ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။
Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Friday, March 16, 2012

စိန့် မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ

စိန့် မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ

စိန့် မာတင် ကျွန်းဆိုတာ မြန်မာနိုင်ငံ သမိုင်းဝင် ရှင်မဖြူ ကျွန်းဖြစ်ပါတယ်။
ဘင်္ဂလား ရဲ့လူဦးရေ စိမ့်ထွက်လာမှုနဲ့  မြန်မာရေးဝင်စွက်ဖက် တဲ့ရိုးဟင်ဂျာ
အမိမြေဟာ ဘင်္ဂလားပါ။သူတို့ တွေ နေထိုင်ကြတယ် ရခိုင်ကို သတ်တစ်ရွာလုံး
မီးရှို့ ပြီးတော့ အဲ့ကျွန်းကို အပိုင်စီးတယ် ခုတော့တရားဝင်ဖြစ်သွားပြီ ပေါ့
ဒါကြောင့် သူတို့ ပျော်နေတယ် မီဒီယာတွေ အော်လေတယ် မြန်မာကို
နိုင်လေပြီလို့ ။

ရှင်မဖြုကျွန်းဝယ် မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကိုချနင်း ခဲ့
တာ သမိုင်းဝင်ခဲ့တယ်။ဒီကျွန်းကို ရဖို့ မပေးနိုင်လို့  စစ်မက်ဖြစ်ပွား ၁၈၂၄မှာ
ပထမကျူးကျော်စစ်မှာ ဒို့ တွေ ရခိုင်တနသာင်္ရီ ကမ်းရိုးတန်းပေးလိုက်ရတာ။
နောက်တော့ တစ်ပြည်လုံးပေါ့ အင်္ဂလိပ် တိုက်ခဲ့တဲ့ တပ်တွေဟာလက်အောက်
ခံ ကုလားဒိန်တပ်တွေ ဆိုတာ မမေ့ပါနဲ့ ။

ဗိုလ်ချုပ်ရဲ့ လွပ်လပ်ရေးရအောင် ကြိုးပမ်းပြီးတော့ ပြန်ပေးခဲ့တဲ့ သူတို့ ဟာ
ခုပါသွားတဲ့ ကျွန်းလေးထိကို တစ်ဝက်ဘဲ ပြန်ပေးခဲ့တယ်ဗျာ အင်္ဂလိပ်က။
ဒါပေမဲ့ ရခိုင် တွေလည်းသတ်မနေရဲ တော့ ဒီကျွန်းဟာ ဘင်္ဂလားများ
ကုလားတွေတွက် တရားဝင်ဖြစ်သလို ဖြစ်ပြီးလူဦးရေ စိမ့်ထွက်လာတဲ့သူတို့ 
တွက် မြန်မာမြေကို မရရအောင်လုပ် ကြတော့တာပေါ့ ခုတော့ရသွားပြီ။

ဒီကျွန်းကနေ ဘာတွေဆက်ဖြစ်နိုင်မလဲ?ဘာတွေလုပ်နိုင်ဦးမလဲ?စဉ်စား
ကြပါဦး မြန်မာနိုင်ငံသည် အာရှ ကုန်းတွင်းပိတ်နိုင်ငံများနဲ့  ကုန်သွယ်
မှု ဆောင်ရွက်ဖို့ ကောင်းအောင် အကောင်းဆုံးဆိပ်ကမ်း ပင်လယ်နက်
ဆိပ်ကမ်းထားဝယ်ကို လုပ်ဆောင်နေတာ အားလုံးအသိပါဘဲ။ဒီပရောဂျက်
အောင်မြင်ခဲ့လို့  မြန်မာခေါင်းမော့လာရင် မြန်မာကိုထိန်းချုပ်နိုင်ဖို့ တွက်
ဒီကျွန်းဟာ အရေးကြီးမြေပါ အခိုင်မာ စစ်စခန်းတည်ဆောက်ပြီး မြန်မာနိုင်ငံ
ကို ထပ်ပြီး ခြမ်းခြောက်လို့ အကောင်းဆုံး နေရာဖြစ်လာနိုင်တယ်လေ
ဒါကြောင့် ဟိုးအရင်က မခံခဲ့လို့ တိုက်ခဲ့လို့  ၃ကြိမ်ပြီးကျွန်ဖြစ်ခဲ့တယ် မမေ့ပါနဲ့ ။

ဒါကြောင်း ဘင်္ဂလားရဲ့ သတင်းငှာနက မြန်မာကိုနိုင်ပြီလို့ ပွစိလှန်တက်
နေအောင် အော်တာ ဒီကျွန်းလေး ဒီပိုပေးလိုက်ရတဲ့ ရေပိုင်နက်လေးကြောင့်
လား?မဟုတ်ဖူး သူတို့ ရည်မှန်းချက်တွေ အကောင်ထည်ဖေါ်နိုင်တော့မှာမို့လို့ ။
မယုံရင် စောင့်ကြည့်ပါ အဖျားဝင်ပြီး တစ်ကိုယ်လုံးလာလိမ့်မည်။
ဒါကြောင့်မြန်မာကိုနိုင်လေ ပြီလို့ အကုန်လုံးကိုအောင်နိုင်တော့မည်ဆိုပြီး
အော်ကြတာ မီဒီယာတွေက အလုယက်ကို ငါ့တို့ မီဒီယာတွေနဲ့  ပြည်သူတွေ
မသိဖူး သူတို့ အော်သံသည် စိန့်မာတင်မှ သည် တစ်နိုင်ငံလုံးသို့ ဆိုတာ။
အကုန်ငြိမ်နေတယ် သူများရေးထားတာကို ဘာသာပြန်ဖို့ လောက်ချောင်း
နေတယ်။အစိုးရ နဲ့ တပ်မတော်ကို ဘာအမှားလုပ်မလဲကြည့်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘယ်သွားလဲ နားစွင့်နေတယ်။မဲပေးတဲ့ကိစ္စ
အာဏာရဖို့ တွေလုပ်ပြီးတဲ့ ချိန်မှာ ဟိုဘက်ကုလား သူတို့ ရဲ့ရည်မှန်ချက်
တွေတွက်အုတ်မြတ် အခိုင်မာ ချပြီးပြီးဆိုတာကို မေ့နေကြတယ်။

