ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Sunday, March 15, 2009

ချွေတာကြမယ်(ဆောင်းဦးလှိုင်)

ဒီနေ့ချွေတာမှဖြစ်မှာပဲဆိုတဲ့သီချင်းလေးနားထောင်ရင်း..ချွေတာဖို့ဆုံးဖြတ်လိုက်တယ်..ဟဲဟဲ..
ကဲကျွန်တော့်လိုပဲချွေတာရအောင်...ချွေတာကြမယ်(ဆောင်းဦးလှိုင်)သီချင်းလေးကိုနားထောင်ကြည့်ပါအုံး
ကျွန်တော်ခရီးကပြန်ရောက်မှအတွေ့အကြုံကိုရေးသားပါမယ်ခင်ဗျာ။ယခုတော့သီချင်းလေးကိုနားထောင်
ကြည့်ပါအုံး၊ယခုကျွန်တော်နယ်မြို့ကလေးတမြို့မှာပဲရှိနေတုန်းပါခင်ဗျာ။





မကြာခင်ပြန်လာတော့ပါမည်။


ဒေါင်းမင်း

Saturday, March 14, 2009

မောင်ရစ်

ဒီကဗျာလေးကိုငယ်ငယ်လေးထဲကကြိုက်နှစ်သက်တဲ့ကဗျာလေးပါ
အခုစာတွေမတင်ဖြစ်တာကြာတော့...ဇာတိမာန်တက်ကြွအောင်ဒီကဗျာလေးကိုတင်ပြလိုက်ပါတယ်။
................................
မောင်ရစ်
............................................
ပန်းသျှင်း မဟာမြိုင်တောမှာဖြင့်
စမ်းအင်းဖြာ ထူးကျင်းချောင်လျှိုတွေနဲ့
ရေတွေတွေ လှိမ့်ကာစီးလေသပ
ဝေဆာဆာမွှေးကြိုင်မြပါဘိ
ပွင့်ချင်းဆိုင်ပင်ယံထက်မှာလ
ပျံသန်းကာဟို…သည်…ကူးလို့ရယ်
ရွှင်မြူးကာကျေးငှက်ပေါင်းတစ်တွေနှင့်
တောအောင်းကောင် ဆင်၊ကျား၊ကျားသစ်တို့က
အော်ဟစ်ကာ ဟိန်းကာ ဟောက်မှဖြင့်
ယုန်၊သမင်၊ချေ၊စိုင်၊ဆက်တို့ရယ်
ဝနေစွယ် ဝေးရာပြေးရှာကြ
လူသတ္တ၀ါ၊သည်ချိန်ခါ၊နည်းပါသေးလေရဲ့
စုဝေးနေ တဲငယ်စခန်းမှကွယ်
ပြွန်းထင်းကာပွား။ ။
ပန်းခင်း အလွှာဆိုင်ကြောမှာဖြင့်
သလ္လာဝတီနဒီအရှေ့ကျော်ပါက
သုနာပရန္တတိုင်းအရပ်တွင်းမှာပ
မဟာမြိုင် ဂနိုင်တောဝနာငဲ့
ပွင့်လွှာရောင်နီနီရဲတွေနှင့်ကွယ်
ရန်အသွယ် တစ်ကယ်မကြောက်ပေဘူး
ရဲရဲတောက် ကျားတစ်ကောင်လိုပ
သွေးမြောက်ပို မဟာဗန္ဓုလမှာဖြင့်
မဟာမြိုင် ပန်းယင်းတောရွာအခြေမှာလှ
သန္ဓေယူ မွေးကာချက်မြှုပ်လေဘိ
အမျိုးဆွေ သွေးတူကြပါရဲ့
မဟုတ်ရာ လုပ်ကြံမပြောတက်ပါဘူး
မှန်ရာကို စွပ်ကာလုပ်စတမ်းပါပဲ
ပန်းယင်းရွာသား။ ။
ခန်းသင်းတစ်ဖြာလှိုင်ပြောရာထင့်
အဘမှာဘိုးပေါက်တောရယ်နှင့်
အမိငယ် မယ်ငြိမ်တို့ပေပ
“မောင်ရစ်”လို့ခေါ်“မဟာဗန္ဓုလ”ရယ်က
အမျိုးနွယ် တိုင်းပြည်အကျိုးအတွက်နှင့်
စစ်ထွက်ကာ တိုက်ကာနွှဲပါရ
အာသန်မဏိပူရ နယ်မြေတစ်လွှားပေပ
ဘင်္ဂလားနယ်မြေ ပန်းဝါရာမူးတို့တွင်လည်း
အောင်ပွဲဝင်ပန်းတွေဆွပ်ခဲ့ရ
ပြေးကျရ ကုလားဖြူတစ်တွေ
မတူပေ လက်နက်ဆန်းတွေနှင့်
ပြန်ကာလေနယ်မြေကျူးမှဖြင့်
မမှုသူ ဓနုဖြူစခန်းကကွယ်
ကျန်းပြင်းတာထား။ ။
...................................
ရေးသားသူ(မောင်နီ..(ငပယင်း) )

