ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Monday, October 24, 2011

ပိုပြီးပြည့်စုံသောပုဗ္ဗဏှသုတ်တော်။



ပုဗ္ဗဏှသုတ်

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။

၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။

၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။

၎။ ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
ဗုဒ္ဓါ နုဘာဝေန ၀ိပက္ကမေန္တု။

၅။ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
ဓမံ္မွနုဘာဝေန ၀ိပက္ကမေန္တု။

၆။ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
သံဃာ နုဘာဝေန ၀ိပက္ကမေန္တု။

၇။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၀။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၁။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၂။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၃။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၅။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၆။ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

၁၇။အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

၁၈။သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

၁၉။ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

၂၀။ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၂၁။တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ

၂၂။တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၂၃။ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
ဘယပ္ပတ္တာ စ နိဗ္ဘယာ။ဟောန္တု သဗ္ဗေပိ ပါဏိနော။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

၂၄။ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

၂၅။ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။

………………………………………………………………………………………………

ဘာသာပြန်

……….

၁-၂-၃) အကြင်မကောင်းသော နိမိတ်သည်လည်း ကောင်း၊ အကြင်အမင်္ဂလာသည်လည်းကောင်း၊ ငှက်ဆိုး ၏ နှစ်သက်ဖွယ်မရှိသော အကြင်အသံသည်လည်း ကောင်း၊ အကြင်ပါပဂြိုလ်သည်လည်းကောင်း၊ နှစ်လိုဖွယ် မရှိသော အကြင်မကောင်းသော အိပ်မက်သည်လည်း ကောင်းရှိကုန်၏၊ ထိုမကောင်းသော နိမိတ်စသည်တို့ သည် ဘုရားမြတ်တို့၏ အာနုဘော်ကြောင့် (တရားတော် တို့၏ အာနုဘော်ကြောင့်၊ သံဃာတော်တို့၏ အာနုဘော် ကြောင့်) အလျင်းမရောက် ကင်းပျောက်ခြင်းသို့ ရောက်ပါ စေကုန်သတည်း။

ကိုယ်တော်အား ဉာဏ်တော်အားကို ရပိုင်တော် မူကြကုန်သော ဘုရားရှင်တို့နှင့် ပစ္စေကဗုဒ္ဓါတို့၏ အစွမ်း အာနုဘော်ဖြင့်လည်းကောင်း ရဟန္တာတို့၏ တန်ခိုးအာနု ဘော်ဖြင့်¤င်း အခါခပ်သိမ်း အကာအကွယ် အစောင့် အရှောက်ကို ငါဖွဲ့၏။

လူ့ပြည် နဂါး ဂဠုန်စသောပြည် နတ်ပြည် ဗြဟ္မာပြည်တို့၌ ရှိသမျှကောင်းမြတ်သော ရတနာတို့တွင် မြတ်စွာဘုရား (တရားတော်၊ သံဃာတော်)နှင့် တူသော ရတနာကား မရှိနိုင်သည်သာ၊ ဘုရားမြတ် (တရားမြတ် သံဃာမြတ်)၌ ရတနာ၏ အဖြစ်နှစ်သက်ဖွယ် ဂုဏ်ရည် ကား ထူးခြားကောင်းမြတ်လှပါပေသည်၊ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေသတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော တရားတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော သံဃာတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

မဟာကရုဏာရှင် မြတ်စွာဘုရားသည် သတ္တဝါ အလုံးစုံတို့၏ အကျိုးစီးပွားအတွက် ပါရမီတော်အလုံးစုံ အကုန်ဖြည့်ကျင့်တော်မူပြီးလျှင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်တို့ကို ရတော်မူခဲ့သည်၊ ဤသစ္စာ စကားကြောင့် သင့်အားအခါခပ်သိမ်း ချမ်းသာခြင်း ဖြစ်ပါစေ။

သာကီဝင်မင်းတို့၏ နှစ်သက်ခြင်းကို တိုးပွားစေ တတ်သော ရှင်တော်မြတ်ဘုရားသည် ဗောဓိပင်အနီး အပရာဇိတပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူ သကဲ့သို့ ထို့အတူ သင်သည် ဘေးရန်ခပ်သိမ်းကို အောင်မြင်ပါစေ၊ အောင်ကြောင်းမင်္ဂလာတို့ကို သင်ပြီး မြောက်အောင်မြင်ပါစေ။

ဘုရားရှင်မှန်သမျှတို့၏ ဗုဒ္ဓါဘိသေက ခံယူရာ မြေတကာတို့၏ အထွတ်အထိပ် အလွန်တင့်တယ် ကောင်းမြတ် မြေအရပ်ဖြစ်သော အပရာဇိတပလ္လင်၌ ထွတ်ဖျားတိုင်မြောက် ဘုရားအဖြစ်သို့ရောက်သော ရှင်တော်မြတ်သည် အလွန်ရွှင်လန်း ဝမ်းမြောက်တော် မူရသကဲ့သို့ သင်လည်း အထက်တန်းရောက်ကာ ဝမ်းမြောက်ရွှင်လန်းပါစေ။

သုစရိုက်ကျင့်ရာ နေ့အခါကား ကောင်းသော နက္ခတ်၊ ကောင်းသောမင်္ဂလာချည်းသာ၊ ကောင်းသော မိုးလင်းရခြင်း၊ ကောင်းသော အိပ်ရာမှထရခြင်း၊ ကောင်း သောခဏ၊ ကောင်းသောမုဟုတ်(အချိန်)ချည်းသာ ဖြစ်သည်၊ ထိုနေ့၌ အကျင့်ကောင်းရှိသူ ပုဂ္ဂိုလ်တို့၌ လှူရသောအလှူမှာ ကောင်းသော လှူဒါန်းပူဇော်ရခြင်း ဖြစ်သည်။

သုစရိုက်ကျင့်ရာ နေ့အခါ၌ ထိုသူ၏ ကာယ ကံမှု၊ ဝစီကံမှု၊ မနောကံမှု မှန်သမျှသည် တိုးတက် ကြီးပွားကြောင်း အကောင်းအမြတ်ချည်းသာတည်း၊ ထိုသုစရိုက်ကျင့်သူ၏ ကံသုံးပါးတို့ကား တိုးတက် ကြီးပွားကြောင်း ကောင်းမှု၌ထားခြင်း မည်၏။

တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်သောကံ သုံးပါးတို့ကို ပြုကြကုန်၍ ကောင်းမြတ်သော အကျိုးတို့ကို ရရှိကြကုန်၏၊ သင်တို့သည် ကောင်းကျိုးကို ရရှိကြ ကုန်သည်၊ ချမ်းသာခြင်းရှိကြကုန်သည်၊ ဘုရားရှင် သာသနာတော်၌ တိုးတက်စည်ကား ကြီးပွားကြကုန် သည်ဖြစ်၍ ဆွေမျိုးအပေါင်းနှင့်တကွ အနာရောဂါ ကင်းရှင်း ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်ဖြစ်ကြ စေကုန်သတည်း။

ဆင်းရဲဒုက္ခကြုံတွေ့နေရသော သတ္တဝါမှန်သမျှ ဆင်းရဲဒုက္ခကင်းကြပါစေ၊ ဘေးအန္တရာယ် ဆိုက်ရောက် နေကြရသော သတ္တဝါမှန်သမျှ ဘေးအန္တရာယ်ကင်း ကြပါစေ၊ စိတ်သောကရောက်လျက်ရှိကြသော သတ္တဝါ မှန်သမျှ စိတ်သောက ကင်းဝေးကြပါစေ။

ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ငါတို့ ကောင်းစွာ ဆည်းပူးအပ်သော ကောင်းမှု၏ပြည့်စုံခြင်းကို အလုံးစုံသော နတ်တို့သည် စည်းစိမ်ချမ်းသာ အကုန် ပြည့်စုံဖို့ရာ သာဓုအနုမောဒနာ ပြုကြပါကုန်လော့။

ရတနာသုံးတန် ကံ ကံ၏အကျိုးကို ယုံကြည် ကြကုန်၍ အလှူဒါနကို ပေးလှူကြကုန်လော့၊ အခါမလပ် သီလကို စောင့်ရှောက်ကြကုန်လော့၊ သမထ ဝိပဿနာ ဘာဝနာ၌ ပျော်ပိုက်ကြကုန်လော့၊ တရားနာလာရောက် ကြကုန်သော နတ်တို့သည် နေရင်းဌာနသို့ ပြန်ကြပါ ကုန်လော့။

Friday, October 14, 2011

သမ္ဗုဒ္ဓေဂါထာတော်မြတ်

ကျွန်တော်အမြဲရွတ်ဆိုနေသောသမ္ဗုဒ္ဓေဂါထာအားမိတ်ဆွေများကြည်ညိုနိုင်ရန်တင်ပြပေးလိုက်ပါသည်။
လူတိုင်းရွတ်ဆိုနေကြသောသမ္ဗုဒ္ဓေဂါထာတော်နှင့်မတူပါဘူး။သမ္ဗုဒ္ဓေဂါထာတော်ရဲ့အကျိုးကျေးဇူးတွေ
တော့ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။

သမ္ဗုဒ္ဓေဂါထာတော်မြတ်
သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ ဗဟုဖုလ္လေ၊
၊တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

