမော့ကြည့်ကြသည်။
"မိတ်ဆွေတို့ဟာမျိုးတူဝံပုလွေတွေပါဗျာ။ဟိုဘက်ကတောမှာကျီးနဲ့ဘုတ်၊ မျိုးမတူပေမယ့်သင့်မြတ်ကြတယ်။
ဒါကြောင့်မိတ်ဆွေတို့သွားပြီးလေ့လာသင့်တယ်။အချင်းချင်းလဲသင့်မြတ်ဖို့ကောင်းတယ်။

"ဘုတ်နဲ့ကျီးဟုတ်လား"
ဝံပုလွေတစ်ကောင်ကလျှာတန်းလန်းဖြင့်မောပန်းနေရာကမေး၏။
"ဟုတ်ပါတယ်၊ ဘုတ်ငှက်နဲ့ကျီးငှက်ပါ"
'"မဖြစ်နိုင်ဘူး၊လိမ်တာ"
အခြားဝံပုလွေကြီးတစ်ကောင်ကပယ်ချသည်။

"ဟုတ်,မဟုတ်အဲဒီတောကိုသွားပြီးချောင်းမြောင်းကြည့်ကျပေါ့ဗျာ၊ကိုယ်တွေ့ကြုံတဲအခါမှယုံမှာပါ၊"

ဝံပုလွေတွေဒေါသလဲပြေ၊ရွှေဇီးကွက်ကြီး၏စကားကိုလဲကြားရသဖြင့်ဆက်လက်၍မကိုက်ခဲတော့ပဲ
ထွက်ခွာသွားကြလေ၏။
ရွှေဇီးကွက်ကြီးကျေနပ်စွာကျန်ခဲ့၏။ထို့နောက် စွန်ရဲရန်၊သိမ်းငှက်ရန်မှလုံခြုံသောနေရာများသို့ပျံဝဲခဲ့သည်။
အချင်းချင်းကိုက်ခဲနေသောမျောက်များ၊အုပ်ဖွဲ့ပြီးဝှေ့နေသောစိုင်များ၊မပြီးနိုင်မစီးနိုင်နှုတ်သီးဖြင့်ဆိတ်၊
အတောင်ဖြင့်ရိုက်နေသောငှက်များကိုတရားဟောတော့သည်။

“မျိုးမတူတဲ့ဘုတ်နဲ့ကျီးတို့ချစ်ချစ်ခင်ခင်အတူနေကြပါလျှက်နဲ့မျိုးတူတဲ့ခင်ဗျားတို့အချင်းချင်း
သတ်ပုတ်နေကြတာမကောင်းပါဘူး”
ရွှေဇီးကွက်ကြီးစကားကိုမယုံကြည်သူများပြားလှ၏။
“မဖြစ်နိုင်တာတွေ လာမပြောနဲ့”
“ဖြစ်နိုင်မဖြစ်နိုင်သိချင်ရင်ဟိုဘက်တောစပ်ကိုသွားပြီးလေ့လာကြပေတော့”

ရွှေဇီးကွက်ကြီးပြောဖန်များသောအခါသားကောင်တချို့၊ငှက်တချို့တို့သည်။တောစပ်သို့
တိတ်တဆိတ်လာသည်။ချောင်းမြောင်းကြည့်ကြသည်။ရွှေဇီးကွက်ကြီး၏စကားကမှန်ကန်သည်။
ချုံပုတ်ကြီးတခုပေါ်တွင်.ကျီးနှင့်ဘုတ်ကိုအတူယှဉ်တွဲလျှက်မြင်ကြရ၏။
သူတို့တွေချောင်းမြောင်းကြည့်နေဆဲ၌ကျီး၏အသံကိုကြားရ၏။

“အဆွေဘုတ်၊ခင်ဗျားရဲ့အမွေးအတောင်ကမြတ်စွာဘုရားနဲ့တပည့်သံဃာတော်တို့ရဲ့
သင်္ဃန်းတော်အရောင်နဲ့တူတဲ့အတွက်ခင်ဗျားဟာမြင့်မြတ်ပါပေတယ်။”
ထိုအခါဘုတ်ကပြန်ပြော၏။
“အဆွေကျီးရယ်၊ကျုပ်ကိုသာပြောပြီးခင်ဗျားကကောဘာထူးသေးတုံး၊မြင်မြတ်တာပါပဲ၊
ဘာကြောင့်တုံးဆိုတော့ခင်ဗျားရဲ့အမွေးအတောင်များကလဲမြတ်စွာဘုရားနဲ့တပည့်သား
သံဃာတော်တွေသုံးဆောင်တဲ့သပိတ်အရောင်နဲ့တူနေတာကိုး”

ထိုသို့အချီအချပြောနေသံကိုကြားကြရသောသားငှက်တို့သည်တအံတသြဖြင့်တိတ်ဆိတ်စွာ
ထွက်ခွာလာခဲ့ကြသည်။သူတို့သည်ထို့နေ့မှစတင်ပြီးအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုကိုရှောင်ရှားလျှက်
ချစ်ခင်ညီညွတ်စွာနေထိုင်ကြလေသည်။
တိရိစ္ဆာန်ဖြစ်တဲ့ဘုတ်နဲ့ကျီးတောင်သင့်မြတ်စွာနေကြသေးတာပဲ.နော်..ကျွန်တော်တို့မြန်မာနိုင်ငံကလူမျိုး
တွေဘာကြောင့်အချင်းချင်းမသင့်မြတ်ကြတာလဲစည်းလုံးမှုမရှိရတာလဲ..ထိုင်းနိုင်ငံမှာအများကြီးတွေ့ရတယ်..
ကိုယ့်လူမျိုးအချင်းချင်းကိုပြန်ကြောက်နေရတဲ့သူတွေအများကြီးပဲ..တကယ်ပြောတာနောက်မှ..
ထိုင်းနိုင်က.ဇာတ်တူသားစားတဲ့အကြောင်းရေးပြအုံးမယ်..ကျွန်တော်လေ့လာထားသမျှပေါ့..