Sunday, March 8, 2009

ရောက်ရှိခြင်းနှင့်သတိရခြင်း

အခုဆိုရင်ကျွန်တော်တို့ဟာနယ်မြို့လေးတစ်မြို့ကိုရောက်ရှိနေပါတယ်ခင်ဗျာ။
ရောက်ရှိနေတုန်းမှာဘလော့မှမိတ်ဆွေသူငယ်ချင်းများကိုလွမ်းသောကြောင့်
ဒီစာလေးကိုအင်တာနက်ဆိုင်မှလာပြီးတင်ခြင်းဖြစ်ပါသည်။
စိတ်ဝင်စားစရာအကြောင်းတွေကိုကျွန်တော်ကြုံတွေ့နေရပါပြီ။အစဦးမှာတင်အောင်မြင်မှု၊
စိတ်လှုပ်ရှားမှု၊စသည်တို့ကိုကြုံတွေ့နေရကြောင်း၊ပြန်လာတဲ့အခါမှာကောင်းမွန်သော
ဝတ္ထုတစ်ပုဒ်ကိုကောင်းစွာရေးနိုင်အောင်ကြိုးစားနေပါသည်ခင်ဗျာ။
အားလုံးသောမိတ်ဆွေသူငယ်ချင်းများရွှင်လန်းချမ်းမြေ့ကျပါစေ။

အားလုံးကိုခင်မင်သော
ဒေါင်းမင်း

Wednesday, March 4, 2009

ခရီးထွက်ခြင်းနှင့်ဘလော့မှခေတ္တအနားယူခြင်း

ဘလော့လောကမှခေတ္တခဏအနားယူပါတယ်ခင်ဗျာ။
ခရီးတစ်ခုထွက်စရာရှိသောကြောင့်ဖြစ်ပါသည်။လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသောခရီးတစ်ခုဖြစ်ပါတယ်။
ထိုခရီးမှပြန်လာပါကသူငယ်ချင်းမိတ်ဆွေများကိုထိုစိတ်ဝင်စားဖွယ်ကောင်းသောကိစ္စများကိုပြန်လည်
ရေးသားတင်ဆက်ပါမည်ခင်ဗျာ။ထိုခရီး၌ကျွန်တော်သည်ရှုံးနှိမ့်နိုင်သလို၊အနိုင်လဲရနိုင်ပါသည်။ထိုခရီးတွင်
ကြုံတွေ့ရမည့်ကိစ္စများသည်လူသားအချင်းချင်းဖြစ်လင့်ကစားလူတော့မဟုတ်ပါ။ထို့ကြောင့်ကျွန်တော်၏
သူငယ်ချင်းများဖြစ်သောကိုဖြိုး၊ကိုမောင်၊ကိုနောင်တို့နှင့်ရန်ကုန်၌အချိန်းအဆက်လုပ်ပြီးသွားမှာဖြစ်သည့်
အတွက်ယနေ့ညနေပင်ကျွန်တော်သည်ရန်ကုန်သို့သွားပါမည်ခင်ဗျာ။
ကြာမြင့်ချိန်ကားခန့်မှန်း၍မရပါ ။အားလုံးသောသူငယ်ချင်း၊မိတ်ဆွေ၊ညီအကိုမောင်နှမများအပေါင်းအစဉ်
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ။
...............................................
ဒေါင်းမင်း

Tuesday, March 3, 2009

ပန်းပုံပြင်

ကိုယ့်ကမ္ဘာမှာပန်းလေးတစ်ပွင့်
ဖြစ်တည်ခဲ့ဖူးတယ်.............
တစ်ဘ၀လုံးအတွက်အမြတ်နိုးဆုံးအနေနဲ့
ပွင့်ခဲ့ဖူးတဲ့ တစ်ပွင့်တည်းသော
ပန်းကလေးရယ်ပါ။ ။ ။
ရနံ့ကလေးရှူရိုက်မိရင်တောင်မှ
ထိရှပွန်းပဲ့သွားမှာ စိုးရိမ်နေတက်ခဲ့.........
အခုတော့ပျောက်ရှသွားပါပြီ......
ကိုယ်ဘာကိုမှမမက်မောတော့ပါဘူး
ပန်းကလေးရယ်....
ယုယတွယ်တာဖို့ပဲတက်တဲ့
အသည်းနှလုံးကိုလက်ဖွဲ့ဖို့
ရက်ရောနိုင်ခဲ့ပါပြီ
ကိုယ်ကခူးဆွတ်တဲ့အတက်ပညာမှ
မတက်မြောက်ခဲ့တာပဲကွယ်........
......................................................
ရေးသားသူ.....မြူး
.....................................................
သူငယ်ချင်းတစ်ယောက်ရေးသားသောကဗျာလေးကိုပြန်လည်တင်ပြခြင်းဖြစ်ပါသည်ခင်ဗျာ။
ဒေါင်းမင်း