အဋ္ဌ၀ီသံ - သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဟိတ် အောင်ဘိသိက်ဖြင့် နှစ်ကျိပ်ရှစ်ဆူကုန်သော သမ္ဗုဒ္ဓေ စ-တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း။ ဒွါဒသဉ္စသဟဿကေ - နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျှောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေစ - လရောင်ပမာ ဉာဏ် ရောင်ဝါဖြင့် သစ္စာပွင့်လွင်း တရားမင်းတို့ကိုလည်းကောင်း။ ပဉ္စသတသဟဿာနိ - သောင်းတိုက်စကြာဝဠာ ဂုဏ်ဝါကျော်ဟိန်း ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ-နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ ကိုလည်းကောင်း။ ဂင်္ဂါယံ - ဂင်္ဂါမြစ်ထဲ၌၊ ၀ါဠုကာစုဏ္ဏေ - သဲလုံးမက များပြားလှစွာသော။ ဗဟုဖုလ္လေ-များပြား လှစွာသော ကုသိုလ်ကောင်းမှုများကို ဖျက်ဆီးတတ်ကုန်သော တစ်ထောင့်ငါးရာ ကိလေသာမာရ်ကိုယ်တွင်း ရန်တို့ကို ၊ ပရာဇေတွာ - ဆုံးရှုံးကျဆင်းစေ၊ အမြစ်ပြတ်ရှင်းလင်းစေ၍၊ အာဒရေန - ရိုသေမြတ်နိုးစွာ၊ အဟံ တ ပည့်တော်သည်၊ နမာမိ - မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား။ တေသံ - ထိုငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ် ဆူကုန်သော ဘုရားရှင်တို့၏ ၊ ဓမ္မဉ္စ - မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ပါးသောတရားတော် မြတ်တို့ကိုလည်းကောင်း၊ သံဃဉ္စ- အရိယာရှစ်ပါး သံဃာတော်များနှင့် သမုတိသံဃာတော်အရှင်သူမြတ်တို့ အားလည်းကောင်း ၊ အဟံ - တပည့်တော်သည်၊ အာဒရေန ရိုသေစွာ၊ နမာမိ - မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား။ နမက္ကာရာနုဘာဝေန - ရှိခိုးပူဇော် ဖူးမြော်ပါရ ကုသလ၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်၊ သဗ္ဗေ ခပ် သိမ်းကုန်သော၊ ဥပဒ္ဒဝေ - ဘေးဥပဒ်ရန်စွယ် အန္တရာယ်ဟူသမျှတို့သည်။ ဟိတွာ - ပယ်စွန့်ကြကုန်၍၊ အနေက အန္တရာယာပိ - တစ်ပါးမက များလှစွာသော အန္တရာယ်ဟူမျှတို့သည်လည်း ၊ အသေသတော မကြွင်းအကျန်မရှိ သောအားဖြင့်၊ ၀ိနဿန္တု - ကင်းစင်လွင့် ပျောက်ပါစေသတည်း..။ (ဆီလျှော်အောင် ဘာသာပြန်လိုက်ပါသည်)

Monday, October 10, 2011

ပုဗ္ဗဏှသုတ်

အခုအချိန်အခါသည်ကမ္ဘာတစ်ဝန်းတွင်သဘာဝဘေးအန္တရယ်များဖြစ်ပွားနေပါတယ်။ဒါကြောင့်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့ဘုရား၊တရား၊သံဃာ၊ရတနာသုံးနှင့်မိဘ၊ဆရာတို့ကိုမမေ့ကြရန်တိုက်တွန်း
လိုပါတယ်။

ပုဗ္ဗဏှသုတ်

ပုဗ္ဗဏှသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား

ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်၊ ကံဇာတာနိမ့်နေခိုက် အထူးရွတ်ရန်သင့်သည်၊ လုပ်သမျှလုပ်ငန်း အထစ်ထစ် အငေါ့ငေါ့ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်၊ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင် အောင် ဆောင်ရွက်လိုသောအခါ မလုပ်မီ ဤသုတ်ကို သရဇ္ဈယ်ပါ၊ မုချအောင် ပါလိမ့်မည်။

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။

၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။

၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။

၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။

၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။

၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။

၎။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

၎။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံး ထိုဘေးအန္တရာယ်မှ ကင်းလွတ်ကြပါစေ၊ စိုးရိမ်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။

၅။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။

၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။

၆။ အရာရာပြည့်စုံမှု ချမ်းသာမှုရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ၊ ကမ္မဋ္ဌာန်း ဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။

၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေက ဗုဒ္ဓါဘုရား၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည် တန်ခိုးဖြင့် အရပ် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။

၈။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် ဘုရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေ သတည်း။

၉။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် တရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် တရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြ ပါစေ သတည်း။

၁ဝ။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁ဝ။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် သံဃာတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် သံဃာရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေသတည်း။

၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ ခပ်သိမ်းသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၄။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူကမ္ဘာသား အပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော် မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်း ပါစေ သတည်း။

၁၅။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

၁၅။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်းဖြစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင်ရရှိပါစေသတည်း။

၁၆။ အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

၁၆။ သဗ္ဗညုဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာ လည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။

၁၇။ သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

၁၇။ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာ တိုးတက်ပါစေ၊ စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော် ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။

၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

၁၈။ မြတ်သောကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သောစိတ်အမှု ရှိပါစေ၊ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏စိတ်ကို ဆောက်တည်နိုင်ပါစေ သတည်း။

၁၉။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။

၁၉။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက် ကြသည့်အတွက် မြတ်သောအကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သောအကျိုး တရားကို ရရှိသောသူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက် လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေ အမျိုးတို့နှင့်အတူ ကျမ်းမာချမ်းသာကြပါစေကုန်သော်။

ပုဗ္ဗဏှသုတ် မြန်မာပြန် ပြီး၏။
ပရိတ်ကြီး ၁၁-သုတ် ပါဠိတော် မြန်မာပြန်၊ ပရိတ်

မြန်မာ့စစ်ပညာ

သေနင်္ဂဗျူဟာ စစ်ပညာသည် တိုင်းပြည်အသီးသီး၊ လူမျိုးအသီးသီးတွင် ရှေးကတည်းက ရှိခဲ့သည်။ ယခုလည်းရှိနေဦးမည်။ နောင်လည်း ရှိရမည်ပင် ဖြစ်သည်။ စစ်ပညာများမှာ အချိန်ကာလ ခေတ်အားလျော်စွာ တစ်မျိုးတစ်ဖုံ ထူးခြား တိုးတက် လာသော်လည်း အခြေအနေ အချိန်အခါအရ ရှေးပညာရပ်များကို လက်လွှတ်၍ မရပေ။ ထို့ကြောင့် ရှေးမြန်မာ့ စစ်ပညာကို တိမ်မြုပ်မသွားအောင် ထိန်းသိမ်းထားသင့်ပေသည်။ မြန်မာ့သေနင်္ဂဗျူဟာကျမ်း(စစ်ပညာကျမ်း)ကို ခေတ်အဆက်ဆက်က မှတ်တမ်းတင်ထားခဲ့ကြသော်လည်း၊ ရှင်ဖြူရှင်မင်းနှင့် ဘိုးတော်ဘုရားလက်ထက်တွင်ထင်းရှားခဲ့သော လက်ဝဲသုန္ဒရ အမတ်ကြီးက မြန်မာ့ စစ်ပညာကို ပျောက်ပျက်မသွားစေရန် ရည်ရွယ်၍ သေနင်္ဂဗျူဟာပျို့၊ ဗျူဟစက္ကိပျို့နှင့် နန္ဒီသေနပျို့များကို ရေးသား စပ်ဆိုခဲ့သည်။

သမိုင်းတွင် မှတ်ကျောက်တင်ခဲ့သော စစ်ပွဲများ

  • ပုဂံခေတ်တွင် ဂျွမ်းတို့နှင့်တိုက်သော ဂျွမ်းစစ်၊ (ကျူးကျော်သူ ဂျွမ်းစစ်သည်များကို ကျန်စစ်သားဦးစီးသည့် သူရဲကာင်းလေးယောက်နှင့် ကိုယ်ရံတော်တပ်များက တိုက်ခိုက်အနိုင် ယူခဲ့သည်။)
  • ပင်းယခေတ်တွင် မွန်ဂိုတို့နှင့်တိုက်သော် တာတာမွန်ဂိုစစ်၊ (ကျူးကျော်သူ မွန်ဂိုတို့သည် ထိုအချိန်က ကမ္ဘာတစ်ခြမ်းနီးပါး တိုက်ပွဲများအောင်မြင်နေသည့်အချိန်ဖြစ်သည်။)
  • ညောင်းရမ်းခေတ်တွင် ပေါ်တူဂီတို့နှင့်တိုက်သော် သန်လျှင်စစ်ပွဲ၊ (ပေါ်တူဂီတို့သည်ထိုအချိန်က စစ်အင်အား အလွန်တောင့်တင်းချိန်ဖြစ်သည်။ အင်္ဂလိပ်တပ်များ၊ ပြင်သစ်တပ်များ သည် ပေါ်တူဂီတပ်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးသည့် အချိန်ဖြစ်သည်။)
  • ကုန်းဘောင်ခေတ် ရှင်ဖြူရှင်မင်းလက်ထက် တရုပ်တို့၏ကျူးကျော်မှုကိုတိုက်သော် စစ်ပွဲ ၄ ပွဲ၊(တရုပ်တို့၏ ကြီးမားသည့် စစ်တပ်ကြီးများကို ဗလမင်းထင်ဦးစီးသည့် မြန်မာတပ်မ တစ်ခုမှ အံအားသင့်ဖွယ် အနိုင်ယူခဲ့သည်)
  • ဘကြီးတော်လက်ထက် အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင် စစ်သူကြီး မဟာဗန္ဒုလ၏ ပန်းဝါတိုက်ပွဲ၊(ပန်းဝါတိုက်ပွဲတွင် မြန်မာတပ်များ ထက် အင်္ဂလိပ်တပ်များ လက်နက်သာသော်လည်း မြန်မာတို့၏ သေနင်္ဂဗျူဟာကြောင့် မြန်မာတပ်များအနိုင်ရခဲ့သည်။)
  • ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ကြည်မြင်တိုင်ခံတပ်တိုက်ပွဲ၊ (အသက်အရွယ်ကြီးရင့်သော်လည်း စစ်၏ပရိရယ်ကို ပိုင်နိုင်စွာအသုံးချနိုင်ခဲ့သောကြောင့် အင်္ဂလိပ်ရေတပ်မှ ပစ်သော အမြောက်ဆံများ အင်္ဂလိပ်တပ်ပေါ်ပြန်ကျ၍ အင်္ဂလိပ်တပ်များ တပ်လုံးပြုတ်ခဲ့ရသည်)
  • ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ၀က်ထီကန်တိုက်ပွဲ၊