အခုတော့ဒီလောက်နဲ့ပဲ..နားအုံးမည်။
ဒေါင်းမင်း

Wednesday, January 14, 2009

မွန်မြတ်သောအလှူ

မွန်မြတ်သောအလှူ

ကျွန်တော်မနေ့ညကဆရာတော်ဦးကောဝိဒနဲ့စကားပြောဖြစ်တယ်

ဆရာတော်ဟာစစ်ကိုင်းမှာကွန်ပြူတာသင်တန်းကိုအခမဲ့သင်ကြားပေးနေပါတယ်.

အခုဒီလအတွင်းမှာပဲ.ရဟန်းသံဃာတင်မကပဲ...

ငွေကြေးမတက်နိုင်သောလူငယ်များကိုပါသင်ကြားပေးနေပါတယ်

သို့ရာတွင်လျှပ်စစ်မီးပျက်တောက်မှုကြောင့်လိုရာခရီးသို့မရောက်ပါ.

ထို့ကြောင့်ဆရာတော်သည်လျှပ်စစ်မီးပျက်တောက်ချိန်တွင်

မီးစက်များအစားထိုး၍သင်တန်းအားပို့ချနေပါသည်

အခုသင်တန်းများအားတိုးချဲ့နေပါသည်.။သင်တန်းသား

များထပ်မံတိုးပွားလာပြီးမီးစက်ကြီးများနှင့်ကွန်ပြူတာများ

လိုအပ်လာပါ၍အလှုရှင်များလိုအပ်ပါသည်။

ကျွန်တော်သည်လည်းကျွန်တော်၏မြန်မာနိုင်ငံအတွင်းရှိသူငယ်ချင်းများ

အားနိုးဆော်ထားပါသည်။ကျွန်တော်ကိုယ်တိုင်နိုင်ငံရပ်ခြားရောက်နေ၍

ပြည်တွင်း၌ရှီသောသူငယ်ချင်းမိတ်ဆွေများအားနိုးဆော်တိုက်တွန်းလိုက်ပါသည်။

ပြည်ပမှနေ၍လည်းတက်အားသရွှေ့လှူဒါန်းနိုင်ရန်

ဤပို့လေးကိုတင်လိုက်ခြင်းဖြစ်ပါသည်

စစ်ကိုင်းမှာ အခုသင်တန်းကိုတိုးချဲ့ဖို့ဦးဇင်းကြိုးစားနေပါတယ် အဲဒီသင်တန်းအတွက် အခုလျှောက်လွှာခေါ်တာ အခု ၅၀ ဦးခန့် လာရောက်လျှောက်ထားကြပါတယ်

စက်အင်အားနည်းပါးမှု လျှက်စစ်မီးပျက်တောက်မှုတွေကြောင့်

အခက်အခဲများရင်ဆိုင်နေရပါတယ်။

ထို့ကြောင့်မီးစက်ကြီးများ.အထူးလိုအပ်ပါသည်။

http://kovida.multiply.com/

ဆရာတော်၏၀က်ဆိုဒ်တွင်သွားရောက်လေ့လာနိုင်ငါသည်။

ဦးဇင်းကောဝိဒဆီကိုဆက်သွယ်ချင်ရင်တော့.

မန္တလေးသင်တန်းကတော့

၃၅ လမ်း ၆၉ လမ်းနှင့်၇၀လမ်းကြား

Pro-Teach ကွန်ပျူတာစင်တာ

02-62448

kovida9@gmail.com


စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊သာသနဝေပုလ္လကျောင်းတိုက် ၊ လပြည့်ဝန်းလမ်း၊
ဆရာတော်၏၀က်ဆိုဒ်မှကူးယူဖော်ပြလိုက်သည်။


စစ်ကိုင်းတောင်တွင် သင်တန်းများတိုးချဲ့ဖွင့်လှစ်မည်
Jan 8, '09 9:29 AMfor everyone
စစ်ကိုင်းတောင်မှာ ဦးဇင်းသင်တန်းတွေကိုတိုးချဲ့ဖို့စီစဉ်နေပါတယ်။ အခုတော့ သင်တန်းကျောင်းအတွက် အုတ်တော့ခင်း ပြီးပါပြီ။ သင်တန်းမှာ လူတွေများပါတယ်။ လူတွေပါအခမဲ့သင်ဖို့စီစဉ်နေပါတယ်။ လျှောက်လွှာလာတင်
ကြတာကတော့ ၅၀ လောက်ရှိပါပြီ။ ရဟန်း၊သာမဏ၊သီလရှင်များက တော့ ၂၈ စောင်ပဲရှိပါတယ်။ လျှောက်လွှာများကို
ဆက်ပြီးလက်မခံရဲတော့ဘူး။ စက်အင်အားက ၆ လုံးပဲရှိတာ ။ သင်တန်းအတွက်မီးအားမြင့်စက် အလှူရှင်ကတော့
လျှောက်ထားပါပြီ။ မီးစက်အတွက်ပဲ စဉ်းစားနေရပါတယ် မီးမရှိရင်ဘာမှလုပ်လို့မရဘူးလေ။ သင်တန်းဖွင့်မည့်ရက်ကိုတော့ တစ်ခေါက်ပြန်ပြီးမှကြေညာပေးပါမယ်။ အဓိကကွန်ပျူတာအလှူရှင်များရှိပါကဆက်သွယ်ပေးကြစေဖို့
ဦးဇင်းရဲ့ဘလော့ကိုဝင်ရောက်ဖတ်ရှုကြတဲ့ ဒါယကာ၊ဒါယိကာမှတို့အားတိုက်တွန်းလိုက်ပါတယ်။သင်တန်းကိုတော့ နာမည်တစ်ခုမည့်လိုက်ပါတယ်EVERYONE လို့။ အများအတွက်လို့အဓိပါယ်ရပါတယ်။ အားလုံးပဲနှစ်သက်ကြမယ်လို့မျှော်လင့်ပါတယ်။ လူပုဂ္ဂိုလ်များကိုပါ အခမဲ့ သင်ကြားပေးပါမယ်။သင်တန်းကျောင်းကတော့ ဆောက်လုပ်တာမပြီးစီးသေးပါဘူး။ မှန်တခါးများ ခန်းဆီးလိုက်ကစများလို၊ မျက်နှာကျက်များနဲ့ အခန်းဖွဲ့ ဖို့ နဲ့ ဆေးသုတ်ဖို့ တို့ အစရှိတဲ့ လိုအပ်ချက်များလည်းရှိနေပါသေးတယ်။