Monday, March 2, 2009

ဘိုးဘွားအမွေအန္တရာယ်ကင်းဂါထာတော်


ဘုရားဟူက မောက္ကလူ“နှစ်ဆယ့်လေး”
တရားဟူက ဘာလိကွေး“လေးဆယ့်ငါး”
သံဃာဟူက သံချပ်ဝတ်“ခြောက်ဆယ့်ခုနှစ်”
“ဓူတင်တေရဿကိုကျင့်ဆောင်တော်မူသောငါတို့ရှင်မဟာကဿပကြီး
ကျိန်းစက်တော်မူသည်။ရန်သူဟူသမျှရှောင်လေ၊ရှားလေ၊ဖယ်လေ။”
.................................................................................................
.........................................................................
.................................................................................................
ဤဂါထာတော်မြတ်ကြီးဟာရတနာသုံးပါးရဲ့အားကိုအသေးစိတ်သချာင်္ဂဏန်းတွေနဲ့ဖွဲနွဲ့သီကုံးထားပါတယ်။
ပါဌိဂါထာသက်သက်မဟုတ်ပါဘူး။ရှေးသူတော်စင်တွေရေးဖွဲသီးကုံးခဲ့ဟန်တူပါတယ်။ပုံနှိပ်မှုနဲ့ဘုရားရှိခိုး
စာအုပ်တွေမှာမတွေ့ရပါဘူး။ဒီဂါထာဟာတိုတိုလေးပါ။အရေးကြုံလာရင်တရစပ်ရွတ်ဆိုခြင်းဖြင့်ဘေးရန်
အပေါင်းကလွတ်ကွင်းစေပါသည်။ယုံကြည်စွာရွတ်ဆိုပွားများနိုင်ပါစေ။
ဒေါင်းမင်း

သုသုကရဲ့အစွမ်းထက်မြတ်သောဂါထာတော်များစာအုပ်မှဖော်ပြပါသည်။

Sunday, March 1, 2009

သစ္စာတရား နှင့် ကြားသိတွေးမိသမျှ(၁)

သစ္စာတရား နှင့် ကြားသိတွေးမိသမျှ။ ဂန္ထလုလင် (ဘိုကလေး)

သူငယ်ချင်များသေချာစွာဖတ်ရှုစေချင်ပါတယ်ခင်ဗျာ

အခန်း (၁)
သစ္စာဟူသော အရာကို ကျွနှ််ုပ်တို့ လူသားအများအပြားလွန်စွာတန်ဖိုးထားကြ ပါသည်။ကိုယ်ကသူတစ်ပါး
ကိုသစ္စာမထားနိုင်သည့် တိုင်သူတစ်ပါးက ကိုယ့်အပေါ် သစ္စာ ထားဖို့ ကိုတော့မျှော်လင့်မိတတ်ကြပါသည်။
အသားအရောင် တွေကွဲပြားချင်ကွဲပြားနေပေလိမ့်မည်။ နေရာဒေသတွေ ခြားနားချင် ခြားနားနေပေလိမ့်
မည်။လူသားတို့၏ သစ္စာတရားကို တောင့်တမှုကတော့ အတူတူပင်ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။ယင်းသို့ သစ္စာ တရားအပေါ် တန်ဖိုးထား တောင့်တမှုခြင်း တူညီကြသော်လည်းသစ္စာ တရားဟူသည် မည်သို့ဖြစ်သည်
ကို တော့ နားလည် သိရှိသူနည်းပါးနိုင်ပါသည်။ တစုံတယောက်သောသူက “ သင်ကရော သစ္စာတရား
အကြောင်း ဘယ်လောက် နားလည်နေပါသလဲ’’ ဟု စာရေးသူကို မေးလာလျှင် ကျွနှ်ုပ်လည်း များများနာ
မလည်ပါဟုသာ ဖြေဆိုရပါမည်။သို့သော် ကျွနှ်ုပ်လေ့လာ ဆည်းပူး တွေးခေါ်မိသမျှသစ္စာတ ရားအကြောင်းကို စာဖတ်သူတို့အား မျှဝေ ဆွေးနွေးလိုသောဆန္ဒဖြစ်ပေါ်လာသော ကြောင့် “သစ္စာတရားနှင့်ကြားသိတွေးမိသမျှ”
အမည်ရှိ သောဤဆောင်းပါး ကို ရေးသား လိုက်ရခြင်းဖြစ်ပါသည်။ သစ္စာတရားသည်အကြမ်းဖျင်းအားဖြင့်
၁။ ပရမတ္ထသစ္စာ၊၂။ သမုတိသစ္စာ နှင့် ၃။ဝစီသစ္စာ ဟူ၍သုံးမျိုးမှတ်သားနိုင်ပါသည်။