ကဲခုမကျေနပ်လို့ စစ်ဖြစ်ပြီးတဲ့ မြန်မာ ကို အကြောင်းရှာနေသော် အင်အားကြီး
တွေဝင်လာမည်။ ဘင်္ဂလားတင်မဟုတ်ဖူး မြန်မာကိုအလိုရှိသော်လူများ အခွင့်
ရေးချိုးဖောက်မှု နဲ့ အီရတ်လို ဖြစ်လိမ့်မယ်။အီရတ်က မှ တစ်ခုထဲဝင်တာ
မြန်မာကျရင် ဟိုက တစ်ဖဲ့ ဒီက တစ်တို့ လာဖဲ့ ရင်ဒို့ မြေ ဒို့ ရေ လိုက်စုဖို့ 
နောက်နှစ်ပေါင်း ၁၀၀၀တောင် ရပ့ါမလား တကယ်လို့ဖြစ်လာခဲ့ရင်။
ခုတော့တပ်က အနေဆင်းရဲ အစားဆင်ရဲ နဲ့ အဲ့မှာ တာဝန်ထမ်းဆောင်ရင်း
နေနေတဲ့ ရဲဘော်တွေ တိုင်းပြည်လုံခြုံရေးလုပ်နေတဲ့ ရေယဉ်တွေဟာ
အသဲဖေါက်မတတ် ခလုတ်နှိပ်ခြင်နေပေမဲ့ ငါတို့ တွေမလုပ်ရဲဖူး နောက်ခံ
ပြည်သူကို ကြည့်နေရတယ် ဒါကြောင့် ငါတို့ စိန့်မာတင်ကို အလေးပြု
နှုတ်ဆက်ရတယ် အော် ဒီအရှုံး စစ်မတိုက်ဘဲပေးလိုက်ရတဲ့ အပင်ပန်းခံ
အငတ်ခံ နေခဲ့ရတဲ့ ဒီစစ်သားတွေ ဘယ်ရင်မှာ မချိနေမလဲ စော်ကားကြဦး
နောက်ထပ်။လူတိုင်း အဲ့နေရာကိုမရောက်ပေမဲ့ စစ်သားကတော့ ရောက်ခဲ့
ဖူးတယ် ဒါကို့ မြေကို့ ရေဆိုတာ ကိုပိုသိလို့ ပိုတင်းတယ်ဒါပေမဲ့ နောက်မှာ
ုပြည်သူရှိသေးတယ် ငါတို့ အသက်တွေပေးဖို့ က အဆင်သင့်ဆိုပေမဲ့
နောက်မှာ ဒီကလေးတွေ ရှိသေးတယ် နောက်တစ်ကြိမ်စစ်တလင်းဖြစ်ရင်
ဆိုတဲ့အတွေးကလည်း ငါ တို့ ရင်ကို ခံပြင်းစေခဲ့တယ်။ပြည်သူမပါဒီလမ်
ငါတို့ ဘယ်လိုလျောက်မလဲ အော်မြန်မာရယ် ညီညွတ်ပါတော့။

တကယ်ပါ ဥာဏ်မီသလောက် တွေးကြည့်ကြပါ စိန့် မာတင်မှ သည်တစ်နိုင်ငံ
လုံးသို့ ဆိုတာ မမေ့ပါနဲ့  တစ်မျိုးသားလုံးလဲသိအောင်လုပ်ထားကြပါဗျာ။
ဒို့ မြန်မာအင်းအားတောင့်အောင်လုပ်ကြပါ။၁၄.၃.၂၀၁၂ စိန့် မာတင်မှ
သည် သမိုင်းတွင်ရှုံးနိမ့်ခဲ့ သမျှ ရာဇဝင်အရိုင်းဆုံးဆိုတာကို မမေ့ပါနဲ့ 
တကယ်တွေးရင် ကြောက်စရာကြီးပါ ကို့ လူမျိုးနောက်ထပ်ထိန်းချုပ်တာ
တွေကိုခံရတော့မှာ ကိုမသိကြတာ။တပ်မတော်ကို စော်ကားမှု များ တပ်မတော်မရှိမှသိလိမ့်မယ် အချုပ်ခြာဟူသည် ခုလို ထိခံရခြင်းကို ခေါ်သည်။မဲကိစ္စသည်အရေးမကြီး အမျိုးသားရေး ကို့ ပြည်ရေးသည် အရေးကြီးကြောင်းမီဒီယာများ တွေးကြပါ။စိန် မာတင်မှ သည် တစ်နိုင်ငံလုံးတို့ မဖြစ်ရအောင်နောက်ထပ်ထိန်းချုပ်မှုတွေ
ကြားကနေ လွတ်အောင်လုပ်ကြဖို့  ရှုန်းကြပါတော့ အိုမြန်မာ.....

