ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။
Showing posts with label ဗွီဒီယို. Show all posts
Showing posts with label ဗွီဒီယို. Show all posts

Monday, October 24, 2011

ပိုပြီးပြည့်စုံသောပုဗ္ဗဏှသုတ်တော်။



ပုဗ္ဗဏှသုတ်

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။

၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။

၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။

၎။ ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
ဗုဒ္ဓါ နုဘာဝေန ၀ိပက္ကမေန္တု။

၅။ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
ဓမံ္မွနုဘာဝေန ၀ိပက္ကမေန္တု။

၆။ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
သံဃာ နုဘာဝေန ၀ိပက္ကမေန္တု။

၇။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၀။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၁။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၂။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၃။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၅။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၆။ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

၁၇။အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

၁၈။သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

၁၉။ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

၂၀။ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၂၁။တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ

၂၂။တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၂၃။ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
ဘယပ္ပတ္တာ စ နိဗ္ဘယာ။ဟောန္တု သဗ္ဗေပိ ပါဏိနော။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

၂၄။ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

၂၅။ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။

………………………………………………………………………………………………

ဘာသာပြန်

……….

၁-၂-၃) အကြင်မကောင်းသော နိမိတ်သည်လည်း ကောင်း၊ အကြင်အမင်္ဂလာသည်လည်းကောင်း၊ ငှက်ဆိုး ၏ နှစ်သက်ဖွယ်မရှိသော အကြင်အသံသည်လည်း ကောင်း၊ အကြင်ပါပဂြိုလ်သည်လည်းကောင်း၊ နှစ်လိုဖွယ် မရှိသော အကြင်မကောင်းသော အိပ်မက်သည်လည်း ကောင်းရှိကုန်၏၊ ထိုမကောင်းသော နိမိတ်စသည်တို့ သည် ဘုရားမြတ်တို့၏ အာနုဘော်ကြောင့် (တရားတော် တို့၏ အာနုဘော်ကြောင့်၊ သံဃာတော်တို့၏ အာနုဘော် ကြောင့်) အလျင်းမရောက် ကင်းပျောက်ခြင်းသို့ ရောက်ပါ စေကုန်သတည်း။

ကိုယ်တော်အား ဉာဏ်တော်အားကို ရပိုင်တော် မူကြကုန်သော ဘုရားရှင်တို့နှင့် ပစ္စေကဗုဒ္ဓါတို့၏ အစွမ်း အာနုဘော်ဖြင့်လည်းကောင်း ရဟန္တာတို့၏ တန်ခိုးအာနု ဘော်ဖြင့်¤င်း အခါခပ်သိမ်း အကာအကွယ် အစောင့် အရှောက်ကို ငါဖွဲ့၏။

လူ့ပြည် နဂါး ဂဠုန်စသောပြည် နတ်ပြည် ဗြဟ္မာပြည်တို့၌ ရှိသမျှကောင်းမြတ်သော ရတနာတို့တွင် မြတ်စွာဘုရား (တရားတော်၊ သံဃာတော်)နှင့် တူသော ရတနာကား မရှိနိုင်သည်သာ၊ ဘုရားမြတ် (တရားမြတ် သံဃာမြတ်)၌ ရတနာ၏ အဖြစ်နှစ်သက်ဖွယ် ဂုဏ်ရည် ကား ထူးခြားကောင်းမြတ်လှပါပေသည်၊ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေသတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော တရားတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော သံဃာတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

မဟာကရုဏာရှင် မြတ်စွာဘုရားသည် သတ္တဝါ အလုံးစုံတို့၏ အကျိုးစီးပွားအတွက် ပါရမီတော်အလုံးစုံ အကုန်ဖြည့်ကျင့်တော်မူပြီးလျှင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်တို့ကို ရတော်မူခဲ့သည်၊ ဤသစ္စာ စကားကြောင့် သင့်အားအခါခပ်သိမ်း ချမ်းသာခြင်း ဖြစ်ပါစေ။