၁။ ပရမတ္ထသစ္စာ ဆိုသည်မှာ လောက၌ ပြောင်းလဲမှု မရှိပဲ အမြဲထာဝရမဖောက် မပြန် မှန်ကန်နေသော
တရားကို ခေါ်ပါသည်။စာရေးသူတို့ ဗုဒ္ဓဘာသာကညွှန်ပြထားသော ပရမတ္ထသစ္စာ တရားများမှာစိတ်၊
စေတသိက်၊ရုပ်၊ နိဗ္ဗာန် ဟူ၍လေးမျိုး ဖြစ်ပါသည်။ သစ္စာသုံးမျိုးတို့ တွင်ပရမတ္ထသစ္စာကိုသဘောပေါက်နားလည် ဖို့ရန် အရေး အကြီးဆုံးဖြစ်လေသည်။သောတာပန်၊ သကဒါဂါမ်စသော အရိယာပုဂ္ဂိုလ် များသည် ပရမတ္ထသစ္စာ
တရားကို နက်ရှိုင်းစွာသိမြင်ထားကြသူများ ဖြစ်လေသည်။ ပရမတ္ထသစ္စာ တရားတို့၏ မဖောက်မပြန်မှန်ကန်
ပုံကို အကျဉ်းအားဖြင့်တင်ပြရ လျှင် စိတ် (၈၉)ပါးထဲ၌ ရှိသော လောဘစိတ်သည်လိုချင်တပ်မက်ခြင်းသဘော
ရှိလေ သည်။လောဘ၏ ထိုလိုချင် တပ်မက်ခြင်း သဘောမှာလူသန္တန်မှာဖြစ်စေ ၊ခွေးသန္တန် မှာဖြစ်စေ အတူတူ
ပင်ဖြစ်လေသည်။ခွေးသန္တန်မှာဖြစ်သောလောဘသည် လူသန္တန်မှာ ဖြစ်သောကြေင့် ဖောက်ပြန်ပြောင်းလဲ သွား သည်ဟူ၍မရှိပဲ သူ့သဘောအတိုင်း လိုချင် တပ်မက်သော အခြင်းအရာကို အမြဲပြနေလျှက်ရှိပေသည်။

ထိုနည်းတူ မာန၏ သဘောကိုပြောရလျှင် လက်ဝှေ့ ကြိုးဝိုင်းအတွင်းမှာပြိုင်ဘက် ကိုအနိုင်ရလိုက်သူနှင့် ပြိုင်
ဘက်ကြက်ဖတစ်ကောင်ကိုအနိုင်ပိုင်း၍ ခွပ်လိုက်နိုင်သော အခြားကြက်ဖတစ်ကေင်၏ မာန မျိုးမှာအတူတူ
ပင်ဖြစ်လေသည်။မရှိဆင်းရဲသားများကို လှူ ဒါန်းထောက်ပံ့ နေသောအလှူရှင်တစ်ယောက်၏ ကရုဏာ စိတ်
နှုင့် မိခင်မဲ့နေ သောခွေးသားပေါက်လေးများကို နို့တိုက်နေသော အခြားခွေးမတစ်ကောင်၏ ကရုဏာစိတ်မှာ
အတူ တူပင်ဖြစ်လေသည်။ အချုပ်အားဖြင့် လောက၌ ရှိနေသော သက်ရှိသက်မဲ့ တို့၏ တနည်းအားဖြင့်
စိတ်၊တေသိက် ရုပ် တို့၏ မမြဲပုံ ဆင်းရဲပုံ အစိုးမရပုံနှင့် နိဗ္ဗာန်၏ငြိမ်သက်မွန်မြတ်အေး ချမ်း ပုံတို့ ကို လေး လေးနက်နက် သိမြင်သောပုဂ္ဂိုလ် သည် ပရမတ္တသစ္စာကို သိမြင်သူပင် ဖြစ်လေတော့ သည်။