(ဗိုလ်ချုပ်နေမျိုးသည် မိမိထက် လက်နက်အင်အား၊ လူအင်အားသာလွန်သည့် ရန်သူအင်္ဂလိပ်တပ်များကို ဒူမထောက်၊ လက်မမြှောက်ဘဲ သေသည့်အချိန်ထိ ရဲရဲဝံ၀ံအသေခံတိုက်ခိုက်သွားသည်။ ထိုတိုက်ပွဲတွင် အင်္ဂလိပ်တပ်မှ အရာရှိများပါ သေဆုံးသူ၊ ဒါဏ်ရာရသူများနှင့် ပြည့်နှက်ခဲ့ရသည်)

  • တတိယအင်္ဂလိပ် မြန်မာစစ်ပွဲတွင် မင်းလှခံတပ်တိုက်ပွဲတို့သည် မြန်မာတို့၏စစ်ပညာ၊ မြန်မာတို့၏သူရသတ္တိကို မှတ်ကျောက်တင်ပေးခဲ့သည့် စစ်ပွဲများဖြစ်သည်။

စစ်ပညာသည် စစ်ကိုအောင်နိုင်စွာ တိုက်ခိုက်နိုင်ရန် လိုက်နာကျင့်သုံးရသော စစ်တိုက်နည်းများနှင့် စစ်သဘောတရားများ ဖြစ်သည်။ ယခုခေတ်တွင် စစ်ပညာကို လေ့လာဆည်းပူးရာ၌-

  1. စစ်ဦးဆောင်ညွှန်ကြားရေး
  2. စစ်ဆင်ယင်ရေး(စစ်ပရိယာယ်)
  3. တိုက်ပွဲခင်းကျင်းရေး(သေနင်္ဂဗျူဟာ)
  4. စစ်ဖွဲ့စည်း အုပ်ချုပ်ရေး ဟူ၍ ပိုင်းခြားကာ လေ့လာဆည်းပူးရသည်။

မြန်မာ့ စစ်ပညာတွင် စစ်တိုက်ခိုက်နည်းမှာ အခြေခံအပိုင်းဖြစ်သည့် စစ်အစီအရင် (၇)ပါး ဖြစ်သည်။ ထိုစစ်အစီအရင် (၇)ပါးမှ တဆင့် ဖြာထွက်လာသော သရုပ်သကန်များဖြစ်သည်။

စစ်အစီအရင် (၇)ပါး

  1. စစ်အင်္ဂါ(၇)ပါး (သေနင်္ဂ)
  2. စစ်ချီခြင်း(၄)ပါး (သေနာဂတိ)
  3. စစ်ကပ်ခြင်း(၂)ပါး (သေနုပဂ)
  4. စစ်ထိုးခြင်း(၆)ပါး (သေနာယုဒ္ဓ)
  5. စစ်ခံခြင်း(၆)ပါး (သေနာပဋိဂ္ဂဟ)
  6. စစ်ဖျက်ခြင်း(၆)ပါး (သေနာဗေဒ)
  7. စစ်ပြန်ခြင်း(၃)ပါး (သေနာနိဝတ္တန)

စစ်အင်္ဂါ(၇)ပါး

စစ်အစီအရင် (၇)ပါး မှ စစ်အင်္ဂါ(၇)ပါးသည် စစ်စတင်တိုက်သည် ဆိုသည်နှင့် သုံးစွဲကိုင်တွယ်ရသည့် အချက်အလက်များ ဖြစ်သည်။

  1. စစ်ဖျား စစ်လျင်
  2. စစ်၏ ရင်ဝ
  3. စစ်၏ ပခုံး
  4. စစ်၏ နံပါး
  5. စစ်၏ ၀မ်း
  6. စစ်၏ ကျောက်ကုန်း(ကျောကုန်း)
  7. စစ်ခံတပ် တို့ဖြစ်သည်။

စစ်ချီခြင်း(၄)ပါး

  1. စစ်ဗျား၊ စစ်လယ်၊ စစ်နောက်အညီအမျှချီခြင်း (သမဒဏ္ဍဗျူဟာ)
  2. ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊ (ပါသာဒိကဗျူဟာ)
  3. ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊ (စင်္ကောဋက ဗျူဟာ)
  4. မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။ (ဒိင်္ဂဗျူဟာ)

စစ်ကပ်ခြင်း(၂)ပါး

  1. နေမင်းပုံစစ်ကပ်ခြင်း။ (ပတင်္ကရဗျူဟာ) နေမင်းကဲ့သို့ ကြယ်နက္ခတ်ခြံရံမရံဘဲ မင်းတပ်က ရှေ့ မှာနေ၊ နောက်မှ အခြားစစ်တပ်များ လိုက်ပါရသည်။
  2. လမင်းပုံ စစ်ကပ်ခြင်း။ (စန္ဒကဗျူဟာ) လမင်းကို ကြယ်နက္ခတ်များ ၀န်းရံထားသကဲ့သို့ မင်းတပ်ကို အလယ်မှာထားကာ အခြားတပ်များဝန်းရံပြီးလိုက်ခြင်း။

စစ်ထိုးခြင်း(၆)ပါး

  1. ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊
  2. ၀ါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲ စစ်ထိုးနည်း၊
  3. ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊
  4. ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊
  5. မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊
  6. ဘုဇဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။

စစ်ခံခြင်း(၆)ပါး

  1. နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊
  2. ၀ိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ၀ဲယာထောင်၍ခံခြင်း၊
  3. သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ၀ဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊
  4. မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တ၀န်းတစုတည်းခံခြင်း၊
  5. စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊
  6. ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။

စစ်ပြန်ခြင်း(၃)ပါး

  1. အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ၀ါးမျိုဖျက်ဆီး၍ ဆုတ်ပြန်ခြင်း၊
  2. အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
  3. သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
  4. သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
  5. မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
  6. စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။

အက္ခောဘိဏီမျိုးငါးပါး

အက္ခောဘိဏီတပ်ဖွဲ့ပုံ အမျိုးမျိုးရှိ၏။ ထိုအနက် ငါးပါးတို့ကိုသာဖေါ်ပြပေအံ့။

(၁) သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက် (ဓမ္မိလ-တမယ်လ်) ကျေးလူမျိုးတို့စစ်တိုက်ရာ ချီတက်သော အက္ခောဘိဏီတပ်မှာ မဟာဝင်ဋီကာအရ တိုက်ဆင် တစ်ကုဋေ၊ ရထားဆယ်ကုဋေ၊ မြင်းပေါင်း ကုဋေတစ်ရာ၊ လေးပစ်လေးဆွဲသူရဲ ကုဋေနှစ်ရာ၊ စစ်သည်လူ ကုဋေတစ်သောင်းလေးထောင်၊ စုစုပေါင်း တစ်သောင်း လေးထောင့်သုံးရာ တစ်ဆယ့်တစ်ကုဋေရှိ၏။

(၂) မဟောသဓတို့စစ်ချီတက်စဉ်၌ အက္ခောဘိဏီတပ် တစ်တပ်ဟူသည်မှာ ၀ါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ စစ်အင်္ဂါလေးပါးတို့နင်းသွား၍ မြူမှုန်ဖြစ်လျှင် တစ်ဖန်ဝါးအလုံးခြောက်ဆယ်တစ်စည်းကို ချပြန်၏၊ ဤသို့နင်းသွားခြင်းဖြင့် ၀ါးအလုံးခြောက်ဆယ်အစည်းပေါင်းခြောက်ဆယ် ဖုတ်မြူမှုန့်ဖြစ်အောင် များပြားသော စစ်အင်္ဂါလေးပါး အရေအတွက်ကိုဆို၏။

(၃) ပုဂံမင်းဆက် ၅၀-မြောက် သက္ကရာဇ် ၅၉၆-ခုနှစ်တွင်နန်းတက်သော ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းကြီးလက်ထက် လောကီသင်္သကရိုဋ်သဒ္ဒါကျမ်းများနှင့် သဗ္ဗညုဘုရားဟောပါဌဇာတ် ပါဠိတော်၎င်းအဋ္ဌကထာ သုတ္တန်ဝိနည်း အဘိဓမ္မာ ပါဠိတော်အဋ္ဌကထာ ဋီကာများမှလာရှိသည့် ပြယုဂ်အဓိပ္ပါယ်များကိုပါ ထုတ်ဆောင်ညှိနှိုင်းပြီးလျှင် ရေးသားစီရင်တော်မူခဲ့သော သဒ္ဒနီတိကျမ်းဆရာ အရှင်အဂ္ဂ၀ံသထေရ်မြတ်သည်

န၀ နာဂ သဟဿာနိ နာဂေ နာဂေ သတံ ရထာ။

ရထေ ရထေ သတံ အဿာ အေဿ အေဿ သတံ နရာ။

နရေ နရေ သတံ ကညာ ဧကေကိဿံ သတိတ္ထိယော။

ဧသာ အက္ခောဘိဏီနာမ ပုဗ္ဗာစရိယေဟိ ဘာသိတာ

ဟု ၎င်းသဒ္ဒါနီတိကျမ်း၌ အက္ခေဘိဏီယူပုံကိုပြဆိုသည်။

အဓိပ္ပါယ်မှာ ဆင်ပေါက်ကြီး ကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ ခြေသည်သူရဲကုဋေကိုးရာ၊ သမီးကညာ ကုဋေ ကိုးသောင်း၊ မိန်းမ ကုဋေကိုးသန်း ဤအရေအတွက်ကို အက္ခောဘိဏီဟု ရှေးဆရာတို့မိန့်ဆိုကုန်၏။

(၄) အမရကောသ အဘိဓာန် ဋီကာတို့၌ကား။ ဆင်- ၂၁၈၇၀။ ရထား-၂၁၈၇၀။ မြင်း- ၆၅၆၀၀။ ခြေသည်-၁၀၉၃၅၀။ ပေါင်း ၂၁၈၇၀၀-သည် အက္ခောဘိဏီ သေနာဗျူဟာ မည်၏ ဟုဆို၏။

(၅) မကြာမီခေတ်၌ကား ဆုတ်ကပ်ဖြစ်၍ လူတို့အသက်တို ဦးရေနည်းပါးသောကြောင့် အက္ခောဘိဏီတပ်ဖွဲ့ရာ အရေအတွက်အလွန်နည်းပါးလေသည်။ ၎င်းပြင် ဆင် နည်းပါးသောကြောင့် စစ်အင်္ဂါလေးပါး ပြည့်စုံအောင်ပင် တပ်မစည်းကြပ်နိုင်ချေ။

