ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Wednesday, December 31, 2008

အကြည်တော်ရဲဘီလူး..မှ..ဇာတ်ဝင်ခန်းတပိုင်းတစ

ဒီဇာတ်ဝင်ခန်းလေးကိုအရမ်းကိုနှစ်သက်လွန်းလို့တင်လိုက်တာပါ....အကြည်တော်လေ.
အားလုံးလဲသိပြီးသားလိုလဲထင်ပါတယ်..ဒါပေမယ်လဲလေ..ပြန်ပြီး.ဖက်ကြည့်လိုက်ပေါ့..
...................
ဘီလူးတဲ့ကွ၊ မိုက်ပြီဆိုမှဖြင့် ကြခတ်ဆူးတောင် မြက်ပင်အမှတ်နဲ့ ချိုးတတ်တဲ့ကောင်နော်၊ သတ္တိမရှိလို့ကတော့ ရေနွေးကြမ်းပဲ သောက်နေမယ်၊ သတ္တိရှိလို့ ထရေ (ထန်းရည်)သောက်လာတာကွ"
ကျယ်လောင်တဲ့ အော်သံကြောင့် မြို့ထဲကနေ ရွာကို ခဏပြန်လာတဲ့ ဘဒွေး၊ သူကြီးတည်ခင်းထားတဲ့ ငါးခြောက်ဖုတ်ဆီဆမ်းနဲ့ အဖန်ရည်ကိုတောင် ဆက်မလွေးနိုင်ဘဲ ခေါင်းထောင်ထသွားတယ်။
"ဟဲ့ .. ဖိုးတူ၊ ရွာထဲက အော်သံကြားသလိုပဲ၊ ဘာတဲ့"
ဘဒွေးရဲ့ အမေးကို သူကြီးဦးဖိုးတူက..။
"ဘီလူးလှဦး မူးပြီး သောင်းကျန်းနေတာပါ ဘဒွေး"
"ဘယ်သူ"
"ဘီလူးလှဦးလေ ဘဒွေး၊ ကိုမြတူးကြီးသား လှဦး"
"ဟဲ့… မြတူးသား ရွာထဲ ဒီလောက်သောင်းကျန်းနေတာ မင်းမထိန်းဘူးလား"
ဘဒွေးရဲ့စကားကို သူကြီး သက်ပြင်းချလိုက်ပြီး..
"ကျွန်တော်လည်း တတ်နိုင်သလောက်တော့ ထိန်းပါတယ် ဘဒွေးရယ်၊ ဒါပေမယ့် ဒီကောင်က…"
သူကြီး စကားကို ဘဒွေး စိတ်ဆိုးသွားပြီး…။
"တော်စမ်း၊ ကိုယ့်ရွာသားတစ်ယောက် ဒီလောက်သောင်းကျန်းနေတာကို မထိန်းနိုင်ရင် မင်း ဘာသူကြီးလဲကွ ဟေ"
"မ.. မဟုတ်.."
"တိတ်စမ်း၊ တောက် ရွာကို ကျက်သရေတုံးရော"
ဘဒွေး ပြောရင်း ပြောရင်း ဒေါသထွက်လာပုံရတယ်။ မျက်နှာကြီး နီရဲခက်ထန်လာတယ်။ ဘဒွေးကိုကြည့်ပြီး တခြားလူမပြောနဲ့၊ မြို့ပိုင်မင်းရဲ့ ရွှေဓားဆုရဆိုတဲ့ သူကြီးတောင် တုတ်တုတ်မလှုပ်ရဲတော့ဘူး။ ဘဒွေးဆိုတာကလည်း သိတယ်မဟုတ်လား။ စိတ်က မြန်သလို လက်ကလည်း မြန်တယ်။ ဒါတောင် အခု အသက်ကြီးသွားလို့ စိတ်လျှော့သွားတာ။ ငယ်တုန်းကဆို ဘယ်လွယ်မလဲ၊ ရွာထဲ ဒီလိုအော်ဆဲဖို့ မပြောနဲ့၊ ဘဒွေးကြီးရှိနေတယ်ဟေ့ ဆိုရင် ဘယ်သူမှ စကားတောင် ကျယ်ကျယ်ပြောရဲတာ မဟုတ်ဘူးရယ်။ နောက်ပြီး ဘဒွေးက လူမှန်။ မဟုတ်တာလဲ မလုပ်တတ်ဘူး။ အေး… မှန်ပြီဆိုလို့ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်ပဲ။
တစ်ခါသား မြင်းကဒပ်ရွာသားတွေ သူတို့မြင်သာရွာက ကောင်မလေးတစ်ယောက်ကို ထန်းရည်မူးပြီး လက်ဆွဲလို့ဆိုလား၊ ပြဿနာဖြစ်တော့ ဘဒွေးတစ်ယောက်ထဲရယ်၊ မီးတုတ်ကြီးဆွဲပြီး မြင်းကဒပ်ရွာထဲ ၀င်သွားတာ လား လား၊ မြင်းကဒပ်တစ်ရွာလုံးကို ၀ပ်ကျသွားပါရော့လား။ ရွာကျောင်းဆရာတော် ထွက်လာပြီး မေတ္တာရပ်ခံမှ ကျေအေးသွားတာ။ နို့မဟုတ်ရင် မြင်းကဒပ်တစ်ရွာလုံး ပြာပုံဖြစ်သွားလောက်ရောပေါ့။ ဘဒွေးက အဲသည်လိုလူမျိုးရယ်။ နောက်ပြီး ရိုက်ကြပုတ်ကြဟေ့ဆို လက်ကမြန်ပြီးသား။ ထစ်ခနဲဟေ့ဆို ဘဒွေးရိုက်ပြီးနေပြီ။ ဖြောင်းခနဲဆို မကြည့်နဲ့ ဟိုလူ သွေးဖြာနေပြီ။ အခု အသက် (၇၀)ကျော်တာတောင် တစ်ယောက်ချင်း နပန်းသတ်မလား၊ ငှက်ပျောအကာသားနဲ့ ယှဉ်ရိုက်မလား၊ တော်ရုံတန်ရုံ သန်မာတယ်ဆိုတဲ့ လူများ၊ ဘဒွေးရိုက်ချက်အောက် ပြားခနဲနေတာ။ ဒီလိုလူမျိုး ရောက်လာတဲ့အချိန်မှ ဒီလိုအသံမျိုး ကြားရတယ်ဆိုတော့ စဉ်းစားသာကြည့်တော့…။
"ဟေ့… တစ်ရွာလုံး သတ္တိမရှိကြတော့ဘူးလား၊ ဘီလူးတဲ့ကွ နော်၊ ဘယ်သူမှ လူထင်တာရယ် မဟုတ်ဘူး"
နောက်ထပ် ကျယ်လောင်တဲ့ အော်သံကြောင့် ဘဒွေးပိုပြီး ဒေါသထွက်သွားတယ်။
"ဟေ့ကောင် ဖိုးတူ၊ ဒီကောင့်ကို မင်း မဆုံးမဘူးလား၊ မင်း မဆုံးမရင် ငါ ထွက်ဆုံးမလိုက်ရမလား"
ဘဒွေးရဲ့ စကားကြောင့် သူကြီး ပျာပျာသလဲ ဖြစ်သွားပြီး
"မ.. မလုပ်ပါနဲ့ ဘဒွေး၊ ဒီကောင် ဒီလိုသောင်းကျန်းနေတာ သူ့မှာ အကြံအစည်တစ်ခုခု ရှိလို့ဖြစ်မယ်"
"ဘာကွ"
"ဟုတ်တယ် ဘဒွေး… ဒီကောင် ဒီလိုသောင်းကျန်းနေတာ သူ့မှာ အကြံအစည်တစ်ခုခု ရှိလို့ပဲ။ မရှိလို့ကတော့ ဒီဘီလူးလှဦးဆိုတဲ့ကောင် ဒီလိုမလုပ်ဘူး"
"ဘာအကြံအစည်လဲ"
သူကြီး သက်ပြင်းကို ခပ်မျှင်းမျှင်းချလိုက်ပြီး…
"အခု အကြံအစည်ကတော့ ကျွန်တော်လည်း မသိဘူးပေါ့ ဘဒွေးရယ်၊ ဒါပေမယ့် တစ်ခါသားကတော့"
မြင်သာရွာက ရွာဦးကျောင်းစေတီ ဘုရားပွဲဖြစ်တုန်းကပေါ့။ ရွာဘုရားပွဲဆိုတဲ့အတိုင်း စည်လိုက်တဲ့အမျိုး။ ရွာနီးချုပ်စပ်က လာတဲ့ လှည်းတွေနဲ့ကို ဘုရားပွဲ ကွင်းပြည့်လျှံနေတယ်။ မြင်သာရွာက အပျိုကလေးတွေဆို နေမညိုခင်ကတည်းက နံ့သာတွေလူး၊ ကွမ်းသွေးတွေချယ်ပြီး ဆွမ်းအုပ်ကလေးပိုက်လို့ လမ်းသလားနေကြပြီ။
တစ်နှစ်တစ်ခါ ဖြစ်တဲ့ပွဲကိုး… ကာလသားများကတော့ ပြောမနေနဲ့။ အဖိတ်နေ့ (ဘုရားပွဲမဖြစ်ခင် တစ်ရက်အလို) ညကတည်းက အလှူပွဲအတွက် ဆွမ်းချက်ကြရင်း လယ်ပိုင်ရှင် ဦးဘမှန်တိုက်တဲ့ အရက်သောက်ပြီး ဒေါင်ချာကို စိုင်းနေလိုက်ကြတာ။ ဒါပေမယ့် မူးပြီး မသောင်းကျန်းရဲဘူး။ သောင်းကျန်းတာနဲ့ ကျန်တဲ့ကာလသားတွေက ၀ိုင်းဖမ်းပြီး သူကြီးအိမ်အောက်က ထိပ်တုံးဆီ ပို့ကြတာပဲ။ အခုပဲကြည့်လေ မောင်ကောင်းနဲ့ ငပိန် (သူခိုးငပိန်) အချင်းချင်း စကားများကြလို့ စံနမူနာပြအနေနဲ့ သူကြီးထိပ်တုံးဆီ ပို့ထားပြီးပြီ။ နှစ်ယောက်လုံးကို ဘုရားပွဲပြီးမှ သူကြီးက ပြန်လွှတ်မတဲ့။ သူတို့နှစ်ယောက်ကို သူကြီးဖမ်းချုပ်ထားလိုက်တာ တစ်ရွာလုံးက ကျေနပ်တယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်ယောက်လုံးဟာ ဘုရားပွဲဖြစ်တိုင်း နှစ်စဉ် အစဉ်အလာမပျက် ခိုက်ရန်ဖြစ်ခဲ့ကြတာကိုး။ တစ်ရွာသားနဲ့ ဖြစ်ရင်ဖြစ် မဖြစ်ရင် ရွာသားအချင်းချင်း အနည်းဆုံး ထိုးကြကြိတ်ကြတော့ ဖြစ်တာပဲ။ ဒါကြောင့် သူတို့နှစ်ယောက်ကို သူကြီးက ဒီလိုစောစောစီးစီး ထိန်းသိမ်းထားတဲ့အတွက် တစ်ရွာလုံး ၀မ်းသာကြတယ်။ ရွာဘုရားပွဲကို သူတို့မရှိမှ ပြဿနာမရှိဘဲ ကျင်းပလို့ရမှာကိုး။
ဒါပေမယ့် သူတို့ကို ဒီလို စောစောစီးစီး ဖမ်းလိုက်တဲ့အတွက် မကျေနပ်တဲ့လူတစ်ယောက် ရှိတယ်။ သူက သိတယ်မဟုတ်လား…။
"တောက်"
ဘီလူးလှဦးရဲ့ တောက်ခတ်သံက ကျယ်လောင်သလောက် ဒေါသနဲ့ စူးရှပြင်းထန်နေတယ်။ မျက်လုံးအစုံကလည်း နီရဲပြီး အံကြိတ်ထားလိုက်ပုံများ သွားအချင်းချင်းခတ်တဲ့အသံတောင် တဂျစ်ဂျစ်နဲ့ ကြားနေရတယ်။ သူ့ကိုကြည့်ပြီး အင်္ကျီဗလာကျင်းနဲ့ ကျွဲကြီးတစ်ကောင် လန့်ဖျပ်ပြီး အနောက်ကို နည်းနည်းယို့လိုက်တယ်။ ပြီးတော့ သူ့လူကို ကြည့်ပြီး စိတ်ပျက်လက်ပျက်နဲ့…
"ကျွတ်.. သိပ်လဲ ခံစားမနေပါနဲ့ ဘီလူးရာ။ သူတို့သောင်းကျန်းလို့ သူတို့ အဖမ်းခံရတာကို တို့က ဘာများတတ်နိုင်မှာမို့လဲ။ ငါတို့ပါ ရောပြီး အဖမ်းမခံရတာ ကံကောင်းတယ်မှတ်"
ကျွဲကြီးရဲ့စကားကို ဘီလူးက မြေပြင်ကို ဖနောင့်နဲ့ ဖုန်းခနဲပေါက်ပြီး