၂။ သမုတိသစ္စာဆိုသည်မှာ လူ၊ခွေး၊ ကြောင် ၊စာအုပ်၊ ဘော့ပင် ၊မြို့၊ရွာ၊ နိုင်ငံ စသည်အားဖြင့် သက်ရှိသက်မဲ့ အရာအာလုံးတို့၏ အမည်နာမကိုခေါ်ဝေါ် သမုတ်ခြင်း ဖြင့် မှန်ကန်မှု ရှိပုံကိုဆိုလိုခြင်းဖြစ်ပါသည်။သမုတိသစ္စာ
သည် ပရမတ္ထသစ္စာလောက် အရေးမကြီးသော်လည်းလွန်စွာ အသုံးတွင်ကျယ်၍ သိရှိနားလည်ဖို့ ရန် လွန်စွာ
လိုအပ် သောသစ္စာပင်ဖြစ်လေသည်။သမုတိသစ္စာ၏ အရေးပါပုံနှင့် ပတ်သက်၍ရှေးဆရာတော်တို့ကဆောင်ပုဒ် လေး စီစဉ်ထားခဲ့ပါသည်။ ယင်းမှာ “ဟိ၊ကံ၊ဒါနေ၊ပဉ္စ၊မေ၊ပုဗ္ဗေ၊လှူ၊လောက” ဟူ၍ သမုတိသစ္စာနှင့် မကင်းနိုင်
သောအရာ ( ၈ )ခုဖြစ်ပါသည်။

၁။ဟိ ဆိုသည်မှာ ဟိရိဩတ္တပ္ပ(အရှက်အကြောက်)ကိုဆိုလိုခြင်းဖြစ်ပါသည်။ပရမတ္ထသစ္စာကို အစွဲသန် သူများက ရုပ်နာမ်ကြီးပဲ၊ဖြစ်ပျက်ကြီးပဲ ဟုအမြဲတန်း ပြောဆိုတတ်ကြပါသည်။သို့သော် ပရမတ္ထသစ္စာဆိုသည်မှာ တရား ရှုမှတ်နေသည့် အခိုက် တရားထိုင်နေသည့် အခိုက် အတန့်တွင်သာမှတ်ယူရမည်ဖြစ်ပြီး လောကထဲမှာ နေ နေသည့် အခိုက် ထိုအတိုင်းယူ ၍ မရပါ။ရုပ်နာမ် ဖြစ်ပျက် ကြီးပဲ ဆိုပြီး အ၀တ်အစား မ၀တ်ပဲ ဟိရိဩတ္တပ္ပ ကင်းမဲ့စွာလျှောက်သွားနေလျှင်စိတ်မမှန်သူဟု စွပ်စွဲ ခံရပေမည်။ရုပ်နာမ်ကြီးပဲဆိုပြီး သူ့နှမ၊ ကိုယ့်နှမ ၊ သူ့သားမယား ကိုယ့် သားမယားမခွဲခြားပဲ ဟိရိဩတ္တပ္ပ ကင်းမဲ့စွာ ပြစ်မှားစော်ကားနေ၍မဖြစ်ပေ။လောက
အမည်အား ဖြင့် သတ် မှတ် ထားသော သမုတိ သစ္စာ ကိုလိုက်နာရပေမည်။ဤသည်မှာ ဟိရိဩတ္တပ္ပ အရာ၌
သမုတိသစ္စာ၏ မှန်ကန်မှု ရှိပုံကိုဆိုလိုခြင်းဖြစ်ပေသည်။

၂။ကံ ဆိုသည်မှာ ကုသိုလ်ကံ ၊အကုသိုလ်ကံနှင့် ယင်းတို့၏အကျိုးပေးကို ဆိုလို ခြင်းဖြစ်ပါသည်။ပရမတ်ဆန်
ဆန်တယူသန်လွန်းအားကြီးစွာဖြင့် ကုသိုလ် အကုသိုလ် ကံဆိုတာမရှိ ရုပ်နာမ်တရာများသာရှိသည်ဆိုပြီး မိမိသဘာကျသလို ထင်တိုင်းကြဲ နေ ထိုင်မည် ဆိုပါကထိုပုဂ္ဂိုလ် အတွက် အပါယ် ကျဖို့သာ ရှိပေတော့သည်။ထို့ ကြောင့် ကု သိုလ်အကုသိုလ် ကံအရာ၌ သမုတိသစ္စာ၏ မှန်ကန်မှု ရှိပုံကိုနားလည်ထားသင့်ပေ သည်။

၃။ဒါနေ ဆိုသည်မှာ ဒါနပြုသည့် နေရာ၌ထားရမည့် စေတနာ စိတ်ထားတို့ကိုဆိုလို ခြင်းဖြစ်ပေသည်။ရုပ်နာမ်
တွေက ရုပ်နာမ်တွေကို ပေးလှူနေတာပဲ ဆိုပြီးဒါန ပြုသည့် စေတနာ စိတ်ထားတို့ကို ပစ်စလခတ် ထားကား ပေးလှူမည်ဆိုလျှုင်အကျိုး ပေး အရနည်းမည် ဖြစ်ပေသည်။လောကသမုတိသစ္စာ အားဖြင့် ခေါ်ဝေါ်သမုတ်
အပ်သော ပုဗ္ဗ မုဉ္စ အပရ ဟူသော မလှူမီ လှူဆဲ လှူပြီး စေတနာ စိတ်ထားများကို ကျနပြင်ဆင်၍လှူဒါန်းလျှင်
အကျိုးကြီးမာစွာ ရရှိမည် ဖြစ်ပေသည်။ ဤသည်မှာဒါနပြုရာ ၌သမုတိသစ္စာကို နားလည်သင့်ကြောင်း ဆိုလိုခြင်းဖြစ်လေသည်။