လေးစားစွာဖြင့်
ဖိုးသားလေး


.ဖေ့ဘွတ်မှာတွေ့၍ကူးယူလာခြင်းဖြစ်ပါသည်.။.။မြန်မာတွေအမျိုးသားရေးနိုးကြားဖို့လိုအပ်လာပါပြီ။

--
ဒေါင်းမင်း
http://www.myanmarkingpeacock.com/

Monday, October 10, 2011

မြန်မာ့စစ်ပညာ

သေနင်္ဂဗျူဟာ စစ်ပညာသည် တိုင်းပြည်အသီးသီး၊ လူမျိုးအသီးသီးတွင် ရှေးကတည်းက ရှိခဲ့သည်။ ယခုလည်းရှိနေဦးမည်။ နောင်လည်း ရှိရမည်ပင် ဖြစ်သည်။ စစ်ပညာများမှာ အချိန်ကာလ ခေတ်အားလျော်စွာ တစ်မျိုးတစ်ဖုံ ထူးခြား တိုးတက် လာသော်လည်း အခြေအနေ အချိန်အခါအရ ရှေးပညာရပ်များကို လက်လွှတ်၍ မရပေ။ ထို့ကြောင့် ရှေးမြန်မာ့ စစ်ပညာကို တိမ်မြုပ်မသွားအောင် ထိန်းသိမ်းထားသင့်ပေသည်။ မြန်မာ့သေနင်္ဂဗျူဟာကျမ်း(စစ်ပညာကျမ်း)ကို ခေတ်အဆက်ဆက်က မှတ်တမ်းတင်ထားခဲ့ကြသော်လည်း၊ ရှင်ဖြူရှင်မင်းနှင့် ဘိုးတော်ဘုရားလက်ထက်တွင်ထင်းရှားခဲ့သော လက်ဝဲသုန္ဒရ အမတ်ကြီးက မြန်မာ့ စစ်ပညာကို ပျောက်ပျက်မသွားစေရန် ရည်ရွယ်၍ သေနင်္ဂဗျူဟာပျို့၊ ဗျူဟစက္ကိပျို့နှင့် နန္ဒီသေနပျို့များကို ရေးသား စပ်ဆိုခဲ့သည်။

သမိုင်းတွင် မှတ်ကျောက်တင်ခဲ့သော စစ်ပွဲများ

  • ပုဂံခေတ်တွင် ဂျွမ်းတို့နှင့်တိုက်သော ဂျွမ်းစစ်၊ (ကျူးကျော်သူ ဂျွမ်းစစ်သည်များကို ကျန်စစ်သားဦးစီးသည့် သူရဲကာင်းလေးယောက်နှင့် ကိုယ်ရံတော်တပ်များက တိုက်ခိုက်အနိုင် ယူခဲ့သည်။)
  • ပင်းယခေတ်တွင် မွန်ဂိုတို့နှင့်တိုက်သော် တာတာမွန်ဂိုစစ်၊ (ကျူးကျော်သူ မွန်ဂိုတို့သည် ထိုအချိန်က ကမ္ဘာတစ်ခြမ်းနီးပါး တိုက်ပွဲများအောင်မြင်နေသည့်အချိန်ဖြစ်သည်။)
  • ညောင်းရမ်းခေတ်တွင် ပေါ်တူဂီတို့နှင့်တိုက်သော် သန်လျှင်စစ်ပွဲ၊ (ပေါ်တူဂီတို့သည်ထိုအချိန်က စစ်အင်အား အလွန်တောင့်တင်းချိန်ဖြစ်သည်။ အင်္ဂလိပ်တပ်များ၊ ပြင်သစ်တပ်များ သည် ပေါ်တူဂီတပ်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးသည့် အချိန်ဖြစ်သည်။)
  • ကုန်းဘောင်ခေတ် ရှင်ဖြူရှင်မင်းလက်ထက် တရုပ်တို့၏ကျူးကျော်မှုကိုတိုက်သော် စစ်ပွဲ ၄ ပွဲ၊(တရုပ်တို့၏ ကြီးမားသည့် စစ်တပ်ကြီးများကို ဗလမင်းထင်ဦးစီးသည့် မြန်မာတပ်မ တစ်ခုမှ အံအားသင့်ဖွယ် အနိုင်ယူခဲ့သည်)
  • ဘကြီးတော်လက်ထက် အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင် စစ်သူကြီး မဟာဗန္ဒုလ၏ ပန်းဝါတိုက်ပွဲ၊(ပန်းဝါတိုက်ပွဲတွင် မြန်မာတပ်များ ထက် အင်္ဂလိပ်တပ်များ လက်နက်သာသော်လည်း မြန်မာတို့၏ သေနင်္ဂဗျူဟာကြောင့် မြန်မာတပ်များအနိုင်ရခဲ့သည်။)
  • ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ကြည်မြင်တိုင်ခံတပ်တိုက်ပွဲ၊ (အသက်အရွယ်ကြီးရင့်သော်လည်း စစ်၏ပရိရယ်ကို ပိုင်နိုင်စွာအသုံးချနိုင်ခဲ့သောကြောင့် အင်္ဂလိပ်ရေတပ်မှ ပစ်သော အမြောက်ဆံများ အင်္ဂလိပ်တပ်ပေါ်ပြန်ကျ၍ အင်္ဂလိပ်တပ်များ တပ်လုံးပြုတ်ခဲ့ရသည်)
  • ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ၀က်ထီကန်တိုက်ပွဲ၊

(ဗိုလ်ချုပ်နေမျိုးသည် မိမိထက် လက်နက်အင်အား၊ လူအင်အားသာလွန်သည့် ရန်သူအင်္ဂလိပ်တပ်များကို ဒူမထောက်၊ လက်မမြှောက်ဘဲ သေသည့်အချိန်ထိ ရဲရဲဝံ၀ံအသေခံတိုက်ခိုက်သွားသည်။ ထိုတိုက်ပွဲတွင် အင်္ဂလိပ်တပ်မှ အရာရှိများပါ သေဆုံးသူ၊ ဒါဏ်ရာရသူများနှင့် ပြည့်နှက်ခဲ့ရသည်)