"ဘာလို့ မတတ်နိုင်ရမှာလဲကွ၊ ဘာလို့မတတ်နိုင်ရမှာလဲ၊ ဘီလူးတဲ့ကွနော်၊ ဘီလူး မတတ်နိုင်တာ လူမပြောနဲ့ ထန်းပင်တောင် မရှိဘူး မှတ်ထား" ဆိုပြီး ကြိမ်းဝါးလိုက်တယ်။ ပြီးမှ ကြိတ်မနိုင်ခဲမရ အသံကြီးနဲ့
"တောက်.. ဒီနှစ်ဘုရားပွဲ တို့ သူငယ်ချင်းလေးယောက် ပျော်ပျော်ပါးပါး ဆင်နွှဲမယ်လို့ ရည်ရွယ်ထားခါမှကွာ"
ကျွဲကြီး မျက်နှာကို ရှုံ့မဲ့လိုက်တယ်။ ပြီးတော့ ဦးခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပြီး…
"မဖြစ်နိုင်တာ ပြောမနေပါနဲ့တော့ကွာ၊ ကိုယ်လည်း ကယ်တင်လို့ ရတော့တာမှ မဟုတ်တာ"
ကျွဲကြီးရဲ့ စကားကြောင့် ဘီလူး မြေပြင်ကို ဖုန်းခနဲနေအောင် ထပ်ပေါက်လိုက်တယ်။
"ဘာလို့ ကယ်တင်လို့မရ ရမှာလဲကွ၊ ဘီလူးတဲ့ကွနော် ဟား ဟား။ ဘီလူးတို့ကြံရင် သူကြီးထိပ်တုံးလောက် မပြောနဲ့ သူကြီးကတော်ရဲ့ ခေါင်းတောင် ဘိုကေတက်ထိုးပစ်လို့ရတယ် မှတ်ထား ဟား ဟား ဟား"
ဘီလူးလှဦး သူ့စကားကို သူ ပြန်သဘောကျသလို ဟက်ဟက်ပက်ပက် အော်ဟစ် ရယ်မောလိုက်တယ်။ ကျွဲကြီးက သူ့ကို တအံ့တသြ ကြည့်ပြီး…
"ဒါဆို မင်းက ဘယ်လိုလုပ်မှာလဲ"
"အလွယ်ကလေးပါကွာ၊ မင်းသာ င့ါကို ထန်းရည်အ၀တိုက်၊ နေမစောင်းခင် ဒီကောင်နှစ်ယောက်လုံး ထိပ်တုံးအပြင် ပြန်ရောက်ရစေမယ်"
ကျွဲကြီး အံ့အားသင့်သွားသလို မျက်လုံးကြီးပြူးပြီး…
"မင်း… မင်း ထန်းရည်သောက်ပြီး ဘယ်လိုလုပ်မှာလဲ"
ကျွဲကြီးရဲ့ အမေးကို ဘီလူးရှည်ရှည်ဝေးဝေး ရှင်းပြမနေတော့ဘဲ
"ကြည့်လေ.. မကြာခင် မင်းသိရမှာပေါ့။ မောင်ကောင်းနဲ့ ငပိန်တင်မဟုတ်ဘူး။ သူကြီးသမီး ခင်မှုန်ပါ အိမ်အပြင် ရောက်လာစေရမယ်"
ထန်းရည်ရှစ်မြူ ကုန်ပြီးတဲ့အထိ ဘီလူးလှဦး ထိုင်ရာမထဘဲ အံကြိတ် သောက်နေတုန်းပဲ။ ခါတိုင်းဆို ထန်းရည်သောက်ပြီးရင် ဆီးကရွှင်တော့ တစ်မြူလောက်သောက်ပြီး တစ်ခါလောက် အပေါ့သွားတတ်တဲ့ကောင်၊ ဒီတစ်ခါတော့ ထူးထူးခြားခြား ထန်းရည်ရှစ်မြူကုန်တဲ့အထိ ထိုင်ရာက တုတ်တုတ်တောင် မလှုပ်ဘူး။ သူ့ရှေ့မှာ ထိုင်နေတဲ့ ကျွဲကြီးကိုလည်း စကားဟဟ ပြောတာရယ်လည်း မဟုတ်ဘူး။ ထန်းရည်ကိုသာ တစ်ခွက်ပြီးတစ်ခွက်၊ တဂွပ်ဂွပ်နဲ့ သောက်နေတာ။
ဒီလိုနဲ့ ထန်းရည်ဆယ့်တစ်မြူလည်းကျရော ဘီလူးလှဦး ထိုင်ရမလို ထရမလို ဖြစ်လာတယ်။ ဘာကြောင့်ရယ်မသိဘူး။ မျက်နှာကြီးကလည်း နီရဲရှုံ့မဲ့ပြီး အံတကြိတ်ကြိတ် ဖြစ်လာတယ်။ မူးတာကလည်း ပြောမနေနဲ့တော့။ ကိုရင်ကြက်ပု ထန်းရည်ကို ဒီလို ဆယ့်တစ်လုံးသောက်ဖို့ မပြောနဲ့ သုံးလေးမြူကုန်အောင် သောက်နိုင်တဲ့လူက ခပ်ရှားရှားရယ်၊ အခု ဆယ့်တစ်မြူကုန်ပြီဆိုတော့ ဒေါင်ချာစိုင်းပြီဆိုတာ ပြောစရာလိုမယ်မထင်ဘူး။ ဒီလိုပုံမျိုးနဲ့ သူကြီးအိမ်မှာ အချုပ်ခံထားရတဲ့ မောင်ကောင်းနဲ့ ငပိန်ကို သွားကယ်ဖို့မပြောနဲ့ ကိုယ်တိုင် မတ်တပ်ရပ်နိုင်ဖို့ အခွင့်အရေးတောင် ခပ်ရှားရှား။ ဘီလူးကတော့ မလျှော့သေးဘူး။ ထန်းရည်ကို မျက်နှာကြီး ရှုံ့မဲ့ အံကြိတ်သောက်နေတုန်း။
ကြာလာတော့ သူ့ကို ထန်းရည်တိုက်နေတဲ့ ကျွဲကြီးကတောင် သိပ်ပြီး မသင်္ကာချင်တော့ဘူး။ ဘီလူးလှဦး အောင်နိုင်နတ်ဝင်သွားတာလား၊ (အောင်နိုင်နတ်ဆိုသည်မှာ ထန်းရည်အလွန်အမင်း ကြိုက်နှစ်သက်သောနတ်ဟု အယူအစွဲရှိ၏) ဒါမှမဟုတ် သူငယ်ချင်းတွေကို ကယ်တင်မယ် အကြောင်းပြပြီး သူ့ဆီက ထန်းရည်ညာသောက်နေတာလားပေါ့။ သူ စဉ်းစားလို့ မဆုံးခင်မှာ ဘီလူးလှဦး "အေ့ခနဲ" လေတက်လိုက်တယ်။ ပြီးတော့ သူ့ခါးကြီးထဲ လိမ်ထားတဲ့ အလုံးမဲမဲ သုံးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး တဂျွတ်ဂျွတ် ၀ါးလိုက်တယ်။ နောက် လက်ကျန်ထန်းရည်ခွက်ကို ဂွပ်ခနဲ နေအောင် သောက်ချလိုက်တယ်။ ကျွဲကြီးကတော့ အံ့အားသင့်လို့ မဆုံးဖြစ်နေတုန်း။ ခါတိုင်းဆို ထန်းရည်သောက်ရင် ပဲလှော်တောင် မ၀ါးတတ်တဲ့ကောင်က အခု ဘာစိတ်ကူးတွေ ပေါက်ပြီး တွေ့ကရာ ၀ါးနေတယ်ရယ်ပေါ့။
"ကဲ.. သွားကြရအောင်.. ဟိုကောင်တွေကို ကယ်တင်ဖို့ လက်နက်ကတော့ ပြည့်စုံပြီ"
"ဟင်.. မင်း ဒီအတိုင်းသွားမယ်"
ကျွဲကြီး တအံ့တသြအမေးကို ဘီလူးက မျက်နှာကို ရှုံ့မဲ့နေရာက
"အေးလေ၊ ဒီအတိုင်းသွားမှာပေါ့ … ဟေ့ကောင် ငါ့ကို လာတွဲစမ်း၊ ဒီကောင်တွေဆီ မြန်မြန်ရောက်မှ ဖြစ်မယ်"
ဆိုပြီး အတင်းထဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် သူ့တစ်ယောက်ထဲဆိုရင် ထတောင် ရပ်နိုင်တော့တာရယ် မဟုတ်ဘူး။ မူးတာကလည်း ဇက်ကြီးလိမ်နေပြီ။ နောက်ပြီး တစ်ခုခုကို ချုပ်ထိန်းထားပုံရတယ်။ မျက်နှာကြီးကလည်း မြင်မကောင်းလောက်အောင် ရှုံ့မဲ့လို့။ သူ့အခြေအနေကို ရိပ်မိတဲ့ ကျွဲကြီးက သူ့ကို ချိုင်း(ဂျိုင်း)ကနေ ဆွဲပြီး မ,တင်လိုက်ပြီး
"ဟေ့ကောင် မဖြစ်လောက်ဘူးနော် … ဒီအခြေအနေအတိုင်း သွားရင် ဟိုကောင်တွေကို ကယ်ဖို့မပြောနဲ့ တို့ပါ ထိပ်တုံးထဲ တန်းခနဲနေမှာ"
ကျွဲကြီးရဲ့ စကားကို ဘီလူးက ဒေါသထွက်သွားပြီး…
"တိတ်စမ်း… လောကမှာ ဘီလူးကို ဖမ်းရဲတဲ့ကောင် တစ်ယောက်မှမရှိဘူး။ ဖမ်းရဲဖမ်းကြည့် ငါ့အကြောင်း ကောင်းကောင်း သိသွားမယ်။ ဘီလူးတဲ့ကွ ဟားဟား ငါတဲ့ ဘီလူးနော်"
ဆိုပြီး ယိုင်တိယိုင်တိုင်နဲ့ ရွာဘက် လှည့်သွားတယ်။ ကျွဲကြီးကတော့ ကြောက်လန့်တကြားနဲ့ သူ့ချိုင်းကနေ ဆွဲနေရတုန်း။
သူတို့နှစ်ယောက် ရွာထဲဝင်လာတော့ ရွာသားတွေအားလုံးက ရိပ်မိနေတယ်။ မကြာခင် သူကြီး ထိပ်တုံးစာမိတော့မယ်ဆိုတာ။ ကျွဲကြီးကတော့ ဒါကို သိနေတယ်။ ဒါကြောင့် သူ့ခမျာ ဒူးတွေတုန်ပြီး မျက်စေ့မျက်နှာ ပျက်နေတာ။ ဘီလူးလှဦးကတော့ ခပ်တည်တည်ပဲ။ ကျွဲကြီးကို အလိုက်သင့်ကလေး ဖက်ထားပြီး…။
"ဟေ့ကောင် … ဘာမှကြောက်မနေနဲ့၊ ဒီရွာမှာ င့ါကို ဖမ်းရဲတဲ့ကောင် တစ်ကောင်မှ မရှိဘူး။ သတ္တိရှိရင် ဖမ်းကြည့်စမ်း၊ ငါ့အကြောင်း သိသွားမယ် ဘီလူးတဲ့ကွ"
ဆိုပြီး တစ်လမ်းလုံး တွေ့ကရာလူ ကြိမ်းမောင်းလာတယ်။ မျက်နှာကတော့ မြင်မကောင်းရှုမကောင်းလောက်အောင် ရှုံ့မဲ့လို့။
သူကြီးအိမ်နားရောက်တော့ ကျွဲကြီး ပိုကြောက်လာပြီ။
"ဟေ့ကောင် ဘီလူး ရှေ့မှာ သူကြီးအိမ်ပဲနော်.. တို့ ပြန်ကြရင် ကောင်းမယ်"
ကျွဲကြီးရဲ့ စကားကို ဘီလူးဒေါသထွက်သွားသလိုနဲ့ မြေကြီးကို ဖနောင့်နဲ့ ဖုန်းခနဲ ပေါက်လိုက်ပြီး…
"ဘာလို့ ပြန်ရမလဲကွ။ အဲဒီ သူကြီးဆိုတဲ့လူနဲ့ တွေ့ချင်နေတာ။ ငါ့ကို ဖမ်းရဲဖမ်းကြည့်စမ်း၊ ငါ့အကြောင်း ကောင်းကောင်းသိသွားမယ်။ ဟေ့ ဘီလူးတဲ့ကွ။ မိုက်ပြီဆိုမှဖြင့် ကြခတ်ဆူးပင် မြက်ပင်အမှတ်နဲ့ ချိုးလာတဲ့ကောင်ကွ၊ ဘယ်ကောင်မှ ဂရုစိုက်တာရယ်မဟုတ်ဘူး။ ဖမ်းရဲတဲ့ကောင် လာဖမ်းလှည့်စမ်း။ နောင်တကို ကောင်းကောင်းရသွားစေမယ်။ ဘီလူးတဲ့ကွနော်၊ ငါတဲ့ ဘီလူး"
