ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။
Showing posts with label မြတ်ဘုရားဂုဏ်တော်များ. Show all posts
Showing posts with label မြတ်ဘုရားဂုဏ်တော်များ. Show all posts

Monday, October 24, 2011

ပိုပြီးပြည့်စုံသောပုဗ္ဗဏှသုတ်တော်။



ပုဗ္ဗဏှသုတ်

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။

၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။

၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။

၎။ ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
ဗုဒ္ဓါ နုဘာဝေန ၀ိပက္ကမေန္တု။

၅။ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
ဓမံ္မွနုဘာဝေန ၀ိပက္ကမေန္တု။

၆။ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
သံဃာ နုဘာဝေန ၀ိပက္ကမေန္တု။

၇။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၀။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၁။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၂။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၃။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၅။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၆။ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

၁၇။အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

၁၈။သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

၁၉။ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

၂၀။ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၂၁။တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ

၂၂။တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၂၃။ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
ဘယပ္ပတ္တာ စ နိဗ္ဘယာ။ဟောန္တု သဗ္ဗေပိ ပါဏိနော။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

၂၄။ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

၂၅။ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။

………………………………………………………………………………………………

ဘာသာပြန်

……….

၁-၂-၃) အကြင်မကောင်းသော နိမိတ်သည်လည်း ကောင်း၊ အကြင်အမင်္ဂလာသည်လည်းကောင်း၊ ငှက်ဆိုး ၏ နှစ်သက်ဖွယ်မရှိသော အကြင်အသံသည်လည်း ကောင်း၊ အကြင်ပါပဂြိုလ်သည်လည်းကောင်း၊ နှစ်လိုဖွယ် မရှိသော အကြင်မကောင်းသော အိပ်မက်သည်လည်း ကောင်းရှိကုန်၏၊ ထိုမကောင်းသော နိမိတ်စသည်တို့ သည် ဘုရားမြတ်တို့၏ အာနုဘော်ကြောင့် (တရားတော် တို့၏ အာနုဘော်ကြောင့်၊ သံဃာတော်တို့၏ အာနုဘော် ကြောင့်) အလျင်းမရောက် ကင်းပျောက်ခြင်းသို့ ရောက်ပါ စေကုန်သတည်း။

ကိုယ်တော်အား ဉာဏ်တော်အားကို ရပိုင်တော် မူကြကုန်သော ဘုရားရှင်တို့နှင့် ပစ္စေကဗုဒ္ဓါတို့၏ အစွမ်း အာနုဘော်ဖြင့်လည်းကောင်း ရဟန္တာတို့၏ တန်ခိုးအာနု ဘော်ဖြင့်¤င်း အခါခပ်သိမ်း အကာအကွယ် အစောင့် အရှောက်ကို ငါဖွဲ့၏။

လူ့ပြည် နဂါး ဂဠုန်စသောပြည် နတ်ပြည် ဗြဟ္မာပြည်တို့၌ ရှိသမျှကောင်းမြတ်သော ရတနာတို့တွင် မြတ်စွာဘုရား (တရားတော်၊ သံဃာတော်)နှင့် တူသော ရတနာကား မရှိနိုင်သည်သာ၊ ဘုရားမြတ် (တရားမြတ် သံဃာမြတ်)၌ ရတနာ၏ အဖြစ်နှစ်သက်ဖွယ် ဂုဏ်ရည် ကား ထူးခြားကောင်းမြတ်လှပါပေသည်၊ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေသတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော တရားတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော သံဃာတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

မဟာကရုဏာရှင် မြတ်စွာဘုရားသည် သတ္တဝါ အလုံးစုံတို့၏ အကျိုးစီးပွားအတွက် ပါရမီတော်အလုံးစုံ အကုန်ဖြည့်ကျင့်တော်မူပြီးလျှင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်တို့ကို ရတော်မူခဲ့သည်၊ ဤသစ္စာ စကားကြောင့် သင့်အားအခါခပ်သိမ်း ချမ်းသာခြင်း ဖြစ်ပါစေ။

သာကီဝင်မင်းတို့၏ နှစ်သက်ခြင်းကို တိုးပွားစေ တတ်သော ရှင်တော်မြတ်ဘုရားသည် ဗောဓိပင်အနီး အပရာဇိတပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူ သကဲ့သို့ ထို့အတူ သင်သည် ဘေးရန်ခပ်သိမ်းကို အောင်မြင်ပါစေ၊ အောင်ကြောင်းမင်္ဂလာတို့ကို သင်ပြီး မြောက်အောင်မြင်ပါစေ။

ဘုရားရှင်မှန်သမျှတို့၏ ဗုဒ္ဓါဘိသေက ခံယူရာ မြေတကာတို့၏ အထွတ်အထိပ် အလွန်တင့်တယ် ကောင်းမြတ် မြေအရပ်ဖြစ်သော အပရာဇိတပလ္လင်၌ ထွတ်ဖျားတိုင်မြောက် ဘုရားအဖြစ်သို့ရောက်သော ရှင်တော်မြတ်သည် အလွန်ရွှင်လန်း ဝမ်းမြောက်တော် မူရသကဲ့သို့ သင်လည်း အထက်တန်းရောက်ကာ ဝမ်းမြောက်ရွှင်လန်းပါစေ။

သုစရိုက်ကျင့်ရာ နေ့အခါကား ကောင်းသော နက္ခတ်၊ ကောင်းသောမင်္ဂလာချည်းသာ၊ ကောင်းသော မိုးလင်းရခြင်း၊ ကောင်းသော အိပ်ရာမှထရခြင်း၊ ကောင်း သောခဏ၊ ကောင်းသောမုဟုတ်(အချိန်)ချည်းသာ ဖြစ်သည်၊ ထိုနေ့၌ အကျင့်ကောင်းရှိသူ ပုဂ္ဂိုလ်တို့၌ လှူရသောအလှူမှာ ကောင်းသော လှူဒါန်းပူဇော်ရခြင်း ဖြစ်သည်။

သုစရိုက်ကျင့်ရာ နေ့အခါ၌ ထိုသူ၏ ကာယ ကံမှု၊ ဝစီကံမှု၊ မနောကံမှု မှန်သမျှသည် တိုးတက် ကြီးပွားကြောင်း အကောင်းအမြတ်ချည်းသာတည်း၊ ထိုသုစရိုက်ကျင့်သူ၏ ကံသုံးပါးတို့ကား တိုးတက် ကြီးပွားကြောင်း ကောင်းမှု၌ထားခြင်း မည်၏။

တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်သောကံ သုံးပါးတို့ကို ပြုကြကုန်၍ ကောင်းမြတ်သော အကျိုးတို့ကို ရရှိကြကုန်၏၊ သင်တို့သည် ကောင်းကျိုးကို ရရှိကြ ကုန်သည်၊ ချမ်းသာခြင်းရှိကြကုန်သည်၊ ဘုရားရှင် သာသနာတော်၌ တိုးတက်စည်ကား ကြီးပွားကြကုန် သည်ဖြစ်၍ ဆွေမျိုးအပေါင်းနှင့်တကွ အနာရောဂါ ကင်းရှင်း ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်ဖြစ်ကြ စေကုန်သတည်း။

ဆင်းရဲဒုက္ခကြုံတွေ့နေရသော သတ္တဝါမှန်သမျှ ဆင်းရဲဒုက္ခကင်းကြပါစေ၊ ဘေးအန္တရာယ် ဆိုက်ရောက် နေကြရသော သတ္တဝါမှန်သမျှ ဘေးအန္တရာယ်ကင်း ကြပါစေ၊ စိတ်သောကရောက်လျက်ရှိကြသော သတ္တဝါ မှန်သမျှ စိတ်သောက ကင်းဝေးကြပါစေ။

ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ငါတို့ ကောင်းစွာ ဆည်းပူးအပ်သော ကောင်းမှု၏ပြည့်စုံခြင်းကို အလုံးစုံသော နတ်တို့သည် စည်းစိမ်ချမ်းသာ အကုန် ပြည့်စုံဖို့ရာ သာဓုအနုမောဒနာ ပြုကြပါကုန်လော့။

ရတနာသုံးတန် ကံ ကံ၏အကျိုးကို ယုံကြည် ကြကုန်၍ အလှူဒါနကို ပေးလှူကြကုန်လော့၊ အခါမလပ် သီလကို စောင့်ရှောက်ကြကုန်လော့၊ သမထ ဝိပဿနာ ဘာဝနာ၌ ပျော်ပိုက်ကြကုန်လော့၊ တရားနာလာရောက် ကြကုန်သော နတ်တို့သည် နေရင်းဌာနသို့ ပြန်ကြပါ ကုန်လော့။

Friday, October 14, 2011

သမ္ဗုဒ္ဓေဂါထာတော်မြတ်

ကျွန်တော်အမြဲရွတ်ဆိုနေသောသမ္ဗုဒ္ဓေဂါထာအားမိတ်ဆွေများကြည်ညိုနိုင်ရန်တင်ပြပေးလိုက်ပါသည်။
လူတိုင်းရွတ်ဆိုနေကြသောသမ္ဗုဒ္ဓေဂါထာတော်နှင့်မတူပါဘူး။သမ္ဗုဒ္ဓေဂါထာတော်ရဲ့အကျိုးကျေးဇူးတွေ
တော့ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။

သမ္ဗုဒ္ဓေဂါထာတော်မြတ်
သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ ဗဟုဖုလ္လေ၊
၊တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