စစ်ကိုင်းတောင် တွင် သင်တန်းသားများ၏ အခက်အခဲများ
Dec 30, '08 3:21 AMfor everyone
စစ်ကိုင်း ကိုဦးဇင်းမနေ့ ကမနက်ပိုင်း ပြန်ရောက်ပါတယ်။ သင်တန်းသားတွေရဲ့ရင်ဖွင့်သံတွေပါ။ သင်တန်းသားတွေ တော်တော်
လေးဒုက္ခရောက်နေတယ်လို့လျှောက်ကြတော့ ။ဦးဇင်းတော်တော်လေးစိတ်မကောင်းဘူးဖြစ်သွားတယ်။ မီးပျက်တက်ကိစ္စတဲ့
ဥိးဇင်းလည်းကြိုးစားနေတဲ့အကြောင်းသင်တန်းသားတွေဇွဲမလျှော့ ကြဖို့ ဥိးဇင်းအားပေးစကားပြောရတာပေါ့
ဒါပေမဲ့ ဥိးဇင်းရောက်တာ နှစ်ရက်ရှိပြီ။ မီးက ဒီနေ့ဦးဇင်းမန္တလေးသင်တန်းကိုလာတဲ့အထိကို မီးက မလာသေးဘူး။
ဦးဇင်းတော်တော်လေးစိတ်မကောင်းဖြစ်မိတယ်ဗျာ။ မီးစက်ကလည်းဈေးကြီးတော့ ဦးဇင်းလည်းမ တတ်နီုင် ဘူးလေ။
အလှူရှင်ကလည်းမရှိသေးဘူးလေ။ မီးစက်နဲ့က ဆီအလှူရှင်များရှိလာရင်တော့စစ်ကိုင်းသင်တန်း မှာမီးအတွက် မပူရတော့ဘူးလို့ ဦးဇင်းထင်ထားပါတယ်။

တို့ပဲဖြစ်ပါတယ်.
ဘလော့ညီအကိုမောင်နှမများဤစာလေးကိုမိမိဘလော့တွင်ကူးယူ
ဖော်ပြပေးဖို့တောင်းဆိုပါတယ်ခင်ဗျား၊၊
ဒေါင်းမင်း

Tuesday, January 13, 2009

စွန့်လွှတ်ခြင်းဖြင့် ဘ၀ရသရှာဖွေခြင်း

လောကဖြစ်စဉ်နှင့်လူသား
ဤကဗ္ဘာမြေပြင်၌လောကသားတို့သည်အိပ်စက်ချိန်မှအပကိုယ်၊နှုတ်၊စိတ်တို့ဖြင့် လှုပ်ရှားလျက်ရှိကြဧ။် ။
ဤသည်မှာမိမိတို့ဧ။်လိုအင်ဆန္ဒများပြည့်စုံစေရန်အတွက်ဖြစ်သည်။ဤသို့သောလောကီသားတို့တွင်ကိုယ်ကျိုး
ကြည့်သူနှင့်စွန့်လွှတ်သူဟူ၍နှစ်မျိုးနှစ်စားတွေ့နိုင်ပါသည်။တနည်းအားဖြင့်မိမိလိုအင်ဆန္ဒပြည့်ဝရေးအတွက်
အယူသမားပုဂ္ဂိုလ်နှင့်မိမိဘ၀ရသကိုစွန့်လွှတ်ခြင်းဖြင့်ဆောင်ရွက်ရှာဖွေသောအပေးသမားပုဂ္ဂိုလ်ဟူရ်ျတွေ့
နိုင်ပါသည်။ ။

ဤလောက၌အယူသမားသည်ပေါများလှဧ။် ။ရယူခြင်းကိုလောကသားအားလုံးတက်နိုင်ကျပါဧ။်။သို့သော်သတိ
ပြုသင့်သည်မှာလောက၌အားလုံးအယူသမားကြီးဖြစ်လျှင်မိသားစုသည်ပျော်စရာကောင်းမည်မဟုတ်တော့
မိတ်ဆွေသူငယ်ချင်းနှင့်အသင်းအပင်းအဖွဲ့အစည်းတို့သည်မချမ်းမြေ့နိုင်တော့၊တိုင်းနိုင်ငံနှင့်ကဗ္ဘာလောက
သည်ငြိမ်းချမ်းမှုမရှိနိုင်တော့၊ထို့ကြောင့်ရယူခြင်းလမ်းစဉ်သည်လွယ်ကူ၍လူကြိုက်များသလောက်အန္တရာယ်
ကြီးမားလှပါဧ။် ။ ။