သူ့ရဲ့ အော်သံကြောင့် အိမ်ထဲမှာ ပုတီးစိပ်နေတဲ့ သူကြီး အိမ်အပြင်ဘက် ထွက်ကြည့်တယ်။ သူကြီးကိုလည်းမြင်ရော ကျွဲကြီး ကြောက်ဒူးတွေ တုန်ပြီး ဆက်မနေရဲတော့ဘူး။ ဒါကြောင့် ဘီလူးလှဦးကို ချိုင်းက မ,ထားရာက လွှတ်ပြီး
"ဟေ့ကောင် မင်းနေရဲရင်နေခဲ့ ငါတော့ လစ်ပြီ"
ဆိုပြီး ရွာတောင်ပိုင်းဘက် သုတ်ခြေတင် ထွက်ပြေးသွားတယ်။ ဘီလူးကတော့ သူ့ကိုယ်သူ လဲမကျအောင် အနိုင်နိုင်ထိန်းရင်း…
"ဘာလို့ မနေရဲရမှာလဲကွ၊ ဟေ့ကောင် ငါ့ကို ဒီသူကြီးကများ ဖမ်းရဲမယ်ထင်သလား၊ ဖမ်းရဲဖမ်းကြည့်စမ်း၊ ငါ့အကြောင်း ကောင်းကောင်းသိသွားမယ်။ ဘီလူးတဲ့ကွနော် ဟား ဟား"
သူ့စကားလည်းကြားရော သူကြီး ခြံအပြင်ထွက်လာပြီး…။
"ဟေ့ကောင်လှဦး.. မင်း မူးနေရင် အေးအေးဆေးဆေး အိမ်ပြန်အိပ်၊ ငါ့အိမ်ရှေ့ကျက်သရေမရှိ အော်ကြီးဟစ်ကျယ် လုပ်မနေနဲ့"
သူကြီးစကားကို ဘီလူးက ဂရုမစိုက်သလို တဟားဟားရယ်ရင်း
"ဟား ဟား.. ကိုယ့်ပါးစပ်နဲ့ကိုယ်အော်တာပဲဗျ။ သူကြီးပါးစပ် ငှားအော်တာမှ မဟုတ်တာ။ ဘာဖြစ်လဲ အော်တယ်ဗျာ။ ဟေ့… သတ္တိရှိတဲ့ကောင် ဖမ်းကြစမ်း ဘီလူးတဲ့ကွ၊ ဟား ဟား ဟား သတ္တိမရှိရင်တော့ ပုတီးသာ စိပ်နေ ဟားဟား"
ဘီလူးစကားကြောင့် သူကြီး ရှူးရှူးရှားရှားဖြစ်သွားပြီး…
"ဟေ့ကောင်.. မင်း လွန်လာပြီနော်၊ ငါ ပုတီးစိပ်နေချိန်မို့နော်၊ နို့မဟုတ်ရင် မင်း မလွယ်ဘူးမှတ်"
"ဘာဖြစ်လဲ လွန်တယ်ဗျာ။ ဟေ့ ဘီလူးတဲ့ကွ၊ ဒီလို စိပ်ပုတီးနဲ့ တရားချလို့ရတဲ့ကောင်များ မှတ်နေလား။ ဟား ဟား သတ္တိရှိလို့ သူကြီးအိမ်ရှေ့ လာအော်နေတာကွ ဟား ဟား ဟား"
ဘီလူးစကားလည်းကြားရော သူကြီး အကြီးအကျယ် ဒေါသထွက်သွားပြီး…။
"ဟာ .. ဒီလောက်ဖြစ်တဲ့ကောင်.. ကဲကွာ"
ဆိုပြီး ဘီလူးလှဦးရဲ့ နားရင်းကို 'ဖုန်းခနဲ' အပ်ပြီး ဂုတ်ကနေ ဒရွတ်တိုက် ဆွဲသွားတယ်။ ဒါတောင် ဘီလူးက အရယ်မပျက်ဘူး။
"ဟား ဟား.. ခင်ဗျားက ကျုပ်ကို ဖမ်းတယ်ပေါ့။ ဟား ဟား မကြာခင် ကျုပ်အကြောင်း သိစေရမယ်။ ဘီလူးတဲ့ကွနော်… ငါဟဲ့ ဘီလူး ဟား ဟား ဟား"
ဆိုပြီး ဟက်ဟက်ပက်ပက် ရယ်နေသေးတယ်။ သူကြီးလည်း သူ့အိမ်အောက်မှာ ဆောက်ထားတဲ့ ၀က်ခြံ (အချုပ်ခန်း) လဲရောက်ရော ဘီလူးတင်ပါးကို ဖုန်းခနဲကန်ပြီး ဂုတ်ကမ,လို့ ၀က်ခြံထဲ ပစ်ထည့်လိုက်တယ်။ ပြီးတော့ ၀က်ခြံကို ဂျိုင်းခနဲနေအောင် ပိတ်လိုက်တယ်။ ဘီလူးလှဦးရဲ့ ရယ်သံကတော့ ၀က်ခြံထဲက ကြားနေရတုန်း။
"ဟား ဟား … မောင်ကောင်းနဲ့ ငပိန်တို့ပါလား။ ဘာမှမပူနဲ့ မင်းတို့မကြာခင် လွတ်ကို လွတ်စေရမယ်။ ဘီလူးတဲ့ကွ.. ကိုင်းကွာ ငါ့ကို ဖမ်းဦး မှတ်ပလား"
ဆိုပြီး အော်သံနဲ့အတူ မိုးခြိမ်းသံလိုလို နှဲမှုတ်သံလိုလို အသံတွေ အချုပ်ခန်းထဲက ကြားရတယ်။ ၀ုန်းဝုန်းဒိုင်းဒိုင်းလည်း မဖြစ်ဘူး။ ဘီလူးလှဦး ဘာလုပ်နေတာရယ်လဲ မသိရဘူး။ ရယ်သံတွေနဲ့ မသဲကွဲပဲကိုး။ သူကြီးကတော့ ဂရုမစိုက်ဘူး။ ဒါမျိုးတွေ ရိုးနေပြီကိုး။
ခဏကြာတော့ အိမ်ရှေ့မှာ ပုတီးစိပ်နေတဲ့ သူကြီးနှာရင်းထဲ ညှီစို့စို့ အနံ့သစ်တစ်ခု တိုးဝင်လာတယ်။
သူကြီး အနီးအနား ဝေ့ကြည့်လိုက်တယ်။ အနီးနားမှာလည်း ဘာမှ မတွေ့ရဘူး။ ခွေးသေပုပ်များလား၊ ဒါမှမဟုတ် ထမင်းသိုး ဟင်းသိုးအနံ့လား၊ အနံ့က ပိုဆိုးလာတယ်။
သူကြီး နှာခေါင်းကို ရှုံ့ချည် တွချည်လုပ်ပြီး အနံ့ခံကြည့်လိုက်တယ်။ မဟုတ်ဘူး။ ဒါ ထန်းရည်ချဉ်နံ့၊ သူလည်း ငယ်ရာက ကြီးလာတာဆိုတော့ ဒီအနံ့ကို ကောင်းကောင်းကျက်မိတယ်။ အနံ့က ရုတ်ချည်း စူးစူးဝါးဝါး ဟောင်တက်လာပြန်တယ်။
"အဖေရေ.. ဘာနံ့တုန်းတော့ နံလွန်းပါ့တော်။ အောက် ၀က်ခြံမှာလည်း ဘယ်သူဝင်ပြီး နှဲမှုတ်နေတာတုန်း။ တဂြီဂြီ တပီပီနဲ့"
သူကြီးသမီး ခင်မှုန်တောင် အိမ်ပေါ်မှာ မနေနိုင်တော့ဘဲ နှာခေါင်းကလေးပိတ်ပြီး အိမ်ရှေ့ပြေးထွက်လာတယ်။ ဒါကိုပဲ အချုပ်ခန်းထဲ ရောက်နေတဲ့ ဘီလူးလှဦးက အခွင့်ကောင်းယူပြီး
"မောင်ကြီးပါ နှမရယ်၊ မောင်ကြီးပါ။ မင်းအဖေ လူမိုက်ကြီးကို ဆုံးမချင်လွန်းလို့ လုပ်ရတာပါ။ ကဲ .. မှတ်ပလား။ နောက် ဖမ်းဦးမလား။ ကဲကွာ.. ကဲ" စတဲ့ အော်သံတွေနဲ့အတူ ထိပ်တုံးအခပ်ခံထားရတဲ့ မောင်ကောင်းနဲ့ ငပိန်တို့ရဲ့ အသံပါ ဆူဆူညံညံ ဖြစ်လာတယ်။
"ဟာ .. ဟေ့ကောင်.. တော်တော့လေ… ဟဟ… ငါ့ကို ပေတော့မယ်၊ သူကြီး သူကြီး ဒီမှာ လုပ်ပါဦး"
"လုပ်ကြပါဦး။ ဒီမှာ ဘီလူး ဘီလူး ဟာ .. ဟေ့ကောင် ဟိုဘက် ရွှေ့ပါဟ ဟိုဘက်တိုးပါ.. ငါ့ကို စင်ကုန်ပြီ" စသည်ဖြင့် အော်သံတွေကြားတော့၊ သူကြီးလည်း စိုးရိမ်သွားတယ်။ ဘီလူးလှဦး၊ မောင်ကောင်းနဲ့ ငပိန်ကို အချုပ်ထဲ လည်ပင်း ၀င်ညှစ်နေလား၊ တံတောင်နဲ့များ ထောင်းနေသလားပေါ့။ ဘီလူးကတော့ ၀မ်းသာအားရ တဟားဟား ရယ်နေတုန်း။
"သူကြီးရေ ကယ်ပါဦးဗျ။ ကိုယ်ကျိုးတော့ နည်းပါပြီ။ ဟေ့ကောင် တော်ပါတော့ဆိုကွာ"
"သူကြီး သူကြီး၊ အောင်မလေး သူကြီးရဲ့ ဒီကောင့်ကိုမှ အချုပ်ထဲ ထည့်ရတယ်လို့ဗျာ။ ကယ်ကြပါဦးဗျို့"

စတဲ့ အော်သံတွေကြားတော့ သူကြီးလည်း မနေနိုင်တော့ဘူး။ ဒါနဲ့ အချုပ်ခန်းတံခါးကို ပြေးဖွင့်လိုက်တဲ့အခါ
"ဟင်"
ဟောင်ထွက်နေတဲ့ အနံ့အသက်တွေနဲ့အတူ မြင်ရတဲ့မြင်ကွင်းကြောင့် သူ ကြက်သေသေသွားတယ်။ ပြီးတော့ ယောင်ပြီး အချုပ်ခန်းကို ပြန်ပိတ်လိုက်မိတယ်။
"သူကြီး သူကြီး ဖွင့်ပါဗျာ"
"သူကြီး … သူကြီး ကယ်ပါဦး"
မောင်ကောင်းနဲ့ ငပိန် ကြောက်လန့်တကြား အော်သံကြောင့် သူကြီး ယောင်ပြီး တံခါးကို ပြန်ဖွင့်လိုက်တယ်။ ပြီးတော့ အချုပ်ခန်းတစ်ခုလုံးကို သူ အံ့သြတကြီး ဝေ့ကြည့်လိုက်တော့… သူ မြင်လိုက်ရတာက…။
"၀မ်း" တွေ။
ဘီလူးသွားထားတဲ့ ၀မ်းတွေက အချုပ်ခန်းတစ်ခုလုံး ပြန့်ကြဲနေတဲ့အပြင် ထိပ်တုံးမှာပါ ပေရေနေပြီ။ ဘယ်လောက်ထိများလဲဆိုရင် မောင်ကောင်းနဲ့ ငပိန်တောင် ခြေထောက် ထိပ်တုံး အခပ်ခံထားရတဲ့ကြားထဲ သူတို့ဆီ စီးလာတဲ့ ၀မ်းတွေကို မထိနိုင်အောင် လက်ကလေးထောက်ပြီး ဖင်ကလေး ကြွထားရတယ်။
ဒါတောင် ဘီလူးဝမ်းက ရပ်သေးတာရယ် မဟုတ်ဘူး။ ဘယ်ရပ်မလဲ၊ ထန်းရည်ချည်းပဲ ဆယ့်တစ်လုံး သောက်လာတဲ့အပြင် ၀မ်းနှုတ်ဆေးပါ သုံးလုံး စားလာသေးတာကိုး။ သူကတော့ ပျော်ပျော်ကြီး အော်ပြီး ပန်းနေတုန်း။
"အဲဒါနဲ့ အဲဒီသုံးယောက်လုံး လွှတ်ပေးလိုက်ရတဲ့အပြင် လူဆယ်ယောက်လောက် ရေနဲ့ ၀ိုင်းဆေးတာတောင် နှစ်ရက်လောက် အိမ်ပေါ်မတက်နိုင်ဘူး ဘဒွေး"
သူကြီးစကားကို ဘဒွေးပိုပြီး မကျေမနပ်ဖြစ်သွားပြီး…။
"တော်စမ်းဖိုးထင်၊ တစ်ခါတစ်လေ အကြောင်းတိုက်ဆိုင်ရုံနဲ့ ဒီကောင်ကို ဒီလိုပဲ လွှတ်ထားရမယ်ဆို နောင်လာနောင်သားတွေ အမှတ်မှားကုန်တော့မပေါ့။ မင်းမထိန်းနိုင်ရင် ငါထိန်းပြမယ်။ ဘဒွေးတဲ့ကွ… ရမ်းပြီဆို ကြခတ်ဆူးပင် ဘိုးတင်ထမ်းခဲ့တဲ့ကောင်ကွ"
ဆိုပြီး တောင်ရှည်ကို ပြင်ဝတ်ပြီး ရွာလမ်းဘက် ထွက်သွားတာ သူကြီး တားချိန်တောင် မရလိုက်ဘူး။
