Sunday, October 24, 2010
ပြည့်ပြည့်စုံစုံ
ရုံးအုပ်စာရေးကြီး ဦးသော်ဟာအသက်၅၀ကျော်တဲ့အထိနေ့စဉ်မပျက်ရုံးတက်နေရစဲပဲဗျ။သူ့ဘ၀မှာဘုရားသာ
အားကိုးရာလို့မြင်တဲ့အတွက်ရုံးခန်းနဲ့မလှမ်းမကမ်းက ဆုတောင်းပြည့်ဘုရားကိုအချိန်ရှိတိုင်းသွားပြီးအဓိဌာန်
ပုတီးစိတ်တက်တယ်။ပုတီးပါတ်ပြည့်ရင်ဘုရားကိုရိုရိုသေသေ၀တ်ချပြီး“ကားစီးရပါလို၏”လို့ဆုတောင်းတယ်။
ဆုတောင်းတော့ပြည့်တယ်ခေါ်ရမလားပဲ။ဦးသော်ရဲ့ဇာတိမြို့နဲ့မိုင်အစိတ်လောက်ဝေးတဲ့မြို့လေးကိုပြောင်း
ရွေ့ဖို့အမိန့်စာထွက်လာတယ်။ဦးသော်ဟာနေ့စဉ်ပဲဘတ်စ်ကားစီးပြီး ရုံးတက်နေရတယ်။
ဦးသော်အသက်ဟာကြီးပါပြီ။နေ့စဉ်ဘတ်စ်ကားစီးရင်း ပင်စင်ယူရတော့မှာပေါ့။အခါကြီး၊ရက်ကြီးတွေရောက်
လို့သူ့ကိုငယ်ရွယ်သူတွေကလာကန်တော့တဲ့အခါ ဦးသော်က ဆုတောင်းရင် ပြည့်ပြည့်စုံစုံတောင်းကြဟေ့
လို့သြ၀ါဒစကားပြောတယ်။
မောင်နဲ့မယ်ငှက်ဖြစ်ရင် တစ်ကိုင်းထဲနားရပါစေလို့ဆုတောင်းတယ်ဆိုပါတော့ တစ်ကောင်ကလင်းတ၊
တစ်ကောင်ကနှံပြည်စုပ်ဖြစ်နေရင်ဘယ်နှယ့်လုပ်ကြမှာတုန်း။ဒီလိုပဲနှစ်ကောင်လုံး ငှက်မတွေကြီးပဲဖြစ်နေရင်
တစ်ကိုင်းထဲတော့နားရပါရဲ့ ဟန်မကျဘူး။ဒါကြောင့်ဆုတောင်းတယ်၊ဆုတောင်းတယ်နဲ့အလွယ်မတောင်းနဲ့
ပြည့်ပြည့်စုံစုံဟာကွက်မရှိအောင်ဆုတောင်းကြလို့သူကမှာသတဲ့။ ။ ။
........
ဖေလင်းသစ်ရဲ့ဟောဒီလောကီ..စာအုပ်မှကူးယူဖော်ပြပါသည်။
Thursday, September 30, 2010
အင်တာနက်ပေါ်ကသူငယ်ချင်း
ရူပဗေဒပါမောက္ခကြီးတစ်ဦးသည်တစ်နေ့တစ်နေ့စာသင်လိုက်စမ်းသပ်မှုတွေလုပ်လိုက်နှင့်
အလွန်အလုပ်ရှုပ်သည်။ တစ်ခါတစ်လေကျတော့ညဘက်သူကအင်တာနက်ပေါ်တွင်စစ်
တိုက်တတ်သည်။ တစ်ညတွင်သူနှင့်တိုက်ဖေါ်တိုက်ဖက်စစ်သူကြီးကဦးဆောင်မှုကောင်းလို့
ပွဲတိုင်းနိုင်သဖြင့်ဆော့လို့ကောင်းနေတုန်းပဲရှိသေးတယ် သူ့စစ်သူကြီးကပြောတယ်
“ သူငယ်ချင်းငါ့ကိုအမေကအိပ်ခိုင်းနေပြီငါသွားအိပ်တော့မယ်နော်” ပါမောက္ခကြီးကသတိတရနဲ့မေးလိုက်တယ်“မင်းအသက်ကဘယ်လောက်လဲ”
စစ်သူကြိးကလဲပြန်ဖြေတယ် တစ်လက်စတဲပဲပြန်မေးလိုက်တယ်“ ငါက 12 နှစ် မင်းအသက်ကကော”
ပါမောက္ခကြီးကလဲ၇ှက်ရှက်နဲ့ပြန်ဖြေလိုက်တယ်“ ငါ့အသက်က 8 နှစ်ကွ ”
http://www.enjoy.net.mm/joke_&_cartoon/joke.php?jid=393&page=3
ဆိုဒ်မှကူးယူဖော်ပြပါသည်။
ဒေါင်းမင်း
နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ
တယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်း တကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောက် ကို မေးလိုက်ပါတယ်။
"နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ"
ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါ တယ်။ အသံတွေတုန်ပြီး… "ကျ ကျနော်မသတ်ဘူး" တဲ့။
ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေ အပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း
ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-
"ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ် ဆရာ။ ကျောင်းသားတွေ အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူး ထင်ပါတယ်ရှင်" တဲ့။ စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။ နောက်တော့ ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာတင် လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။ "နတ်ရှင်နောင် သေတာလည်း ကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့” တော့တဲ့"
...........................................................................................................................................