၎။ ပဉ္စ ဆိုသည်မှာ
၁။မာတုဃာတက အမိသတ်ခြင်း၊ ၂။ပိတုဃယတက အဖသတ်ခြင်း၊ ၃။ အရဟန္တဃာတက ရဟန္တာကိုသတ်ခြင်း၊၄။ လောဟိတုပ္ပါဒက ဘုရားရှင်ကိုသွေးစိမ်းတည်အောင်ပြုခြင်း၊၅။ သံဃဘေဒက သံဃာကိုသင်းခွဲခြင်း ဟူသော ပဉ္စာနန္တရိယ ကံကြီး ၅ပါးကို ဆိုလိုခြင်းဖြစ်ပါသည်။အမိ အဖ စသော လောကသမုတိ အားဖြင့်ပညတ်ထားသည် တို့ကို ဂရုမစိုက်ပဲ သတ်ဖြတ်မည်ဆိုပါက ဘုရားရဟန္တာ သံဃာစသော လောက သမုတိ အမည်တို့ ကို အလေး
မထားပဲ အပြစ်များ ကျူးလွန်မည်ဆိုပါ ကကျူးလွန်သူအတွက် လွန်စွာ နစ်နာမည်ဖြစ်ပေသည်။ဤသည်မှာပဉ္စာ နန္တရိယ ကံအ ရာ၌လောက သမုတိသစ္စာကို ပစ်ပယ်၍ မရကြောင်း ပြဆိုခြင်းဖြစ်ပေသည်။

၅။ မေ ဆိုသည်မှာ မေတ္တာကိုဆိုလိုခြင်းဖြစ်ပါသည်။မေတ္တပို့ခြင်းအလုပ်ဆိုသည် မှာ မိမိ မေတ္တာပို့သူ၏ အသွင်
သဏ္ဍန်ကို စိတ်ထင်အောင် အာရုံပြု၍ထိုသူ၏ကောင်း ကျိုး ချမ်းသာများကို စိတ်က ရှေးရှုလျှက် ပို့လွှတ်ရသော အလုပ်ဖြစ်လေသည်။ထိုသို့ မေတ္တ ပို့သူ၏ အသွင်သဏ္ဍန်ကို စိတ်ထဲမှာ အာရုံပြုလိုက်သည်နှင့် လောက သမုတိ အားဖြင့် သတ်မှတ်ထားသော မိဘ၊ဆရာ မိတ်ဆွေ၊အလှူရှင် ၊လူ၊ နတ်တိရစ္ဆာန် စသောအမည်တို့မှာမလွဲ
မသွေပါဝင်လာရလေသည်။ပရမတ်ကို သန်လွန်းအားကြီုးစွာ ရုပ်နာမ်တွေ ကျန်းမာချမ်းသာပါစေဟူ၍မေတ္တာ ပို့ ၍မရပေ။ ဤသည်မှာ မေတ္တအရာ၌ လောကသမုတိသစ္စာ ၏မှန်ကန်မှု ရှိပုံကို ဆိုလိုခြင်းဖြစ်ပေသည်။

၆။ ပုဗ္ဗေဆိုသည်မှာ ပုဗ္ဗေနိဝါသာနုဿတိဥာဏ်(ရှေးဘ၀ အဆက်ဆက်တို့ကိုသိမြင်အောက့်မေ့နိုင်သော
ဥာဏ်)ကိုဆိုလိုခြင်းဖြစ်ပါသည်။ ဘုရားရှင်သည်ဘုရားဖြစ်ခါ နီး ညဉ့်ဦးယံ အချိန်တွင် ပုဗ္ဗေနိဝါသာနုဿ
တိဥာဏ်ကိုရတော်မူပါသည်။ဘုရားအဖြစ် သို့ ရောက်တော်မူပြီးနောက် တရားဟောတော်မူသည့်အခါ အကြောင်းတိုက်ဆိုင်တိုင်း ယင်းဥာဏ်ဖြင့် ဆင်ခြင်၍ ထိုစဉ်ကရုက္ခစိုးနတ်သည် ယခုငါဘရားဖြစ်လာသည်။
ထိုစဉ် က ယုတ်မာသော ရွဲကုန်သည်သည်ယခုဒေ၀ဒတ်ဖြစ်လာသည်၊ထိုစဉ်က စန္နကိန္နရီ သည် ယခုအခါ ယသော်ဓရာ ဖြစ်လာသည်စသည်ဖြင့် ဟောတော်မူပါသည်။ဤသည် မှာ ပုဗ္ဗေနိဝါသာနုဿတိဥာဏ်အရာ၌ ရှေးဘ၀အမည်နောက်ဘ၀အမည် စသော လောကသမုတိအမည်များကိုမဖြစ်မနေသုံးစွဲရကြောင်းဆိုလို
ခြင်းဖြစ်ပေသည်။