သိတယ်မဟုတ်လား။ ဘဒွေးက စိတ်မြန်သလောက် လူလည်းမြန်တယ်။ သူကြီးက အနောက်က မနည်းလိုက်ယူရတယ်။ ဘဒွေးကတော့ သူကြီးကိုတောင် လှည့်မကြည့်ဘူး။ ခြေလှမ်းကျဲကြီးနဲ့ အရှေ့က ဦးဆောင် လျှောက်သွားနေတုန်း။
ရွာလှည်းလမ်းတစ်လျှောက် ယိုင်တိယိုင်တိုင် လျှောက်လာတဲ့ ဘီလူးတို့အုပ်စုကိုလည်းမြင်ရော ဘဒွေးခါးထောက်ရပ်လိုက်တယ်။ သူကြီးကလည်း ဘဒွေးအနောက်က အသာလေးရို့ပြီး ရပ်လိုက်တယ်။ ဘဒွေးနဲ့တော့ ဘယ်ရင်ပေါင်တန်း ရပ်ရဲမလဲ။
"ဟေ့ကောင် လှဦး"
ဘဒွေးရဲ့ အော်သံက ကျယ်လောင်သလောက် ဒေါသနဲ့ ပြင်းထန်နေတယ်။ ဘဒွေးရဲ့အော်သံကြောင့် ဘီလူးလှဦးတို့အဖွဲ့ လှမ်းနေတဲ့ ခြေလှမ်းတွေ ရပ်တန့်သွားတယ်။ အဲဒီအော်သံတွေကြောင့်ပဲ ရွာသားအားလုံး ပွဲကြီးပွဲကောင်းတော့ ကြည့်ရပြီအမှတ်နဲ့ တစ်ယောက်စ နှစ်ယောက်စကနေ ၀ိုင်းအုံလာကြတယ်။ သိတယ်မဟုတ်လား။ ဘဒွေးက မလုပ်ရင်မလုပ်ဘူး။ လုပ်ရင်လည်း…။
ရွာသားတွေရဲ့ စိတ်ထဲမှာတော့ ဒီတစ်ခါတော့ ဘီလူးလှဦးတို့အဖွဲ့ နာပြီ။ အနည်းဆုံး ထိပ်ကွဲခေါင်းပြဲလောက်တော့ မြင်ရမယ်ဆိုတာ ကြိုသိနေကြတယ်။
ဘီလူးတို့အဖွဲ့ကလည်း ပေရပ်နေကြတုန်း။ သူတို့မူးလည်း မူးနေကြတဲ့အပြင် ဘဒွေးကိုလည်း မတွေ့တာကြာတော့ ရုတ်တရက် မှတ်မိပုံမရဘူး။ တော်တော်ကြာမှ မောင်ကောင်း သူ့ဘေးက ကျွဲကြီးနဲ့ ငပိန်ကို လက်တို့ပြီး။
"ဟေ့ကောင် ဘဒွေးကြီးဟ"
ဆိုပြီး သုတ်သုတ်သုတ်သုတ်နဲ့ သုံးယောက်သား တစ်ယောက်လက်တစ်ယောက်ဆုပ်ပြီး ထွက်ပြေးသွားတယ်။ ဘဒွေးကိုတော့ သူတို့ ဘယ်ရင်ဆိုင်ရဲမလဲ။ ဟုတ်တယ်လေ။ သူတို့ပေပြီး ဆက်ရပ်နေရင် ဘဒွေးလက်နဲ့ အနည်းဆုံး နှစ်ချက်သုံးချက်လောက်တော့ အတီးခံရမှာ သေချာတယ်။
ဘီလူးလှဦးကတော့ ခပ်တည်တည်ပဲ ရပ်နေတုန်း…။
"ဟေ့ကောင်… လှဦး မင်း ဒီကိုလာခဲ့စမ်း"
ဘဒွေးရဲ့ ခေါ်သံကို လှဦးက ဂရုမစိုက်သလိုနဲ့
"ဘာလို့ လာရမလဲ။ ခင်ဗျားက ကျုပ်ကြီးတော် ယောက်ျားမို့လား မလာနိုင်ဘူး"
ဘီလူးလှဦးရဲ့ ဆတ်ဆတ်ထိမခံ စကားကို ရွာသားတွေအားလုံးက
"ဟယ် ဘဒွေးကို ပြန်ပြောရဲတယ်"
"ဒီကောင်တော့ မလွယ်လောက်ဘူး"
"ဘဒွေးလက်နဲ့ကတော့ သေချာပြီ"
စသဖြင့် ဆူညံသွားကြတယ်။ ဘဒွေးကလည်း ရွာသားတွေရှေ့မှာ ဒီလိုမလောက်လေး မလောက်စားကောင်က ပြန်အပြောခံလိုက်ရတော့ ပိုလို့ ဒေါသထွက်သွားပြီး…
"ဟေ့ကောင်… မင်းကြီးတော် ယောက်ျားမဟုတ်ဘူး။ ဘဒွေးကွ ဘဒွေး"
ဘဒွေးဆိုတဲ့ အသံလည်းကြားရော ဘီလူးလှဦး မျက်လုံးပြူးကျယ်သွားတယ်။ ပြီးတော့မှ သတိဝင်သွားသလိုနဲ့
"အောင်မလေး ဘဒွေးရဲ့"
ဆိုပြီး ဘဒွေးဆီ ပြေးဝင်သွားတယ်။ ပြီးတော့ ဘဒွေးခြေရင်း ဆောင့်ကြောင့်ထိုင်ပြီး ခြေသလုံးဖက်ထားသလိုနဲ့ ဘဒွေးရဲ့ လုံချည်ကို ကျစ်ကျစ်ပါအောင် ဆွဲထားတယ်။ ပြီးတော့ ငိုသံဝဲ၀ဲကြီးနဲ့…
"အောင်မလေး ဘဒွေးရဲ့၊ ဘဒွေးနဲ့မှ တွေ့ရလေခြင်း၊ ဘဒွေးမှ မဆုံးမရင် ကျွန်တော် ဘယ်လိုမှ လိမ္မာတော့မှာ မဟုတ်တော့ဘူး ဘဒွေးရဲ့၊ ဟီး .. ဟီး" လို့ ငိုပြီး ဘဒွေးရဲ့ လုံချည်ကို ကျစ်ကျစ်ပါအောင် ဆွဲထားတယ်။ ဘဒွေးကလည်း သူ့လုံချည်ကို လှဦး အတင်းဆွဲထားတော့ ခါးက ကျွတ်မကျအောင် ခါးပုံစကို အတင်းပြန်ဆွဲထားလိုက်ရတယ်။ ရွာသားတွေရဲ့ စိတ်ထဲမှာတော့ ဘီလူးလှဦး ဘဒွေးနဲ့တွေ့တော့ ကျွတ်သွားပြီ၊ ခုတော့ ဘာတတ်နိုင်သေးသလဲ ထင်နေကြတာပေါ့။ ဒါပေမယ့် တကယ်ဖြစ်နေတာက…။
"ဟေ့ကောင် လုံချည်ကို လွှတ်ကွာ၊ ငါ ..ကျွတ်ကျတော့မယ်" ဘဒွေးရဲ့ စကားကို ဘီလူးကလည်း လုံချည်လွှတ်မပေးဘဲ အားရပါးရငိုပြီး
"မလွှတ်ပါရစေနဲ့ ဘဒွေး.. ဟီး… ဘဒွေးမှ မဆုံးမရင် ကျွန်တော် မလွှတ်ပါရစေနဲ့ ဘဒွေးရဲ့ .. ဟဲ့ ဟဲ့.. ကျွန်တော့်ကို ဆုံးမပါ ဘဒွေးရဲ့ ဟီး"
ဆိုပြီး ငိုလည်းငို လုံချည်ကိုလည်း ဆွဲထားတယ်။ သူတို့ကို ၀ိုင်းကြည့်နေကြတဲ့ ရွာသားတွေ စိတ်ထဲမှာတော့ ဘီလူးလှဦး ဘဒွေးလက်ကိုကြောက်လို့ ခြေသလုံးဖက် ငိုနေတယ်လို့ မှတ်နေကြပြီး ဘဒွေးရဲ့ တောင်ရှည်ကတော့ ခါးကတစ်ဆင့် တင်ပါးပေါ် လျှောကျနေပြီ။ ဒါကိုတော့ ဘယ်သူမှမသိကြဘူး။ ဘဒွေးအင်္ကျီနဲ့ ဖုံးနေတဲ့အပြင် ဘီလူးလှဦးကလည်း အမူအယာကောင်းတာကိုး…။
"အောင်မလေး ဘဒွေးရဲ့။ ဘဒွေးတူ လှဦးဆိုတဲ့ လူမိုက်ကို ရိုက်ပုတ်ပြီးတော့ဖြစ်ဖြစ် ဆုံးမပါ ဘဒွေးရဲ့ ဟီး" ဆိုပြီး ဘဒွေးရဲ့ လုံချည်ကို သူ့လက်နဲ့ တဆတ်ဆတ်ခါရင်း ဆွဲချွတ်တယ်။ ဘဒွေးကလည်း လူတွေ သိကုန်မှာစိုးတာနဲ့ အသံကို အတတ်နိုင်ဆုံး နှိမ့်ပြီး ကပျာကယာနဲ့
"ဟေ့ကောင် လွှတ်ပါဆိုကွာ၊ မင်းလုပ်တာနဲ့ ငါကျွတ်တော့မယ်။ မလုပ်နဲ့…။ ဟာ… ဟေ့ကောင် … " ဆိုပြီး တောင်းပန်နေရတယ်။ ဘီလူးလှဦးကလည်း အလျှော့မပေးဘူး။ လုံချည်ကို သူ့လက်နဲ့ တဆတ်ဆတ် ခါချွတ်ရင်း…။
"မလွှတ်ပါရစေနဲ့ ဘဒွေးရဲ့၊ ဟီး ဘဒွေးလက်နဲ့ တစ်ချက်လောက် အရိုက်မခံရမချင်း မလွှတ်ပါရစေနဲ့.. အဟင့်၊ ဟီး.. တစ်ချက်လောက်တော့ ခပ်ဆတ်ဆတ်ကလေး ရိုက်လိုက်ရင် ကျွန်တော် လူကောင်းမဖြစ်သွားဘူးလား အဘရဲ့ ဟင့်…ဟီး"
ဆိုပြီး တောင်ရှည်ကို တဆတ်ဆတ်ခါဆွဲရင်း ငိုငိုပြီး ပြောနေတယ်။ ကြာလာတော့ ဘဒွေးကလည်း စိတ်ဆတ်သူပီပီ…။
"အာ… ဒီလောက် အပြောရခက်တဲ့ကောင် … ကဲကွာ"
ဆိုပြီး ဘီလူးလှဦးရဲ့ နာရင်းကို "ဖုန်းခနဲ"နေအောင် အုပ်လိုက်တယ်ဆိုရင်ပဲ ဘီလူးလှဦးက…။
"အောင်မလေး ကြောက်ပါပြီ ဘဒွေးရဲ့"
လို့အော်ပြီး ဘဒွေးရဲ့ တောင်ရှည်ကို ဆတ်ခနဲ ဆွဲချွတ်ပြီး ငိုရင်းနဲ့ သုတ်ခြေတင်ပြေးထွက်သွားတယ်။
ရွာသားတွေအားလုံး အခုမှ အခြေအနေအမှန်ကို သိသွားပြီး အံ့အားသင့်သွားကြတယ်။ ဘဒွေးလုံချည်ကို လှဦး ယူသွားပြီ။
ဘဒွေး ရုတ်တရက် ကြောင်သွားပြီး လုံချည်ကျွတ်ကြီးနဲ့ ဘီလူးနောက် ပြေးလိုက်ရနိုးနိုး၊ ရပ်နေရနိုးနိုး ဖြစ်နေပြီ။ နောက်ဆုံးတော့ လုံချည်မရှိတော့တဲ့ ဟင်းလင်းပြင်ကို အင်္ကျီကလေးနဲ့ ဖုံးပြီး လူပုံအလည် ထိုင်ချလိုက်ရတယ်။
အဲဒီတော့မှ သူကြီး ပျာပျာသလဲ ပြေးလာပြီး သူ့ခေါင်းမှာ ပေါင်းထားတဲ့ ပတ်ပေါင်းကို ကမန်းကတန်းဖြုတ်ပြီး ဘဒွေးကို လှမ်းပေးလိုက်တယ်။ ဘဒွေးက ပတ်ပေါင်းကို အလျင်အမြန်လှမ်းယူပြီး လှမ်းအုပ်ထားလိုက်တယ်။
သူတို့နှစ်ယောက်ကို ကြည့်ပြီး ရွာသားတွေ ၀ါးခနဲ ပွဲကျသွားတယ်။
အဲဒါကြောင့်ပြောတာ…

'ဘီလူးလှဦး ဒီလို လာသောင်းကျန်းနေတာ အကြောင်းရှိပါတယ်လို့'

~~~~~~~~

အကြည်တော်

Tuesday, December 30, 2008

ကျေနပ်စရာ ၀ိသဇ္ဇနာ(သို့)ကျေနပ်စရာ အဖြေ


ရန်ုကန်-မန္တလေး အမြန်ရထားကြီးသည်သူဧ။်ဝမ်းဗိုက်အတွင်းဝယ်ခရီးသည်များထည့်
သွင်းလျှက်ဧရာမမြွေကြီးတစ်ကောင်ဧ။်အားမာန်မျိုးဖြင့်တဂျုန်းဂျုန်းအပြေးနှင်လျှက်ခုတ်မောင်း
လျှက်ရှိနေသည်။
ရထားပေါ်၌ပါလာသောခရီးသည်များမှာအချင်းချင်းစကားပြောသူကပြော..အိပ်ငိုက်သူကငိုက်........