အဋ္ဌ၀ီသံ - သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဟိတ် အောင်ဘိသိက်ဖြင့် နှစ်ကျိပ်ရှစ်ဆူကုန်သော သမ္ဗုဒ္ဓေ စ-တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း။ ဒွါဒသဉ္စသဟဿကေ - နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျှောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေစ - လရောင်ပမာ ဉာဏ် ရောင်ဝါဖြင့် သစ္စာပွင့်လွင်း တရားမင်းတို့ကိုလည်းကောင်း။ ပဉ္စသတသဟဿာနိ - သောင်းတိုက်စကြာဝဠာ ဂုဏ်ဝါကျော်ဟိန်း ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ-နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ ကိုလည်းကောင်း။ ဂင်္ဂါယံ - ဂင်္ဂါမြစ်ထဲ၌၊ ၀ါဠုကာစုဏ္ဏေ - သဲလုံးမက များပြားလှစွာသော။ ဗဟုဖုလ္လေ-များပြား လှစွာသော ကုသိုလ်ကောင်းမှုများကို ဖျက်ဆီးတတ်ကုန်သော တစ်ထောင့်ငါးရာ ကိလေသာမာရ်ကိုယ်တွင်း ရန်တို့ကို ၊ ပရာဇေတွာ - ဆုံးရှုံးကျဆင်းစေ၊ အမြစ်ပြတ်ရှင်းလင်းစေ၍၊ အာဒရေန - ရိုသေမြတ်နိုးစွာ၊ အဟံ တ ပည့်တော်သည်၊ နမာမိ - မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား။ တေသံ - ထိုငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ် ဆူကုန်သော ဘုရားရှင်တို့၏ ၊ ဓမ္မဉ္စ - မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ပါးသောတရားတော် မြတ်တို့ကိုလည်းကောင်း၊ သံဃဉ္စ- အရိယာရှစ်ပါး သံဃာတော်များနှင့် သမုတိသံဃာတော်အရှင်သူမြတ်တို့ အားလည်းကောင်း ၊ အဟံ - တပည့်တော်သည်၊ အာဒရေန ရိုသေစွာ၊ နမာမိ - မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား။ နမက္ကာရာနုဘာဝေန - ရှိခိုးပူဇော် ဖူးမြော်ပါရ ကုသလ၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်၊ သဗ္ဗေ ခပ် သိမ်းကုန်သော၊ ဥပဒ္ဒဝေ - ဘေးဥပဒ်ရန်စွယ် အန္တရာယ်ဟူသမျှတို့သည်။ ဟိတွာ - ပယ်စွန့်ကြကုန်၍၊ အနေက အန္တရာယာပိ - တစ်ပါးမက များလှစွာသော အန္တရာယ်ဟူမျှတို့သည်လည်း ၊ အသေသတော မကြွင်းအကျန်မရှိ သောအားဖြင့်၊ ၀ိနဿန္တု - ကင်းစင်လွင့် ပျောက်ပါစေသတည်း..။ (ဆီလျှော်အောင် ဘာသာပြန်လိုက်ပါသည်)

Monday, October 10, 2011

ပုဗ္ဗဏှသုတ်

အခုအချိန်အခါသည်ကမ္ဘာတစ်ဝန်းတွင်သဘာဝဘေးအန္တရယ်များဖြစ်ပွားနေပါတယ်။ဒါကြောင့်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့ဘုရား၊တရား၊သံဃာ၊ရတနာသုံးနှင့်မိဘ၊ဆရာတို့ကိုမမေ့ကြရန်တိုက်တွန်း
လိုပါတယ်။

ပုဗ္ဗဏှသုတ်

ပုဗ္ဗဏှသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား

ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်၊ ကံဇာတာနိမ့်နေခိုက် အထူးရွတ်ရန်သင့်သည်၊ လုပ်သမျှလုပ်ငန်း အထစ်ထစ် အငေါ့ငေါ့ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်၊ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင် အောင် ဆောင်ရွက်လိုသောအခါ မလုပ်မီ ဤသုတ်ကို သရဇ္ဈယ်ပါ၊ မုချအောင် ပါလိမ့်မည်။

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။

၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။

၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။

၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။

၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။

၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။

၎။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

၎။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံး ထိုဘေးအန္တရာယ်မှ ကင်းလွတ်ကြပါစေ၊ စိုးရိမ်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။

၅။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။

၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။

၆။ အရာရာပြည့်စုံမှု ချမ်းသာမှုရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ၊ ကမ္မဋ္ဌာန်း ဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။

၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေက ဗုဒ္ဓါဘုရား၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည် တန်ခိုးဖြင့် အရပ် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။

၈။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် ဘုရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေ သတည်း။

၉။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် တရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် တရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြ ပါစေ သတည်း။

၁ဝ။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁ဝ။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် သံဃာတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် သံဃာရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေသတည်း။

၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ ခပ်သိမ်းသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၄။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူကမ္ဘာသား အပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော် မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်း ပါစေ သတည်း။

၁၅။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

၁၅။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်းဖြစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင်ရရှိပါစေသတည်း။

၁၆။ အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

၁၆။ သဗ္ဗညုဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာ လည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။

၁၇။ သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

၁၇။ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာ တိုးတက်ပါစေ၊ စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော် ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။

၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

၁၈။ မြတ်သောကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သောစိတ်အမှု ရှိပါစေ၊ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏စိတ်ကို ဆောက်တည်နိုင်ပါစေ သတည်း။

၁၉။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။

၁၉။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက် ကြသည့်အတွက် မြတ်သောအကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သောအကျိုး တရားကို ရရှိသောသူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက် လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေ အမျိုးတို့နှင့်အတူ ကျမ်းမာချမ်းသာကြပါစေကုန်သော်။

ပုဗ္ဗဏှသုတ် မြန်မာပြန် ပြီး၏။
ပရိတ်ကြီး ၁၁-သုတ် ပါဠိတော် မြန်မာပြန်၊ ပရိတ်

Thursday, July 28, 2011

ပထ၀ီဗလဂါထာ(ခ)ရန်အောင်မြင်ဂါထာတော်

ပထ၀ီ ဗလ သုန္ဒရီ၊သဗ္ဗညု ဗောဓိ မဏ္ဏလံ။
အသင်္ချေယျံ မာရသေနံ၊ဇယော ဇယတု မင်္ဂလံ။


ဤဂါထာတော်ကိုနေ့စဉ်ရွတ်ဖတ်သေည်-
(၁)ရန်သူဟူသမျှမိမိကိုမဖျက်စီးနိုင်ခြင်း။
(၂)အကြံအစည်အောင်မြင်နိုင်ခြင်း။
(၃)အမှုကိစ္စနှင့်ကြုံတွေ့လေသော်ညနံနက်တွင်အဓိဌာန်ထား၍ရွတ်ဖတ်ပါ။မုချအောင်နိုင်ခြင်း
စသော အကျိုးတရားများကို ရရှိစေနိုင်၏။

Tuesday, June 21, 2011

သူတော်ကောင်းလက္ခဏာ(၁၂)ပါး

  1. စိတ်ထားရှည်စွာ။
  2. မ၀ါကြွားခြင်း။
  3. မပြင်းဒေါသ။
  4. မာနမထူး။
  5. ကျေးဇူးသိမြင်။
  6. ဂုဏ်လျှင်မပြိုင်။
  7. ပြည့်လှိုင်တင့်နိုးကိုယ်ကျိုးကိုသာမရှာပေလင့်။
  8. သူ့အပြစ်ကိုမှတ်ဆစ်မထား။
  9. သူတစ်ပါး၌ စကားပြစ်တင် မဆိုကြဉ်ရှောင်။
  10. မကောင်းမှု၌မကြိုက်မရွှင်။
  11. ကောင်းမှုမြင်သော် ကြည်ရွင်ဝမ်းသာ။
  12. သည်းခံမှာလည်း များစွာရှိသေည်။
လူသူတော်ဟု အံ့သြသိမြင် မှတ်တုံကျင့်လော။
..........................................................................
ဒေါက်တာ ဦးကောဝိဒါစာရ

Sunday, January 23, 2011

မြောက်ဥက္ကလာပဆရာတော်ဘုရားကြီးအရှင်ဇာနေယျ၏ဘုရားရှိခိုးဆုတောင်းပုံ

မြောက်ဥက္ကလာပဆရာတော်ဘုရားကြီးအရှင်ဇာနေယျ၏ဘုရားရှိခိုးဆုတောင်းပုံ
ဤအမွေးနံ့သာအခိုးအငွေ့တို့သည်ဘုရား၊တရား၊သံဃာ၊ဆရာအားလုံး၊မိဘအားလုံးတို့ထံရောက်ပါစေ၊
သွားပါစေ၊။တပည့်တော်တို့ယုံကြည်ကိုးစားအားထားကိုးကွယ်ခဲ့သောအနန္တောအနန္တငါးပါးတို့သည်ဗြဟ္မာ(၂၀)၊
နတ့်ပြည်(၆)ထပ်၊လူ့ဘုံ၊နတ်နဂါးဘုံ၊နတ်ဘီလူးဂုမ္ဘာန်ဘုံတစ်ကမ္ဘာလုံး၌ရှိနိုင်ပါသည်။သူတို့ကိုရည်ရွယ်၍ယနေ့
ဤအမွေးနံ့သာတို့ကိုပူဇော်ကန်တော့ပေးပါသည်။အလှူခံတော်မူပါဘုရား။

ဤဘဒ္ဒကမ္ဘာတွင်ပွင့်တော်မူသော ကကုသန်၊ကောဏဂုံ၊ကဿပ၊ဂေါတမ၊အရိမေတ္တေယျဘုရားငါးဆူနှင့်တကွ
သီခီမြတ်စွာဘုရား၊၀ဿဘူမြတ်စွာဘုရားဤခုနှစ်ဆူသောဘုရားတို့နှင့်ခုနှစ်ဆူသောဘုရားတို့သိတော်မူသော၊
သဗ္ဗညုတဥာဏ်တော်ကိုလည်းရှိခိုးကန်တော့ကာပင့်ဖိတ်ပါ၏။တပည့်တော်၏ဦးခေါင်းသို့ကြွရောက်၍အရှိခိုးခံ
အဖြစ် အပူဇော်ခံအဖြစ်တည်နေကိန်းဝပ်တော်မူပါဘုရား။