Saturday, October 8, 2011

မြန်မာအမျိုးသားတိုင်းသိသင့်သော

စစ်ရေးသုံးသပ်ချက်
၁။စစ်ဆိုသည်မှာနိုင်ငံတော်အတွက်သေရေးရှင်ရေးတမျှအရေးကြီးသောကိစ္စတရပ်ဖြစ်သည်။
စစ်သည်ပြည်သူလူထု၏အသက်ရှင်ရေးနှင်လည်းကောင်း။သေကျေပျက်စီးရေးနှင့်လည်ကောင်းသက်ဆိုင်ရုံရှိရုံမက။နိုင်ငံတော်တည်တံခိုင်မြဲရေးကိုလည်းကောင်း။ပျက်သုန်းစေရေးကို
လည်းကောင်းဖြစ်စေနိုင်တယ်။ထိုကြောင့်စစ်ပညာကိုလူတိုင်းစေ့စေ့စပ်စပ်လေ့လာသင်ကြား
ဆည်းပူးထိုက်တယ်။
၂။စစ်မက်ရေးရာကိုဆင်ခြင်သုံးသပ်ရာတွင်မရှီမဖြစ်အခြေခံ(၅)ရပ်ပါဝင်ရမယ်။၎င်းတို့မှာ.........
၁။စိတ်ဓါတ်ရေးရာ လွမ်းမိုးရေး
၂။သဘာဝရာသီဥတု(ကာလ)
၃။မြေပြင်အခြေအနေ(ဒေသ)
၎။ခေါင်းဆောင်မှု(ပုဂလ)
၅။လုပ်ထုံးလုပ်နည်း၊စည်းကမ်းဥပဒေ။
တခုချင်းစီကိုပြန်ရှင်းပြမယ်...
၁။စိတ်ဓါတ်ရေးရာလွမ်းမိုးရေး
ပြည်သူပြည်သားများကိုသူတို့ဧ။်ခေါင်းဆောင်များနှင့်ယုံကြည်ချက်။ခံယူချက်။ဦးတည်ချက်။စသည်တို့တွင်တညီတညွတ်တည်းဖြစ်စေရမယ်။ပြည်သူနှင့်အစိုးရသည်တူညီသော.ယုံကြည်ချက်.မျှော်မှန်းချက်များကိုမျှဝေခံစားရမယ်။ပြည်သူနှင့်အစိုးရသည်တွေ့ကြုံသမျှအကောင်းအဆိုးမှန်သမျှကိုသေအတူရှင်မကွာယှဉ်တွဲလုပ်ဆောင်ရမယ်။စည်းရုံးလှုံဆော်ရေး။ဆွဲဆောင်သိမ်းသွင်းရေး။တစိတ်တ၀ှမ်းထဲ
စည်းလုံးရေးသည်အရေးကြီးဆုံးပထမအချက်ဖြစ်တယ်။
၂။သဘာဝရာသီဥတု
နွေရာသီရဲ့ပူပြင်းမှု.မိုးရာသီရဲ့စိုစွပ်ထိုင်းမှိုင်းမှု။ဆောင်းရာသီရဲ့အေးမျှမှု စစ်ဆင်ရေးအပေါ်တွင်ယင်းရာသီဥတုတို့ဧ။်အကျိုးသက်ရောက်စေနိုင်မှုများကိုတွက်ချက်သုံးသပ်ရာတွင်ပါဝင်တယ်။
၃။မြေပြင်အခြေအနေ
လမ်းပန်းအဆက်အသွယ်.အကွာအဝေး။ရေမြေတောတောင်၊မြစ်ချောင်းအင်းအိုင်.
ရုပ်ပိုင်းဆိုင်ရာအခြေအနေများကစစ်မက်ရေးရာကိုသေခြင်း.ရှင်ခြင်း.အခွင့်အလမ်းတခုခုပေးတက်တယ်
ကွင်းပြင်ကျယ်လျှင်
တပ်ကိုဖြန့်နိုင်ရမယ်။လမ်းကျဉ်းတောင်ကမ်းပါးယံလျှိုမြောင်အနေအထားဆိုရင်
တပ်အင်အားအနည်းအငယ်ဖြန့်ပြီးချီတက်ရမယ်။တိုက်ပွဲဆင်သင့်သည့်မြေပြင်အခြေအနေကိုကြိုတင်မျှော်မြင်ဆင်ခြင်နိုင်ရမယ်။
၎။ခေါင်းဆောင်မှု
စစ်ဖက်ခေါင်းဆောင်(သို့မဟုတ်)စစ်သူကြီးသည်အောက်ပါအချက်ငါးချက်နှင့်ပြည့်စုံရမယ်။...........
၁။ဥာဏ်ပညာ၇ှီခြင်း
၂။ယုံကြည်မှု(ရိုးသားခြင်း)
၃။စာနာတက်ခြင်း
၎။ရဲစွမ်းသတ်တိ
၅။စည်းကမ်းကိုတသွေမသိမ်းလိုက်နာခြင်း...........အဲဒါတွေနဲ့ပြည်စုံမှစစ်သူကြီးပီသမယ်.တိုက်ပွဲတိုင်းမှာအနိုင်ရနိုင်မယ်။
၅။လုပ်ထုံလုပ်နည်းစည်းကမ်းဥပဒေ
ဆုပေးစနစ်.။အုပ်ချုပ်ထောက်ပံ့ရေးစနစ်၊ဖွဲ့စည်းပုံ.၊ကြီးကြပ်ကွပ်ကဲပုံ၊မှန်ကန်စွာတာဝန်ခွဲဝေပုံ၊ရာထူးခန့်အပ်ပုံစသည့်လုပ်ငန်းနည်းစနစ်များ.ကောင်းစွာမှန်ကန်နေရမယ်။ထိရောက်နေရမယ်။
.........................................................
မြန်မာအမျိုးသားတိုင်းသိသင့်သည်ဟုထင်မြင်၍ရှာဖွေတင်ဆက်လိုက်ပါသည်။
နောင်လည်းလေ့လာမိသမျှကိုတင်ပြပေးသွားပါမည်။

Friday, October 7, 2011

မြန်မာ့သိုင်းပညာ



(တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။)
ကျွန်တော်ဒေါင်းမင်း၏ခန္ဓာကိုယ်ထဲတွင်မြန်မာ့သွေးများပွက်ပွက်ဆူနေသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းအားရပ်ဆိုင်းလိုက်သည့်ကိစ္စနှင့်ပါတ်သတ်၍တရုတ်မှ
(မြန်မာအားမည်သို့ပြင်းထန်စွာအပြစ်ပေးရမလဲ)ဆိုတဲ့အသံကိုကြားလိုက်ကတဲကကျွန်တော်ဒေါင်းမင်း၏
မြန်မာ့သွေးများပွက်ပွက်ဆူခဲ့ရသည်။မြန်မာတိုင်းရင်းသားတို့၏သွေးသည်ရဲရဲနီ၏။တရုတ်၏စော်ကားမှုကို
ကျွန်တော်တို့တစ်မျိုးသားလုံးခေါင်းငုံခံမည်မဟုတ်ပေ။အကယ်၍တရုတ်သည်မြန်မာမြေအားကျူးကျော်
စော်ကားလာပါကမြန်မာတစ်မျိုးသားနှင့်တစ်ကွကျွန်တော်ဒေါင်းမင်းရှေ့တန်းကနေ၍အသက်စွန့်၍တိုက်
ခိုက်သွားမည်။အဓိဌာန်ပြုပါသည်။မြန်မာတစ်မျိုးသားလုံးတရုတ်နှင့်တစ်ကွမည့်သည့်တိုင်းတစ်ပါး၏စော်
ကားမှုကိုမှမခံလို။ကျွန်တော်တို့မြန်မာတစ်မျိုးသားလုံးမစည်းလုံး၍ဤသို့စော်ကားခံရသည်ဟုမှတ်ယူပါ
သည်။မြန်မာတိုင်းရင်းသားတွေစည်းလုံးညီညွတ်ကြပါစို့လို့ကျွန်တော်အညတရဒေါင်းမင်းမှတိုက်တွန်းနိုး
ဆော်ပါသည်။မြန်မာတိုင်းကိုယ်ခံပညာသိုင်းပညာတက်သင့်ဟုရည်ရွယ်လျှက်ဤဗီဒီယိုဖိုင်အားတင်ပေး
လိုက်ပါသည်။
(တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။)
အားလုံးအားခင်မင်လျှက်
ဒေါင်းမင်း

Sunday, September 25, 2011

မငိုပါနဲ့ ဧရာဝတီ

မငိုပါနဲ့ဧရာဝတီ..ဆိုတဲဆောင်းပါးလေးကို၊မအိမ့်ချမ်းမြေ့ဝက်ဆိုဒ်မှဖတ်ပြီးကူးယူခွင့်တောင်းပြီးကျွန်တော်

ဝက်ဆိုဒ်တွင်ပြန်လည်တင်ပြလိုက်ပါသည်။ကျွန်တော်တို့တွေဧရာဝတီကိုဆက်လက်ကာကွယ်ကြပါစို့။

မငိုပါနဲ့ ဧရာဝတီ

သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့တယ်။

အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အံ့ဖွယ် ယန်စီမြစ်ကြီးဟာဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။
သူတို့ဟာ… အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။

ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။

dry9.jpg

{ခြောက်သွေ့နေတဲ့ မြစ်ကမ်းပါးတွေပေါ်မှာ ငုတ်တုပ် အသက်ပျောက်ကြရတဲ့ တိရစ္ဆာန်တွေ }

ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ် ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ.. အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။

ဒါပေမယ့် ….