စားဖက်သူစာဖက်နှင့်စိတ်တိုင်းကျစည်းစိမ်ကိုကိုယ်စီဖန်တည်းလျှက်လိုရီးသို့လိုက်ပါလာကျသည်။

ရထားကြီးဧ။်အထက်တန်းတွဲတနေရာတွင်သက်တော်(၅၀)ကျော်ခန့်ဘုန်းတော်ကြီးတစ်ပါးလိုက်ပါလာသည်။
ဘုန်းတော်ကြီးဧ၊်အနီးထိုင်ခုံ၌အသားနီသောအမျိုးသမီးတစ်ဥင်္ီးလည်းလိုက်ပါလာခဲ့သည်။သူမသည်ဘုန်းတော်ကြီးအား
စတင်မိတ်ဆက်ကာစကားစလိုက်ပါသည်။....................

"အရှင်ဘုရား ကျောင်းထိုင်ဆရာတော်ဟုတ်ပါသလားဘုရား"
"ဟုတ်ပါတယ်..ဒကာမကြီး"
"အရှင်းဘုရားတို့ဘုန်းကြီးစာပေအနေနဲ့ဘယ်လောက်ထိသင်ဘူးပါသလဲဘုရား"
"ဘုန်းကြီးဓမ္မာစရိယတန်းအောင်တဲ့အထိသင်ခဲ့ဘူးပါတယ်"
"ဒါဆိုလဲအတော်ပေါ့ဘုရား..တပည့်တော်က.......? ဘာသာဝင်ပါ.အရှင်ဘုရားကိုမေးခွန်းလေးတွေမေးချင်
နေတာနဲ့အဲဒါမေးလို့ရမလားဘုရား"
"ဟာ...ရပါတယ်.ဘုန်းကြီးစွမ်းနိုင်သလောက်ဖြေရတာပေါ့"
"အခြားတော့မဟုတ်ပါဘူးဘု၇ား အခုတပည့်တော်တို့ကမ်ဘာပေါ်မှာအဓိကဘာသာကြီးလေးခုရှိသည့်အနက်
ဘယ်ဘာသာကကိုးကွယ်တဲ့လူဦးရေအများဆုံးရှိသလဲ၊ဘယ်ဘာသာကကိုးကွယ်တဲ့သူအနည်းဆုံးရှိသလဲဆိုတာ
အရှင်ဘုရားပြောပြစေချင်ပါတယ်ဘုရား။"
"သြော်..ဒါလားအလွယ်တကူသိနိုင်ပါတယ်လေ.ဒကာမကြီးတို့ဘာသာကလူဦးရေအများဆုံးပါပဲ..
ဘုန်းကြီးတို့ဘာသာကလူဦးရေအနည်းဆုံးပါ..၊"


ဘုန်းတော်ကြီးဧ။်အဖြေကိုရလိုက်သည်နှင့်အမျိုးသမီးကြီးဧ။်မျက်နှာပေါ်၌ပြုံးယောင်သန်းသွားသည်။ဤအဖြေသည်
နောက်တဆင့်မေးခွန်းအတွက်ခြေဆင်းအဖြစ်သူမကိုယ်တိုင်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

"ဒီလိုဆိုရင်ဘုရား..စစ်မှန်တဲ့ဘာသာဖြစ်လို့သာ..လူအများစုကိုးကွယ်တဲ့ဘာသာဖြစ်ပြီး..လူအနည်းစုကိုးကွယ်တဲ့
ဘာသာဟာ စစ်မှန်ချင်းရဲ့ဆန့်ကျင့်ဘက်လို့ယူဆလိုက်ရင်ကောဘုရား.."

"ဒကာမကြီး အရေအတွက်များတာကိုစစ်မှန်ပြီး..အရေအတွက်နည်းတာကိုမစစ်မှန်ဘူးလို့ဆိုချင်တာလား.."

"ဟုတ်ပါတယ်ဘုရား လောကမှာဒီအတိုင်းဖြစ်နေတာမဟုတ်လားဘုရား"

"ဒ...ကာမကြီးကလောကနဲ့ချီပြီးပြောတော့ဘုန်းကြီးကလဲလောကဥပမာနှင့်
ပြန်လည်နိုင်းယှဉ်ပြရသေးတာပေါ့..လောကမှာကျောက်ချင်းတူပေမယ့်အရေအတွက်များစွာရှိတဲ့
ကျောက်ခဲသလဲတို့ဟာ..သိပ်သည်းကျစ်လစ်မှု
အဖိုးတန်စစ်မှန်မှုမရှိပါဘူး.ပတ္တမြား.နီလာ.အစရှိတဲ့ကျောက်တွေဟာအရေအတွက်နည်းပေမယ့်.တန်ဖိုးအနဂ္ဂကြီးမား
ပါတယ်၊သိပ်သည်းကျစ်လစ်မှအပြည့်နဲ့အဖိုးတန်မှုအတွက်စစ်မှန်တဲ့ကျောက်သားတွေဖြစ်ပါတယ်...

ဒါကြောင့်အရေအတွက်နည်းပေးမယ့်ဘုန်းကြီးတို့ဗုဒ္ဓဘာသာဟာ ပတ္တမြားနီလာကျောက်များလိုသိပ်သည်းကျစ်လစ်
မှု တန်ဖိုးကြီးမှုအပြည်နဲ့ စစ်မှန်တဲ့ဘာသာဖြစ်တယ်ဆိုတာသိစေခြင်းဖြစ်ပါတယ်..""

အမြင်ရှင်းလင်းသောအဖြေကိုရရှိသွားသော်လည်းသူမဧ။်ပြသနာပုစ္ဆာကားကုန်ဆုံးမသွားသေးပေ..။

"နောက်တခုမေးချင်ပေါသေးတယ်ဘု၇ား.အရှင်ဘုရားတို့ဗုဒ္ဓဘာသာမှာအမြဲတမ်းဒုက္ခ ၊ဒုက္ခ နဲ့ပြောနေပါတယ်ဘုရား..
ထမင်းစားရတာလဲဒုက္ခ ၊ ရေသောက်ရတာလဲဒုက္ခ၊ ပိုက်ဆံချမ်းသာတာလဲဒုက္ခနဲ့လောကကြီးမှာချမ်းသာတာကိုမရှိတော့ဘူး
..အဲဒီတော့တပည့်တော်သိချင်တာကထမင်းစာနေတဲ့လူတစ်ယောက်ဟာ
ထမင်းစားလိုက်ရင်ချမ်းသာမသွာဘူးလားဘုရား..
အဲဒီထမင်းစားနေတဲ့အချိန်အတွင်းမှာသူဟာချမ်းသာမှုကိုရနေတယ်လို့.တပည့်တော်အထင်ရှိတယ်ဘုရား..
အဲဒီထမင်းစားနေတဲ့အခိုက်အတန့်အတွင်းမှာရောအရှင်ဘုရားတို့ကဒုက္ခလို့ဆိုအုံးမလားဘုရား.."

"ဒီမေးခွန်းအတွက်အဆင့်နှစ်ဆင့်ခွဲဖြေရပါလိမ့်မယ်....

ပထမအဆင့်က သာမာန်လောကအကြောင်းအရသဘောပေါက်နိုင်တဲ့အဖြေပါ...ဒုတိယအဆင့်ကတော့ဘုန်းကြီးတို့
မြတ်ဗုဒ္ဓရဲ့ဓမ္မနဲ့အညီဖြေတဲ့အဖြေပေါ့..ပထမအဆင့်အနေနဲ့..ထမင်းစာလို့ထမင်းစာတဲ့သူဟာ..ဦးစွာပထမသူရဲ့လက်နဲ့
လှုပ်၇ှားမှုပြုပြီးစားရပါတယ်..အဲဒီနောက်သွားနဲ့ဝါးရပါတယ်..ဒီနှစ်ပိုင်းကိုအရင်စမ်းစစ်ကြည့်ရင်.လက်ဟာသူရဲ့ဆန္ဒပါသည်
ဖြစ်စေမပါသည်ဖြစ်စေ၊ပါးစပ်ဆီကိုရောက်အောင်ပို့ပေးရပါတယ်..ဒါကြောင့်လက်ဟာသူစိတ်တိုင်းကျနေခွင့်မရတဲ့အတွက်
မချမ်းသာပါဘူး..။

ဒုတိယပိုင်းဖြစ်တဲ့သွားဟာလည်းသူ့ရဲ့ဆန္ဒပါသည်ဖြစ်စေမပါသည်ဖြစ်စေ၀ါးပေးရပါတယ်..ဒါကြောင့်သွားဟာလဲ
သူ့စိတ်တိုင်းကျနေခွင့်မရတဲ့အတွက်မချမ်းသာပါဘူး..သွားနဲ့
ဝါးပြီးတဲ့ထမင်းဟာလျှာကထွက်တဲ့အရည်နဲ့လိမ်းကျံထားတဲ့အတွက်ကြောင့်
ခွေးအန်ဖက်နဲ့တူပါတယ်.။အဲဒီလိုခွေးအန်ဖက်နဲ့တူတဲ့အရာတွေကိုလျှာကသူရဲ့ဆန္တပါသည်ဖြစ်စေ
မပါသည်ဖြစ်စေအာခေါင်ကနေလည်ချောင်းအထိပို့ပေး..လည်ချောင်းကလဲမျိုချရ.အစာအိမ်ကလဲလက်ခံသိမ်းဆည်း.အဲဒီလိုသူ့အပိုင်းနဲ့သူမဖြစ်မနေပြုလုပ်ပေးနေရတဲ့အတွက်ကြောင့်ချမ်းသာတယ်ဆိုတာမရှိပါဘူး...


ဒါဟာဆင်းရဲမှုကိုမြင်သာထင်သာတဲ့သာမာန်အဖြေပါ။..

ဗုဒ္ဓရဲ့တရားတော်အရ လောကမှာ.ငါ.သူတစ်ပါး.ယောင်္ကျား.မိန်းမ.သတ္တ၀ါ..အသက်..ဇီဝဆိုတာမရှိပဲ ရုပ်.နာမ်ဆိုတဲ့ဓမ္မသက်သက်ပဲ
ရှိပါတယ်..အဲဒီရုပ်နာမ်ဓမ္မတွေဟာလည်းအချိန်တိုင်းခဏမစဲပျက်နေပါတယ်၊လောကသဘာဝကိုဥာဏ်မျက်လုံးနဲ့ကြည့်ရင်လည်း
ဒီတိုင်းတွေ့နိုင်ပါတယ်..

ဒီဆိုခဲ့ပြီးတရားတော်နဲ့အညီ.ထမင်းစားတယ်ဆိုတဲ့ဖြစ်စဉ်လေးကိုအကျဉ်းချုံးကြည့်လိုက်ရင်ပုဂ္ဂိုလ် ၊သတ္တ၀ါ၊ယောင်္ကျား၊မိန်းမ
စားတာမဟုတ်ပဲ.ရုပ်နာမ်စားတာကိုပဲတွေ့နိုင်ပါတယ်.။။

ဆိုခဲ့ပြီး..လက်ချောင်း ၊သွား၊လျှာ၊လည်ချောင်းစတာတွေဟာရုပ်တရားတွေဖြစ်ပြီး.လှုပ်ရှားစားသောက်မှုတွေကိုသိနေတဲ့..