  • တတိယအင်္ဂလိပ် မြန်မာစစ်ပွဲတွင် မင်းလှခံတပ်တိုက်ပွဲတို့သည် မြန်မာတို့၏စစ်ပညာ၊ မြန်မာတို့၏သူရသတ္တိကို မှတ်ကျောက်တင်ပေးခဲ့သည့် စစ်ပွဲများဖြစ်သည်။

စစ်ပညာသည် စစ်ကိုအောင်နိုင်စွာ တိုက်ခိုက်နိုင်ရန် လိုက်နာကျင့်သုံးရသော စစ်တိုက်နည်းများနှင့် စစ်သဘောတရားများ ဖြစ်သည်။ ယခုခေတ်တွင် စစ်ပညာကို လေ့လာဆည်းပူးရာ၌-

  1. စစ်ဦးဆောင်ညွှန်ကြားရေး
  2. စစ်ဆင်ယင်ရေး(စစ်ပရိယာယ်)
  3. တိုက်ပွဲခင်းကျင်းရေး(သေနင်္ဂဗျူဟာ)
  4. စစ်ဖွဲ့စည်း အုပ်ချုပ်ရေး ဟူ၍ ပိုင်းခြားကာ လေ့လာဆည်းပူးရသည်။

မြန်မာ့ စစ်ပညာတွင် စစ်တိုက်ခိုက်နည်းမှာ အခြေခံအပိုင်းဖြစ်သည့် စစ်အစီအရင် (၇)ပါး ဖြစ်သည်။ ထိုစစ်အစီအရင် (၇)ပါးမှ တဆင့် ဖြာထွက်လာသော သရုပ်သကန်များဖြစ်သည်။

စစ်အစီအရင် (၇)ပါး

  1. စစ်အင်္ဂါ(၇)ပါး (သေနင်္ဂ)
  2. စစ်ချီခြင်း(၄)ပါး (သေနာဂတိ)
  3. စစ်ကပ်ခြင်း(၂)ပါး (သေနုပဂ)
  4. စစ်ထိုးခြင်း(၆)ပါး (သေနာယုဒ္ဓ)
  5. စစ်ခံခြင်း(၆)ပါး (သေနာပဋိဂ္ဂဟ)
  6. စစ်ဖျက်ခြင်း(၆)ပါး (သေနာဗေဒ)
  7. စစ်ပြန်ခြင်း(၃)ပါး (သေနာနိဝတ္တန)

စစ်အင်္ဂါ(၇)ပါး

စစ်အစီအရင် (၇)ပါး မှ စစ်အင်္ဂါ(၇)ပါးသည် စစ်စတင်တိုက်သည် ဆိုသည်နှင့် သုံးစွဲကိုင်တွယ်ရသည့် အချက်အလက်များ ဖြစ်သည်။

  1. စစ်ဖျား စစ်လျင်
  2. စစ်၏ ရင်ဝ
  3. စစ်၏ ပခုံး
  4. စစ်၏ နံပါး
  5. စစ်၏ ၀မ်း
  6. စစ်၏ ကျောက်ကုန်း(ကျောကုန်း)
  7. စစ်ခံတပ် တို့ဖြစ်သည်။

စစ်ချီခြင်း(၄)ပါး

  1. စစ်ဗျား၊ စစ်လယ်၊ စစ်နောက်အညီအမျှချီခြင်း (သမဒဏ္ဍဗျူဟာ)
  2. ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊ (ပါသာဒိကဗျူဟာ)
  3. ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊ (စင်္ကောဋက ဗျူဟာ)
  4. မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။ (ဒိင်္ဂဗျူဟာ)

စစ်ကပ်ခြင်း(၂)ပါး

  1. နေမင်းပုံစစ်ကပ်ခြင်း။ (ပတင်္ကရဗျူဟာ) နေမင်းကဲ့သို့ ကြယ်နက္ခတ်ခြံရံမရံဘဲ မင်းတပ်က ရှေ့ မှာနေ၊ နောက်မှ အခြားစစ်တပ်များ လိုက်ပါရသည်။
  2. လမင်းပုံ စစ်ကပ်ခြင်း။ (စန္ဒကဗျူဟာ) လမင်းကို ကြယ်နက္ခတ်များ ၀န်းရံထားသကဲ့သို့ မင်းတပ်ကို အလယ်မှာထားကာ အခြားတပ်များဝန်းရံပြီးလိုက်ခြင်း။

စစ်ထိုးခြင်း(၆)ပါး

  1. ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊
  2. ၀ါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲ စစ်ထိုးနည်း၊
  3. ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊
  4. ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊
  5. မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊
  6. ဘုဇဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။

စစ်ခံခြင်း(၆)ပါး

  1. နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊
  2. ၀ိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ၀ဲယာထောင်၍ခံခြင်း၊
  3. သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ၀ဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊
  4. မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တ၀န်းတစုတည်းခံခြင်း၊
  5. စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊
  6. ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။

စစ်ပြန်ခြင်း(၃)ပါး

  1. အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ၀ါးမျိုဖျက်ဆီး၍ ဆုတ်ပြန်ခြင်း၊
  2. အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
  3. သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
  4. သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
  5. မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
  6. စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။