အပြန်အားဖြင့်စွန်လွှတ်သူတို့သည်ဤကဗ္ဘာလောက၌နည်းပါး.ပါဧ။် ။စွန့်လွှတ်သူဖြစ်ရန်မှာလည်းခဲယဉ်းလှပါဧ။်
ထို့ကြောင့်လူသားတို့သည်ကိုယ်တိုင်မစွန့်လွှတ်နိုင်လင့်ကစား စွန့်လွှတ်သူကိုမြတ်နိုးကြပါဧ။် ။စွန့်လွှတ်သူ
များသောမိသားစုသည်ချမ်းမြေ့ရပါဧ။်။မိတ်ဆွေသူငယ်ချင်းနှင့်အသင်းအပင်းအဖွဲ့အစည်းတို့၌ပျော်ရွင်မှုရပါဧ။်
တိုင်းနိုင်ငံနှင့်ကဗ္ဘာလောကသည်ငြိမ်းချမ်းနိုင်ပါဧ။် ။ ။

စံနမူနာယူထိုက်သည့်မြတ်ဗုဒ္ဓ။

မိသားစုမှသည်ကဗ္ဘာလောကတခုလုံးငြိမ်းချမ်းရေးအတွက်စွန့်လွှတ်သူများဖြစ်နိုင်ရန်ကျွနုပ်တို့ကြိုးစားအားထုတ်
အပ်ပါဧ။်စွန့်လွှတ်သူများဖြစ်နိုင်ရန်ကြီးမားစွာစွန့်လွှတ်ခဲ့သောပုဂ္ဂိုလ်တို့ဧ။်ဘ၀ကိုစံနမူနာယူထိုက်ပါဧ။်
ယင်းပုဂ္ဂိုလ်တို့တွင်အကောင်းဆုံးစံနမူနာယူထိုက်သည့်ပုဂ္ဂိုလ်မှာဗုဒ္ဓမြတ်စွာဖြစ်ပါဧ။် ။

ဗုဒ္ဓမြတ်စွာဧ။်စွန့်လွှတ်ခြင်းများသည်သဗ္ဗညုတဥာဏ်တော်မရမီ၌ပင်ကြားသိရသူအပေါင်းအားကြက်သီးဖြန်းဖြန်း
ထသည့်အထိအံ့သြမှုဖြစ်စေခဲ့ပါဧ။်။ယင်းတို့ကို"ပရိစာဂ"ဟူသောအမည်ဖြင့်ဗုဒ္ဒစာပေကျမ်းဂန်တို့၌တွေနိုင်ပါသည်။
လူသာမာန်တို့စွန့်လွှတ်ရန်ခက်ခဲသောသူဌေးသူကြွယ်စည်းစိမ်၊မင်းစည်းစိမ်တို့သာမကသားမယားတို့ကိုလည်း
စွန့်လွှတ်ခဲ့ပါဧ။်။နောက်ဆုံးဘ၀နှင့်အသက်ခန္ဓာတို့ကိုပါစွန့်လွှတ်ခဲ့ပါဧ။်။ယင်းတို့စွန့်လွှတ်ရာတွင်ကိုယ်တော်မြတ်
အတွက်ဘ၀စည်းစိမ်ချမ်းသာများတိုးမြှင့်ခံစားရန်အတွက်မဟုတ်ပဲလောကသားတို့အတွက်အကြီးမားဆုံး၊
အကောင်းဆုံး၊အနှိုင်းမဲ့စွန်လွှတ်နိုင်ရန်အတွက်စွန့်လွှတ်မှုများဖြင့်စတေးခြင်းဖြစ်ပါဧ။် ။

သဗ္ဗညုတဥာဏ်တော်ရတော်မူပြီးသောအခါတွင်ကား(၂၄)နာရီတနေ့တာအချိန်လုံးဝယ်ကိုယ်တော်မြတ်အတွက်
(၁)နာရီခန့်မျှပင်ပန်းဖြေဖျောက်ချိန်ယူတော်မူရ်ျဘ၀တလျှောက်လုံးစွန့်လွှတ်မှုများပြုတော်မူခဲ့ပါဧ။်။မုန်းတီးရန်ရှာသူ
၊ဆန့်ကျင်ဘက်ပြုသူ၊ဆင်းရဲသူ၊အားငယ်သူ၊ရူးသွပ်သူ၊မိုက်မဲသူစသောအတန်းစားပေါင်းစုံလောကသားတို့အား
စွန့်လွှတ်မှုများပြုတော်မူခဲ့ပါဧ။်။အေးသည့်အခါ ပူသည့်အခါ၊စောလွန်းသည့်အခါ၊ညဉ့်နက်လွန်းသည့်အခါ၊
ပင်ပန်းနွယ်းနယ်သည့်အခါ၊နာမကျမ်းသည့်အခါစသည်ဖြင့်အချိန်အခါမရွေးစွန့်လွှတ်မှုများပြုလုပ်တော်မူခဲ့ပါဧ။် ။

မြတ်ဗုဒ္ဓဧ။်သင်ကြားခြင်း

ဗုဒ္ဓမြတ်စွာသည်စွန်လွှတ်ခြင်းလမ်းစဉ်ကိုကိုယ်တော်တိုင်ကျင့်သုံးတော်မူရင်းလောကသားတို့အားလည်း ကောင်းစွာ
စွန့်လွှတ်တက်သူများဖြစ်အောင်သင်ကြားပေးတော်မူပါဧ။်။ဗုဒ္ဓမြတ်စွာဧ။်စွန့်လွှတ်ခြင်းလမ်းစဉ်သည်လောကသားတို့
ဧ။်ဘ၀ကိုဘ၀ကုန်ဆုံးရာ၌ပန်းတိုင်ထားရ်ျစွန့်လွှတ်ရန်ဖြစ်ပါဧ။်။လောက၌မှန်ကန်စွာစွန့်လွှတ်တက်သူဖြစ်စေရန်
လိုချင်တပ်မက်မှု လောဘနည်းသူဖြစ်ဖို့လိုပါဧ။်။လောဘနည်းခြင်းသည်မှန်ကန်စွာစွန်လွှတ်တက်သူဖြစ်နိုင်ရန်အတွက်
ထိရောက်သောအားနှင့်ပြည့်စုံသောမှတ်ကျောက်ဖြစ်ပါဧ။် ။