စိတ်ဟာနာမ်တရားဖြစ်ပါတယ်.။

အဲဒီရုပ်တရားနာမ်တရားတွေဟာ.ထမင်းစားနေတဲ့အခိုက်အတန့်အတွင်းမှာလဲခဏမစဲအမြဲဖြစ်ပျက်နေတာကြောင့်
ချမ်းသာတယ်လို့မခေါ်နိုင်ပါဘူး။ပြောင်းလဲဖြစ်ပျက်နေတဲ့အရာမှန်သမျှဟာဆင်းရဲနေတာပါပဲ..ဒါကြောင့်..
ထမင်းစာလို့ထမင်းစားနေတဲ့အချိန်အခိုက်အတန့်အတွင်းမှာချမ်းသာတယ်လို့မဆိုနိုင်ပါဘူး..တကယ့်ဆင်းရဲမှုအစစ်
အမှန်ပါ..""

"တင့်ပါဘုရား..အရှင်ဘုရားရဲ့အဖြေကိုတပည့်တော်သဘောကျပါတယ်ဘုရား..ဗုဒ္ဓဘာသာတရား.၊ဓမ္မတွေကို
ဆက်လက်လေ့လာလိုစိတ်တွေဖြစ်ပေါ်လာပါတယ်ဘုရား.."

"ဘုန်းကြီးလဲမြတ်ဗုဒ္ဓရဲ့တရားဓမ္မတွေကိုဆွေးနွေးပြောပြခွင့်ရတဲ့
အတွက်အထူးဝမ်းမြောက်မိပါတယ်..။"



ဘုန်းတော်ကြီးသည်မြတ်ဗုဒ္ဓနှင့်မြတ်ဗုဒ္ဓဧ။်တရားတော်များအားအခြားဘာသာဝင်
ပုဂ္ဂိုလ်များဧ။်ပုစ္ဆာမေးခွန်းများကိုကျေနပ်ဖွယ်ဝိသဇ္ဇနာ(အဖြေ)များပေးရင်းသာသနာပြုလိုက်နိုင်သည့်
အတွက်နှစ်ထောင်းအားရ..ကျေနပ်သွားခြင်းဖြစ်သည်

သည်လိုနှင့်မြွေတစ်ကောင်ကဲသို့အားမာန်နှင့်ပြေးလွားခုတ်မောင်းနေသောရထားကြီးသည်..အရှိမ်လျှော့လာကာ
မြို့ကလေးတမြို့ဧ။်အရိပ်အောက်သိုခေတ္တ၀င်ရောနားခိုလျှက်ရှိရာ.
ဝမ်းဗိုက်အတွင်းမှာရှိနေသောခရီးသွားမှာ..ဆင်းသူကဆင်းတက်သူကတက်..နှင့်..........မကြာမှီမှာပဲဥသြဆွဲလျှက်တလိမ့်လိမ့်နှင့်လိုရာခရီးသို့ဆက်လက်
ထွက်ခွာရန်ဧရာမမြွေကြီးအားမာန်နှင်ခရီးနှင်ရန်..အရှိမ်ယူနေတော့လေသည်.....။

ဂန္ထလုလင်(ဘိုကလေး)

လူသားအားလုံးစစ်မှန်သောအရာများကိုသာပိုင်ဆိုင်နိုင်စေလိုသောရည်ရွယ်ချက်ဖြင့်..
ဤစာဝတ္ထုလေးကိုကျွန်တော်ဧ။်ဆရာတော်ထံမှခွင်ပြုချက်ဖြင့်ဖော်ပြရေးသားခြင်းဖြစ်ပါသည်။



ဒေါင်းမင်း

Monday, December 29, 2008

ရာဇ၀င်ထဲကပုရပိုဒ်

ရာဇ၀င်ထဲကပုရပိုဒ်


ငယ်ငယ်တုန်းကသင်ယူခဲ့တဲ့
သမိုင်းတွေလို ...ဖမ်းစားနိုင်တယ်
စွဲလမ်းစေတယ် ၊ .....ရုးသွပ်စေတယ်
စဉ်းစားစေတယ်၊...... တွေးတောစေတယ်
ဒါပေမယ့်အားလုံးဟာ .........အတိတ်တစ္ဆေလေ
အမှန်တရားလား............................အလွဲတရားလား..
ဘယ်သူမှ .......ရေရေရာရာမပြောနိုင်ပါဘူး
မင်းပေးတဲ့ ......ငါအတွက်
အချစ်ဆိုတာ
ရာဇ၀င်ထဲက
ပုရပိုဒ်နဲ့
ထပ်တူကျနေလားဆိုတာ
စဉ်းစားေ၀၀ါးဆဲမှာပဲ
ပျောက်ကွယ်ခဲ့ရတယ်........။ ။
.................................................
တိမ်လွာ(မိတ္ထီလာ)
သူငယ်ချင်းတစ်ယောက်ရေးထားတဲ့ကဗျာလေးပါ....

Sunday, December 28, 2008

''သုံးနားညီတြိဂံ"

ကျွန်တော်ဒီစာကိုရေးရခြင်းမှာ..
ကျွန်တော်ဧ။်ဆရာတော်.အရင်ကတင်ပြဘူးတဲံ့လာအိုနိုင်ငံသိုအလည်သွားစဉ်ကခင်မင်ခဲ့သောဦးဇင်း.
ရေးသားသောစာမူအား.ခွင့်ပြုချက်ဖြင့်.ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ....


''သုံးနားညီတြိဂံ"


အမှန်ကိုဆိုရသော် ဤစာမူကို၂၀၀၄ဇန္န၀ါရီလထုတ်The Light မဂ္ဂဇင်းဧ။်ကျေးဇူးကြောင့်ရေးသားနိုင်ခြင်းဖြစ်ပါသည်။
၎င်းမဂ္ဂဇင်းစာမျက်နှာ(၁၁၉)၌ အကြီးတန်ဘာသာပြန် ပြိုင်ပွဲအတွက်စိတ်ဝင်စားဖွယ်
ဇာတ်ကွက်တခုကိုဖော်ပြပေးထားပါသည်။စာပေစိတ်င်စားသူတော်တော်များများသိထားပြီဖြစ်သော
''မင်းတုန်းမင်းနှင့်ငါးခြောက်ပြား"အကြောင်းဖြစ်ပါသည်။ဆရာကြီးမြကေတုရေးသားခဲ့သော
ယင်းအဖြစ်ပျက်ကိုအကြိမ်ကြိမ်ဖက်ရှုရင်းအဖြစ်အပျက်ပါပုဂ္ဂိုလ်တို့ကိုကြည်ညို
လေးစားမိရ်ျဤစာမူကိုရေးသားခြင်းဖြစ်ပါသည်။


မင်းတုန်းမင်းငယ်စဉ်ကဘုန်းတော်ကြီးကျောင်းသားအဖြစ်စံကျောင်းဆရာတော်ထံပညာ
သင်ကြားခဲ့သည်။တစ်နေ့တွင်ဆရာတော်ကငါးခြောက်ပြားကြီးတစ်ချပ်(မင်းတုန်းမင်းငယ်မည်
မောင်လွင်ထံတွင်အပ်နှံထားလိုက်ပါသည်။ရက်အတော်ကြာရ်ျဆရာတော်ကငါးခြောက်ပြား
ကိုမီးဖုတ်ရန်ယူခိုင်းသောအခါယင်းငါးခြောက်ပြားပျောက်ဆုံးသွားကြောင်း
မောင်လွင်ကဆရာတော်ကိုလျှောက်ထားလိုက်သည်။ဆရာတော်ကမည်သိုမျှမိန့်တော်မမူပဲ
တံခါးကြားတွင်ညှပ်ထားသောထားဝယ်ကြိမ်ကိုဆွဲထုတ်လိုက်သည်။ထို့နောက်မောင်လွင်ဧ။်
လည်ကုတ်ကိုနှိမ်ရ်ျ "ဟဲ့ငလွင်ရှင့်ဘုရင့်သားဆိုတော့အကြောင်းညီညွတ်ရင် နိုင်ငံတော်
ကိုအုပ်ချုပ်မင်းလုပ်ရမည့်သူမလား။ဒီလိုလူကငါးခြောက်ပြားလေးတချပ်ကိုမျှမထိမ်းသိမ်းနိုင်ရင်နင်နိုင်ငံတော်
ကိုဘယ်လိုလုံခြုံအောင်ထိမ်းသိမ်းနိုင်မလဲ"ဟုမိန့်ဆိုတော်မူပြီးအချက်ပေါင်းများစွာရိုက်နှက်တော်မူသည်။
မောင်လွင်ဧ။်အသားမှာအလွန်နူးညံ့ပျော့ပျောင်းလှသဖြင့်ကြိမ်ဒဏ်ချက်ကျရာတွင်အသားများ
ကွဲအက်ရ်ျသွေးစို့လာလေသည်။သို့သော်မောင်လွင်သည်မည်သို့မျှပြန်
ရ်ျမလျှောက်ပဲတည်ငြိမ်စွာဖြင့်ပေးသောအပြစ်ကိုခံယူရှာသည်။
ထိုနေ့ညတွင်မောင်လွင်သည်မယ်တော်အဆောင်သို့ပြန်လာတော်မူသည်။
မယ်တော်စလင်းမိဖုရားကသားတော်ဧ။်ညိုးငယ်သောအမူအရာကိုမြင်ရ်ျချော့မော့မေးရာတွင်
ဆရာတော်ဧ။်ရိုက်နှက်ပြစ်ဒဏ်ခံလာရခြင်းကို
သိတော်မူသည်.။သားတော်ဧ။်ကျောကိုလှန်လှောကြည့်ရှုရာ၌လည်းအလျှိုးလျှိုးထင်နေသော

ကျောမြောင်ရိုးတလျှောက်တွင်သွေးဖြာစို့လျှက်ရှီသည်ကိုတွေ့ရသည်။ထို့နောက်မယ်တော်က
"သားမောင်ဆရာတော်ဘုရားကိုဘယ်လိုမှစိတ်ငြိုငြင်တော်မမူနဲ့
ဆရာတော်ကသားမောင်ကိုလိမ္မာအောင်ဆုံးမတာပဲမလား"ဟူရ်ျမောင်လွင်ဧ။်
ခေါင်းကိုလက်တော်ဖြင့်ပွတ်သပ်ပြီးသွေးစို့နေသောကျောဒဏ်ရာများကို
မိတ်သလင်ဆေးဖြင့်သုတ်လိမ်းပေးတော်မူသည်။


အကြောင်းအရာအဖြစ်အပျက်များဟာဤမျှသာဖြစ်ပါသည်။တိုတောင်းရိုးရှင်း
လှပါသည်။ဤမျှတိုတောင်းရိုးရှင်းလှသောအကြောင်းအရာကိုစာပေရေးသားသူတို့ကစာမျက်နှာ
ပေါ်တင်ရ်ျဂန္ထ၀င်မြောက်ရေးသားခဲ့ကြလေပြီ။စာဖက်သူတို့ကလည်းယင်း
အဖြစ်အပျက်ပါပုဂ္ဂိုလ်သုံးဥိးတို့ဧ။်အဇ္ဈတ္တများကိုလေးစားကြည်ညိုကျခြင်းကြောင့်ဖြစ်ပါသည်။

ဦးစွာပထမစံကျောင်းဆရာတော်ဧ။်အဇ္ဈတ္တကိုမှန်းဆကြည်ညိုနိုင်ပါသည်။ငါးခြောက်ပြား
ပျောက်ဆုံးနေသောကိတ်စမျှဖြစ်သော်လည်းရှင့်ဘုရင်သားမောင်လွင်အတွက်
အလေးအနက်ထားကိုင်တွယ်ရမည့်ဖြစ်ကြောင်းဆရာတော်နားလိုက်ပါသည်။စိတ်စေတနာ
မှန်ကန်စွာဖြင့်ဆုံးမခြင်းဖြစ်သော်လည်းအကြောင်း
မညီညွတ်လျှင်ဘုရင်နှင့်မိဖုရားတို့ဧ။်ငြိုငြင်မှုကိုခံရနိုင်ပါသည်။
ရာဇသွေးဖြစ်သောမောင်လွင်အနေနှင့်လည်းနောင်အခါတွင်အန္တရာယ်ကြိးစွာငြိုးမာန်ဖွဲ့
လာနိုင်ပါသည်။ဆရာတော်အနေဖြင့်ဘုရင့်သားဖြစ်ရ်ျ
မောင်လွင်ကိုမကွပ်နှိပ်ပဲပစားပေးလျှက်လျစ်လျူရှုထားလျှင်လည်းရနိုင်သောကိတ်စဖြစ်ပါသည်။
သိုသော်ဆရာတော်သည်သတ္တိရှိသောဆရာတော်ဖြစ်ပါသည်။နိုင်ငံတော်နှင့်လူမျိုးဧ။်ရှေ့ရေးကိုပါ