ခုနှစ်ဆူသောသားတပည့်ဖြစ်တော်မူသော ရဟန္တာများ၊ထိုရဟန္တာများသိတော်မူသော အရဟတ္တမဂ်ဥာဏ်ကို
လည်းရှိခိုးကန်တော့ကာပင့်ဖိတ်ပါ၏။တပည့်တော်၏ဦးခေါင်းသို့ကြွရောက်၍အရှိခိုးခံအဖြစ် အပူဇော်ခံအဖြစ်
တည်နေကိန်းဝပ်တော်မူပါဘုရား။

ဤခုနှစ်ဆူသောဘုရားတို့သည် လောဘ၊ဒေါသ၊မောဟ၊အတ္တကင်းစင်လို့စိတ်တော်ကြီးကလည်းအင်မတန်
ဖြူဝင်သန့်ရှင်းပါပေ၏။ဖြူစင်သန့်ရှင်းလို့တန်းခိုးတော်ကြီးကလည်းအင်မတန်မှကြီးပါပေ၏။တန်ခိုးကြီးလို့
သတ္တ၀ါအပေါင်းကိုချမ်းသာအောင်ကယ်တင်စောင့်ရှောက်နိုင်ပါပေ၏၊သို့အတွက်ကြောင့်တပည့်တော်သည်၊
တပည့်တော်၏စိတ်သည်ဗုဒ္ဓဘုရားစိတ်တော်နှင့်တထပ်တည်းကျအောင်၊လောဘ၊ဒေါသ၊မောဟ အတ္တကင်းစင်
အောင်တနေ့ တစ်မိနစ်၊နှစ်မိနစ်ကြိုးစား၍ကျင့်ပါမည်ဘုရား။တစ်ကြိမ်တစ်ခါ၌တပည့်တော်စိတ်သည်ဗုဒ္ဓဘုရား
စိတ်ထဲရောင်သွားအောင်၊ဗုဒ္ဓဘုရားစိတ်တော်သည်တပည့်တော်စိတ်ထဲရောက်သွားအောင်ကြိုးစား၍ကျင့်ပါ
မည်ဘုရား။

ရုပ်နာမ်နှစ်ပါးနှင့်ဤခန္ဓာကိုယ်၊လုပ်ကိုင်စားသောက်နေသောအလုပ်အကိုင်အားလုံးကိုလည်းခုနှစ်ဆူသော
ဘုရားရှင်တို့နှင့်ရဟန္တာများထံအပ်နှံပါ၏။အသက်ထက်ဆုံးစောင့်ရှောက်ပေးတော်မူကြပါဘုရား။အကယ်၍
ဘေးများ၊ရန်များ၊အန္တရာယ်များရှိပါကလည်းတပည့်တော်ထံလာလို့မရအောင်လမ်းခုလပ်တွင်ပျက်ပြယ်သွား
အောင်ဗုဒ္ဓစက်၊ဓမ္မစက်၊သံဃာစက်၊၀ိဇ္ဇာစက်တို့ဖြင့်စောင့်ရှောက်ပေးတော်မူကြပါဘုရား။ယနေ့မှစ၍တပည့်
တော်နှင့်တကွဆက်စပ်ပတ်သတ်သောမိသားစုဝင် အားလုံးတို့မှာအသက်ရှည်နေကောင်းကျမ်းမာချမ်းသာ
အောင်၊လုပ်တိုင်းကိုင်တိုင်း အဆင်ပြေအောင်မြင်အောင်အသက်ထက်ဆုံး စောင့်ရှောက်ပေးတော်မူကြပါ
ဘုရား။

ယနေ့တပည့်တော်ပြုလုပ်သောကုသိုလ်အဖို့ကိုဗြဟ္မာ(၂၀)၊နတ့်ပြည်(၆)ထပ်၊လူ့ဘုံ၊နတ်နဂါးဘုံ၊
နတ်ဘီလူးဂုမ္ဘာန်ဘုံတို့၌ရှိကြကုန်သောသတ္တ၀ါအပေါင်းတို့အားအမျှပေးဝေပါ၏။ယူတော်မူကြပါကုန်လော့။
(သာဓု၊သာဓု၊သာဓု)

Saturday, January 1, 2011

နှစ်သစ်အတွက်ရှင်အရဟံရဟန္တာမြတ်ရဲ့ပုတီးစိတ်နည်းလက်ဆောင်

2011.1.1 ရက်နေ့မှာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးအပေါင်း၊လောကီ။လောကုတ္တရာနှစ်ဖြာအကျိုးတိုးပွားစေရန်
ရည်ရွယ်ချက်ဖြင့်ဤရှင်အရဟံရဟန္တာမြတ်ကြီးရဲ့ပုတီးစိတ်နည်းလေးကိုတင်ပြလိုက်ပါတယ်။

နှစ်သစ်မှာမိတ်ဆွေသူငယ်ချင်းအားလုံး၊ရွင်လန်းချမ်းမြေ့ပြီး၊လောကီ၊လောကုတ္တရာနှစ်ဖြာသောအကျိုးခံစားနိုင်
ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ပုတီးစိတ်နည်း နိသျည်း အတ္ထုပ္ပတ္တိစာတမ်း။
စစ်ကိုင်းမြို့တောင်ခြေ၊တစ်ခုသောချောင်၌အမည်အားဖြင့်မကျော်ကြားလိုသောဆရာတော်တစ်ပါးအားထုတ်
တော်မူစဉ်၊တနေ့သောအခါ၊ညနေ၅နာရီခန့်အချိန်တွင်အသက်ရွယ်အားဖြင့်၃၁-နှစ်အရွယ်ရှိ၊ရုပ်ရေရူပကာယ
တင့်တယ်သောမိန်းကလေးတစ်ဦးသည်ကျောင်းတိုက်သို့ဝင်လာသည်ကိုဆရာတော်သည်အဝေးမှတွေ့မြင်လေ
ရာဝိသဘာဂအာရုံဖြစ်၍စကားမပြောလိုသဖြင့်ကျောခိုင်းမျက်နှာလွှဲပြီးနေတော်မူ၏။ထိုသူငယ်မလည်း၃မိနစ်
ခန့်နေပြီးဦးချပြန်သွားလေသည်။ထိုနည်းတူစွာ၇-ရက်ခန့်မျှအချိန်မှန်စွာရောက်လာသဖြင့်၇-ရက်မြောက်နေ့
၌ဆရာတော်ကအကြံဖြစ်သည်မှာ၊“ဤသူငယ်မအရေးကြီးတဲ့တစ်စုံတစ်ခုသောအကြောင်းကိစ္စတစ်ခုရှိ၍သာ
လာခြင်းဖြစ်ပေလိမ့်မည်”ဟုသဘောပိုက်တော်မူပြီးလာရင်းအကြောင်းကိုမေးမြန်းရာတွင်၊“အရှင်ဘုရားကိုဖူး
မြော်လို၍လာပါသည်ဘုရား”ဟုလျှောက်ထား၍၊ဆရာတော်ဘုရားသက်တော်ဝါတော်များဘယ်လောက်ရှိပါပြီ
လဲဟုလျှောက်ထားသောအခါ၊ဆရာတော်ဘုရားလည်းအသက်သိက္ခာများကိုပြန်ကြားအမိန့်ရှိပြီးနောက်၊
ဒါယိကာမလေး၏အသက်ကိုမေးမြန်းရာတွင်၊တပည်တော်မသည်သထုံပြည်မနူဟာမင်းကို၊ပေါက္ကံရာဇာအနော်
ရထာမင်းသိမ်းယူသောနေ့ဟာတပည်တော်တို့အိမ်ထောင်ကျတဲ့နေ့ပါဘုရားဟုလျှောက်ထားလေရာ၊ထိုအခါ
ဆရာတော်ဘုရားက၊သည်လိုဆိုရင်ဒါယိကာမလေး၏အသက်သည်အတော်ကြီးပြီပေါ့ဟုမိန့်ကြားတော်မူ၍၊
ဘယ်ဆေးကောင်းဝါးကောင်းများကိုမှီဝှဲရပါသလဲလို့အမိန့်ရှိသောအခါ၊ဆေးကောင်းဝါးကောင်းရယ်လို့အထူး
မမှီဝှဲရပါဘုရား၊သထုံပြည်နှင့်ပေါက္ကံပြည်သို့ရဟန္တာသခင်ရှင်အရဟံကြွလာစဉ်ကချီးမြှင့်ပေးသနားတော်မူခဲ့တဲ့
ပုတီးစိတ်ကိုပဲနေ့စဉ်ယုံကြည်စွာစွဲမြဲပြီးစိတ်တာပါဘဲဘုရားဟုလျှောက်ထားသောအခါ၊ဤပုတီးစိတ်ပုံစိတ်နည်း
နိသျည်းကိုဆရာတော်အားလှူလို့ရမည်လားဟုအမိန့်ရှိပြန်ရာ၊ဆရာတော်ဘုရားကိုလှူလို၍လာရောက်သည်မှာ
ဤနေ့ပါ၇-ကြိမ်ရှိပါပြီဘုရားဟုလျှောက်ထားပြီးနောက်အောက်ပါပုတီးစိတ်နည်းကိုလှူဒါန်းလေတော့၏။
(၁)ဗုဒ္ဓ သရဏံ ဂစ္ဆာမိ။
နာမရူပံ အနိစ္စံ-ဒုက္ခံ-အနတ္တာ။
(၂)ဓမ္မံ သရဏံ ဂစ္ဆာမိ။
နာမရူပံ အနိစ္စံ-ဒုက္ခံ-အနတ္တာ။
(၃)သံဃံ သရဏံ ဂစ္ဆာမိ။
နာမရူပံ အနိစ္စံ-ဒုက္ခံ-အနတ္တာ။
(၄)ဗုဒ္ဓ သရဏံ ဂစ္ဆာမိ။ဓမ္မံ သရဏံ ဂစ္ဆာမိ။သံဃံ သရဏံ ဂစ္ဆာမိ။
နာမရူပံ အနိစ္စံ-ဒုက္ခံ-အနတ္တာ။
(၅)အနန္တံ ဗလ၀ံ ဗုဒ္ဓံ၊အနန္တံ ဂေါစရံ ဓမ္မံ၊
အနန္တံ အရိယံ သံဃံ၊အနန္တံ ဗောဓိ မုတ္တမံ။