အက္ခောဘိဏီမျိုးငါးပါး

အက္ခောဘိဏီတပ်ဖွဲ့ပုံ အမျိုးမျိုးရှိ၏။ ထိုအနက် ငါးပါးတို့ကိုသာဖေါ်ပြပေအံ့။

(၁) သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက် (ဓမ္မိလ-တမယ်လ်) ကျေးလူမျိုးတို့စစ်တိုက်ရာ ချီတက်သော အက္ခောဘိဏီတပ်မှာ မဟာဝင်ဋီကာအရ တိုက်ဆင် တစ်ကုဋေ၊ ရထားဆယ်ကုဋေ၊ မြင်းပေါင်း ကုဋေတစ်ရာ၊ လေးပစ်လေးဆွဲသူရဲ ကုဋေနှစ်ရာ၊ စစ်သည်လူ ကုဋေတစ်သောင်းလေးထောင်၊ စုစုပေါင်း တစ်သောင်း လေးထောင့်သုံးရာ တစ်ဆယ့်တစ်ကုဋေရှိ၏။

(၂) မဟောသဓတို့စစ်ချီတက်စဉ်၌ အက္ခောဘိဏီတပ် တစ်တပ်ဟူသည်မှာ ၀ါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ စစ်အင်္ဂါလေးပါးတို့နင်းသွား၍ မြူမှုန်ဖြစ်လျှင် တစ်ဖန်ဝါးအလုံးခြောက်ဆယ်တစ်စည်းကို ချပြန်၏၊ ဤသို့နင်းသွားခြင်းဖြင့် ၀ါးအလုံးခြောက်ဆယ်အစည်းပေါင်းခြောက်ဆယ် ဖုတ်မြူမှုန့်ဖြစ်အောင် များပြားသော စစ်အင်္ဂါလေးပါး အရေအတွက်ကိုဆို၏။

(၃) ပုဂံမင်းဆက် ၅၀-မြောက် သက္ကရာဇ် ၅၉၆-ခုနှစ်တွင်နန်းတက်သော ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းကြီးလက်ထက် လောကီသင်္သကရိုဋ်သဒ္ဒါကျမ်းများနှင့် သဗ္ဗညုဘုရားဟောပါဌဇာတ် ပါဠိတော်၎င်းအဋ္ဌကထာ သုတ္တန်ဝိနည်း အဘိဓမ္မာ ပါဠိတော်အဋ္ဌကထာ ဋီကာများမှလာရှိသည့် ပြယုဂ်အဓိပ္ပါယ်များကိုပါ ထုတ်ဆောင်ညှိနှိုင်းပြီးလျှင် ရေးသားစီရင်တော်မူခဲ့သော သဒ္ဒနီတိကျမ်းဆရာ အရှင်အဂ္ဂ၀ံသထေရ်မြတ်သည်

န၀ နာဂ သဟဿာနိ နာဂေ နာဂေ သတံ ရထာ။

ရထေ ရထေ သတံ အဿာ အေဿ အေဿ သတံ နရာ။

နရေ နရေ သတံ ကညာ ဧကေကိဿံ သတိတ္ထိယော။

ဧသာ အက္ခောဘိဏီနာမ ပုဗ္ဗာစရိယေဟိ ဘာသိတာ

ဟု ၎င်းသဒ္ဒါနီတိကျမ်း၌ အက္ခေဘိဏီယူပုံကိုပြဆိုသည်။

အဓိပ္ပါယ်မှာ ဆင်ပေါက်ကြီး ကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ ခြေသည်သူရဲကုဋေကိုးရာ၊ သမီးကညာ ကုဋေ ကိုးသောင်း၊ မိန်းမ ကုဋေကိုးသန်း ဤအရေအတွက်ကို အက္ခောဘိဏီဟု ရှေးဆရာတို့မိန့်ဆိုကုန်၏။

(၄) အမရကောသ အဘိဓာန် ဋီကာတို့၌ကား။ ဆင်- ၂၁၈၇၀။ ရထား-၂၁၈၇၀။ မြင်း- ၆၅၆၀၀။ ခြေသည်-၁၀၉၃၅၀။ ပေါင်း ၂၁၈၇၀၀-သည် အက္ခောဘိဏီ သေနာဗျူဟာ မည်၏ ဟုဆို၏။

(၅) မကြာမီခေတ်၌ကား ဆုတ်ကပ်ဖြစ်၍ လူတို့အသက်တို ဦးရေနည်းပါးသောကြောင့် အက္ခောဘိဏီတပ်ဖွဲ့ရာ အရေအတွက်အလွန်နည်းပါးလေသည်။ ၎င်းပြင် ဆင် နည်းပါးသောကြောင့် စစ်အင်္ဂါလေးပါး ပြည့်စုံအောင်ပင် တပ်မစည်းကြပ်နိုင်ချေ။