မြော်တွေးနိုင်စွမ်းသောဆရာတော်ဖြစ်ပါသည်။ခရီးလမ်းတစ်ခုကိုသွားသောသူတစ်ယောက်သည်
ခလုတ်တိုက်မိရ်ျအနာတရဖြစ်လျှင်ရှေ့လမ်းခရီး၌ထပ်မံခလုတ်မတိုက်မိစေရန်သတိပြု
လျှောက်လေ့ရှီပါသည်။ထိုနည်းအတူမောင်လွင်ဧ။်ဘ၀ခရီးလမ်းဝယ်သတိမမူရ်ျခလုတ်တိုက်မိသော
ဤအဖြစ်အပျက်သည်သူဧ။်ရှေ့ဘ၀ခရီးလမ်းအတွက်အမြဲသတိရှီနေစေရန်သွန်သင်ပေးနိုင်သည့်
မမေ့နိုင်စရာကိတ်စဖြစ်စေခဲ့ပါသည်။ထို့ကြောင့်ယင်းသို့သွန်သင်လမ်းညွန်ပေးလိုက်သောဆရာတော်သည်
တကယ်တော်သောဆရာနှင့်ရဲ့မြင့်မြတ်သောဆရာတော်ဖြစ်ခဲ့ပါသည်။
မောင်လွင်သည်တောက်မည့်မီးခဲတရဲရဲနှင့်တကယ့်ကို ရာဇသွေးဖြစ်သည်။ဖြစ်ပေါ်လာသောပြသနာသည်မိမိ၌အပြစ်ရှိသည်ဆိုစေအုံးတော့
ထားဝယ်ကြိမ်ဖြင့်သွေးစို့သည်အထိရိုက်နှက်ခံရခြင်းအတွက်အလွန်စပ်ရှနာကျင်သောဝေဒနာ
ကိုခံစားရမည်ဖြစ်သည်။ယင်းအတွက်အသိဥာဏ်နုံနည်းသောငယ်ရွယ်သူဖြစ်ခြင်းနှင့်
ဘုရင့်သားဟူသောအကာအကွယ်ဖြင့်ကြမ်းတမ်းစွာတုန့်ပြန်ခွင့်ရှီဧ။်ဘုရင်နှင့်မိဖုရားအားကလေး
သဘာအလျှောက်မိမိအပေးခံရသောပြစ်ဒဏ်မမျှတကြောင်းကိုလီဆယ်ကာတိုင်ကြားနိုင်ဧ။်
သို့သော်မောင်လွင်သည် မည်သို့မျှစောဒကပြုမတုန့်ပြန်ပဲ
ပေးအပ်သောအပြစ်ကိုသတ္တိရှိရှိကြည်ကြည်ဖြူဖြူခံယူခဲ့ပါဧ။်ဆရာတော်ဧ။်စေတနာနှင့်ကရုဏာဒေါသကို
နားလည်ခဲ့ပါဧ။်ဖြစ်ပျက်ခဲ့သောအကြောင်းအရာကိုသင်ခန်းစာယူရ်ျ ဘ၀ရှေ့ရေးအတွက်သတိတရားကို
ပိုရ်ျအလေးအနက်ထားရမည်ဖြစ်ကြောင်းသိမြင်ခဲ့ပါဧ။်။ထို့ကြောင့်မောင်လွင်ဧ။်အနာဂါတ်ကျောင်းသားတို့
အတုယူထိုက်သည့်စံပြကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပါသည်။



မယ်တော်မိဖုရားသည်ပုထုဇဉ်မိန်းမသားတစ်ဦးသာဖြစ်ပါသည်။ယင်းသို့ဖြစ်သည့်
အလျှောက်သားတော်ဧ။်ကျောပေါ်တွင် တွေ့မြင်ရသောသွေးစို့ဒဏ်ရာများကိုကြည့်
ရ်ျယူကျုံးမရဖြစ်ကောင်းဖြစ်နိုင်ပါဧ။်တော်င်ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့်သားကိုချစ်သော
သံယောဇဉ်ကြောင့်ကြမ်းတမ်းသောဒေါသစကားတို့ရုတ်တရက်
်ပေါက်ကွဲခဲ့သော်၎င်းကိုအပြစ်ဆိုဖို့ရန်ခဲယဉ်းပါဧ။် ။အကယ်ရ်ျမယ်တော်မိဖုရားကယင်းသို့
သားချစ်ဇောဖြင့်ဒေါသစကားတစ်စုံတရာပြောကြားခဲ့သော်ငယ်ရွယ်သောမောင်လွင်အနေဖြင့်
ဆရာတော်အပေါ်ထားရှီသောစိတ်ထားတို့အဆိုးဘက်သို့ပြောင်းလည်းသွားနိုင်ပါဧ။်။
မယ်တော်မိဖုရားသည်ဤသည့်သဘောတရားကိုနားလည်ခဲ့ပါဧ။်။ယင်းကြောင့်
ရင်မှကြီးစွာဖြစ်တည်လာသောသနားခြင်းနှင့်သောကဝေဒနာကိုမျိုသိပ်ရ်ျသားတော်အား
ဆုံးမစကားပြေားကြားနိုင်ခဲ့ပါဧ။်သားတော်အပေါ်ထားရှိသောဆရာတော်ဧ။်ဖြူစင်သော
စေတနာနှင့်ဆရာတ်ကျေပွန်မှုကိုနားလည်နိုင်ခဲ့ပါဧ။်။ထိုကြောင့်မယ်တော်မိဖုရား
သည်လည်းအနာဂါတ်ကျောင်းသားမိခင်တို့ဧ။်စံပြမိခင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါဧ။်။

ကဗ္ဘာမြေပုံအလည်တွင်မြန်မာနိုင်ငံမြေပုံမှာအလွန်သေးငယ်လှဧ။်။သို့သော်မြန်မာကိုကဗ္ဘာကသိပါသည်။
ကဗ္ဘာတွင်အကြီးမားဆုံးဖြစ်သောကုလသမဂ္ဂအဖွဲ့အစည်းတွင်အတွင်းရေးမှူးချုပ်ရာထူးကို
သေးငယ်သောမြန်မာနိုင်ငံမှနိုင်ငံသားတစ်ဦးကထမ်းဆောင်ခွင့်ရခဲ့ပါသည်။
ကဗ္ဘာတွင်စာမျက်နှာအများဆုံးကိုအလွတ်အာဂုံပြန်ဆိုနိုင်သောပုဂ္ဂိုလ်မြတ်သည်ဤ
နိုင်ငံငယ်လေးပေါ်ထွန်းခဲ့ပါသည်။ဤသည်မှာမိမိတို့ဝတ္တရားကိုကျောပွန်နားလည်
သောအထက်ပါဆရာ မိဘ ကျောင်းသား သုံးဦးကဲ့သို့သောအဇ္ဈတ
္တမြင့်မြတ်သူများပေါ်ပေါက်ခဲ့သောကြောင့်ဖြစ်ပါဧ။်။
ယနေ့အချိန်သည်မြန်မာတို့အတွက်စီးပွားရေး၊လူမှုရေး၊ပညာရေးစသောအရေးပေါင်းစုံတို့
အတွက်ကဗ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန်ကြိုးစားနေရသောအချိန်ကာလဖြစ်ပါသည်။
ယင်းအတွက်တစ်ဦးတစ်ယောက်ကောင်းကြိုးစားရုံမျှနှင့်အောင်မြင်မှုမရရှိနိုင်ပေ။
ခေတ်ကိုနားလည်သော၊စိတ်စေတနာမှန်ကန်သော တကယ်လက်တွေ့
ကြိုးစားဆောင်ရွက်သော ဆရာကောင်း ၊ မိဘကောင်း ၊ ကျောင်းသားကောင်းတို့ဖြင့်
တည်ဆောက်နိုင်မှာသာ ကဗ္ဘာအလည်မှာ ထည်ဝါနိုင်မည်ဖြစ်လေသည်။

ဂန္ထလုလင်(ဘိုကလေး)

........................................

ဤအထက်ပါစာကိုဖက်ခြင်းအားဖြင့်..ကျွန်တော်တို့မြန်မာပြည်မှာဤသို့..ဆရာ..မိဘ.ကျောင်းသား များ
များစွာလိုအပ်နေသေးသည်ကို..သတိထားမိပါသည်..နိုင်ငံတခုကောင်းဖို့တစ်ဦးတစ်ယောက်ကောင်းနှင့်မရကြောင်း..
အားလုံးစုပေါင်းနိုင်မှရကြောင်း...နိုင်ငံတော် မှာ..ကျောင်းသားကောင်းများစွာလိုအပ်ပါသည်။ဆရာကောင်းများလည်းများစွာလိုအပ်ပါသည်။
မိဘကောင်းများလဲများစွာလိုအပ်ပါသည်။ကျွန်တော်တို့လက်ထက်မှာကောင်းအောင်ကြိုးစားလိုက်ပါစို့လား..

ဒေါင်းမင်း

လာအိုနိုင်ငံဗီယန်ချန်းမြို့သို..(၂)

အော်..ဆက်ပြောရအုံးမယ်..လာအိုနိုင်ငံရဲမြို့တော်ဗီယန်ချန်းမြို့လေးဟာအလွန်ကိုသပ်ရပ်လှပတယ်.လမ်းတွေကလဲသန့်ရှင်းနေတယ်.
သူတို့နိုင်ငံဆင်းရဲတယ်ဆိုပေမယ့်.မြန်မာပြည်ထက်တော့..သာနေတာအမှန်ပဲလေ..ဒီလိုနဲ့နောက့်နေမနက်စောစောထ
ရေချိုး၊မနက်စာစားပြီးထိုင်းသံရုံးဘက်ကိုလမ်းလျှောက်ထွက်လာလိုက်တယ်.ကျွန်တော်ကလာအိုနိုင်ငံကိုလာလည်တာဆိုတော့
ထိုင်းကိုပြန်ဖို့ထိုင်းဗီဇာသွားယူရတယ်..သံရုံးရှေ့ရောက်တော့ဗီဇာယူဖိုစောင့်နေကျတဲ့နိုင်ငံခြားသားတွေ
အများကြီးပဲ..တန်းစီနေကျတယ်..အော်ကိုယ့်ထက်တောင်စောရောက်ပြီးစောင့်နေကျပါလားလို့..
ကျွန်တော်လဲဗီဇာတင်ဖို့ဖောင်ယူ.ဖောင်ဖြည့်ဖို့လုပ်တော့မဖြည့်တက်တာနဲ့.ဟဲ.ဖောင်အငှားဖြည့်ပေးတဲ့..
မြန်မာပြည်လိုဆိုပွဲစားပေါ့..သူကိုဖြည့်ခိုင်း..ဘတ်၁၀၀ပေးရတယ်သံရုံးက.၉နာရီဖွင့်တော့တန်းစီပြီဖောင်းသွားတင်ရတယ်..
ဖောင်တင်ပြီးတာနဲ့စလစ်စာရွက်လေးရဖို့အခန်းထဲမှာဝင်စောင့်ရသေးတယ်..အဲဒီမှာကျွန်တော်အပေါ်ကပြောခဲ့သလိုပဲ
အဖော်စတွေ့တယ်..ဦးဇင်းတစ်ပါး.ကျွန်တော်ကိုထိုင်းထင်လို့အင်္ဂလိုလာပြောတယ်လေ
ဖောင်ဘယ်မှာသွားတင်ရမလဲတဲ့.ဟီးကျွန်တော်လဲသိတာပေါ့ဒါမြန်မာဆိုတာ..
ဦးဇင်းမြန်မာလားလို့..ဦးဇင်းကအေးတဲ့..ဖောင်ဘယ်နားမှာသွားတင်ရမလဲဆိုတာမသိလို့တဲ့..
ကျွန်တော်လဲဖောင်တင်တဲ့နေရာလမ်းညွန်.ပြီး၇င်ဒီအခန်းကိုပြန်လာ.စလစ်စာရွက်ယူလို့.
ပြောပြီး..နေနေလိုက်တယ်.တခုပြောချင်တာက..
လာအိုနိုင်ငံသားတွေဟာဘုန်းတော်ကြီး.ဆရာတော်တွေကိုအ၇မ်းကိုကြည်ညိုလေးစားကျတာကိုတွေ့ရတယ်
ဦးဇင်းကဖောင်တင်ဖို့တန်းစီးတော့..သံရုံးဝန်ထမ်းကပြောတယ်လေ..ဦးဇင်းတွေဆို.တန်းစီ
စရာမလိုပါဘူးတဲ့..အဲဒီမှာဦးဇင်းရဲ့စိတ်ဓါတ်လေးကိုသဘောကျမိတယ်..ဦးဇင်းဆိုပြီးတန်းမစီခိုင်းပဲနေရင်..