လောဘနည်းသူဖြစ်စေရန်လောကဖြစ်စဉ်ကိုသိရှိရန်လိုအပ်ပါဧ။်။ထို့ကြောင့်ဗုဒ္ဓမြတ်စွာသည်လောကဖြစ်စဉ်ကို
သင်ကြားတော်မူပါဧ။် ။ဗုဒ္ဓမြတ်စွာသင်ကြားတော်မူသောလောကဖြစ်စဉ်မှာလောကချမ်းသာဟူသမျှဒုက္ခနှင့်
သောက၌အဆုံးသက်သည်ဟူ၍ဖြစ်ပါဧ။်။ယနေ့လောကသားတို့လက်ခံထားသောလောကချမ်းသာဟူသမျှသည်
လည်းဒုက္ခနှင့်သောကတို့လွှမ်းခြုံလျှက်ရှိသည်ကိုတွေ့နိုင်ပါဧ။်။ယင်းလောကဖြစ်စဉ်ကိုနက်နက်ရှိုင်းရှိုင်းမြင်အောင်
ကြည့်ရှုနိုင်လျှင်လောဘသည်ပါးသည်ထက်ပါးလာမည်ဖြစ်၏။လောဘပါးလာသည်နှင့်အမျှစွန့်လွှတ်မှုလုပ်ငန်းစဉ်
သည်လည်းပို၍ထုထည်ကြီးမားလာမည်ဖြစ်ပါ၏။

ဗုဒ္ဓဘာသာဝင်နှင့်စွန့်လွှတ်ခြင်း

ဗုဒ္ဓဘာသာဝင်တို့သည်စွန့်လွှတ်ခြင်း၌အလေ့ထုံသူများဖြစ်ကြပါ၏။လှူဒါန်းပေးကမ်းသောနည်း၊ကိုယ်ကျင့်
စောင့်ထိမ်းသောနည်း၊စိတ်တည်ကြည်စူးစိုက်မှုနည်း၊ဘ၀ဖြစ်စဉ်ကိုရှုကြည့်သောနည်းတိုဖြင့်စွန့်လွှတ်ကြပါ၏ ။ရဟန်း၊သံဃာ၌လည်ကောင်း၊စေတီကျောင်းကန်၌လည်းကောင်း၊ဆေးရုံ၊ဆေးခန်း၊စာသင်ကျောင်းတို့၌လည်းကောင်း၊
ဤသို့နေရာဌာနပေါင်းစုံတို့၌လည်းစွန့်လွှတ်ကြပါ၏။ထိုသို့စွန်လွှတ်ကြရာ၌လူသာမညတို့၏စွန့်လွှတ်ခြင်းနှင့်
မြင့်မြတ်သောပါရမီရှင်ပုဂ္ဂိုလ်တို့၏စွန်လွှတ်ခြင်းဟူ၍နှစ်မျိုးနှစ်စားခွဲခြားနိုင်ပါ၏ ။ထိုနှစ်မျိုးနှစ်စားကိုမှတ်ကျောက်ပြုရန်ဝေဿန္တရာမင်းကိုသာဓကပြုနိုင်ပါ၏ ။

ဝေဿန္တရာမင်းသည်ပါရမီရှင်ပုဂ္ဂိုလ်ဖြစ်၏ ။သူ၏စွန့်လွှတ်ခြင်းသည်ပါရမီရှင်၏စွန့်လွှတ်ခြင်းမျိုးဖြစ်၏ ။သူသည်
ဇူဇကာပုဏားအားသီလရှိ-မရစီစစ်ရွေးချယ်မနေပဲချစ်လှစွာသောရင်သွေးနှစ်ဦးကိုစွန်လွှတ်ခဲ့ပါ၏ ။အလှူခံပုဂ္ဂိုလ်အားမရွေးချယ်ပဲလှူဒါန်းခြင်းသည်ေဿန္တရာ၏သန္တာန်၌တန်ပြန်အကျိုးခံစားလိုမှုကိုမက်မော
တွယ်တာမှုမရှိကြောင်းသိသာစေပါ၏။ဝေဿန္တရာသည်တစ်စုံတစ်ရာစွန့်လွှတ်ပြီးတိုင်းပြန်လည်ရယူခြင်း၌ ရသကိုမရှာဖွေပဲထပ်မံစွန့်လွှတ်ခြင်း၌သာ ရသကိုရှာဖွေခဲ့ပါ၏။ သူ၏စွန့်လွှတ်မှုများအတွက်မဟာပထ၀ီမြေကြီးသည်အကြိမ်ကြိမ်ကောင်းချီးပေးခဲ့ပါ၏။ဤနေရာ၌စဉ်းစားဖို့ကောင်းသည်မှာေဿန္တရာသည်မိမိအတွက်
တစုံတစ်ရာအကျိုးခံစားလိုမှုကိုထည့်မတွက်ပဲစွန့်လွှတ်ခြင်း၊ပေးဆပ်ခြင်းတို့ဖြင့်သာ ဘ၀တစ်လျှောက်လုံးဖြတ်
သန်းခဲ့ပါလျှက် သူ၏ဘ၀သည် ပို၍ပြည့်စုံလာခဲ့ရ၏ ၊။ပိုခန့်ထည်လာခဲ့ရသည်။ပို၍ငြိမ်းချမ်းငြိမ်သက်လာခဲ့ရပါ၏ ။ထိုသာဓကကိုကြည့်၍ဗုဒ္ဓဘာသာဝင်တို့သည်ပါရမီရှင်တို့၏စွန့်လွှတ်ခြင်းဖြစ်ရန်မည်သို့လုပ်ဆောင်ရမည်ကို
နားလည်နိုင်ပါ၏ ။