http://www.enjoy.net.mm/joke_&_cartoon/joke.php?jid=420&page=1
ဆိုဒ်ကိုဝင်ဖတ်ရင်းရယ်ရလို့....ကူးယူဖော်ပြလိုက်တာပါ
ဒေါင်းမင်း
Thursday, July 29, 2010
ဆုငွေ သိန်း-၁၅၀၀/-(ကျပ်သိန်းတစ်ထောင့်ငါးရာတိတိ)
အဟမ်း ဥာဏ်စမ်းပုစ္ဆာကို မမေးခင်မှာ ဆုငွေ နဲ့ ဖြေပုံဖြေနည်းနဲ့ ပတ်သက်ပြီး အမှာစကားလေးနည်းနည်း
လောက် ပြောပါရစေ ခင်ဗျ။ ပထမဆုံးပြောချင်တာ က ဆုငွေကို သိန်း ၁၅၀၀ တောင်ကြေငြာထားတော့ တကယ်ရောပေးပါ့မလားလို့ သံသယ မရှိကြ ပါနဲ့။အမှန် တကယ်ပေးမှာ ဖြစ်ကြောင်းပါ။
ကဲ ဥာဏ်စမ်း ပုစ္ဆာလေးက ဂလိုခင်ဗျ၊ လွယ်ခက်လေးပါ။
တစ်ခါတုန်းက နယ်ကတက္ကသိုလ်ကျောင်းသားလေးသုံးယောက်ဟာ ရန်ကုန်မှာ အဆောင်တစ်ခုကို တစ်လ သုံးဆယ်ကျပ် နဲ့ ငှားပြီးကျောင်းတက်ကြပါတယ်။ လကုန်တဲ့အခါ တစ်ယောက်တစ်ဆယ်စီစုပြီး အိမ်နားက ကောင်လေးတစ်ယောက်နဲ့ အဆောင် ပိုင်ရှင် မိန်းမကြီးဆီကို လခ သုံးဆယ်ကျပ်ကို ပေးခိုင်းလိုက်ပါတယ်။ ကောင်လေးက သွားပေးတဲ့အခါ အဆောင်ပိုင်ရှင်မိန်းမကြီး ကလည်း ကျောင်းသားလေးတွေပဲ လို့ တွေးပြီး လခ သုံးဆယ်မှာ ငါးကျပ်လျှော့ပြီး ၂၅ ကျပ်ပဲယူလိုက်ပါတယ်။ ငါးကျပ်ကိုတော့ လာပေးတဲ့ ကောင်လေးက တဆင့်ပဲ ကျောင်းသားတွေကို ပြန်ပေးခိုင်းလိုက်ပါတယ်။ အဲ့ဒီမှာ ကောင်လေးက ဒီလို စဉ်းစားတယ်။ ပြန်ပေးလိုက်တဲ့ ငါးကျပ်ကို ကျောင်းသားသုံးယောက်ကို ပြန်ပေးတဲ့အခါ အဝေမတည့်ဖြစ်မယ်ပေါ့။ ဒါနဲ့ သူက ငါးကျပ်ထဲက နှစ် ကျပ်ဖိုး မုန့်ဝယ်စားလိုက်ပြီး ကျန်တဲ့သုံးကျပ်ကို ကျောင်းသားတွေကိုပြန်ပေးလိုက်တယ်။ သူမုန့်နှစ်ကျပ်ဖိုးဝယ်စားခဲ့တဲ့အကြောင်း လည်း သူက ပြောပြပါတယ်။ ကျောင်းသားသုံးယောက်လည်း ကျန်တဲ့ သုံးကျပ်ကိုပဲ တစ်ယောက်တစ်ကျပ်စီ ခွဲယူလိုက်ကြပါတယ်။
ဒီ အထိကို ရှင်းရောရှင်းရဲ့လားမသိဘူးခင်ဗျ။ ဟုတ်ကဲ့ အဖြစ်အပျက်ကတော့ အဲ့ဒီမှာ ပြီးပါပြီ။
အဲဒီနောက်မှာ ကျောင်းသားတွေက စဉ်းစားပါတယ်။ ငါတို့ သုံးယောက်ပေးလိုက်တာက တစ်ယောက်ကို တစ်ဆယ်၊ ဒါပေမယ့် တစ်ကျပ်စီပြန်ရတော့ တကယ်ပေးလိုက်ရတာက ကိုးကျပ်စီပေါ့။ အဲဒီတော့ တစ်ယောက် ကိုးကျပ်နဲ့ သုံးယောက်ကို ၂၇ ကျပ်၊ ဟို ကောင်ကလေး မုန့်ဝယ်စားလိုက်တာက နှစ်ကျပ် ဆိုတော့ အားလုံးပေါင်းနှစ်ဆယ့်ကိုးကျပ်။ ပထမ ပေးလိုက်တာက ၃၀ ။ အဲဒီမှာ တစ်ကျပ်ဘယ်ရောက်သွားလဲ။ အဟမ်း ဟုတ်ကဲ့ ၊ အဲဒါကတော့ အခုဖြေရမယ့် ပုစ္ဆာပါပဲ။
မေးခွန်းကို ဖြေဆိုရာမှာတော့ စည်းကမ်းတစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ သင်္ချာဥာဏ်စမ်းဖြစ်လို့ အဖြေအပြင် စဉ်းစားပုံ စဥ်းစားနည်းကို ပါဖြေရမှာဖြစ်ပြီး စဉ်းစားပုံ ပါမှန်မှ ဆုငွေရမှာဖြစ်ပါတယ်။ အဖြေတွေကို Comment ရေးပြီးတော့ဖြေရမှာပါ။