သာကီဝင်မင်းတို့၏ နှစ်သက်ခြင်းကို တိုးပွားစေ တတ်သော ရှင်တော်မြတ်ဘုရားသည် ဗောဓိပင်အနီး အပရာဇိတပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူ သကဲ့သို့ ထို့အတူ သင်သည် ဘေးရန်ခပ်သိမ်းကို အောင်မြင်ပါစေ၊ အောင်ကြောင်းမင်္ဂလာတို့ကို သင်ပြီး မြောက်အောင်မြင်ပါစေ။

ဘုရားရှင်မှန်သမျှတို့၏ ဗုဒ္ဓါဘိသေက ခံယူရာ မြေတကာတို့၏ အထွတ်အထိပ် အလွန်တင့်တယ် ကောင်းမြတ် မြေအရပ်ဖြစ်သော အပရာဇိတပလ္လင်၌ ထွတ်ဖျားတိုင်မြောက် ဘုရားအဖြစ်သို့ရောက်သော ရှင်တော်မြတ်သည် အလွန်ရွှင်လန်း ဝမ်းမြောက်တော် မူရသကဲ့သို့ သင်လည်း အထက်တန်းရောက်ကာ ဝမ်းမြောက်ရွှင်လန်းပါစေ။

သုစရိုက်ကျင့်ရာ နေ့အခါကား ကောင်းသော နက္ခတ်၊ ကောင်းသောမင်္ဂလာချည်းသာ၊ ကောင်းသော မိုးလင်းရခြင်း၊ ကောင်းသော အိပ်ရာမှထရခြင်း၊ ကောင်း သောခဏ၊ ကောင်းသောမုဟုတ်(အချိန်)ချည်းသာ ဖြစ်သည်၊ ထိုနေ့၌ အကျင့်ကောင်းရှိသူ ပုဂ္ဂိုလ်တို့၌ လှူရသောအလှူမှာ ကောင်းသော လှူဒါန်းပူဇော်ရခြင်း ဖြစ်သည်။

သုစရိုက်ကျင့်ရာ နေ့အခါ၌ ထိုသူ၏ ကာယ ကံမှု၊ ဝစီကံမှု၊ မနောကံမှု မှန်သမျှသည် တိုးတက် ကြီးပွားကြောင်း အကောင်းအမြတ်ချည်းသာတည်း၊ ထိုသုစရိုက်ကျင့်သူ၏ ကံသုံးပါးတို့ကား တိုးတက် ကြီးပွားကြောင်း ကောင်းမှု၌ထားခြင်း မည်၏။

တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်သောကံ သုံးပါးတို့ကို ပြုကြကုန်၍ ကောင်းမြတ်သော အကျိုးတို့ကို ရရှိကြကုန်၏၊ သင်တို့သည် ကောင်းကျိုးကို ရရှိကြ ကုန်သည်၊ ချမ်းသာခြင်းရှိကြကုန်သည်၊ ဘုရားရှင် သာသနာတော်၌ တိုးတက်စည်ကား ကြီးပွားကြကုန် သည်ဖြစ်၍ ဆွေမျိုးအပေါင်းနှင့်တကွ အနာရောဂါ ကင်းရှင်း ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်ဖြစ်ကြ စေကုန်သတည်း။

ဆင်းရဲဒုက္ခကြုံတွေ့နေရသော သတ္တဝါမှန်သမျှ ဆင်းရဲဒုက္ခကင်းကြပါစေ၊ ဘေးအန္တရာယ် ဆိုက်ရောက် နေကြရသော သတ္တဝါမှန်သမျှ ဘေးအန္တရာယ်ကင်း ကြပါစေ၊ စိတ်သောကရောက်လျက်ရှိကြသော သတ္တဝါ မှန်သမျှ စိတ်သောက ကင်းဝေးကြပါစေ။

ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ငါတို့ ကောင်းစွာ ဆည်းပူးအပ်သော ကောင်းမှု၏ပြည့်စုံခြင်းကို အလုံးစုံသော နတ်တို့သည် စည်းစိမ်ချမ်းသာ အကုန် ပြည့်စုံဖို့ရာ သာဓုအနုမောဒနာ ပြုကြပါကုန်လော့။