ကဗ္ဘာ့အခြေအနေနှင့်စွန့်လွှတ်ခြင်း

ယနေ့ကဗ္ဘာလောကသည်လိုအပ်ချက်မျိုးစုံဖြင့်တောင့်တလျှက်ရှိပါသည်။လူလူချင်းတန်းတူဆက်ဆံရေး၊
တရားမျှတရေး ၊လွပ်လပ်မှုရှိရေး၊ယဉ်ကျေးမှုရှိရေး၊ကြင်နာမှုရှိရေး၊စသည်ဖြင့်နည်းလမ်းပေါင်းစုံတို့၊လိုအပ်
လျှက်ရှိပါ၏ ။ယင်းတို့အတွက်အစားထိုးမှုမျိုးစုံတို့ဖြင့်ကြိုးစားလျှက်ရှိသော်လည်းပြည့်သွားသည်ဟူ၍မရှိ
ပဲလိုအပ်မြဲလိုအပ်နေလျှက်ရှိပါ၏ ။ဤသို့သောနည်းလမ်းပေါင်းစုံပြည့်စုံရေးအတွက်စွန့်လွှတ်ခြင်းလမ်းစဉ်
ကိုလူအများကျင့်သုံးနိုင့်လျှင်ယနေ့ကဗ္ဘာလောကသည်ပြီးပြည့်စုံသောအခြအနေသို့ရောက်နိုင်ပါ၏ ။

အဘယ့်ကြောင့်ဆိုသော်စွန့်လွှတ်ခြင်းလမ်းစဉ်ကိုကျင့်သုံးသူတိုက၌တရားမျှတမှုရှိပါ၏ ။လွပ်လပ်မှုကိုလည်း
ဖောင်ဆောင်နိုင်ပါ၏ ။ယဉ်ကျေးမှုလည်းရှိပါ၏ ။ကြင်နာမှုလည်းရှိပါ၏ ။ထို့ကြောင့်လောကသားတို့သည် ကဗ္ဘာ
လောကငြိမ်းချမ်းရေးအတွက်မည်သည့်ဝါဒ ။မည့်သည့်စနစ်ကိုဖော်ဆောင်သည်ဖြစ်စေ ထိုဖော်ဆောင်သော
ဝါဒ၊စနစ်တို့၌လူအများစုတို့သည်စွန့်လွှတ်ခြင်းလမ်းစဉ်ကိုကျင့်သုံးနိုင်ပါမှမှန်ကန်သောငြိမ်းချမ်းမှုကိုရရှိမည်
ုဖြစ်ပါ၏ ။အကယ်၍စွန့်လွှတ်ခြင်းလမ်းစဉ်မရှိပဲစွန့်လွှတ်မှုကိုဗန်းပြ၍နောက်ကွယ်၌တစ်စုံတစ်ရာကြီးမားသော
အကျိုးခံစားလိုမှုဝါဒမျိုးကိုထူထောင်လျှင်လူအများစုတို့သည်ထိုဝါဒအတိုင်းကျင့်သုံးကျလျှင်ကဗ္ဘာလောက၏
ငြိမ်းချမ်းမှုသည်ဧကန်ပျက်စီးရမည်ဟုပြောနိုင်ပါသည်။အဘယ်ကြောင့်ဆိုသော်ထိုဝါဒမျိုးသည်လူသားစား
ရန်ရွှေလက်ကောက်ကိုဗန်းပြသောကျားအိုစဉ်းလဲ၏ပရိယာယ်ဝါဒမျိုးဖြစ်ပါ၏ ။

ဘ၀အဖြေရှာကျပါဆို့

ယနေ့လော့ကသားအများစုတို့၌ တူညီသောဆန္ဒများရှိကြပါသည်။ဖြစ်ပေါ်လျှက်ရှိသောစစ်ပွဲများအားလုံး
ရပ်ဆိုင်းလိုကြပါ၏ ။လောကသားအချင်းချင်းကြင်နာသောမျက်လုံးတို့ဖြင့်ရှုကြည့်လိုကြပါ၏ ။
ရွှင်သောနှလုံး၊ပြုံးသောနှုတ်ခမ်းတို့ဖြင့်ပြောဆိုဆက်ဆံလိုကြပါ၏ ။ဤလိုအင်ဆန္ဒများပြည့်စုံလျှင်
လူသားလောကသည်ချမ်းမြေ့ဖွယ်အတိဖြင့်တွေ့မြင်နိုင်မည်ဖြစ်ပါ၏ ။ဤသို့လူသားလောက
ချမ်းမြေ့ရန်အတွက်ဤလူသားတစ်ဦးချင်းစီ၌စွန့်လွှတ်တက်မှုနှလုံးသားကိုယ်စီကိန်းဝတ်ဖို့လိုအပ်
ပါ၏ ။စွန့်လွှတ်ခြင်းနှလုံးသားကိုယ်စီကိန်းဝပ်ရန်လူသားလောကအတွင်း၌စွန့်လွှတ်ခြင်းသဘောတရား
တို့စမ့်ဝင်ပျံနှံမှုရှိဖို့လိုအပ်မည်ဖြစ်ပါ၏။