ဒါပေမယ့် …… အချိန် မမှီတော့ဘူး။

ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော်ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရရင်း ခြေတော်အတင်ခံနေခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ… ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။

dry.jpg

{ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေခဲ့ပြီး နောက်ဆုံးတော့ ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ရှန်ဆီနယ်မြေထဲက လန်မြစ် }

သူတို့တွေဟာ concrete junk တွေဖြစ်တဲ့ မိုးမျှော်တိုက်ကြီးတွေ၊ လမ်းမကြီးတွေဟာ တိုးတက်တဲ့ အရိပ်အရောင်တွေအဖြစ်နဲ့ ကျေနပ်နေကြတယ်။ သဘာဝတရားရဲ့ အလှအပတွေကိုတော့ မတိုးတက်ခြင်းနဲ့ တောဆန်ခြင်းလို့ လွဲမှားစွာ (ဒါမှမဟုတ်) သိသိနဲ့ ခေါင်းမာစွာ.. ယူဆနေကြတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်အဖြစ်နဲ့ ကိုယ့်မျက်နှာက မျက်လုံးကို ဖောက်ထုတ်နေတဲ့ တိုင်းပြည်ဖြစ်နေပြီလို့ ၀ိုင်းသတိပေးတာကို သူတို့ နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. တိုးတက်ခြင်းရဲ့ ပြယုဒ်တွေတဲ့လား….။

2.jpeg

{ရေတွေခမ်းသွားလို့ မြေပက်ကြားအက်တွေဖြစ်၊ မြေတွေဟာ ရေတိုက်စားခြင်းခံရ၊ စပါးစိုက်စရာမြေမရှိ… အက်စစ်ရေတွေထဲမှာလည်း ဘယ်ငါးမှ မရှိလို့ ကြံရာမရဖြစ်နေရှာတဲ့ ယန်စီမြစ်ကမ်းနဖူးပေါ်က တံငါသည် တစ်ဦး}

4.jpg
{တရုတ်ပြည် Jiangxi ပြည်နယ်က စိမ်းစိုခဲ့တဲ့ Poyang ရေကန်ထဲကို ရေတွေ မ၀င်တော့လို့ ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ငေးမောနေတဲ့ လူတစ်ယောက်။ November 26.- The water level of the largest freshwater lake in China has fallen to dangerous limits due to severe droughts since this summer.}

ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။

၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Damကြောင့်ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅GW မှ ၈၅GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။

ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက်ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစား နိုင်ကြလောက်အောင် လောဘတွေ ယှဉ်ပြိုင်လိုမှုတွေနဲ့.. အမိုက်မှောင်ဖုံးနေခဲ့တယ်။

3.jpeg
{ခြောက်သွေ့နေပြီဖြစ်တဲ့ Hubei ပြည်နယ်ထဲက Honghu ရေကန်ထဲမှာ သေဆုံးနေတဲ့ ငါးတွေပါ။ (May 20, 2011) The Yangtze River, China’s longest, has been plagued by a severe drought, with the lowest level of rainfall this year since 1961, an official with the river’s flood control and drought relief headquarters said Monday, Xinhua News Agency reported. Picture taken May 20, 2011. REUTERS/Stringer (CHINA - Tags: ENVIRONMENT ANIMALS)}

5.jpg

{ တရုပ်ပြည်အရှေ့ဘက်ပိုင်း ၊ Jiangxi ပြည်နယ်က Poyang ကန် ဟာ တရုတ်ပြည်ရဲ့အကြီးဆုံး ရေ၀င်/ရေထွက်ကန်ကြီးပါ။ အခုဆိုရင် ကန်ထဲမှာ ရေဟာ ၁၀ပုံ ၁ပုံပဲ ကျန်ပါတော့တယ်။ မကြာခင်မှာ တရုတ်ပြည်ရဲ့ အကြီးဆုံး ဒီရေကန်ကြီးဟာ ဒဏ္ဍာရီ စာရင်းထဲ ၀င်တော့မှာ ဖြစ်ပါတယ် }

6.jpg

{တရုပ်ပြည်အလယ်ပိုင်း Hubei ပြည်နယ်ရဲ့ Hanjiang မြစ်ကမ်းပါးပေါ်မှာ ရေရှာမရတော့လို့ သေဆုံးရတဲ့ သတ္တ၀ါတွေများစွာထဲက တစ်ကောင် (May 19, 2011) Hanjiang မြစ်လက်တက်ဟာ ယန်စီရဲ့ မြောက်မြားလှစွာသော ခမ်းခြောက်မြစ်လက်တက်ထဲက တစ်ခုဖြစ်ပါတယ်။ [Photo/Xinhua]}

7.jpg

{Henan ပြည်နယ်မှ ခမ်းခြောက်လာနေသော အ၀ါရောင်မြစ်ကမ်းပါး တစ်နေရာ [File Photo: China News Service]}

သူတို့ ယန်စီကို အားပါးတရ ချေတော်တင်ပြီးပြီ။ ယန်စီတင်မက သူတို့တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း ခြေတော်တင်ခဲ့ပြီးပြီ။ သူတို့ပြည်ထဲက ရှိသမျှ မြစ်တွေကို ခြေတော်တင်လို့ အားရတော့….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့အတွက်.. concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. အသွေးအသားစုတ်ထုတ်ဖို့ မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။

သူတို့ တွေ့သွားတယ်။

တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီ ကို သူတို့ တွေ့သွားတယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေ ထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံးနှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး တစိမ့်စိမ့်ယိုစီးလာမယ့် သွေးတွေကို စိမ်ပြေနပြေသောက်ချင်လွန်းလို့ သူတို့တွေဟာ…. သွားရေတများများနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့တာ ကြာပါပြီ။

8.jpg

{ဧရာဝတီ ရဲ့ မျိုးပြုန်းလုနီး လင်းပိုင်များ}

သူတို့ဟာ.. ဧရာဝတီ ကို ခြေတော်တင်ဖို့ ပြုံးပြုံးကြီး ရှုစားနေကြပြီ။ ကျေနပ်လွန်းလို့ အော်ဟစ်ရယ်မောနေသံတွေဟာ မကောင်းဆိုးဝါးတွေရဲ့ ရယ်သံတွေလိုပဲ မေခ၊ မေလိခ တောင်နံရံတွေပေါ်မှာ ပဲ့တင်ထပ် ရိုက်ခတ်နေကြတယ်…..

အဲဒီတိုင်းပြည်ကလေးဟာ …

အတွေးအခေါ်… ယဉ်ကျေးမှု တစ်ဖြည်းဖြည်း ၀ါးမျိုခံနေရတယ်……

အဲသလို… အမျိုခံနေရတန်းလန်းမှာတောင် မျိုနေတဲ့ သူတွေကို အထင်ကြီးစွာ မော့ကြည့်နေရရှာတယ်။

အဲဒီတိုင်းပြည်ကလေးဟာ….

အရှင်လတ်လတ် ဂုတ်သွေးစုတ်ခံနေရတယ်…

ဂုတ်ကို သွေးစုတ်ခံနေရတာတောင်… သွေးသံရဲရဲ သွားစွယ်ကြီးတွေကို မော့ငေးရင်း..

“တော်လိုက်တဲ့ စီးပွားရေးသမားတွေ”ဆိုပြီး တဖွဖွ ချီးကျူးနေလိုက်ကြသေးတယ်။

သူတို့ဟာ…တိုင်းပြည်ကို စိမ်ပြေနပြေ မျိုလို့ အားမရတော့…

တိုင်းပြည်ရဲ့ သွေးကြောမကြီးကိုဖြတ်တောက်.. အစိမ်းလိုက် သောက်..

အောင်သေအောင်သား စားကြတော့မယ်။

ဒါကို…. လည်စင်းခံပေးရင်း

ကျေကျေနပ်နပ်ကြီးနဲ့ … သွေး အသောက်ခံနေကြသူတွေကို……

ဘယ်လို နားလည်ရမှာလဲ….

လူတွေဟာ… သဘာဝတရားကို အတင်းအဓ္ဒ္ဒမ လုယူတတ်ကြတယ်။

အဲသလို.. အလုယူခံရတဲ့ သဘာဝတရားဟာ တန်ပြန်တုံ့ပြန်တဲ့ အခါမှာ..

လူသားတွေပဲ နစ်နာဆုံးရှုံးကြရတတ်ပါတယ်။

သူတို့တွေရဲ့ ဂုတ်သွေးစုတ်ခံနေရခြင်းမှ…. တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ရုန်းထွက်နိုင်ဖို့ … ရှိရှိသမျှသောနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပါစေတော့ .. လို့…..

ဧရာဝတီ ဟာ ငိုကြွေးရင်း တောင်းပန်နေပါတော့တယ်။

(( ကျမဟာ ဘူမိဗေဒပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာကို မြန်မာပြည်သူတစ်ယောက်အနေနဲ့ စာတွေအများကြီးဖတ်ပြီးတဲ့နောက်… နှလုံးသားနဲ့ ရေးပါတယ်။ တရုတ်ပြည်မှာ သူတို့ဖျက်ဆီးစရာ မြစ်ချောင်းတွေအများကြီး ရှိပါတယ်။ ကျမတို့တိုင်းပြည်မှာ.. ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို စီးတာ.. ဒီမြစ်ကလေးပဲ … ရှိပါတယ်။

တစ်နေ့မှာ…
နောင်လာနောက်သားတွေဟာ..
ဒီနေရာမှာ…
ဧရာဝတီ ဆိုတဲ့ မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးတယ်…
မြန်မာဆိုတဲ့ လူမျိုးတွေ နေခဲ့ဖူးတယ်…
ဆိုပြီး….
ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ပြောကြတော့မှာမျိုး မဖြစ်ပါစေနဲ့လို့ဘဲ …. ဆုတောင်းရတော့မလို ဖြစ်နေရပါပြီ ))

စာရေးလို့အပြီး..
ခေါင်းစဉ်တပ်လို့အပြီးမှာ..
မျက်ရည်ကျပါတယ် ဧရာဝတီ။

(အိမ့်ချမ်းမြေ့)

http://articlesofinterest-kelley.blogspot.com/2011/05/china-drought-affects-35-million-people.html
http://www.trust.org/alertnet/multimedia/pictures/detail.dot?mediaInode=48161642-795e-4b29-9800-566b78ca70a8
http://english.peopledaily.com.cn/90001/90776/90882/7397337.html
http://www.itsnature.org/sea/aquatic-mammals/irrawaddy-dolphin/
http://ipsnews.net/mekong/stories/dolphins.html

သက်ဆိုင်တာလေးတွေ

Monday, August 29, 2011

ကဲ..စိတ်ဝင်စားရင်ပြော




မိုးကုတ်တွင်းထွက်စစ်စစ်။စိတ်ဝင်စားရင်ပြော။
ကမ္ဘာမှာအကြီးဆုံးပဲ။မြန်မာတွင်းထွက်စစ်စစ်။

Friday, August 12, 2011

တို့မြန်ပြေအေးချမ်းစေ။



အရမ်းကြိုက်တဲ့သီချင်းလေးပါ။မြန်မာပြည်ကိုလွမ်းတယ်။
ပြန်ချင်တယ်။ဒါပေမယ့်တစ်စုံတစ်ရာသောအကြောင်းတွေ
ကြောင့်ပြည်တော်ဝေးနေတုန်းပါပဲ။

Saturday, August 6, 2011

မှားတဲ့ဘက်မှာ



ဒီသီချင်းလေးကျွန်တော်အရမ်းကြိုက်တဲ့သီချင်းလေးဖြစ်ပါတယ်။

Monday, August 1, 2011

ဓါတ်လှေကားမှာခြောက်တဲ့သရဲ..