Saturday, October 8, 2011

မြန်မာအမျိုးသားတိုင်းသိသင့်သော

စစ်ရေးသုံးသပ်ချက်
၁။စစ်ဆိုသည်မှာနိုင်ငံတော်အတွက်သေရေးရှင်ရေးတမျှအရေးကြီးသောကိစ္စတရပ်ဖြစ်သည်။
စစ်သည်ပြည်သူလူထု၏အသက်ရှင်ရေးနှင်လည်းကောင်း။သေကျေပျက်စီးရေးနှင့်လည်ကောင်းသက်ဆိုင်ရုံရှိရုံမက။နိုင်ငံတော်တည်တံခိုင်မြဲရေးကိုလည်းကောင်း။ပျက်သုန်းစေရေးကို
လည်းကောင်းဖြစ်စေနိုင်တယ်။ထိုကြောင့်စစ်ပညာကိုလူတိုင်းစေ့စေ့စပ်စပ်လေ့လာသင်ကြား
ဆည်းပူးထိုက်တယ်။
၂။စစ်မက်ရေးရာကိုဆင်ခြင်သုံးသပ်ရာတွင်မရှီမဖြစ်အခြေခံ(၅)ရပ်ပါဝင်ရမယ်။၎င်းတို့မှာ.........
၁။စိတ်ဓါတ်ရေးရာ လွမ်းမိုးရေး
၂။သဘာဝရာသီဥတု(ကာလ)
၃။မြေပြင်အခြေအနေ(ဒေသ)
၎။ခေါင်းဆောင်မှု(ပုဂလ)
၅။လုပ်ထုံးလုပ်နည်း၊စည်းကမ်းဥပဒေ။
တခုချင်းစီကိုပြန်ရှင်းပြမယ်...
၁။စိတ်ဓါတ်ရေးရာလွမ်းမိုးရေး
ပြည်သူပြည်သားများကိုသူတို့ဧ။်ခေါင်းဆောင်များနှင့်ယုံကြည်ချက်။ခံယူချက်။ဦးတည်ချက်။စသည်တို့တွင်တညီတညွတ်တည်းဖြစ်စေရမယ်။ပြည်သူနှင့်အစိုးရသည်တူညီသော.ယုံကြည်ချက်.မျှော်မှန်းချက်များကိုမျှဝေခံစားရမယ်။ပြည်သူနှင့်အစိုးရသည်တွေ့ကြုံသမျှအကောင်းအဆိုးမှန်သမျှကိုသေအတူရှင်မကွာယှဉ်တွဲလုပ်ဆောင်ရမယ်။စည်းရုံးလှုံဆော်ရေး။ဆွဲဆောင်သိမ်းသွင်းရေး။တစိတ်တ၀ှမ်းထဲ
စည်းလုံးရေးသည်အရေးကြီးဆုံးပထမအချက်ဖြစ်တယ်။
၂။သဘာဝရာသီဥတု
နွေရာသီရဲ့ပူပြင်းမှု.မိုးရာသီရဲ့စိုစွပ်ထိုင်းမှိုင်းမှု။ဆောင်းရာသီရဲ့အေးမျှမှု စစ်ဆင်ရေးအပေါ်တွင်ယင်းရာသီဥတုတို့ဧ။်အကျိုးသက်ရောက်စေနိုင်မှုများကိုတွက်ချက်သုံးသပ်ရာတွင်ပါဝင်တယ်။
၃။မြေပြင်အခြေအနေ
လမ်းပန်းအဆက်အသွယ်.အကွာအဝေး။ရေမြေတောတောင်၊မြစ်ချောင်းအင်းအိုင်.
ရုပ်ပိုင်းဆိုင်ရာအခြေအနေများကစစ်မက်ရေးရာကိုသေခြင်း.ရှင်ခြင်း.အခွင့်အလမ်းတခုခုပေးတက်တယ်
ကွင်းပြင်ကျယ်လျှင်
တပ်ကိုဖြန့်နိုင်ရမယ်။လမ်းကျဉ်းတောင်ကမ်းပါးယံလျှိုမြောင်အနေအထားဆိုရင်
တပ်အင်အားအနည်းအငယ်ဖြန့်ပြီးချီတက်ရမယ်။တိုက်ပွဲဆင်သင့်သည့်မြေပြင်အခြေအနေကိုကြိုတင်မျှော်မြင်ဆင်ခြင်နိုင်ရမယ်။
၎။ခေါင်းဆောင်မှု
စစ်ဖက်ခေါင်းဆောင်(သို့မဟုတ်)စစ်သူကြီးသည်အောက်ပါအချက်ငါးချက်နှင့်ပြည့်စုံရမယ်။...........
၁။ဥာဏ်ပညာ၇ှီခြင်း
၂။ယုံကြည်မှု(ရိုးသားခြင်း)
၃။စာနာတက်ခြင်း
၎။ရဲစွမ်းသတ်တိ
၅။စည်းကမ်းကိုတသွေမသိမ်းလိုက်နာခြင်း...........အဲဒါတွေနဲ့ပြည်စုံမှစစ်သူကြီးပီသမယ်.တိုက်ပွဲတိုင်းမှာအနိုင်ရနိုင်မယ်။
၅။လုပ်ထုံလုပ်နည်းစည်းကမ်းဥပဒေ
ဆုပေးစနစ်.။အုပ်ချုပ်ထောက်ပံ့ရေးစနစ်၊ဖွဲ့စည်းပုံ.၊ကြီးကြပ်ကွပ်ကဲပုံ၊မှန်ကန်စွာတာဝန်ခွဲဝေပုံ၊ရာထူးခန့်အပ်ပုံစသည့်လုပ်ငန်းနည်းစနစ်များ.ကောင်းစွာမှန်ကန်နေရမယ်။ထိရောက်နေရမယ်။
.........................................................
မြန်မာအမျိုးသားတိုင်းသိသင့်သည်ဟုထင်မြင်၍ရှာဖွေတင်ဆက်လိုက်ပါသည်။
နောင်လည်းလေ့လာမိသမျှကိုတင်ပြပေးသွားပါမည်။

Sunday, May 22, 2011

မွန်ဂိုအင်ပါယာဘုရင်.ဂျင်ဂျစ်ခန်.