ထိုစွန်လွှတ်မှုသဘောတရားသည်မြတ်ဗုဒ္ဓကိုအတုယူသောနည်းဖြစ်ဖို့လိုပါ၏ ။မြတ်ဗုဒ္ဓသင်ကြားသော
နည်းအတိုင်းဖြစ်ဖို့လိုပါသည်။မြတ်ဗုဒ္ဓ၏နည်းသည်လောကဖြစ်စဉ်ကိုယှဉ်တွဲသဘောပေါက်သောနည်း
ဖြစ်ပါ၏ ။လူအများစုငြိမ်းချမ်းစေသောနည်းဖြစ်ပါ၏ ။စွန့်လွှတ်မှုကိုအကျိုးခံစားလိုခြင်း၌မရှာဖွေပဲ
ထပ်မံစွန့်လွှတ်လိုခြင်း၌ဘ၀ရသကိုရှာဖွေခြင်းဖြစ်ပါ၏ ။ထိုကြောင့်ကျွန်ုပ်တို့သည်လူသားတစ်ဦးချင်း
စီနှင့်ကဗ္ဘာလောကငြိမ်းချမ်းမှုရရှိရန် စွန့်လွှတ်မှုသဘောတရားများစိမ့်ဝင်ပျံနှံရန်၊လွပ်လပ်သော
စိတ်နှလုံးတို့ရပ်တည်နိုင်ရန်အတွက် စွန့်လွှတ်ခြင်းဖြင့်ဘ၀ရသကိုရှာဖွေကြပါစို့ဟု....
တိုက်တွန်းအပ်ပါ၏ ။ ။ ။
ဂန္ထလုလင်(ဘိုကလေး)

Monday, January 12, 2009

''သုံးနားညီတြိဂံ" ရဲ့ ခေတ်အမြင်

တင်ပြပြီးဖြစ်သော....Sunday, December 28, 2008
''သုံးနားညီတြိဂံ" ...ဆောင်းပါးကိုကျွန်တော်ဧ။်ဆရာတော်ထံမှခွင့်ပြုချက်ဖြင့်တင်ပြပြီးဖြစ်ပါသည်။

ယခု၎င်း.''သုံးနားညီတြိဂံ" ဆောင်းပါးအား.ဆရာတော်ဧ။်.ခေတ်အမြင်ဖြင့်ပြန်လည်ရေးသားချက်ကို..ထပ်မံတင်ပြလိုက်ပါသည်...

''သုံးနားညီတြိဂံ" ရဲ့ခေတ်အမြင်

.........................................ဒီနေရာမှာအဓိကဆွေးနွေးချင်တာကတော့ ဦးဇင်းရေးခဲ့တဲ့.''သုံးနားညီတြိဂံ" ဆိုတဲ့
ဆောင်းပါးနဲ့ပါတ်သတ်ပြီးအဲဒီဆောင်းပါးထဲမှာပါတဲ့ အချို့အယူအဆတွေဟာ
အခုအချိန်မှာပြောင်းလဲနေတယ်ဆိုတာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ အဲဒီဆောင်းပါးထဲမှာပါဝင်နေတဲ့
အယူအဆတွေဟာ.ဆရာကကျောင်းသားကိုရိုက်တဲ့ ..ယဉ်ကျေးမှုကြီးကိုအားပေးနေသလိုဖြစ်နေပါတယ်။
ပြီးတော့လူကြီးမှန်ဝါဒကိုလဲအားပေးနေသလိုဖြစ်နေပါတယ်။ဒီစာရဲ့အစမှာပြောခဲ့သလိုပဲအဲဒီဆောင်းပါးကိုရေးတဲ့
အချိန်နဲ့ အခုအချိန်မှာဖြစ်ပေါ်နေတဲ့ဦးဇင်းရဲ့အယူအဆတွေဟာပြောင်းလဲနေလို့ပါပဲ။ ။

ဆောင်းပါးကိုရေးနေတုန်းအချိန်မှာတော့ အားလုံး စိတ်တိုင်းကျကောင်းမွန်တယ်လို့ ထင်ထားခဲ့ပေမယ့်..
အချိန်ကြာလာတဲ့အခါမှာတော့အားနည်းချက်တွေကိုတွေ့မြင်လာခဲ့ရပါတယ်။မင်းတုန်းမင်းဟာ.
သက်ဦးဆံပိုင်.ဘုရင့်သားဖြစ်ပေမယ့်ဆရာတော်ဘုန်းကြီးကဆုံးမစရာ အကြောင်းပေါ်ပေါက်လာတဲ့
အခါမျက်နှာသာမပေးပဲဆုံးမခဲ့တာ၊အပြစ်ရှိတယ်လို့ မိမိကိုယ်ကိုသတ်မှတ်ထားရင်းအပြစ်ကိုရဲဝံ့စွာခံယူရဲ့တဲ့
မောင်လွင်(မင်းတုန်းမင်း)ရဲ့သတ္တိ၊ဆရာအပေါ်မှာရန်တွေ့လိုခြင်း၊စောဒကတက်လိုခြင်းမရှိပဲ.သားတော်အပေါ်
ဖျောင့်ဖျနိုင်ခဲ့တဲ့ မယ်တော်ရဲ့ ရင်တွင်းစိတ်၊အဲဒါတွေဟာကောင်းတဲ့အချက်အလက်တွေဖြစ်ပါတယ်။
အဲဒီခေတ်အခြေအနေနှင့်လည်းများစွာကိုက်ညီမှုရှိတာကိုတွေ့ရပါတယ်။ ။