ဓါတ်လှေကားမှာခြောက်တဲ့သရဲ..ဟဲဟဲ..ကျွန်တော်ဆိုဓါတ်လှေကားစီးရင် နောက်ကျောမလုံဘူးလေ....
နောက်ဆုံးလူနှစ်ယောက်ရှိနေတဲ့အခန်းလေးကိုသေချာအာရုံစိုက်ကြည့်နေနော်...
အဲဒါလေးကြည့်ပြီးရင်နောက်ဆိုဓါတ်လှေကားစီးရင်သတိထားကျတော့.....
ဟဲဟဲဟဲ....နောက်ကျောကတော့တကယ်ကိုမလုံတာဗျ...

ဒေါင်းမင်း

Thursday, July 28, 2011

ပထ၀ီဗလဂါထာ(ခ)ရန်အောင်မြင်ဂါထာတော်

ပထ၀ီ ဗလ သုန္ဒရီ၊သဗ္ဗညု ဗောဓိ မဏ္ဏလံ။
အသင်္ချေယျံ မာရသေနံ၊ဇယော ဇယတု မင်္ဂလံ။


ဤဂါထာတော်ကိုနေ့စဉ်ရွတ်ဖတ်သေည်-
(၁)ရန်သူဟူသမျှမိမိကိုမဖျက်စီးနိုင်ခြင်း။
(၂)အကြံအစည်အောင်မြင်နိုင်ခြင်း။
(၃)အမှုကိစ္စနှင့်ကြုံတွေ့လေသော်ညနံနက်တွင်အဓိဌာန်ထား၍ရွတ်ဖတ်ပါ။မုချအောင်နိုင်ခြင်း
စသော အကျိုးတရားများကို ရရှိစေနိုင်၏။

Tuesday, June 21, 2011

သူတော်ကောင်းလက္ခဏာ(၁၂)ပါး

  1. စိတ်ထားရှည်စွာ။
  2. မ၀ါကြွားခြင်း။
  3. မပြင်းဒေါသ။
  4. မာနမထူး။
  5. ကျေးဇူးသိမြင်။
  6. ဂုဏ်လျှင်မပြိုင်။
  7. ပြည့်လှိုင်တင့်နိုးကိုယ်ကျိုးကိုသာမရှာပေလင့်။
  8. သူ့အပြစ်ကိုမှတ်ဆစ်မထား။
  9. သူတစ်ပါး၌ စကားပြစ်တင် မဆိုကြဉ်ရှောင်။
  10. မကောင်းမှု၌မကြိုက်မရွှင်။
  11. ကောင်းမှုမြင်သော် ကြည်ရွင်ဝမ်းသာ။
  12. သည်းခံမှာလည်း များစွာရှိသေည်။
လူသူတော်ဟု အံ့သြသိမြင် မှတ်တုံကျင့်လော။
..........................................................................
ဒေါက်တာ ဦးကောဝိဒါစာရ

Sunday, June 5, 2011

တရုတ်တွေအစားသောင်းကျမ်းပုံကစိတ်မချမ်းသာဖြစ်ရတယ်။



သတ္တ၀ါတွေနယ်ဆိုးလိုက်တဲ့ကံ။အရှင်လက်လက်ခုတ်ထစ်ခံရတယ်။ဆီပူထဲအရှင်လက်လက်ကြော်ခံရတယ်။
ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးစိတ်မချမ်းမြေ့လိုက်တာ။ဒါကြောင့်မြတ်ဘုရားရှင်ကသံသရာမရှည်အောင်နိဗ္ဗာန်ရောက်
ကြောင်းတရားတွေဟောခဲ့တာကိုး။

Monday, May 23, 2011

ဂျင်ဂျစ်ခန်ရဲ့ဇာတ်ဝင်တေး


နားထောင်လို့အရမ်းကောင်းတယ်။ကဲနားထောင်ကြည့်ပါအုံး။
ဒီဇာတ်ဝင်သီချင်းထဲကဇာတ်လမ်းကတော့ဂျပန်ကရိုက်တဲ့ဇာတ်လမ်းပါ။

Sunday, May 22, 2011

မွန်ဂိုအင်ပါယာဘုရင်.ဂျင်ဂျစ်ခန်.

ပုဂံလက်နက်နိုင်ငံတော်အကြောင်းကိုစာပြန်ဖတ်နေရင်း၊မွန်ဂိုတာတာလူမျိုးတို့မြန်မာနိုင်ပုဂံနိုင်ငံတော်ကို
ချီတက်ပုံကိုဖတ်မိရင်း။မွန်ဂိုအင်ပါယာအရှင်ဂျင်ဂျစ်ခန့်အကြောင်းကိုရှာဖွေကာပြန်လည်တင်ပြလိုက်ပါသည်။
မွန်ဂိုတွေဟာမြင်းစီးပြီးအာရှတခွင်၊အနောက်ဥရောပထိတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။အကယ်၍များမွန်ဂိုဘုရင်
ဂျင်ဂျစ်ခန်ဟာအသက်၁၀၀လောက်နေရမယ်ဆိုရင်တစ်ကမ္ဘာလုံးများသိမ်းမလားမသိ။ဘာပဲပြောပြော၊ဒီလို
လက်ရုံးရည်၊နှလုံးရည်နဲ့ပြည့်စုံတဲ့ဂျင်ဂျစ်ခန့်လိုစစ်ဘုရင်အကြောင်းကိုနိုင်ငံတော်တော်များများကအမှတ်တရ
သီချင်းများ၊ရုပ်ရှင်များရိုက်ပြီးမှတ်တမ်းတင်ကြပါသည်။ထို့ကြောင့်ကျွန်တော်သည်လည်းဂျင်ဂျစ်ခန်အကြောင်း
ကိုပြန်လည်တင်ပြလိုက်ပါသည်။

ဂျင်ဂျစ်ခန့်ဇာတ်ဝင်တေး



ဂျင်ဂျစ်ခန်သည် မွန်ဂို လူမျိုးတို့၏ ၁၁ ရာစုမှ ၁၂ ရာစုအကြား မွန်ဂိုးလီးယား မြက်ခင်းပြင် များတွင် ရွေ့လျား သွားလာလျက် ရှိကြသော မွန်ဂို မျိုးနွယ်စုဝင် လူမျိုးများကို စုစည်း စည်းရုံး၍ အာရှတိုက်နှင့် ဥရောပတိုက် တခွင်လုံးကို ကြီးမားသော ကျူးကျော်စစ်များ ဆင်နွှဲနိုင်ခဲ့သည့် စစ်ဘုရင်ဖြစ်သည်။

မွန်ဂို လူမျိုးများ၏ ဓလေ့စရိုက် အရ တနေရာတွင် အခြေချမနေပဲ နေရာ အနှံ့ ပြောင်းရွှေ့ နေထိုင်လေ့ ရှိသောကြောင့် သိမ်းပိုက် အနိုင်ရသော နယ်မြေများကို ရေရှည် ထိမ်းချုပ် ထားခြင်း မရှိခဲ့သော်လည်း မွန်ဂို သြဇာ ညောင်းခဲ့သော နယ်မြေများအား သမိုင်းနှင့် ကိုက်ကာ တွက်ချက်မှုအရ ဧကရာဇ် ဂျင်ဂစ်ခန်နှင့် သူ၏ မွန်ဂို လူမျိုးများသည် ကမ္ဘာ့ သမိုင်း တစ်လျှောက်လုံးတွင် မြေပြင် တစ်ဆက်တည်း ရှိသည့် အကြီးမားဆုံး နယ်မြေကြီးကို အုပ်စိုးနိုင်ခဲ့ပေသည်ဟု အသိအမှတ် ပြုခဲ့ကြပေသည်။

  • မွန်ဂိုကို မြန်မာ့ သမိုင်းတွင် "မောင်းဂွတ်" ဟုလည်းကောင်း၊ "တာတာ" ဟုလည်းကောင်း ရေးသားလေ့ ရှိသည်။

ဂျင်ဂျစ်ခန် မွေးဖွားခြင်း

ဂျင်ဂစ်ခန်သည် ၁၁၆၂ ခုနှစ် ခန့်တွင် ဘာခန် ခလာဒန် တောင်၊ အိုနွန် နှင့် ခါလန် မြစ်နားမှ ယနေ့ မွန်ဂိုးလီးယား နိုင်ငံ၏ မြို့တော် အူလန်း ဘာထာနှင့် အနည်းမျှငယ်သာ ကွာဝေးသော ဒယ်လီဂန် ဗူလဒွတ်အရပ်တွင် မွေးဖွားခဲ့သည်။ မွေးဖွားစတွင် ရရှိခဲ့သော ဂျင်ဂစ်ခန်၏ အမည်ရင်းမှာ သံလုပ်သား ဟု အဓိပ္ပါယ်ရသော တီမူးဂျင် ဟူ၍ဖြစ်သည်။ ထိုအမည်မှာ သူ မွေးဖွားခါနီးတွင် သူ့ဖခင် တိုက်ခိုက် အနိုင်ရခဲ့သော တာတာ လူမျိုးစုခေါင်းဆောင်၏ အမည်ကို ယူခြင်း ဖြစ်သည်။