ဤ၅-ပုဒ်ဆုံးမှပုတီးတစ်လုံးချ၍သက်စေ့အောင်ယုံကြည်စွာနေ့စဉ်စွဲပြီးအမြဲစိတ်ပါက အသက်ရှည်ခြင်း၊
ဘုန်းတန်ခိုးအာနုဘော်ကြီးမြတ်ခြင်း၊ကြက်သရေမင်္ဂလာတိုးတက်ခြင်း၊ကြံတိုင်းအောင်း၍ဆောင်တိုင်းမြောက်
ခြင်း အစရှိသောလောကီအကျိုးတရားတို့နှင့်တကွ၊လောကုတ္တရာအကျိုးထူးတို့ကိုပါရရှိပါ၍ယုံကြည်စွာစိတ်
တော်မူပါဘုရား။ဘုရားတပည့်တော်၏ခင်ပွန်းသည်ပင်လျှင်မယုံ့တယုံစိတ်ကာမျှဖြင့်အသက်၁၅၀နေသွားရပါ
သေးတယ်ဘုရားဟုလျှောက်ထားပြီး အထက်ပါပုတီးစိတ်နည်းကိုလှူဒါန်းလေသည်။

လှူဒါန်းပြီးသောအခါဆရာတော်က သင်ဒါယိကာမလေးမှာယခုအခါအဘယ်ပညာဖြင့်အသက်မွေးမြူပါသလဲဟု
မိန့်ကြားပြန်ရာ၊တပည့်တော်မှာဆန်ကလေးများကိုရောင်းချပြီးအသက်မွေးပါသည်ဘုရားလို့လျှောက်ထားလေ
လျှင်၊ဆရာတော်ကတဖန် ဆန်တမျိုးရောင်းချရုံနှင့်အလုံးစုံပြည့်စုံပါရဲ့လားဟုမိန့်ပြန်ရာ၊ဆန်ဟာရှေးဦးတစ်ကြိမ်
ပင်ဝယ်ယူရပါသည်ဘုရား၊ဆန်လဲလျှော့သွားခြင်းမရှိသည့်အပြင်။ဆန်ဝယ်သူတို့ကလဲဆန်ဘိုးထက်မကတိုး၍
ပေးသွားကြပါသည်ဘုရားဟုလျှောက်ထားပြီး ဦးချပြန်သွားလေသည်။

ထိုကြောင့်ဤပုတီးစိတ်နည်းကိုယုံကြည်စွာစိတ်ကြပါလျှင် ဗုဒ္ဓါနုဿတိ၊ဓမ္မာနုဿတိ၊သံဃာနုဿတိကမ္မဌာန်း
ကိုနေ့စဉ်စီးဖြန်းသည်မည်ခြင်း၊သရဏဂုဏ်သုံးပါးနှင့်အရဟံဂုဏ်တော်များကိုပွားများအားထုတ်သည်မည်ခြင်း၊
နာမ်ရုပ်နှစ်ပါးကိုသိမ်းဆည်း၍အနိစ္စ၊ဒုက္ခ၊အနတ္တဆိုတဲ့လက္ခဏာယဉ်၃-ပါး၊၀ိပဿနာတရားများကိုပွားများသည်
မည်သောကြောင့်ကပ်ဆိုး၊ဘေးဆိုး၊တို့နှင့်ရင်ဆိုင်တွေ့နေရသောခေတ်ဖြစ်၍ကြီးသည်၊ငယ်သည်၊သေးသည်၊
ဟုသဘောမထားကြပဲဘုရားဖက်ကအသက်ရှည်၊တရားဖတ်ကအမြတ်ပြေ၊သံဃာဖက်က အခက်ဝေဆိုတဲ့အ
တိုင်းနိဗ္ဗာန်ကိုရည်ရွယ်စိတ်ထားနှလုံးပွား၍အမြဲစိတ်ကြလေတော့အမျိုးသား၊အမျိုးသမီးသူတော်ကောင်းတို့။ ။

မှတ်ချက်။ ။
သက်စေ့စိတ်ရမည်ဟုဆိုရာ၌ပုတီးပတ်ရေထင်မှတ်၍မစိတ်ပဲမနေပါနှင့်အုံး၊လုံးရေသက်စေ့ဖြစ်ပါသည်။(၁၅)
နှစ်ရှိသူတစ်ဦးသည်ပုတီးလုံးရေ(၁၅)အခေါက်အားဖြင့်၁၅-ခေါက်စိတ်ရပေမည်။သို့သော်အသက်ထက်
အခေါက်ပိုလျှင်သာပြီးသင့်လျှော်လေသည်။၅-မိနစ်ပိုပြီးစိတ်ပါ။သွက်သွက်ရသူအခေါက်၂၀၊နှေးနှေးရသူဖြစ်
လျှင်၁၅-ခေါက်ရနိုင်ပါသည်။ကြိုးစား၍စိတ်ကြလေကုန်။ ။

Saturday, December 18, 2010

နမောတေ ဂါထာတော်အကျိုး

နမောတေ ဂါထာ - ပါဠိ
၁။နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊
ဝိပ္ပမုတ္တော သိ သဗ္ဗဓိ၊
သမ္ဗာဓပ္ပဋိပန္နော သ္မိ၊
တဿ မေ သရဏံ ဘ၀။
၂။တထာဂတံ အရဟနံ္တ၊
စန္ဒိမာ သရဏံ ဂတော
ရာဟုစန္ဒံ ပမုဉ္စဿု၊
ဗုဒ္ဓါ လောကနု ကမ္ပကာ။ ။
ပါဠိအနက် -
၁။ဝီရ၊ လုံ့လ ကြီးမားတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ သုံးဘုံကျော်ကြား ရှင်တော်မြတ်ဘုရားအား။ နမော၊ ကာယ၀စီ မနောချီလျက် နှစ်သက်မြတ်နိုး ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ တွံ၊ ဘေးရန်ကင်းငြား ရှင်တော်မြတ်ဘုရားသည်။ သဗ္ဗဓိ၊ အလုံးစုံသော အနှောင်အဖွဲ့မှ။ ၀ိပ္ပမုတ္တော၊ ပါရမီတန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်တကူ လွတ်မြောက်တော်မူသည်။ အသိ၊ ဖြစ်ပေ၏။ တွံ၊ ရှင်တော်မြတ်ဘုရားသည်။ တဿမေ၊ ထိုဘုရား တပည့်တော်၏။ သရဏံ၊ ဘေးရန်ကင်းပ ချမ်းသာရကြောင်း မြတ်သော မှီခိုရာသည်။ ဘ၀၊ ကရုဏာမိုး သွန်းကာဖြိုးလျက် နှစ်သက်ကြည်ဖြူ ဖြစ်တော်မူပါ အရှင်ဘုရား။
၂။ရာဟု=အိုရာဟုအသူရိန်။စန္ဒိမာ=လနတ်သားသည်။အရဟန္တံ=ပူဇော်အထူးကိုခံတော်မူထိုက်သော။
တထာဂတံ=မြတ်စွာဘုရားကို။သရဏံ=မှီခိုအားထားကိုးစားစရာဟူပြီးမှီဝဲဆည်းကပ် သိမှတ်ပါ၏။စန္ဒံ=လဗိမာန်
ကို။ပမုဉ္စဿု=လွတ်လိုက်ပါလော့။ဗုဒ္ဓါ=ဘုရားရှင်တို့မည်သည်။လောကာနုကမ္ပကာ=လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါဟူ
သမျှကိုသနားသမှုကြောင့်ကြပြု၍ ဂရုစိုက်တော်မူကြပေ၏။။ရာဟု=ရာဟုအသူရိန်နတ်။တွံ=သင်သည်။
စန္ဒံ=လဗိမာန်ကို။ပမုဉ္စ=လွတ်လိုက်ပါလော့။
အထူးမှတ်ချက်။ ။စန္ဒိမာနေရာတွင် မိမိ၏အမည်ကိုအစားထိုး၍ရွတ်ဖတ်ပါ။