၇။ လှူ ဆိုသည်မှာအလှူခံပုဂ္ဂိုလ်ကိုဆိုလိုခြင်းဖြစ်ပါသည်။အလှူဒါနပြုရာ၌ အကျိုး ကြီိးမားစွာရချင်လျှင် အလှူခံပုဂ္ဂိုလ်ကို စိစစ်ရွေးချယ်လှူဒါန်းရမည်ဟု ဘုရားရှုင်ဟော တောမူပါသည်။အလှူခံအယုတ်၊အမြတ်
ကိုလည်းလူဒုဿီလ(သီလမရှိသူ)၊လူသီလ၀န္တ (သီလရှိသူ)၊သောတာပန်၊ သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ အရိယာ သူတော်စင်များ စသည်ဖြင့် ခွဲခြား ကာ ဟောတော်မူပါသည်။ယင်း အလှူခံ ပုဂ္ဂိုလ်အယုတ်၊ အ မြတ်စသည်
တို့မှာ လောကသမုတိသစ္စာအားဖြင့် မှန်ကန်မှု ရှိသောအရာများဖြစ်ပါ သည်။ ဤသည်မှာအလှူခံပုဂ္ဂိုလ် စိစစ် ရွေးချယ်လှူ ဒါန်းဖို့ရန်အတွက် လောကသမု တိသစ္စာကို ကျင့်သုံဖို့ ရန်လိုအပ်ကြောင်းပြဆိုခြင်းဖြစ် ပေသည်။

၈။ လောက ဆိုသည်မှာ လောက ဝေါဟာရ၊လောက ပညတ်များကို ဆိုလိုခြင်းဖြစ်ပါသည်။လူသားတို့သည် ကမ္ဘာဦး အခါမှစ၍ ယနေ့တိုင်အောင် လောကဝေါဟာရအမည်များကို စဉ်ဆက်မပြတ်သုံးစွဲလာလျှက်ရှိ
ပေသည်။ အကောင်း အဆိုး၊အမှောင် အလင်း၊ အဖြူ အမဲ၊မြေ ရေ လေ မီး လူ နတ် တိရစ္ဆာန် ဟစ်ဟော့ပ် ၊ဒရာမ်မာ၊အက်ရှင် စသည်ဖြင့် အမျိုးမျိုး သုံးစွဲလျှက်ရှိပေသည်။ယင်းဝေါဟာရတို့ကိုအရေးမပါဟု ဆိုကာ မသုံးစွဲ ပဲ နေလျှင် လောကထဲမှာ နေထိုင်ဆက်ဆံ ၍ ရတော့မည်မဟုတ်ပေ ၎င်း ဝေါ ဟာရများသည် လောကသမုတိ
အရ သတ်မှတ်ထားသောဝေါဟာရများဖြစ်လေသည်။ထို့ကြေင့် လူသားလောက အဆင်ပြေစွာနေထိုင်နိုင်ရေး၊ ဆက်ဆံမှုကောင်းမွန်ချော မွေ့ စေရေးတို့ အတွက် လောကသမုတိသစ္စာအရပညတ်ထားသောဝေါဟာရများ လွန် စွာ အရေးကြီးကြောင်း တွေ့ မြင်နိုင်ပေသည်။ အထက်ပါ ဆောင်ပုဒ်နှင့် အညီ ဆိုခဲ့ ပြီးသောအကြောင်း
အရာ (၈)ခုတို့သည်လောက သမုတိသစ္စာအားဖြင့် ကင်းကွာ၍ မရပဲ ယင်းသမုတိသစ္စာ ၏နေရာဌာန အလိုက်မှန်ကန်မှုရှိပုံကို ပြဆိုခြင်းဖြစ်ပေသည်။