ရက်စုခိုင် ဟု အမည်တွင်သော သူ၏ ဖခင်မှာ မွန်ဂိုမျိုးနွယ် ကိုင်ယက်ခ် မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ကာ မိခင်မှာ အိုလ်ခွန်းနတ် မျိုးနွယ်စုတွင် မွေးဖွားခဲ့ကာ ဟိုလန် ဟု အမည်ရသည်။ သို့သော်လည်း ဂျင်ဂစ်ခန်မှာမူ ထုံးတမ်း အစဉ်အလာအရ ကိုင်ယက်ခ် မျိုးနွယ်စုမှာပင် ကြီးပြင်းခဲ့သည်။

မွေးချင်းများ

တီမူးဂျင်တွင် ညီအစ်ကိုများ ဖြစ်သော ခါစာ၊ ခါဂျန်း၊ တီမျူးနှင့် ညီမ တန်မျူလန် ဟူ၍ အခြား မွေးချင်း လေးယောက်နှင့် အခြား မိထွေးများမှ မွေးသော ညီအစ်ကိုများ ဖြစ်သော ဘက်ခ်ထာ နှင့် ဘယ်လ်ဂူတိုင် တို့လည်း ရှိသည်။

ငယ်ဘဝ

အခြား ရွေ့လျား နေထိုင်ကြသော မွန်ဂိုးလီးယားမှ အခြား မျိုးနွယ်စုလေးများ ကဲ့သို့ပင် တီမူးဂျင်၏ ငယ်ဘ၀သည်လည်း ခက်ခဲမှုများ တွေ့ကြုံခဲ့ရသည်။ တီမူးဂျင် ကိုးနှစ်သား အရွယ်တွင် ကြိုတင် စေ့စပ်ထားမှု အရ သူ၏ အနာဂတ်တွင် လက်ထပ်ရမည် ဖြစ်သော ဘုတ်အူဂျင်၏ အွန်ဂီရတ် မျိုးနွယ်စု ဆီသို့ သူ့ဖခင်၏ အမိန့်ဖြင့် ပို့ဆောင်ခြင်း ခံရသည်။ သူသည် လက်ထပ်နိုင်သည့် အရွယ် ဖြစ်သော ၁၂ နှစ်သား အရွယ်အထိ ထိုလူမျိုးစုမှ ဒိုင်စီချန်ထံတွင် နောက်လိုက် တစ်ဦး အဖြစ် လိုက်ပါခဲ့ရသည်။

တီမူးဂျင် အိမ်ပြန်ခွင့်ရသည့် အချိန်တွင်မှ သူ၏ ဖခင်မှာ နယ်မြေချင်း ဆက်စပ်၍ မကြာခဏ စစ်ဖြစ်ပွားလေ့ရှိသော တာတာ တို့နှင့် ထမင်းစားပွဲတွင် အဆိပ်ခတ်ခံရ၍ သေဆုံးသွားခဲ့လေသည်။ ထို့ကြောင့် တီမူးဂျင်သည် လူမျိုးစု ခေါင်းဆောင် "ခန်" တစ်ဦးအဖြစ် ကြေငြာရန် ပြန်လာခဲ့သည်။ သို့သော် သူ၏ လူမျိုးစုက အသက် ငယ်ရွယ်လှသော တီမူးဂျင် အုပ်ချုပ်မည်ကို လက်မခံခဲ့ကြပဲ သူ၏ တစ်မိသားစုလုံးကို အကာအကွယ် မပေးတော့ပဲ စွန့်ခွာထားပစ် ခဲ့ကြသည်။

နောက်ထပ် နှစ်အတော်ကြာအထိ တီမူးဂျင်နှင့် သူ၏ မိသားစုမှာ အလေ့ကျ သီးသော အသီးအနှံများကို ခူးဆွတ်စားခြင်း၊ တီမူးဂျင်တို့ ညီအစ်ကို တစ်ခုက အမဲလိုက်နိုင်သော အကောင် ငယ်လေးများကိုသာ စားသုံးခြင်းနှင့် ဆင်းရဲစွာ ရုန်းကန်နေထိုင် ခဲ့ကြရသည်။ အမဲလိုက်ပွဲ တစ်ခုတွင်မူ အသက် ၁၃နှစ် ရှိပြီဖြစ်သော တီမူးဂျင်က သူ၏ အဖေတူ အမေကွဲ ညီအစ်ကို ဘက်ခ်ထာ ကို အမဲကို ဝေငှသောအခါ စကားများကြရင်း သတ်လိုက် မိလေသည်။ ထိုဖြစ်ရပ်ကြောင့် သူသည် သူတို့ မိသားစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

တီမူးဂျင်၏ လွတ်မြောက်ခြင်း

၁၁၈၂ တွင်မူ သူ့ဖခင် မကွယ်လွန်ခင်က မဟာမိတ်များ ဖြစ်ခဲ့သော တရီချိုင်ရစ် လူမျိုးစုမှ တိုက်ခိုက်ခြင်း ခံရကာ အကျဉ်းသား အဖြစ် ဖမ်းဆီးခြင်း ခံရသည်။ သို့သော် တီမူးဂျင်ကို သနားစိတ် ၀င်ခဲ့သော (နောင်အခါ ဂျင်ဂစ်ခန်၏ စစ်ဗိုလ်ချုပ် တစ်ဦး ဖြစ်လာခဲ့သော) ချေးလ်လောင်၏ ဖခင်က တီမူးဂျင် လွတ်မြောက်စေအောင် ကူညီခဲ့လေသည်။ ထိုအချိန်တွင် (နောင်အခါ ဂျင်ဂစ်ခန်၏ စစ်ဗိုလ်ချုပ်များ ဖြစ်လာကြမည့်) ဂျယ်လ်မီ နှင့် ဘော်ရ်ချူ တို့လည်း လာရောက် ပူးပေါင်းသည်။ ထို တရီချိုင်ရစ် လူမျိုးစု လက်ထဲမှ လွတ်မြောက်သွားသည့် အချိန်မှ စတင်၍ တီမူးဂျင်သည် သူ၏ အစောဆုံး ကျူးကျော်စစ်များအတွက် လိုအပ်သည့် လူအင်အားကို သူ၏ ညီအကိုများကို ဗဟိုပြု၍ စုဆောင်းလေတော့သည်။

အမေ၏ သင်ကြားမှု

ထိုအချိန်တွင် မွန်ဂို လူမျိုးစုများမှာ တခါတရံ ကြိုတင် စေ့စပ်သည့် လက်ထပ် ပွဲများကြောင့် ခဏတာ မဟာမိတ် ဖြစ်သည်များမှ လွဲ၍ ဘယ်သောအခါမှ စုစုစည်းစည်း မရှိကြပေ။ တီမူးဂျင်သည် မွန်ဂိုးလီးယား၏ နိုင်ငံရေးဥတုကို လေ့လာရင်း၊ လူမျိုးစုများကြား စစ်ပွဲများ၊ လူမျိုးစုချင်း ခိုးဝှက် ဓါးပြ တိုက်ခိုက်မှုများ၊ မသမာမှုများနှင့် အဆက်မပြတ် အပြန်အလှန် ဖြစ်ပွားနေကြသော လက်စားချေ မှုများအကြားတွင် ကြီးပြင်းလာရသည်။

ထိုကဲ့သို့ ဖြစ်ချင်တိုင်း ဖြစ်နေကြသော မွန်ဂိုးလီးယား မြက်ခင်း လွင်ပြင် ဒေသကြီးမှာ တောင်ပိုင်းမှ တရုတ် မင်းဆက်များ၏ သြဇာ လွှမ်းမိုး၍ ၀င်ရောက် စွက်ဖက်ရန် ကြိုးစားနေမှု များလည်း ရှိနေသည်။ တီမူးဂျင်၏ အမေ ဟိုလန်က မွန်ဂိုးလီးယား နိုင်ငံရေး အခြေအနေများနှင့် စပ်လျင်း၍ များစွာ သင်ကြား ပေးခဲ့ရာ အဓိအားဖြင့် မဟာမိတ် ဖွဲ့ခြင်း၏ အရေးပါမှုကို နားလည်အောင် သင်ကြားပေးခဲ့သည်။

မိသားစုဘဝ

တီမူးဂျန်သည် သူ၏ ဖခင် စေ့စပ် စီစဉ်ခဲ့သော အိမ်ထောင်ဖက် ဖြစ်သည့် အွန်ဂူရတ် မျိုးနွယ်စုမှ ဘုတ်အူဂျင်ကို အသက် ၁၆နှစ်ခန့်တွင် လူမျိုးစုခြင်း မဟာမိတ် ပြုရန်အလို့ငှာ လက်ထပ်ခဲ့သည်။ ဘုတ်အူဂျင်နှင့် ဂျိုချီ (၁၁၈၅ - ၁၂၂၆)၊ ချဂတိုင် (၁၁၈၇ - ၁၂၄၁)၊ အိုဂျီဒိုင် (၁၁၈၉ - ၁၂၁၄)နှင့် တိုလူအီ (၁၁၉၀ - ၁၂၃၂) ဟူ၍ သားလေးဦး ထွန်းကားခဲ့သည်။ ဂျင်ဂစ်ခန်သည် အခြား ဇနီးများနှင့်လည်း သားသမီးများ ရရှိခဲ့သော်လည်း သူ၏ သိမ်းပိုက် အောင်မြင်မှုများကို ခွဲဝေရာတွင် ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ပေ။ သမီးများနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာ များမှာမူ လုံးဝ မရှိချေ။

လက်ထပ်ပြီး မကြာမီတွင် ဘုတ်အူဂျင်အား မားကစ် လူမျိုးစုမှ ဖမ်းဆီးသွားကြရာ တီမူးဂျန်က သူ၏ မိတ်ဆွေ၊ (နောင်အခါ ပြိုင်ဖက်များ ဖြစ်လာကြသော) ဂျမူကာ နှင့် သူ၏ သက်တော်စောင့် ကာရစ် မျိုးနွယ်စုမှ အွန်ခန်နှင့် ပူးပေါင်းကာ သွားရောက် ကယ်ဆယ်ခဲ့လေသည်။ ထို့နောက် ကိုးလမျှ ကြာသော် သား ဂျိုချီကို မွေးဖွားခဲ့လေသည်။ တီမူးဂျန်သည် ခေါင်းဆောင် တစ်ဦး အနေနှင့် ဇနီး တစ်ဦးထက်ပို လက်ခံရသော ထုံးတမ်း အစဉ်အလာကို လိုက်နာခဲ့သော်လည်း ဘုတ်အူဂျင် သည်သာ သူ၏ တစ်ဦးတည်းသော ဧကရီ ဖြစ်ခဲ့လေသည်။