ဒီနမောတေ ဂါထာကို နက္ခတရောင်ခြည်မဂ္ဂဇင်း(အမှတ်၂၄၉၊ ဧပြီလ၊ ၂၀၀၇)မှာ ရေးသားခဲ့သူကတော့ ဦးအုန်းမြင့်(ဟင်္သာတ) ဖြစ်ပါတယ်။စာရေးသူအဆိုအရကတော့ လူတွေဟာ ပါပဂြိုလ်ဆိုး တစ်ခုခုကိုရောက်ရင် အဆင်မပြေတတ်ကြဘူးပါဘူးတဲ့ တနင်္ဂနွေပါပဂြိုလ်၊ အင်္ဂါပါပဂြိုလ်၊ စနေပါပဂြိုလ်၊ ရာဟုပါပဂြိုလ် စတာတွေရှိကြပြီး အဲဒီဂြိုလ်တွေကိုကျရောက်လာရင် ဆိုးကျိုးတွေနဲ့ ကြုံလာရတတ်ပါတယ် ဂြိုလ်တစ်ခုချင်းရဲ့ ဆိုးကျိုးတွေကိုသူတင်ပြထားတာတွေက များလို့ဒီမှာတော့မရေးပြတော့ပါဘူး... အကယ်၍သိချင်ကြရင်တော့ သီးသန့်ထပ်တင်ပေးပါ့မယ်...အဲဒီလိုပါပဂြိုလ်ဆိုးတွေကို ကြုံလာရင် ဒါမှမဟုတ် ဆိုးကျိုးတွေကို ပြေပျောက်စေဖို့ဆိုရင်-
၁။ မိမိကြုံတွေ့ရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ ထောင့်အရပ်ကနေပြီး ဘုရားရှင်ကို ပန်း၊ ရေ၊ ဆီမီး၊ နံ့သာတိုင်များနဲ့ ပူဇော်လှူဒါန်းပါ။၂။ မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ အညွန့်နံပန်းကို သက်စေ့ပူဇော်ပါ။၃။ နမောတေ ဂါထာတော်နဲ့ မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ ဂြိုလ်သက်အတိုင်း ပုတီးစိပ်ပါ။၎။ မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ကြီးနဲ့ သူ့ရဲ့အခြံအရံများကို မေတ္တာပို့ပါ။၅။ ဆုတောင်းခြင်း၊ အမျှဝေခြင်းကို ပြုပါ။
အဲဒါကို ပါပဂြိုလ်ရဲ့ဂြိုလ်သက်အတိုင်း ဆောင်ရွက်ပေးရမယ် ဒါဆိုရင်မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ဆိုးကျိုးတွေဟာ သက်သာသွားမှာပါ၊ကောင်းကျိုးချမ်းသာတွေ ရလာမှာပါတဲ့။
မင်းဘာများ ဤဂါထာတော်ကို ရွတ်ဆိုခြင်း၊ ပုတီးစိပ်ခြင်း များပြုလုပ်၍ မိမိတို့အတွက်သာမက မြန်မာပြည်သူပြည်သား များအတွက်ပါ မေတ္တာပို့ ဆုတောင်းကြပါစို့လား... မြန်မာပြည်သူ ပြည်သားအပေါင်းတို့ ခပ်သိမ်းသောဘေးရန်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။

Monday, November 15, 2010

ဗောဓိရုပ်ပွားတော်မြတ်နှင့်ဗောဓိညောင်ရွက်နှစ်ခွ

ကျွန်တော်ကိုးကွယ်ပူဇော်နေသောမဟာဗောဓိရုပ်ပွားတော်မြတ်နှင့်ဗောဓိညောင်ရွက်နှစ်ခွပုံပါ။
ဒီဂါထာလေးနဲ့အမြဲပူဇော်တယ်။
မဟာဗောဓိဝန္ဒနာဂါထာတော်
ဗောဓိရုက္ခော ခယံ ၀ယံ၊စတုသစ္စ၀ိဇာနနံ။
ဧက၀ုဍ္ဎိ ဧကဇာတံ၊ ဧကေကဗုဒ္ဓဖုသိတံ။
အဟံ ၀န္ဒာမိ သက္ကစံ၊ဧကပူဇံ သုခါဝဟံ။
....................................................................
သူငယ်ချင်းမိတ်ဆွေအများဖူးမြော်ရအောင်တင်ပြလိုက်ခြင်းဖြစ်ပါသည်။

Sunday, November 14, 2010

ဥဏ္ဏလုံမွေရှင်ဂါထာတော်

ဥဏ္ဏလုံမွေရှင်ဂါထာတော်
သြောင်း ဟေသုတိယှတ္ထ တိယှတ္ထ
ဗန္ဓတ္ထ ဗန္ဓတ္ထ၊နိဝါရေယျ နိဝါရေယျ
နိရုန္ဓေယျ နိရုန္ဓေယျ ဒေ၀ဒတ္တံ ဒေ၀ဒတ္တံ
သြောင်းဥဏ္ဏာမုနိ သွားဟုံဟုံ။
သြောင်း ဟတ္ထိ အဿ သီဟဗျ ဂ္ဃဒီပိ၊သံသုမာရ
ဣတ္ထိ ပုရိသ၊ဓနုသတ္တိ၊ခဂ္ဂအသနီ
သပ္ပနဂ၊ယက္ခာ ဇော်ဂနီ
သြောင်း ဂုရုတေ ဂုရုတေ၊ဆိန္ဒ န္တု၊ဆိန္ဒ န္တု၊
ဘိန္ဒန္တု ဘိန္ဒန္တု၊၀ိဓံသန္တု ၀ိဓံသန္တု
အတ္ထင်္ဂမန္တု အတ္ထင်္ဂမန္တု၊ ပလာယန္တု ပလာယန္တု
ဒေ၀ဒတ္တံ ဒေ၀ဒတ္တံ
သြောင်း ဥဏ္ဏာမုနိ အာနုဘာဝေန
သဗ္ဗ အန္တရာယာပိ ၀ိနာသန္တု။
(ခပ်သိမ်းသောအမှုကိုပြီးစေတက်သောဂါထာတော်)

Tuesday, October 19, 2010

တမူထူးခြား၊သမ္ဗုဒ္ဓေဂါထာတော်ကြီး.

ဤသမ္ဗုဒ္ဓေဂါထာတော်ကြီး.သည်ကျွန်တော်ရွတ်ဆိုနေကြပါ။လူတိုင်းရွတ်ဆိုနေကြဂါထာတော်နှင့်တမူမတူကွဲ

ပြားခြားနားပါသည်။ပါဌိလိုရေးတက်သလိုရေးလိုက်ပါတယ်။ဒီဂါထာကိုရွတ်ပြီးညပိုင်းအိမ်ပြန်လာရင်တောင်

လမ်းဘေးကနေတဖုတ်ဖုတ်နဲ့ပြေးသွားသံတွေခဏခဏကြားရပါတယ်။ကြည့်ရတာသရဲတွေပြေးသွားသလား

ပဲ။မယုံရွတ်ကြည့်။မော်လမြိုင်ကိုခဏရောက်တုန်း သရဲခြောက်တယ်ဆိုတဲ့အိမ်မှာ.အဲဒီဂါထာသုံးခေါက်ရွတ်ရ

သေးတယ် “ဘုန်းဘုန်း..တ၀ုန်းဝုန်း”နဲ့ပြေးသွားသံ၊အိမ်ပေါ်ကဆင်းပြေးသွားသံ ကြားရပါတယ်။ဒါတကယ်ပါ။

ဆင်းပြေးသံတာကြားရတယ်ဘာမှမမြင်ရပါ။

ဤဂါထာတော်ကြီးအစွမ်းကြောင့်ကြုံခဲ့ရတာတွေရေးရရင်ဖြင့်မကုန်နိုင်လောက်ဘူး။


သမ္ဗုဒ္ဓေဂါထာတော်ကြီး.

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။

ပဉ္စဿတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

ဂဂ္ဂင်္ါယံ ၀ါဠုက စုန္ဒေ၊ပယွာစေတာ ဗဟုဖုတ္လေ။

တေသံ ဓမ္မဉ္စ သံဃဉ္စအာဒရေန နမာမဟံ။

နမာကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ။

အနေကာ အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။

...................................................................

Thursday, June 24, 2010

အသိသတိအမြဲရှိပါ

မိတ်ဆွေအပေါင်း - သူတော်ကောင်းတို့
မကောင်းမှုတွေ - မပြုလေနှင့်
လူတွေမသိ - နတ်တွေသိ၏
ပြုမိလေအား - ကိုယ့်အမှားကို
သူများမသိ - ကိုယ်တိုင်သိ၏
ပြုမိခဲ့ပြန် - မိမိကံကြောင့်
ဝဋ်ပြန်ခံရ - ဆင်းရဲလှလျက်
ဘ၀တုံး၏ - ရှုံးပါ၏ဟု
အသိသတိ - အမြဲရှိလျက်
ပြုမည့်အမှု - အစုစုကို
ကောင်းမှုများတွေ - ပြုမိစေလျက်
ကောင်းမွေများသာ - စံကြပါလော့။ ။

ဦးဥတ္တမ(ပင်းမြို့)
အရှင်အရဟံမဟာဗောဓိရွှေညောင်တော်
ပင်းမြို့ဟောင်း၊နတ်မောက်မြို့နယ်၊မကွေးတိုင်း။
.......................................................................
ရောင်ပြန်မဂ္ဂဇင်း။
အမှတ်(၉၂)၊
၂၀၀၁-စက်တင်ဘာလ

Tuesday, June 22, 2010

အရဟံ ဇယံ ဂါထာတော်ကြီး

“ ဆေးစက်ကျရာ အရုပ်ထင်ဖို့ ”

“မန္တလေးတောင်အစ ခြင်္သေ့ကြီးနှစ်ကောင်က”
“မန္တလေးတောင်အဆုံး မြွေကြီးနှစ်ကောင် အပြုံး ”လို့ ဆိုတဲ့အတိုင်း

မန္တလေးတောင်ကို စတင်တက်တော့မယ်ဆိုရင် ခန့်ထယ်ကြီးမား ခြင်္သေ့ကြီးများကို စတင်တွေ့ရပါတယ်။

တက်လိုက် မောပန်းလို့ နားလိုက်နဲ့ တစ်နာရီခန့်လောက် တက်လိုက်ရတဲ့ အခါမှာတော့
မြွေကြီးနှစ်ကောင်ရှိတဲ့ တောင်ထိပ်အဆုံးကို ရောက်ပါတယ်။