ရတနာသုံးတန် ကံ ကံ၏အကျိုးကို ယုံကြည် ကြကုန်၍ အလှူဒါနကို ပေးလှူကြကုန်လော့၊ အခါမလပ် သီလကို စောင့်ရှောက်ကြကုန်လော့၊ သမထ ဝိပဿနာ ဘာဝနာ၌ ပျော်ပိုက်ကြကုန်လော့၊ တရားနာလာရောက် ကြကုန်သော နတ်တို့သည် နေရင်းဌာနသို့ ပြန်ကြပါ ကုန်လော့။

Friday, October 7, 2011

မြန်မာ့သိုင်းပညာ



(တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။)
ကျွန်တော်ဒေါင်းမင်း၏ခန္ဓာကိုယ်ထဲတွင်မြန်မာ့သွေးများပွက်ပွက်ဆူနေသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းအားရပ်ဆိုင်းလိုက်သည့်ကိစ္စနှင့်ပါတ်သတ်၍တရုတ်မှ
(မြန်မာအားမည်သို့ပြင်းထန်စွာအပြစ်ပေးရမလဲ)ဆိုတဲ့အသံကိုကြားလိုက်ကတဲကကျွန်တော်ဒေါင်းမင်း၏
မြန်မာ့သွေးများပွက်ပွက်ဆူခဲ့ရသည်။မြန်မာတိုင်းရင်းသားတို့၏သွေးသည်ရဲရဲနီ၏။တရုတ်၏စော်ကားမှုကို
ကျွန်တော်တို့တစ်မျိုးသားလုံးခေါင်းငုံခံမည်မဟုတ်ပေ။အကယ်၍တရုတ်သည်မြန်မာမြေအားကျူးကျော်
စော်ကားလာပါကမြန်မာတစ်မျိုးသားနှင့်တစ်ကွကျွန်တော်ဒေါင်းမင်းရှေ့တန်းကနေ၍အသက်စွန့်၍တိုက်
ခိုက်သွားမည်။အဓိဌာန်ပြုပါသည်။မြန်မာတစ်မျိုးသားလုံးတရုတ်နှင့်တစ်ကွမည့်သည့်တိုင်းတစ်ပါး၏စော်
ကားမှုကိုမှမခံလို။ကျွန်တော်တို့မြန်မာတစ်မျိုးသားလုံးမစည်းလုံး၍ဤသို့စော်ကားခံရသည်ဟုမှတ်ယူပါ
သည်။မြန်မာတိုင်းရင်းသားတွေစည်းလုံးညီညွတ်ကြပါစို့လို့ကျွန်တော်အညတရဒေါင်းမင်းမှတိုက်တွန်းနိုး
ဆော်ပါသည်။မြန်မာတိုင်းကိုယ်ခံပညာသိုင်းပညာတက်သင့်ဟုရည်ရွယ်လျှက်ဤဗီဒီယိုဖိုင်အားတင်ပေး
လိုက်ပါသည်။
(တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။)
အားလုံးအားခင်မင်လျှက်
ဒေါင်းမင်း

Monday, August 29, 2011

ကဲ..စိတ်ဝင်စားရင်ပြော




မိုးကုတ်တွင်းထွက်စစ်စစ်။စိတ်ဝင်စားရင်ပြော။
ကမ္ဘာမှာအကြီးဆုံးပဲ။မြန်မာတွင်းထွက်စစ်စစ်။

Friday, August 12, 2011

တို့မြန်ပြေအေးချမ်းစေ။



အရမ်းကြိုက်တဲ့သီချင်းလေးပါ။မြန်မာပြည်ကိုလွမ်းတယ်။
ပြန်ချင်တယ်။ဒါပေမယ့်တစ်စုံတစ်ရာသောအကြောင်းတွေ
ကြောင့်ပြည်တော်ဝေးနေတုန်းပါပဲ။

Saturday, August 6, 2011

မှားတဲ့ဘက်မှာ



ဒီသီချင်းလေးကျွန်တော်အရမ်းကြိုက်တဲ့သီချင်းလေးဖြစ်ပါတယ်။

Monday, August 1, 2011

ဓါတ်လှေကားမှာခြောက်တဲ့သရဲ..