နိုင်ငံကြီးသားဘယ်ပီသတော့မလဲပေါ့..ဦးဇင်းစိတ်ထဲမှာအဲလိုခံစားမိတယ်တဲ့..မှန်တယ်မြန်မာတွေမှာအဲဒီလိုစိတ်ဓါတ်
်၇ှီဖို့အရမ်းကိုလိုအပ်တယ်
ဥပမာ.မြန်မာပြည်ကဘူတာရုံတို့.ကားဂိတ်တို့မှာ.တန်းစီတာမျိုးမရှီပဲအတင်းတိုးဝှေ့ဝင်ကျထွက်ကျနဲ့..
အရမ်းစိတ်ညစ်ဖို့ကောင်းတယ်..သူတိုနိုင်ငံသားတွေဟာ.အရမ်းကိုစည်းကမ်းရှီတယ်.
အော်ဒါနဲ့တဆက်တည်းပြောစရာရှီတယ်..မြန်မာပြည်သူတွေလိုချင်နေတဲ့ဒီမိုကရေစီ
ဆိုတာ..စည်းကမ်းရှီမှဖြစ်မှာနော်..အခုလက်ရှီလိုပရမ်းပတာမျိုးဆိုရင်တော့မြန်မာပြည်နဲ့ဒီမိုကရေစီ
နဲ့မထိုက်တန်ဘူးလို့ထင်တယ်...
စကားမစပ်ပြောမိတာပါ.မှားတာရှီလဲခွင်လွတ်ပေါ့နော်
အဲဒီလိုနဲ့ဦးဇင်းလဲဖောင်တင်ပြီး.စလစ်ယူဖိုအခန်းထဲပြန်လာကျွန်တော်နဲ့အတူထိုင်စောင့်စကားပြော..
အဲဒီအချိန်မှာပဲအကိုတစ်ယောက်..မြန်မာပါပဲ..လာနုတ်ဆက်တယ်သူလဲထိုင်းဗီဇာလာယူတာတဲ့
အော်လာအိုမှာမြန်မာသုံးယောက်လာစုံတော့လဲပျော်တာပေါ့..မြန်မာပြည်သူတို့
ရဲ့ဓလေ့.လို.ဘုန်းကြီးနဲ့လူဟာ.ဆရာနဲ့တပည့်လို့..ပဲလေ...
ဒီလိုနဲ့ဗီဇာယူဖို့စလစ်စာရွက်ရပြီးဟော်တည်ကိုဦးဇင်းနဲ့ပြန်လာတယ်
ဟိုအကိုကတော့နောက်မှလိုက်လာတယ်..ဟော်တည်မှာတူတူတည်းကျတာပေါ့...
ဒီလိုနဲ့ညနေပိုင်းမှာ.လမ်းလျှောက်ကျတယ်..မနေ့ကနေရာလေးကိုပေါ့

ဆရာတော်နဲ့ခင်ခဲ့တဲ့အကိုပါ.



ဒီလိုပဲအဲဒီနေရာလေးကိုသွားအပြန်ဖုန်းဆိုင်လေးတွေဝင်ပြီ.းဖုန်းတွေဝင်ကြည့်.မြန်မာပြည်ထက်နှိမ့်တဲ့နိုင်ငံ
ဖြစ်ပေမယ့်.ဆက်သွယ်ရေးကိုတော့လွတ်လပ်ခွင်ပေးထားတယ်...မြန်မာပြည်မှာလဲအဲဒီလိုဖြစ်စေချင်ပြီ

ဟန်းဖုန်းတစ်လုံးကိုသိန်း၂၀ကျော်လောက်ပေးပြီးမ၀ယ်စေချင်ဘူး...ကဲပါပြောနေရင်နီုင်ငံရေးတွေပါနေမယ်...
..ဟဲဟဲဟော်တည်ပြန်ပြီးသုံးဦးသားနားကျတာပေါ့...နောက်နေ့မနက်မနက်စာစား..ဦးဇင်းကိုဆွမ်းကပ်.
ပြီးတာနဲ့သုံးဦးသား.သံရုံးကိုချီတက်.ဗီဇာသွားယူကျတယ်..ဗီဇာရပြီးတာနဲ့ဦးဇင်းနဲ့ခင်ခဲ့တဲ့အကိုဟာ
လာအိုနယ်စပ်ကနေထိုင်းကိုပြန်ကျတယ်
ဒါကတော့လာအို-ထိုင်းနယ်စပ်ဂိတ်လေးပါ

ကျွန်တော်ကတော့လေဆိပ်ကိုပြေးရတာပေါ့ဗျာ..အော်လွမ်းလိုက်တာ..လေယဉ်ပေါ်ကနေလာအိုမြို့ကြီး
ကိုနုတ်ဆက်ပြီး...ဘိုင်ဘိုင်ပေါ့....ထိုင်းကိုပြန်လာတယ်..နောက်များမှပဲထိုင်းမှာ
လာအိုမှာခင်ခဲ့တဲဦးဇင်းရဲ့ကျောင်းကိုသွားလည်ခဲ့တဲ့အကြောင်း...ပြောပြမယ်
အခုတော့..တော်သေးပြီပေါ့နော်..တော်သေပြီလို့တော့မဖက်နဲ့ပေါ့ဟဲဟဲ..
ဒေါင်းမင်း

Saturday, December 27, 2008

လာအိုနိုင်ငံ.ဗီယန်ချန်းမြို့သိုအလည်တစ်ခေါက်

လေယဉ်ပျံ.ကောင်းကင်ကိုဝဲပြီး..လာအိုလေဆိပ်သို့ဆင်းဖို့အတွက်အရှိမ်ယူနေတုန်းပြတင်းတခါးမှကြည့်
အောက်သိုကြည့်မိတယ်..ကွေ့ကောက်နေသောမဲခေါင်မြစ်ကြီးနှင့်စိမ်းလမ်းစိုပြေနေသောစပါးခင်းများ.လူနေအိပ်ကျိုးတိုးကျဲတဲကို
မြင်တွေ့ရတယ်..အော်လာအိုနိုင်ငံကိုမရောက်ဘူးတော့ဒါဘယ်ရွာပါလဲလို့.စိတ်ထဲထင်မိတယ်..ခဏနေလေယဉ်ဆင်းသက်မှ
အော်ဗီယန်ချန်းမြို့ရောက်ပြီးကိုးလို့.စိတ်ထဲမှပြောမိတယ်..လေယဉ်ပေါ်ကနေဆင်းလိုက်တာနဲ့စိတ်ထဲတကယ့်ကိုကြည်နူးသွားတယ်..
လာအိုပြည်သူပြည်သားတွေဟာတကယ်ပဲပျူငှာကျတယ်.ထိုင်းလေဆိပ်မှာမျိုးမဟုတ်ဘူးလေ.ထိုင်းလေဆိပ်မှာလို
မြန်မာဆိုရင်ရစ်ချင်တဲ့စိတ်မရှီဘူး.တကယ့်ကိုပျူငှာလိုက်လှဲတယ်လေဆိပ်ကနေမြို့ထဲကိုကားငှားလာတယ်..အဲ..ကားငှားခ
ဘယ်လောက်မှတ်လဲ..ကစ်(၄၀၀၀၀)သောင်း.ဆိုတော့မျက်လုံးပါပြူးထွက်သွားတယ်..အော်...ပြီးမှထိုင်းတစ်ဘတ်ကို
လာအိုကစ်၂၅၀နဲ့ညီမျှနေတာကိုး..ဟဲဟဲ..ထိုင်းဘတ်နဲ့ကားက၁၅၀ဘတ်ပေးလိုက်ရတယ်..ဟဲဟဲကျွန်တော်လေ.ဘယ်ရမလဲငွေလဲတဲ့နေရာမှာဘတ်တစ်ထောင်သွာလဲလိုက်တာသူတိုငွေသိန်းနဲ့ချီကိုင်ရတယ်လေ..အဲဒီလိုငွေကို
သိန်းနဲ့ချီမကိုင်ရတာကြာပြီလေ.ဟီး..ဟော်တယ်ရောက့်တော့ရေချိုး..အောက်ဆင်း..ထမင်းစားနဲ့.ပြီးတော့
ခဏအိပ်လိုက်တယ်.ပင်ပန်းလာတယ်လေ..ညနေပိုင်းရောက်တော့မြို့ထဲကိုလမ်းလျှောက်အုံးမှဆိုပြီးလျှောက်လိုက်တာ....ပုံပြင်လိုထဲကလို..ဟော်တည်မပြန်တက်မှာဆိုးလို့..လမ်းမှာမြေကြီးတွေကိုချပြီးမှတ်လာတယ်လေ..ပိုင်တယ်နော်


ပုံထဲကနေရာလေးဗျာ..အားပါးပါး...တော်တော်လေးလှတာဓါတ်ပုံထဲကထက်ပိုလှတယ်..လေးကောင်းလေသန့်လဲရတယ်.
တကယ့်ညနေပိုင်းဆိုအဲဒီနေရာလေးအပန်ဖြေစရာအကောင်းဆုံးပဲလေ..မြန်မာပြည်ကဆိုရင်..မြို့တော်ခန်းမနေရာလိုမျိုးလေ...သူတို့နိုင်ငံလဲ..အဲဒီနေရာက.ထင်ရှားတယ့်နေရာလိုပြော၇မယ်..


အဲဒီနေရာလေးမှာအကြော်ဆိုင်လေးနဲ့အအေးဆိုင်လေးရှိတယ်ဗျ..မြန်မာအစားစာ..စားရသလိုပါပဲ.ထိုင်းအစားစာလို..ချိုမနေဘူး.
.သူတိုနိုင်ငံသားတွေဖော်ရွေကျသလိုအစားအသောက်လဲကောင်းတယ်..ဟဲဟဲ..
ကျွန်တော်လဲအကြော်လေးစားလိုက်အအေးလေးသောက်လိုက်နဲ့ဟုတ်နေတာပဲတစ်ယောက်ထဲလေ..
နောက်နေ့ကျမှအဖော်တွေ့တာလေ...အဲ..အဖော်ဆိုလို့တလွဲမတွေးနဲ့..ဦးဇင်းတစ်ပါးနဲ့အကိုတစ်ယောက်ပါ
ထိုင်းသံရုံးမှာတွေ့ပြီးခင်လာတာပါ..နောက်နေ့မှတွေ့တာ..ဒီနေ့မဟုတ်ဘူးဟဲဟဲ...

Friday, December 26, 2008

ကျေးဇူးတင်ရှီကြောင်း

ကျွန်တော်ဆိုတာ..ဆိုပြီးအစချီ..လိုက်တာက..
ကျွန်တော်ဒီဘလော့လေးကိုလုပ်ဖို့အတွက်..
နှစ်ညအိပ်ရေးပျက်ခံပြီးလုပ်၇တာလေ.
ဟဲ..ဘလောဆိုတာလေးရေးချင်လွန်းလို့.
ဘလောလုပ်နည်းတွေလိုက်ရှာရတာတစ်ပါတ်လောက်ကြာတယ်..
ကိုစေတန်ရဲဘလောလုပ်နည်း
နဲ့ကိုရန်အောင်နဲ့နည်းပညာလေးတွေကိုယူသုံးပြီးလုပ်ခဲ့ပါတယ်..
အခုလိုဘလောလေးတခုဖြစ်မြောက်လာတာကို.
.အရမ်းကိုဝမ်းမြောက်မိတယ်
ကိုရန်အောင်တို့.ကိုစေတန်ဘလော့
တို့.ကိုကျေးဇူးတင်ရှီိကြောင်းပြောပါရစေ..ခင်ဗျာ..


အော်..ကျွန်တော်ကိုကျွန်တော်မိတ်ဆက်ပေးဖို့မေ့နေတယ်..ကျွန်တော်က..
မြန်မာပြည်အလည်ပိုင်းဒေသ.
မန်းတလေးတိုင်း.မိတ်ထီမြို့က.တောသားအညာသားလေးပါ..
ဒီဘလော့လေးကိုလုပ်ရတဲ့ရည်ရွယ်ချက်လေးကလဲ.
.မိတ်ထီလာမှာကျန်ရှီတဲ့မိဘမောင်နှမတွေ့.သူငယ်ချင်းတွေကိုဖက်စေချင်လို့ပါ..
သူတို့တွေအင်တာနက်သုံးရင်ကျွန်တော်ရေးသားထားတာလေးကိုဖက်လို့ရအောင်လေ.
.ကျွန်တော်ကစာအရေးအသားတော့မကောင်းဘူး.
အခုကျွန်တော်ရေးသားထားတာကိုကြည့်တာနဲ့သိသာ
တယ်နော်.မဟုတ်ဘူးလား..
အားလုံးသောသူငယ်ချင်းအသစ်များလဲ
ကျွန်တော်မှာလိုအပ်တာရှီရင်သင်ပြပါ.ပြောဆိုပါလို့.....
...
ဒေါင်းမင်း