ဂျင်ဂျစ်ခန်နှင့် ဘာသာရေး

ဂျင်ဂစ်ခန်သည် အခြား အာရှ အလယ်ပိုင်း မွန်ဂို-တားကစ် လူမျိုးစုများ ကဲ့သို့ပင် ရှာမန် အယူအဆနှင့် တန်ဂရီ အယူအဆကို လိုက်နာသည်။ သို့သော် သူသည် ဘာသာရေးနှင့် ပတ်သက်၍ အလွန် အမြင်ကျယ်သောသူ ဖြစ်ကာ အခြား ဘာသာများမှ အတွေးအခေါ်နှင့် အယူအဆများကို လေ့လာရန် အလွန် စိတ်ပါဝင်စားမှု ရှိခဲ့သည်။ ထို့ကြောင့် သူသည် ခရစ်ယာန် သာသနာပြုများ၊ မူဆလင် ကုန်သည်များနှင့် တာအို ဘုန်းကြီးများကို လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုခဲ့သည်။

မဟာမိတ်များကို စည်းရုံးခြင်း

အလယ်အာရှ ကုန်းပြင်မြင့်သည် တီမူးဂျန် ငယ်စဉ် ကာလ ၁၂၀၀ ခုနှစ်လောက်တွင် လူမျိုးစုများ၊ မဟာမိတ်အဖွဲ့များနှင့် များစွာ အစိတ်စိတ် ကွဲ၍ တည်ရှိခဲ့သည်။ ထို လူမျိုးစုများ၊ မဟာမိတ် အစုများ အထဲတွင် နိုင်မန်းမားကစ်ယူဂါ့တာတာမွန်ဂိုနှင့် ကာရစ် တို့မှာ အချင်းချင်း မသင့်မမြတ် ဖြစ်လေ့ရှိကြပြီး လူမျိုးစု အချင်းချင်း ဓါးပြတိုက်မှုများ၊ အပြန်အလှန် ကလဲ့စား ချေမှုများနှင့် ဖုံးလွှမ်းနေခဲ့သည်။

ထိုစဉ် သူ၏ မိသားစုလေး၏ ခေါင်းဆောင် ဖြစ်နေသော တီမူးဂျန်သည် သူ့ ဖခင်၏ သွေးသောက် ညီအစ်ကို ဖြစ်ခဲ့သော ကာရစ် လူမျိုးစု၏ ခေါင်းဆောင် တော့ဂ်ဟရူ အား မဟာမိတ်ပြုရန် တောင်းဆိုခဲ့သည်။ ဘုတ်အူဂျင်ကို မားကစ်လူမျိုးစုမှ ဖမ်းဆီး ခေါ်ဆောင်သွားသော အခါတွင် ထို ကာရစ် လူမျိုးစု၏ မဟာမိတ်မှ အကူအညီပေးခဲ့သည်။ ကူညီရန်အတွက် တော့ဂ်ဟရူက သူ၏ ကာရစ် လူမျိုးစုမှ တိုက်ပွဲဝင် လူအင်အား ၂၀၀၀၀ နှင့်အတူ သူ၏ ငယ်ဘ၀ သူငယ်ချင်း ဂျမူကာ ကို စေလွှတ်ခဲ့သည်။ ဂျမူကာသည် နောင်အခါတွင် ဂျဒါရန် လူမျိုးစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ တိုက်ပွဲမှာ အောင်မြင်ခဲ့ပြီး တီမူးဂျန်၏ ဇနီးကို ကယ်တင်လိုက်နိုင်ကာ မားကစ် လူမျိုးစုကို တိုက်ခိုက် အနိုင်ယူလိုက် နိုင်သည်။ ထိုတိုက်ပွဲ နောက်ပိုင်းတွင် တီမူးဂျန်နှင့် ဂျမူကာတို့မှာ သွေးသောက် ညီအစ်ကိုများ ဖြစ်လာကြသည်။

မွန်ဂို လူမျိုးစုများ၏ မဟာမိတ် အဖွဲ့၏ ၁၂၀၀ ခုနှစ်ခန့်က အဓိက ရန်သူများမှာ အနောက်အရပ်တွင် နိုင်မန်း၊ မြောက်အရပ်တွင် မားကစ်၊ တောင်အရပ်တွင် တန်ဂပ်နှင့် အရှေ့အရပ်တွင် ဂျင် နှင့် တာတာ လူမျိုးစုများ ဖြစ်သည်။ ၁၁၉၀တွင် အကြံပေးများ၊ သူ၏ နောက်လိုက်များနှင့် တီမူးဂျန်သည် အသေးစား မွန်ဂို လူမျိုးစု မဟာမိတ် အဖွဲ့လေးသာ ဖွဲ့စည်းနိုင်ခဲ့သည်။ သူ၏ အုပ်ချုပ်မှု ကာလအတွင်း ရန်ဖက် လူမျိုးစုများကို တိုက်ခိုက်ခဲ့ရာတွင် တီမူးဂျန်သည် မွန်ဂိုတို့၏ ရိုးရာ ဓလေ့ထုံးတမ်းများကို အတော်အတန် ချိုးဖျက်ခဲ့လေသည်။ သူသည် သူ၏ ခေါင်းဆောင်မှုကို မိသားစု တစ်စု၏ ခေါင်းဆောင်ကို လိုက်နာမှု ပုံစံထက် သစ္စာရှိမှုအပေါ် အခြေခံခဲ့သည်။ တီမူးဂျန်သည် သူ၏ အမိန့်နှင့် ဥပဒေကို တိတိကျကျ လိုက်နာခြင်းဖြင့် သူ၏ နောက်လိုက် ပြည်သူများနှင့် စစ်သည်များကို ချမ်းသာ ကြွယ်ဝစေရမည်ဟု ဆိုခဲ့သည်။ သူသည် ရှေးအစဉ်အလာ လုပ်ထုံး လုပ်နည်းအရ ရန်သူကို တိုက်ခိုက် အောင်မြင်ပါက ရန်သူများကို နှင်ထုတ်၍ ပစ္စည်းများကို သိမ်းယူခြင်းကို မလုပ်ပဲ ရန်သူ၏ လူမျိုးစုကို သူ၏ လက်အောက်သို့ သွင်းကာ သူ၏ လူမျိုးစုဟု သတ်မှတ်လိုက်သည်။ အချို့ တိုက်ပွဲများမှ ရရှိသော မိဘမဲ့ ကလေးများကို သူ၏ မိခင်က မွေးစားကာ မိသားစုဝင် အဖြစ် သတ်မှတ်သည်များလည်း ရှိခဲ့သည်။ ဤသို့ဖြင့် စစ်ရှုံး၍ သိမ်းသွင်းခံရသူများ ကြားတွင်လည်း လေးစားမှုကို ရရှိလာပြီး အောင်မြင်သော တိုက်ပွဲ တစ်ပွဲစီ တိုင်းတွင် တီမူးဂျင်နှင့် သူ၏ မွန်ဂို မဟာမိတ်အဖွဲ့မှာလည်း ပိုပို၍ အင်အား ကြီးမားလာ လေတော့သည်။

တော့ဂ်ဟရူ၏သား စန်ဂမ်မှာမူ တီမူးဂျန်၏ အောင်မြင်မှုအပေါ် မနာလိုဝန်တိုမှု ကြီးမားလာသည်။ ထို့နောက် သူသည် သူ၏ ဖခင်နှင့် ပေါင်းကာ တီမူးဂျန်ကို လုပ်ကြံရန် ကြံစည်ခဲ့လေသည်။ တော့ဂ်ဟရူမှာ တီမူးဂျန်နှင့် ပူးပေါင်း၍ တိုက်ခိုက်လျက် ရှိသော်လည်း သူ့သားဖက်မှာ ပါကာ လက်တွဲ တိုက်ခိုက်ရန် ငြင်းဆန်လိုက်လေတော့သည်။ တော့ဂ်ဟရူတို့၏ မလေးစားမှုများသည် သူ့သမီးနှင့် တီမူးဂျန်၏ အကြီးဆုံးသား ဂျိုချီတို့ လက်ထပ်ရန် စီစဉ်ထားသည်ကိုပင် ဖျက်သိမ်းသည်အထိ ပြုမူလာသည်။ ထို စေ့စပ်ထားသည်ကို ဖျက်သိမ်းခြင်းသည် မွန်ဂို ယဉ်ကျေးမှုကိုပါ မလေးစားသကဲ့သို့ ဖြစ်ပေါ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ကွဲထွက်နေသည့် တော့ဂ်ဟရူနှင့် တီမူးဂျန်တို့ အုပ်စုကြားတွင် စစ်ပွဲဆီသို့ ဦးတည်လာတော့သည်။ တော့ဂ်ဟရူသည် တီမူးဂျန်အား အစကတည်းက ဆန့်ကျင်နေပြီး ဖြစ်သော ဂျမူကာနှင့် ပူးပေါင်းသည်။ သို့သော် တော့ဂ်ဟရူနှင့် ဂျမူကာတို့ ကြားတွင် ပဋိပက္ခ ဖြစ်သောကြောင့် နောက်ဆုံးတွင် တီမူးဂျန်သာ အနိုင်ရလိုက်သည်။ ဂျမူကာမှာမူ တိုက်ပွဲအတွင်းမှ ထွက်ပြေး လွတ်မြောက်သွားသည်။ ထို တိုက်ပွဲ၏ ရလာဒ်အနေဖြင့် ကာရိတ် လူမျိုးစုမှာ လုံးဝ ပျက်သုဉ်းခြင်းသို့ရောက်ရှိခဲ့သည်။

မမြင်ရပါကမြေပုံပေါ်ထောက်၍ကလစ်ကြည့်ပါ

မွန်ဂိုအင်ပါယာမြေပုံ

http://wikimyanmar.co.cc ။မှသမိုင်းကြောင်းကိုကူးယူဖော်ပြပါသည်။