ပုဂံလက်နက်နိုင်ငံတော်အကြောင်းကိုစာပြန်ဖတ်နေရင်း၊မွန်ဂိုတာတာလူမျိုးတို့မြန်မာနိုင်ပုဂံနိုင်ငံတော်ကို
ချီတက်ပုံကိုဖတ်မိရင်း။မွန်ဂိုအင်ပါယာအရှင်ဂျင်ဂျစ်ခန့်အကြောင်းကိုရှာဖွေကာပြန်လည်တင်ပြလိုက်ပါသည်။
မွန်ဂိုတွေဟာမြင်းစီးပြီးအာရှတခွင်၊အနောက်ဥရောပထိတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။အကယ်၍များမွန်ဂိုဘုရင်
ဂျင်ဂျစ်ခန်ဟာအသက်၁၀၀လောက်နေရမယ်ဆိုရင်တစ်ကမ္ဘာလုံးများသိမ်းမလားမသိ။ဘာပဲပြောပြော၊ဒီလို
လက်ရုံးရည်၊နှလုံးရည်နဲ့ပြည့်စုံတဲ့ဂျင်ဂျစ်ခန့်လိုစစ်ဘုရင်အကြောင်းကိုနိုင်ငံတော်တော်များများကအမှတ်တရ
သီချင်းများ၊ရုပ်ရှင်များရိုက်ပြီးမှတ်တမ်းတင်ကြပါသည်။ထို့ကြောင့်ကျွန်တော်သည်လည်းဂျင်ဂျစ်ခန်အကြောင်း
ကိုပြန်လည်တင်ပြလိုက်ပါသည်။

ဂျင်ဂျစ်ခန့်ဇာတ်ဝင်တေး



ဂျင်ဂျစ်ခန်သည် မွန်ဂို လူမျိုးတို့၏ ၁၁ ရာစုမှ ၁၂ ရာစုအကြား မွန်ဂိုးလီးယား မြက်ခင်းပြင် များတွင် ရွေ့လျား သွားလာလျက် ရှိကြသော မွန်ဂို မျိုးနွယ်စုဝင် လူမျိုးများကို စုစည်း စည်းရုံး၍ အာရှတိုက်နှင့် ဥရောပတိုက် တခွင်လုံးကို ကြီးမားသော ကျူးကျော်စစ်များ ဆင်နွှဲနိုင်ခဲ့သည့် စစ်ဘုရင်ဖြစ်သည်။

မွန်ဂို လူမျိုးများ၏ ဓလေ့စရိုက် အရ တနေရာတွင် အခြေချမနေပဲ နေရာ အနှံ့ ပြောင်းရွှေ့ နေထိုင်လေ့ ရှိသောကြောင့် သိမ်းပိုက် အနိုင်ရသော နယ်မြေများကို ရေရှည် ထိမ်းချုပ် ထားခြင်း မရှိခဲ့သော်လည်း မွန်ဂို သြဇာ ညောင်းခဲ့သော နယ်မြေများအား သမိုင်းနှင့် ကိုက်ကာ တွက်ချက်မှုအရ ဧကရာဇ် ဂျင်ဂစ်ခန်နှင့် သူ၏ မွန်ဂို လူမျိုးများသည် ကမ္ဘာ့ သမိုင်း တစ်လျှောက်လုံးတွင် မြေပြင် တစ်ဆက်တည်း ရှိသည့် အကြီးမားဆုံး နယ်မြေကြီးကို အုပ်စိုးနိုင်ခဲ့ပေသည်ဟု အသိအမှတ် ပြုခဲ့ကြပေသည်။

  • မွန်ဂိုကို မြန်မာ့ သမိုင်းတွင် "မောင်းဂွတ်" ဟုလည်းကောင်း၊ "တာတာ" ဟုလည်းကောင်း ရေးသားလေ့ ရှိသည်။

ဂျင်ဂျစ်ခန် မွေးဖွားခြင်း

ဂျင်ဂစ်ခန်သည် ၁၁၆၂ ခုနှစ် ခန့်တွင် ဘာခန် ခလာဒန် တောင်၊ အိုနွန် နှင့် ခါလန် မြစ်နားမှ ယနေ့ မွန်ဂိုးလီးယား နိုင်ငံ၏ မြို့တော် အူလန်း ဘာထာနှင့် အနည်းမျှငယ်သာ ကွာဝေးသော ဒယ်လီဂန် ဗူလဒွတ်အရပ်တွင် မွေးဖွားခဲ့သည်။ မွေးဖွားစတွင် ရရှိခဲ့သော ဂျင်ဂစ်ခန်၏ အမည်ရင်းမှာ သံလုပ်သား ဟု အဓိပ္ပါယ်ရသော တီမူးဂျင် ဟူ၍ဖြစ်သည်။ ထိုအမည်မှာ သူ မွေးဖွားခါနီးတွင် သူ့ဖခင် တိုက်ခိုက် အနိုင်ရခဲ့သော တာတာ လူမျိုးစုခေါင်းဆောင်၏ အမည်ကို ယူခြင်း ဖြစ်သည်။

ရက်စုခိုင် ဟု အမည်တွင်သော သူ၏ ဖခင်မှာ မွန်ဂိုမျိုးနွယ် ကိုင်ယက်ခ် မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ကာ မိခင်မှာ အိုလ်ခွန်းနတ် မျိုးနွယ်စုတွင် မွေးဖွားခဲ့ကာ ဟိုလန် ဟု အမည်ရသည်။ သို့သော်လည်း ဂျင်ဂစ်ခန်မှာမူ ထုံးတမ်း အစဉ်အလာအရ ကိုင်ယက်ခ် မျိုးနွယ်စုမှာပင် ကြီးပြင်းခဲ့သည်။

မွေးချင်းများ

တီမူးဂျင်တွင် ညီအစ်ကိုများ ဖြစ်သော ခါစာ၊ ခါဂျန်း၊ တီမျူးနှင့် ညီမ တန်မျူလန် ဟူ၍ အခြား မွေးချင်း လေးယောက်နှင့် အခြား မိထွေးများမှ မွေးသော ညီအစ်ကိုများ ဖြစ်သော ဘက်ခ်ထာ နှင့် ဘယ်လ်ဂူတိုင် တို့လည်း ရှိသည်။