၃။ ၀စီသစ္စာ ဆိုသည်မှာ လောက၌ အမှန်တကယ် တည်ရှိ ဖြစ်ပျက်နေသောအရာများကို နှုတ်ဖြင့် မြွက်ဆို ပြောကြားရသောအလုပ်ဖြစ်လေသည်။တကယ်တော့ ဤဆောင်းပါး၌ စာရေးသူအဓိကထား တင်ပြလိုသော အကြောင်းအရာမှာ ၀စီသစ္စာအကြောင်းပင်ဖြစ်ပါသည်။ တဆက်တည်းမှာ ပရမတ္ထသစ္စာနှင့်သမုတိသစ္စာ
အကြောင်း ကိုလည်း စိတ်ကူးပေါ်လာမိသောကြောင့် ဦးစွာရေးသားလိုက်ရခြင်းဖြစ်ပါသည်။စာရေးသူသာမဏေ ဘ၀ ငယ်စဉ်မှ စ၍ ၀စီသစ္စာအကြောင်းကို စိတ်ဝင်စားလာမိပါသည်။သစ္စာတရားနှင့် စပ်လျဉ်း၍ ဖော်ပြထား
သော ဇာတ်ဝတ္ထုများစွာတို့တွင်မိမိနှုတ်မှ မှန် သောစကား ကို ရွတ်ဆိုလိုက်သည်နှင်ဲ့ တပြိုင်နက် သေအံ့ဆဲဆဲ ပုဂ္ဂိုလ်များ အသက်ြ်ပန် ရှင်လာခြင်း၊ဒုက္ခကြီးစွာ ရောက်နေသူများဒုက္ခမှ လွတ်မြောက်ခြင်း ၊အချုပ်အနှောင်
ခံ ရသူများ အချုပ်အနှောင်မှလွတ်မြောက်ခြင်း၊စသော ထူးဆန်းဖွယ်ရာ အဖြစ်အပျက်များ ကို လွန်စွာစိတ်ဝင်စားမိသောကြောင့် ဖြစ်ပါသည်။ ဆရာကြီးဦးသုခ၏ ရာမာခရစ်ရှနား စာအုပ်၌ လည်း သစ္စာ တရားနှင့် ပတ်သက်၍ဤလောက၌ ရေ မြေ လေ မီး ဓာတ်ကြီးလေးပါတို့သည်။ ဖောက်ပြန် ပျက်စီး၍ လွဲမှားချင်လွဲမှား
လိမ့်မည်။ရေ အလျဉ်တို့သည် နိမ့်ရာမှ မြင့်ရာသို့ စီးဆင်းချင်စီးဆင်း လိမ့် မည် သစ္စာ တရားဆိုသော အရာက
တော့ ဘယ်သောအခါမှဖောက်ပြန်ပျက်စီးလိမ့် မည် မဟုတ်ဟု ဖော်ပြခဲ့ပေသည်။ဤမျှ တန်းခိုးစွမ်းအင် ကြီးမား လှသော သစ္စာတရား အကြောင်းကို စာရေးသူတို့သိထားသင့်ပေသည်။

ထို့ကြောင့် စာရေးသူသည် လူပညာရှိ ရဟန်းပညာရှိတို့ကိုချဉ်းကပ်၍ သစ္စာတရားနှင့် စပ်လျဉ်းသောအကြောင်း အရာတို့ကို မေးမြန်း၍ကိုယ်တိုင်လည်း အမြဲကြံဆ စဉ်းစားနေခဲ့လေသည်။ ၀စီသစ္စာနှင့် စပ်လျဉ်း၍ စာရေးသူ သိချင်ခဲ့သော မေးခွန်းများမှာ
၁။သစ္စာဆိုဖို့ရန် အတွက် တစုံတရာ ဖြည့်ကျင့်ဖွယ်လိုအပ်သလား၊
၂။အမှန်တရားကိုဆိုရုံမျှနှင့် သစ္စာ အတွက် လုံလောက်ပြီလား
၃။သစ္စာကိုဘယ်အချိန်မှာ ဆိုဖို့လိုအပ်သလဲ
၎။မိမိဆိုမည့် သစ္စာအောင်မြင်ဖို့ရန်အတွက် ပါရမီစသည်လိုအပ်သလား
၅။သစ္စာ ဆိုဖို့ရန်အတွက်လုံလောက်သော အချက်အလက်တွေ က ဘာတွေလည်း စသည်တို့ ဖြစ်ပါသည်။

စာ ဖတ်သူတို့အတွက် အထက်ပါ အချက်အလက်များ အားလုံးကို နားလည်စေနိုင်ရန် အတွက်သစ္စာတရားနှင့် စပ်လျဉ်းသော ဇာတ်ဝတ္ထု များကို ဦးစွာတင်ပြပါမည်။ ၎င်းဇာတ်ဝတ္ထုများကိုဖတ်ရှုရင်းဖြင့် မိမိတို့ ၀စီသစ္စာဆိုဖို့
လိုအပ်သည့် အခါမည်သို့သော အချက်အလက်များ ပြည့်စုံရမည်ဖြစ် ကြာင်းစဉ်းစားသုံးသပ်နိုင်ပါလိမ့်မည်။

ဂန္ထလုလင် (ဘိုကလေး)
( အခန်း ၂ ဆက်ဖတ်ရန်)