အဲဒီကျမှ ပြုံးနိုင်တော့တာဖြစ်လို့မို့“မန္တလေးတောင်အဆုံး မြွေကြီးနှစ်ကောင် အပြုံး” လို့
ဆိုထားတာ နေမှာပါ။ (မိမိ အတွေးစ တစ်ခုပါ)

မန္တလေးတောင်တော်ကြီးကို အများပြည်သူ ဘုရားဖူးလို့ရအောင် လမ်းတွေဖောက်
စောင်တန်းတွေဆောက် ဘုရားတွေတည်သွားခဲ့တဲ့ ရသေ့ကြီးဦးခန္တီကို လူတိုင်းနီးပါး သိကြပါလိမ့်မယ်။

အဲဒီတုန်းက ခုခေတ်လို စက်ယန္တရား မထွန်းကားသေးတော့ တောင်ကြီးတစ်တောင် ပြီးစီးအောင်မြင်ဖို့ဆိုတာ ဘယ်လွယ်ကူပါ့မလဲ။ သာမန်ညောင်ညပုဂ္ဂိုလ်တွေ စိတ်တောင်မကူရဲတဲ့ လုပ်ငန်းစဉ်တွေဆိုပါတော့။

ဒါပေမဲ့ ဦးခန္တီလေ ။ ဦခန္တီဆိုတာ ပါရမီရှင်ပုဂ္ဂိုလ်။ ဘုန်းရှိတဲ့ပုဂ္ဂိုလ်။ ဖြစ်အောင်လုပ်တယ်။

ပါရမီရှင်တွေဆိုတာ အများအကျိုး ရွတ်သယ်ပိုးတဲ့နေရာမှာ အရိုးကြေကြေ အရေခမ်းခမ်း ဖြစ်အောင်လုပ်ပြတတ်တဲ့ ပုဂ္ဂိုလ်ထူးတွေပဲမဟုပ်လား။

ဦးခန္တီရဲ့ လုပ်ငန်းစဉ်တွေကြည့်ပြီး အင်္ဂလိပ်မင်းအစိုးရက

“ဦးခန္တီဟာ စီးပွားရေးလုပ်တာလဲမတွေ့ရဘူး ဘယ်က ပိုက်ဆံတွေရတာလဲ
ဦးခန္တီစီမှာ ငွေတုလုပ်စက် ရှိကို ရှိရမယ်” ဆိုတဲ့ သံသယတွေ ဝင်လာပြီး
ထောက်လှမ်းရေးတွေ လွှတ်လိုက်တယ်။

ဦးခန္တီစီရောက်တော့ “အေး အေး ခဏထိုင်ကြဦး ငါ ဘုရားဝတ်တက်
အဓိဌာန်ဝင်လိုက်ဦးမယ် ဆိုပြီး နာရီဝက်လောက် ဘုရားဝတ်တက်နေပါတယ်။

အင်္ဂလိပ်ထောက်လှမ်းရေးတွေကတော့ ဦးခန္တီဟာ ထွက်များပြေးမလား ဒါမှမဟုပ်
ငွေအတု လုပ်စက်ကိုအပ်ပြီး အဖမ်းခံမလားဆိုတာကို တွေးပြီး သေနတ်တွေနဲ့
စောင့်နေကြပါတယ်။

ရသေ့ကြီးဦးခန္တီ အဓိဌာန်ဝင် ဘုရားဝတ်တက်လည်းပြီးရော တောင်အောက်ကနေ
လူတွေ အဖွေးသာတက်လာကြပြီး

“ဘဘရသေ့ကြီး ဦးခန္တီ ဒါက တောင်ဘက်စောင်းတန်းအတွက်ပါ
ဒါကတော့ မြောက်ဘက်စောင်းတန်းမှာ ဘုရားတည်ဖို့ပါ ဒီဟာကတော့
ဇရပ်တွေဆောက်ဖို့ပါဆိုပြီး လင်ပန်းတွေထဲမှာ ငွေဒင်္ဂါးပြားတွေအပြည့် လာလှူကြပါတယ်။

အင်္ဂလိပ်ထောက်လှမ်းရေးတွေ ကြောင်အန်းအန်းဖြစ်ကုန်ကြပြီး ဦးခန္တီဟာ သူ့ရဲ့ဘုန်းတန်းခိုးတွေနဲ့ ဒီတောင်တော်ကြီး ဖောက်လုပ်နေတယ်ဆိုတာကို သဘောပေါက်သွားကြပါတယ်။

မြန်မာထောက်လှမ်းရေးတစ်ယောက်က ရသေ့ကြီးဦခန္တီထံ ချဉ်းကပ်ပြီးတော့

“ ဘဘ ဘုရား ..တပည့်တော်တို့လည်း အထက်ကအမိန့်တော်အတိုင်း လာကြရတာပါ၊
စိတ်မရှိပါနဲ့ဘုရား၊ ဘဘ အခုလို လုပ်ချင်တာတွေဖြစ်နေတာဟာ ဘယ်လိုမျိုး
ကျင့်စဉ်တွေကြောင့် ဖြစ်နေတာလဲဘုရား လို့လျှောက်ထားပါတယ်။

ဒီတော့  ရသေ့ကြီးက ငါကတော့ အများအကျိုး ရွတ်သယ်ပိုးမယ်ဆိုတဲ့
ပရဟိတစိတ်ဓာတ်တွေနဲ့ ဟောဒီ အရဟံ ဇယံ ဂါထာတော်ကို အမြဲရွတ်ပွားခဲ့တာပဲ၊

ဒါ့ကြောင့် အခုလို ဒီတောင်တော်ကြီးကို ပြီးစီးအောင်မြင်အောင် ဖောက်လုပ်နိုင်တာလို့ မိန့်လိုက်ပါတယ်။

ကဲ.. ရသေ့ကြီး ဦးခန္တီကတော့ မန္တလေးတောင်တော်ကြီးကို ပြီးစီးအောင်မြင်အောင်
ဖောက်လုပ်နိုင်တာဟာ အရဟံ ဇယံ ဂါထာရဲ့တန်းခိုးသတ္တိကြောင့်လို့ ပြောပြနေပါလား။

မိမိတို့တတွေလည်း ကိုယ်လုပ်ချင်တာတွေ ပြီးစီးအောင်မြင်ဖို့ ဆေးစက်ကျရာ အရုပ်ထင်ဖို့
အရဟံ ဇယံ ဂါထာကို ရွတ်ပွားကြပါစို့။

အော် ပြောဘို့မေ့နေသေးတယ်။ အရဟံ ဇယံ ဂါထာကို ရွတ်ပွားတော့မယ်ဆိုရင်
အများအကျိုးရွတ်သယ်ပိုးမယ်ဆိုတဲ့ ပရဟိတစိတ်ဓာတ်လေးထားပြီး ရွတ်ဆိုဘို့လည်း
မမေ့နဲ့ဦးနော်။

ဒါမှ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာမှာ။ ဆေးစက်ကျရာ အရုပ်ထင်လာမှာ။
ယုံယုံ ကြည်ကြည်သာ ရွတ်ပွားသရဇ္ဈယ်ကြည့်ပါလို့ စေတနာစကား ပါးလိုက်ပါတယ်။
အရှင်ကောသလ္လ(မစိုးရိမ်)
နေ့လည် ၁၂..၃၅
.........................................................
အရဟံ ဇယံ ဂါထာတော်ကြီး

အရဟံ၊ဗဟိအန္တဇယံ၊သုဂတံ၊ အ,မိတံ၊ဝိရဇံ၊လ,လိတံ၊အ,တုလံ ။

စရဏံ၊တိဘဝူပသမံ၊ယမကံ၊ သုခ,ဒံ၊သရဏံ၊ပ,နမာမိ၊ဇိနံ။

အရဟံ= လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ဝပ်စင်းကော်ရော် ပူဇော်အထူးကို
ခံယူတော်မူထိုက်ပါပေထသော။

အရဟံ= လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို
ခံယူတော်မူထိုက်ပါပေထသော။

ဗဟိ အန္တဇယံ= အတွင်းရန် အပြင်ရန်တို့ကို အတန်တန် အောင်တော်မူပြီးထသော။

သုဂတံ= ကောင်းသောစကားကို ဆိုတော်မူတတ်ပါပေထသော။

သုဂတံ = ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတော်မူတတ်ပါပေထသော။

အ,မိတံ = မနှိုင်းယှဉ်အပ်သော ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူပါပေထသော။

ဝိရဇံ= ရာဂအစရှိသော ကိလေသာမြူ ကင်းတော်မူပါပေထသော။

လ,လိတံ= ရောင်ခြည်ခြောက်သွယ်ဖြင့် ကွန့်မြူးစံပါယ် တင့်တယ်တော်မူပါပေထသော။

အ,တုလံ= သီလအစရှိသော ဂုဏ်တော်တို့ကြောင့် တစ်စုတစ်ယောက်သောသူနှင့်
တူတော် မမူပါပေထသော။

စရဏံ = နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းနှင့်ပြည့်စုံတော်မူပါပေထသော။

တိဘဝူပသမံ= ဘဝသုံးပါး ဘုံသုံးပါးတို့၌ ကိလေသာအပူမီးတို့ကို ငြိမ်းအေးစေတော်
မူနိုင်ပါပေထသော။

ယမကံ= ရေ မီး အစုံအစုံ အစရှိသော တန်းခိုးပြာဋိဟာတို့ကို ပြခြင်းငှါ
စွမ်းနိုင်တော်မူပါပေထသော။

သုခ,ဒံ=လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့ကို ပေးတော်မူတတ်ပါပေထသော။