ကျန်တာကတော့ အကုန်လွတ်လွတ်လပ်လပ်ပါပဲ။ ဘယ်သူမဆို အရေအတွက် အကန့်အသတ်မရှိကြိုက်သလောက်ဖြေနိုင်ပါတယ်။ အဖြေမှန်သူမပေါ်မချင်း အချိန်အကန့်အသတ်မရှိဖြေနိုင်ပါတယ်။ ပထမဆုံး အဖြေမှန်သူတစ်ဦးတည်းကို ပဲ ဆုပေးမှာဖြစ်ပါတယ်။
ပထမဆုံး အဖြေမှန်ကို ဖြေဆိုနိုင်သူအား
ဆုငွေ သိန်း-၁၅၀၀/-(ကျပ်သိန်းတစ်ထောင့်ငါးရာတိတိ)
ကို ကံကောင်းပါက ရရှိနိုင်မည့် နှစ်ရာကျပ်တန် အောင်ဘာလေထီလက်မှတ်တစ်စောင်ကို ပဟေဋ္ဌိ စီစဉ်သူ မြက်လျှောက ရက်ရောစွာ ချီးမြှင့်မည် ဖြစ်ပါကြောင်း။
Wednesday, July 28, 2010
GTC မှလူသတ်မှုအကြောင်း
မသိရှိသောကြောင့်၊ရေးသားတင်ပြသူအားလေးစားစွာဖြင့် ဤနေရာမှတင်ခွင့်ပြုပါရန် တောင်းဆိုပါသည်။
ဖြစ်ပုံကဒီလို............!!!!!!!
GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့ သူတို့ကတစ်ယောက်နဲ့တစ်ယောက်
အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တနေ့တော့ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့
လို့မေးတော့ ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ်အဲဒါနဲ့နောက်လဲကျရော
သူတကယ်ဆေးကိ
တွဲပြလိုက်တယ် အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီကောင်မလေးကို
ပြန်တောင်းပန်ပြီ ဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလို
ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လည်းလဲ သတိပြန်ဝင်လာတော့ သူလက်လွန်သွားမှန်းသိတော့ ကောင်မလေးအလောင်းကိုအဲနေရာမှာပဲ
နေတာကိုး အိမ်ပြန်ရောက်တော့ကောင်လေးက မောမောနဲ့အိပ်ပျော်သွားတယ်အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်
တယ် ကောင်မလေး က နင့်အကျီကသွေးတွေကိုပျောက်အောင်
လို့ပြော
အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့ သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်
ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ်ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်း
မှာ ကောင်မလေးရဲ့ဝိညာဉ် ကပေါ်လာပြီး သူဆီက တစ်လှမ်းခြင်း တစ်လှမ်းခြင်း လျှောက်လာတယ်ကောင်လေး
ကလဲ ကြောက်အားလန့်အား နဲ့ အတင်းအကျီကိုပဲ သွေးပျောက်အောင် လျှော်တာပေါ့ ဒါပေမယ့် မပျက်ဘူး
ကောင်မလေးကတဖြည်းဖြည်းနဲ့နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်ကဟက်ဟက်ပက်ပက်
ရယ်လိုက်တယ် ကောင်လေးလဲ လန့်နေတာပေါ့ ကောင်မလေး ၀ိညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူးမလား
တဲ့ ဘယ်ဖျက်လို့ ရပါ့မလဲ တဲ့ (နင်ကအိုကီဆပ်ပြာမှုန့်မှမသုံးတာ