ဓါတ်လှေကားမှာခြောက်တဲ့သရဲ..ဟဲဟဲ..ကျွန်တော်ဆိုဓါတ်လှေကားစီးရင် နောက်ကျောမလုံဘူးလေ....
နောက်ဆုံးလူနှစ်ယောက်ရှိနေတဲ့အခန်းလေးကိုသေချာအာရုံစိုက်ကြည့်နေနော်...
အဲဒါလေးကြည့်ပြီးရင်နောက်ဆိုဓါတ်လှေကားစီးရင်သတိထားကျတော့.....
ဟဲဟဲဟဲ....နောက်ကျောကတော့တကယ်ကိုမလုံတာဗျ...

ဒေါင်းမင်း

Sunday, June 5, 2011

တရုတ်တွေအစားသောင်းကျမ်းပုံကစိတ်မချမ်းသာဖြစ်ရတယ်။



သတ္တ၀ါတွေနယ်ဆိုးလိုက်တဲ့ကံ။အရှင်လက်လက်ခုတ်ထစ်ခံရတယ်။ဆီပူထဲအရှင်လက်လက်ကြော်ခံရတယ်။
ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးစိတ်မချမ်းမြေ့လိုက်တာ။ဒါကြောင့်မြတ်ဘုရားရှင်ကသံသရာမရှည်အောင်နိဗ္ဗာန်ရောက်
ကြောင်းတရားတွေဟောခဲ့တာကိုး။

Monday, May 23, 2011

ဂျင်ဂျစ်ခန်ရဲ့ဇာတ်ဝင်တေး


နားထောင်လို့အရမ်းကောင်းတယ်။ကဲနားထောင်ကြည့်ပါအုံး။
ဒီဇာတ်ဝင်သီချင်းထဲကဇာတ်လမ်းကတော့ဂျပန်ကရိုက်တဲ့ဇာတ်လမ်းပါ။

Tuesday, March 29, 2011

မောင့်ချစ်သူဗမာမလေး

ဒီနေ့ဒီသီချင်းလေးနားထောင်နေတာ။သူငယ်ချင်းအပေါင်းတို့လဲနားထောင်ရအောင်တင်ပေးလိုက်ပါတယ်။
သီချင်းလေးနဲ့အချောအလှရှင်သက်မွန်မြင့်လေးဟာလိုက်ဖက်တယ်။ကျွန်တော်ခံယူချက်ပါ။
ကဲကြည့်ရှုနားဆင်သွားပါအုံး။ကြည့်နေရင်းလွမ်းလာတယ်။

Friday, March 25, 2011

နောင်လာမည့်၂၅နှစ်ကျရင်မြန်မာပြည်ကဒီလို

နောင်လာမည့်၂၅နှစ်ကျရင်မြန်မာပြည်ကဒီလိုတိုးတက်လာမယ်တဲ့..ဟီး
ကြည့်သွားအုံးအစအဆုံးလေး.....................

Wednesday, March 23, 2011

မိန်းကလေးများသေးတယ်ဆိုပြီးမကြီးချင်ပါနဲ့

မိန်းကလေးများမိမိကိုယ်ကိုယ်သေးတယ်ဆိုပြီး၊သဘာဝမဟုတ်တာနဲ့မကြီးချင်ပါနဲ့။
ဤဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ကြပါ။ဘယ်လိုဆိုးကျိုးတွေရမလဲဆိုတာကိုပေါ့။
မိန်းကလေးအပေါင်းတို့..ဤဗီဒီယိုဖိုင်လေးကိုပြီးစီးအောင်ကြည့်ကြပါရန်။

Tuesday, March 22, 2011

ငါဝအောင်ငိုမယ်

ဘာရယ်မဟုတ်ဒီနေ့ဒီသီချင်းဗီစီဒီနားထောင်ကြည့်မိနေတယ်။သူငယ်ချင်းများလဲ
အပျင်းပြေကြည့်သွားကြပါအုံး။

Thursday, October 14, 2010

ပုဗ္ဗဏှသုတ်



http://sankooo.iblogger.org မှကူးယူဖော်ပြပါသည်။

Tuesday, October 12, 2010

မေတ္တသုတ်(မင်းကွန်းဆရာတော်ဘုရားကြီး)




http://sankooo.iblogger.org မှကူးယူဖော်ပြပါသည်။