သရဏံ= လူ နတ် နဂါး သိကြား ဗြဟ္မာ သတ္တဝါဝေနေ များဗိုလ်ခြေတို့၏
အားထား ကိုးကွယ်ရာအစစ် ဧကန်ဖြစ်တော်မူပါပေထသော။

ဇိနံ= မာရ်ငါးပါးကို အောင်မြင်တော်မူပြီးသော မြတ်စွားဘုရားကို။

အဟံ= ဘုရားတပည့်တော်သည်။

ပ,နမာမိ= ကိုင်းညွှတ်ရိုကျိုး သဒ္ဓါမိုး၍ ရှိခိုးကန့်တော့ပါ၏ မြတ်စွာဘုရား။
...............................................................................................................
http://www.srimingalar.com မှကူးယူဖော်ပြပါသည်။

Thursday, June 10, 2010

သဗ္ဗမင်္ဂလာဂါထာတော်

ဒိဝါတပတိ
သဗ္ဗမင်္ဂလာဂါထာတော်


ဒိဝါ တပတိ အာဒိစ္စော ၊ရိတ္တိမာဘာတိ စန္နိမာ။
သန္နဒ္ဓေါ ခတ္တိယော ဘာတိ၊ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။
ဤမှန်ကန်သောသစ္စာစကားကြောင့်အရာခပ်သိမ်းအောင်မြင်ရပါစေသား။
............................................
နေမင်းသည် နေ့အခါ၌သာတောက်ပ၏။
လမင်းသည် ညအခါ၌သာတောက်ပ၏။
ရှင်ဘုရင်သည်မင်းမြှောက်တန်ဆာဆင်ယင်ထားမှသာတောက်ပ၏။
ရဟန္တာသည်ဈာန်ဝင်စားနေမှသာတောက်ပ၏
မြတ်စွာဘုရားသည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့်
အချိန်တိုင်းတောက်ပ၏။ ။
ဤမှန်ကန်သောသစ္စာစကားကြောင့်အရာခပ်သိမ်းအောင်မြင်ရပါစေသား။
........................................................................
ဤဂါထာသည်မြတ်စွာဘုရားကိုယ်တော်တိုင်မိန့်ကြားခဲ့သော
ဂါထာတော်ဖြစ်သောကြောင့်အလွန်အစွမ်းထက်လှသည်။
နေ့စဉ်ရွတ်ဖတ်ပူဇော်ပါက စီပွား၊လတ်လာဘရွှင်လန်းစေပါသည်။
ယုံကြည်စွာကိုးကွယ်ပူဇော်ရွတ်ဆိုကြပါရန်....နိုးဆော်အပ်ပါသည်။
.............................................................
ဒေါင်းမင်း

Tuesday, June 8, 2010

တန်ပြန်ဂါထာတော်(၀ါ)အဌာနမေတံ(၀ါ)သဗ္ဗသိဒ္ဓိ ဂါထာတော်

တန်ပြန်ဂါထာတော်(၀ါ)အဌာနမေတံ(၀ါ)သဗ္ဗသိဒ္ဓိ ဂါထာတော်
အဌာနမေတံ ဘိက္ခဝေ အန၀ကာသော။
ယံပရူပက္ကမေန တထာဂတံ ဇီဝိတာဝေါရောပေယျ။
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ။
ဧတေန သစ္စ၀ဇ္ဖေန၊ သွတ်ထိမေဟောတု သဗ္ဗဒါ။
..........................................
ဂါထာတော်အနက်
ဘုရားရှင်တို့မည်သည် သူတပါးတို့၏လုံ့လ
ပယောဂဖြင့်သေရိုးထုံးစံမရှိ။
အချိန်တန်မှသာ အလိုအလျှောက်
ပရိနိဗ္ဗာန် စံတော်မူကြသည်။


ဤဂါထာတော်သည်အလွန်အစွမ်းထက်မြတ်သောဂါထာတော်ဖြစ်ပါသည်။ကျွန်တော်၏ကိုယ်တွေ့ဖြစ်ပါသည်။
ကျွန်တော်အားဤဂါထာအားပေးသောဆရာတော်မှာ မကွေးတိုင်းနတ်မောက်မြို့နယ်၊ပင်းမြို့ဟောင်း၊
ရှင်အရဟံမဟာဗောဓိရွှေညောင်တော်၊ပုဗ္ဗာရုံကျောင်းတိုက်မှဆရာတော်ဦးဥတ္တမဖြစ်ပါသည်။ဤဂါထာသည်
စုန်း၊အမှောင့်ပယောဂ၊အင်းပယောဂ၊စသည်တို့ဖြင့်ပြုစားခံရထားပါကဤဂါထာတော်အားနေ့စဉ်သက်စေ့
ရွတ်ဖတ်ပူဇော်ခြင်းဖြင့်ထိုပြုစားသူတို့ထံတန်ပြန်သက်ရောက်ပါသည်။ကျွန်တော်၏ကိုယ်တွေ့ဖြစ်ပါသည်။
ဤဂါထာအားကျွန်တော်သည်ယုံကြည်စွာဖြင့်ရွတ်ဖတ်ပူဇော်သည်အချိန်မှစပြီးခွေးကိုက်သည်ပင်မည်သည့်
ဒဏ်ရာမှမရခဲ့ပါယခုအချိန်ထိဖြစ်ပါသည်။ဤဂါထာမှာမြတ်စွာဘုရားကိုယ်တော်တိုင်နုတ်မှရွတ်ဆိုခဲ့သော
ဂါထာတော်ဖြစ်ပါသည်။ယုံကြည်စွာဖြင့်အားလုံးသောမိတ်ဆွေများရွတ်ပွားပူဇော်စေချင်သောရည်ရွယ်
ချက်ဖြင့်တင်ပြပေးလိုက်ပါသည်။
.................................................................................................................................................................
ကျွန်တော်ဘလော့ရေးသားချင်းကိုရပ်ထားသည်မှာတော်တော်လေးကြာနေပြီလေ။ထိုဘလော့ရေးသားချင်း
ရပ်သားထားသောအချိန်အတွင်းမှာကျွန်တော်လေ့လာမှတ်သားခဲ့သည်များကိုပြန်လည်ပြီးတင်ပြပေးပါမည်။
အခုတော့.....
ဒေါင်းမင်း

Friday, December 18, 2009

နမောတေ ဂါထာ ၏အကျိုး

နမောတေ ဂါထာ - ပါဠိ
၁။နမော တေ ဗုဒ္ဓ ၀ီရတ္ထု၊
ဝိပ္ပမုတ္တော သိ သဗ္ဗဓိ၊
သမ္ဗာဓပ္ပဋိပန္နော သ္မိ၊
တဿ မေ သရဏံ ဘ၀။
၂။တထာဂတံ အရဟနံ္တ၊
စန္ဒိမာ သရဏံ ဂတော
ရာဟုစန္ဒံ ပမုဉ္စဿု၊
ဗုဒ္ဓါ လောကနု ကမ္ပကာ။ ။
ပါဠိအနက် -
၁။ဝီရ၊ လုံ့လ ကြီးမားတော်မူသော။ ဗုဒ္ဓ၊ ရှင်တော်မြတ်ဘုရား။ တေ၊ သုံးဘုံကျော်ကြား ရှင်တော်မြတ်ဘုရားအား။ နမော၊ ကာယ၀စီ မနောချီလျက် နှစ်သက်မြတ်နိုး ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်ပါစေသတည်း။ တွံ၊ ဘေးရန်ကင်းငြား ရှင်တော်မြတ်ဘုရားသည်။ သဗ္ဗဓိ၊ အလုံးစုံသော အနှောင်အဖွဲ့မှ။ ၀ိပ္ပမုတ္တော၊ ပါရမီတန်ခိုးနှင့် ပယ်နှိမ်ချိုးသဖြင့် လွယ်လင့်တကူ လွတ်မြောက်တော်မူသည်။ အသိ၊ ဖြစ်ပေ၏။ တွံ၊ ရှင်တော်မြတ်ဘုရားသည်။ တဿမေ၊ ထိုဘုရား တပည့်တော်၏။ သရဏံ၊ ဘေးရန်ကင်းပ ချမ်းသာရကြောင်း မြတ်သော မှီခိုရာသည်။ ဘ၀၊ ကရုဏာမိုး သွန်းကာဖြိုးလျက် နှစ်သက်ကြည်ဖြူ ဖြစ်တော်မူပါ အရှင်ဘုရား။
၂။ရာဟု=အိုရာဟုအသူရိန်။စန္ဒိမာ=လနတ်သားသည်။အရဟန္တံ=ပူဇော်အထူးကိုခံတော်မူထိုက်သော။
တထာဂတံ=မြတ်စွာဘုရားကို။သရဏံ=မှီခိုအားထားကိုးစားစရာဟူပြီးမှီဝဲဆည်းကပ် သိမှတ်ပါ၏။စန္ဒံ=လဗိမာန်
ကို။ပမုဉ္စဿု=လွတ်လိုက်ပါလော့။ဗုဒ္ဓါ=ဘုရားရှင်တို့မည်သည်။လောကာနုကမ္ပကာ=လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါဟူ
သမျှကိုသနားသမှုကြောင့်ကြပြု၍ ဂရုစိုက်တော်မူကြပေ၏။။ရာဟု=ရာဟုအသူရိန်နတ်။တွံ=သင်သည်။
စန္ဒံ=လဗိမာန်ကို။ပမုဉ္စ=လွတ်လိုက်ပါလော့။
အထူးမှတ်ချက်။ ။စန္ဒိမာနေရာတွင် မိမိ၏အမည်ကိုအစားထိုး၍ရွတ်ဖတ်ပါ။