ဒါပေမယ့်ငါးခြောက်ပြားဘာကြောင့်ပျောက်သလဲဆိုတာဘုန်းတော်ကြီးအနေနဲ့ သေချာစွာ စုံစမ်း၊စစ်ဆေး၊
မေးမြန်းခြင်းမရှိတာရယ်၊ငယ်ရွယ်တဲ့ကလေးတစ်ယောက်ကိုကြိမ်လုံးနဲ့မညှာမတာရိုက်နှက်တာရယ်ဟာ
ဘုန်းတော်ကြီးရဲ့အားနည်းချက်ဖြစ်နေပါတယ်။ပြသနာတစ်ရပ်ကို ကျိုးကြောင်းဆီလျော်စွာမဖြေရှင်းခြင်း၊
ငယ်ရွယ်သူအားနည်းသူများကို အကြမ်းဖက်အနိုင်ကျင့်ခြင်း၊လူကြီးသူမဆရာသမားတို့ရဲ့စိတ်ခံစားချက်တွေ၊
ကောက်ချက်ချမှုတွေသာအမှန်ဖြစ်ပြီးငယ်ရွယ်သူတို့ရဲ့သဘောထားနဲ့ခံစားချက်တွေကိုတင်ပြခွင့်မပေးတာ၊
လျစ်လျူရှုတာတွေဟာဒီအဖြစ်ရဲ့အားနည်းချက်တွေဖြစ်ြ့ပီးခါးသီးဆိုးဝါးတဲ့ယဉ်ကျေးမှုတစ်ရပ်ကိုမျိုးစေ့
ချပေးလိုက်သလိုဖြစ်တယ်လို့လည်းခံစားမိပါတယ်။

ပြီးတော့အဲဒီဆောင်းပါးထဲမှာပဲ ကဗ္ဘာပေါ်မှာ မှတ်ဥာဏ်အကောင်းဆုံး ပုဂ္ဂိုလ် မြတ်ကို သေးငယ်တဲ့
မြန်မာနိုင်ငံကလေးကနေဒီလိုကျောင်းသား၊မိဘ၊ဆရာမျိုးတွေရှိလို့ပေါ်ထွန်းခဲ့တာလို့ညွန်းခဲ့ပါသေးတယ်။
ဦးဇင်းတို့နိုင်ငံရဲ့ပညာရေးစနစ်ဟာမှတ်ဥာဏ်အားကိုးတဲ့အလွတ်ကျက်စနစ်ကိုဦးစားပေးတန်ဖိုးထားတာ
အများကြီးတွေ့ရပါတယ်။အလွတ်ကျက်မှတ်တဲ့မှတ်ဥာဏ်အားကိုးစနစ်ဟာဟိုးလွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာမှာ ပရိယတ္တိစာပေသင်ကြားရေးနဲ့ အခြားလောကီစာပေတွေကို သင်ကြားရေးမှာတကယ်
ပဲအသုံးဝင်ခဲ့ပါတယ်။

ဒါပေမယ့် ယနေ့ပညာရေးစနစ်မှာတော့၊အလွတ်ကျက်မှတ်တဲ့စနစ်နေရာမှာ၊အယူအဆသဘောတ၇ားတွေ
ကျယ်ပြန့်စွာတွေးခေါ်ခြင်းနဲ့သုတေသနပိုင်းဆိုင်ရာ၊လက်တွေ့ဆောင်ရွက်အားထုတ်မှုပိုင်းဆိုင်ရာတွေမှာပိုလို
နေရာယူလာခဲ့ပါတယ်။ဒါကိုဦးဇင်းတို့နိုင်ငံအနေနဲ့လက်တွေ့ကျကျသိမြင်ဆောင်ရွက်မှုအားနည်းနေပါသေးတယ်။
အထူးသဖြင့်ဦးဇင်းတို့ရဟန်းသာမဏေများရဲ့စာပေသင်ကြားမှုပိုင်းဆိုင်ရာမှာအလွတ်ကျက်မှတ်တဲ့အာဂုံစနစ်ကို
အားပေးမှုဟာများနေပြီး၊သုတေသနတွေ၊အယူအဆတွေကိုလက်တွေ့ တွေးခေါ်မှုပိုင်းဆိုင်ရာတွေမှာ အားနည်းနေ
တုန်းပဲရှိပါသေးတယ်။

အလွတ်ကျက်မှတ်တဲ့အာဂုံစနစ်ဟာ ဟိုးလွန်ခဲ့တဲ့နှစ်ရာပေါင်းထောင်ပေါင်းများစွာတုန်းကစာပေမပေါ်ခင်
အချိန်မှာတော့လွန်စွာလိုအပ်ခဲ့တာအမှန်ပါပဲ၊ဒီနေ့လိုစာပေမှာပုံနှိပ်စက်တွေကွန်ပြူတာတွေပေါ်လာတဲ့
အချိန်မှာတော့အာဂုံစနစ်ထက်သဘောတရားရေးရာစနစ်တွေမှာပိုပြီးတော့ဦးစားပေးသင့်နေပါပြီ။ဦးဇင်းရဲ့
ဆောင်းပါးမှာအာဂုံစနစ်ကိုဦးစားပေးတဲ့အယူအဆမျိုးလည်းအနည်းငယ်ပါဝင်သွားပါတယ်။ဒါကြောင့်ဒီစာကို
ို''သုံးနားညီတြိဂံ" ဆောင်းပါးရဲ့အဆက်ပုံစံမျိုးနဲ့ရေးလိုက်ခြင်းဖြစ်ပါသည်။

ခင်မင်စွာဖြင့်မေတ္တာပို့နေလျှက်
ဦးဇင်း ဦးပဏ္ဍိတ

ဂန္ထလုလင်(ဘိုကလေး)

ဒေါင်းမင်း