ဒီနမောတေ ဂါထာကို နက္ခတရောင်ခြည်မဂ္ဂဇင်း(အမှတ်၂၄၉၊ ဧပြီလ၊ ၂၀၀၇)မှာ ရေးသားခဲ့သူကတော့ ဦးအုန်းမြင့်(ဟင်္သာတ) ဖြစ်ပါတယ်။စာရေးသူအဆိုအရကတော့ လူတွေဟာ ပါပဂြိုလ်ဆိုး တစ်ခုခုကိုရောက်ရင် အဆင်မပြေတတ်ကြဘူးပါဘူးတဲ့ တနင်္ဂနွေပါပဂြိုလ်၊ အင်္ဂါပါပဂြိုလ်၊ စနေပါပဂြိုလ်၊ ရာဟုပါပဂြိုလ် စတာတွေရှိကြပြီး အဲဒီဂြိုလ်တွေကိုကျရောက်လာရင် ဆိုးကျိုးတွေနဲ့ ကြုံလာရတတ်ပါတယ် ဂြိုလ်တစ်ခုချင်းရဲ့ ဆိုးကျိုးတွေကိုသူတင်ပြထားတာတွေက များလို့ဒီမှာတော့မရေးပြတော့ပါဘူး... အကယ်၍သိချင်ကြရင်တော့ သီးသန့်ထပ်တင်ပေးပါ့မယ်...အဲဒီလိုပါပဂြိုလ်ဆိုးတွေကို ကြုံလာရင် ဒါမှမဟုတ် ဆိုးကျိုးတွေကို ပြေပျောက်စေဖို့ဆိုရင်-
၁။ မိမိကြုံတွေ့ရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ ထောင့်အရပ်ကနေပြီး ဘုရားရှင်ကို ပန်း၊ ရေ၊ ဆီမီး၊ နံ့သာတိုင်များနဲ့ ပူဇော်လှူဒါန်းပါ။၂။ မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ အညွန့်နံပန်းကို သက်စေ့ပူဇော်ပါ။၃။ နမောတေ ဂါထာတော်နဲ့ မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ ဂြိုလ်သက်အတိုင်း ပုတီးစိပ်ပါ။၎။ မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ကြီးနဲ့ သူ့ရဲ့အခြံအရံများကို မေတ္တာပို့ပါ။၅။ ဆုတောင်းခြင်း၊ အမျှဝေခြင်းကို ပြုပါ။
အဲဒါကို ပါပဂြိုလ်ရဲ့ဂြိုလ်သက်အတိုင်း ဆောင်ရွက်ပေးရမယ် ဒါဆိုရင်မိမိရောက်ရှိနေတဲ့ ပါပဂြိုလ်ရဲ့ဆိုးကျိုးတွေဟာ သက်သာသွားမှာပါ၊ကောင်းကျိုးချမ်းသာတွေ ရလာမှာပါတဲ့။
မင်းဘာများ ဤဂါထာတော်ကို ရွတ်ဆိုခြင်း၊ ပုတီးစိပ်ခြင်း များပြုလုပ်၍ မိမိတို့အတွက်သာမက မြန်မာပြည်သူပြည်သား များအတွက်ပါ မေတ္တာပို့ ဆုတောင်းကြပါစို့လား... မြန်မာပြည်သူ ပြည်သားအပေါင်းတို့ ခပ်သိမ်းသောဘေးရန်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။

Friday, July 10, 2009

ဂုဏ်တော်ကိုးပါးလေးဆယ့်ငါး

ဂုဏ်တော်ကိုးပါးလေးဆယ့်ငါး

၁။အရဟံ+ဘဂ၀ါ
(ဂုဏ်တော်နှစ်ပါးကိုရွတ်ဆိုအာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၁၀)ပတ်စိပ်ပါ)
၂။သမ္မာသမ္ဗုဒ္ဓေါ+ဗုဒ္ဓေါ
(ဂုဏ်တော်နှစ်ပါးကိုရွတ်ဆိုအာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၁၀)ပတ်စိပ်ပါ)
၃။ဝိဇ္ဇာစရဏသမ္ဗန္နော+သတ္တာဒေ၀မနုသာနံ
(ဂုဏ်တော်နှစ်ပါးကိုရွတ်ဆိုအာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၁၀)ပတ်စိပ်ပါ)
၎။သုဂတော+အနုတ္ထရောပုရိသဓမ္မသာရထိ
(ဂုဏ်တော်နှစ်ပါးကိုရွတ်ဆိုအာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၁၀)ပတ်စိပ်ပါ)
၅။လောက၀ိဒူ
(ဂုဏ်တော်တပါးတည်းရွတ်ဆို
အာရုံပြုကာတစ်ရာ့ရှစ်လုံးပုတီးဖြင့်(၅)ပတ်စိပ်ပါ)

ခြေလေးချောင်းသားရှောင်နိုင်လျှင် ပိုကောင်းဧ။်
သက်သက်လွတ်စားနိုင်ပိုပြီး ကောင်းဧ။်..
သီလလုံရမည်ပုတီးစိပ်စဉ်အတွင်း...

--
ဒေါင်းမင်း

Monday, March 2, 2009

ဘိုးဘွားအမွေအန္တရာယ်ကင်းဂါထာတော်


ဘုရားဟူက မောက္ကလူ“နှစ်ဆယ့်လေး”
တရားဟူက ဘာလိကွေး“လေးဆယ့်ငါး”
သံဃာဟူက သံချပ်ဝတ်“ခြောက်ဆယ့်ခုနှစ်”
“ဓူတင်တေရဿကိုကျင့်ဆောင်တော်မူသောငါတို့ရှင်မဟာကဿပကြီး
ကျိန်းစက်တော်မူသည်။ရန်သူဟူသမျှရှောင်လေ၊ရှားလေ၊ဖယ်လေ။”
.................................................................................................
.........................................................................
.................................................................................................
ဤဂါထာတော်မြတ်ကြီးဟာရတနာသုံးပါးရဲ့အားကိုအသေးစိတ်သချာင်္ဂဏန်းတွေနဲ့ဖွဲနွဲ့သီကုံးထားပါတယ်။
ပါဌိဂါထာသက်သက်မဟုတ်ပါဘူး။ရှေးသူတော်စင်တွေရေးဖွဲသီးကုံးခဲ့ဟန်တူပါတယ်။ပုံနှိပ်မှုနဲ့ဘုရားရှိခိုး
စာအုပ်တွေမှာမတွေ့ရပါဘူး။ဒီဂါထာဟာတိုတိုလေးပါ။အရေးကြုံလာရင်တရစပ်ရွတ်ဆိုခြင်းဖြင့်ဘေးရန်
အပေါင်းကလွတ်ကွင်းစေပါသည်။ယုံကြည်စွာရွတ်ဆိုပွားများနိုင်ပါစေ။
ဒေါင်းမင်း

သုသုကရဲ့အစွမ်းထက်မြတ်သောဂါထာတော်များစာအုပ်မှဖော်ပြပါသည်။

Saturday, January 17, 2009

သရဏဂုံတည်ခြင်းအကျိုး

သရဏဂုံတည်ခြင်းအကျိုး
ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတစ်သိန်း ထက်၌
ဆန္ဒ၀တီပြည်တွင် မိအို၊ ဖအိုတို့ကို ပြုစုလုပ်ကျွေးနေသော အမျိုးကောင်းသား တစ်ဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တစ်နေ့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်နိဿာမထေရ်ထံသို့ ရိုသေစွာ သွားရောက်ကာ .. .." ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမံ္မသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ " ဟု ရွတ်ဆို၍ သရဏဂုံဆောက်တည်၏။ထိုအမျိုးသားကောင်းသည် အနှစ်တစ်သိန်း ကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်၍ (၈)ပါးသော အကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး (၈)ပါးတို့မှာ-(၁)နေရာမရွေး အပူဇော်ခံရခြင်း။(၂)ဥာဏ်ပညာ လွန်စွာထက်မြက်ခြင်း။(၃)များစွာသော စည်းစိမ်းချမ်းသာ ရှိခြင်း။(၄)အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။(၅)အသားအရောင် ရွှေအဆင်းကဲ့သို့ တောက်ပခြင်း။(၆)အရာရာ မိမိအလိုကျဖြစ်ခြင်း။(၇)မိတ်ပျက်ခြင်းမရှိ၊ မိတ်ဆွေပေါခြင်း။(၈)ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်း တို့ဖြစ်သည်။ထိုဘဝမှ စုတေပြီးသောအခါ သိကြားမင်းအဖြစ်အကြိမ်(၈၀)၊ စကြာမင်းအဖြစ် (၇၅)ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည်။ နောက်ဆုံး ဂေါတမ မြတ်စွာဘုရားလက်ထက်တွင် သာဝတ္တိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်တွင် လူအဖြစ် ရရှိခဲ့သည်။ ထို့နောက် (၇)နှစ်သားအရွယ်၌ ရဟန္တာတစ်ပါးထံ သရဏဂုံ ဆောက်တည်စဉ် မိမိကမ္ဘာတစ်သိန်းက ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိသဒ္ဓါဖြစ်ကာ ၀ိပဿနာဥာဏ်စဉ်ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။ဂေါတမမြစ်စွာဘုရားသည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူသည်။ သရဏဂုံတည်ခြင်း အကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်း ပြု၍ ထိုရဟန္တာအရှင်ကို "တိသရဏဂမနိယထေရ်" ဟု ဘွဲ့မည်ပေးခဲ့သည်။(အပဒါနပါဠိ၊ ပ-၃၊ သု ဘူတိဝဂ်။)

အောင်မြေhttp://aung-myay.blogspot.com/ဘလော့မှတစ်ဆင့်ကူးယူဖော်ပြသည်။