ငယ်ဘဝ

အခြား ရွေ့လျား နေထိုင်ကြသော မွန်ဂိုးလီးယားမှ အခြား မျိုးနွယ်စုလေးများ ကဲ့သို့ပင် တီမူးဂျင်၏ ငယ်ဘ၀သည်လည်း ခက်ခဲမှုများ တွေ့ကြုံခဲ့ရသည်။ တီမူးဂျင် ကိုးနှစ်သား အရွယ်တွင် ကြိုတင် စေ့စပ်ထားမှု အရ သူ၏ အနာဂတ်တွင် လက်ထပ်ရမည် ဖြစ်သော ဘုတ်အူဂျင်၏ အွန်ဂီရတ် မျိုးနွယ်စု ဆီသို့ သူ့ဖခင်၏ အမိန့်ဖြင့် ပို့ဆောင်ခြင်း ခံရသည်။ သူသည် လက်ထပ်နိုင်သည့် အရွယ် ဖြစ်သော ၁၂ နှစ်သား အရွယ်အထိ ထိုလူမျိုးစုမှ ဒိုင်စီချန်ထံတွင် နောက်လိုက် တစ်ဦး အဖြစ် လိုက်ပါခဲ့ရသည်။

တီမူးဂျင် အိမ်ပြန်ခွင့်ရသည့် အချိန်တွင်မှ သူ၏ ဖခင်မှာ နယ်မြေချင်း ဆက်စပ်၍ မကြာခဏ စစ်ဖြစ်ပွားလေ့ရှိသော တာတာ တို့နှင့် ထမင်းစားပွဲတွင် အဆိပ်ခတ်ခံရ၍ သေဆုံးသွားခဲ့လေသည်။ ထို့ကြောင့် တီမူးဂျင်သည် လူမျိုးစု ခေါင်းဆောင် "ခန်" တစ်ဦးအဖြစ် ကြေငြာရန် ပြန်လာခဲ့သည်။ သို့သော် သူ၏ လူမျိုးစုက အသက် ငယ်ရွယ်လှသော တီမူးဂျင် အုပ်ချုပ်မည်ကို လက်မခံခဲ့ကြပဲ သူ၏ တစ်မိသားစုလုံးကို အကာအကွယ် မပေးတော့ပဲ စွန့်ခွာထားပစ် ခဲ့ကြသည်။

နောက်ထပ် နှစ်အတော်ကြာအထိ တီမူးဂျင်နှင့် သူ၏ မိသားစုမှာ အလေ့ကျ သီးသော အသီးအနှံများကို ခူးဆွတ်စားခြင်း၊ တီမူးဂျင်တို့ ညီအစ်ကို တစ်ခုက အမဲလိုက်နိုင်သော အကောင် ငယ်လေးများကိုသာ စားသုံးခြင်းနှင့် ဆင်းရဲစွာ ရုန်းကန်နေထိုင် ခဲ့ကြရသည်။ အမဲလိုက်ပွဲ တစ်ခုတွင်မူ အသက် ၁၃နှစ် ရှိပြီဖြစ်သော တီမူးဂျင်က သူ၏ အဖေတူ အမေကွဲ ညီအစ်ကို ဘက်ခ်ထာ ကို အမဲကို ဝေငှသောအခါ စကားများကြရင်း သတ်လိုက် မိလေသည်။ ထိုဖြစ်ရပ်ကြောင့် သူသည် သူတို့ မိသားစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

တီမူးဂျင်၏ လွတ်မြောက်ခြင်း

၁၁၈၂ တွင်မူ သူ့ဖခင် မကွယ်လွန်ခင်က မဟာမိတ်များ ဖြစ်ခဲ့သော တရီချိုင်ရစ် လူမျိုးစုမှ တိုက်ခိုက်ခြင်း ခံရကာ အကျဉ်းသား အဖြစ် ဖမ်းဆီးခြင်း ခံရသည်။ သို့သော် တီမူးဂျင်ကို သနားစိတ် ၀င်ခဲ့သော (နောင်အခါ ဂျင်ဂစ်ခန်၏ စစ်ဗိုလ်ချုပ် တစ်ဦး ဖြစ်လာခဲ့သော) ချေးလ်လောင်၏ ဖခင်က တီမူးဂျင် လွတ်မြောက်စေအောင် ကူညီခဲ့လေသည်။ ထိုအချိန်တွင် (နောင်အခါ ဂျင်ဂစ်ခန်၏ စစ်ဗိုလ်ချုပ်များ ဖြစ်လာကြမည့်) ဂျယ်လ်မီ နှင့် ဘော်ရ်ချူ တို့လည်း လာရောက် ပူးပေါင်းသည်။ ထို တရီချိုင်ရစ် လူမျိုးစု လက်ထဲမှ လွတ်မြောက်သွားသည့် အချိန်မှ စတင်၍ တီမူးဂျင်သည် သူ၏ အစောဆုံး ကျူးကျော်စစ်များအတွက် လိုအပ်သည့် လူအင်အားကို သူ၏ ညီအကိုများကို ဗဟိုပြု၍ စုဆောင်းလေတော့သည်။

အမေ၏ သင်ကြားမှု

ထိုအချိန်တွင် မွန်ဂို လူမျိုးစုများမှာ တခါတရံ ကြိုတင် စေ့စပ်သည့် လက်ထပ် ပွဲများကြောင့် ခဏတာ မဟာမိတ် ဖြစ်သည်များမှ လွဲ၍ ဘယ်သောအခါမှ စုစုစည်းစည်း မရှိကြပေ။ တီမူးဂျင်သည် မွန်ဂိုးလီးယား၏ နိုင်ငံရေးဥတုကို လေ့လာရင်း၊ လူမျိုးစုများကြား စစ်ပွဲများ၊ လူမျိုးစုချင်း ခိုးဝှက် ဓါးပြ တိုက်ခိုက်မှုများ၊ မသမာမှုများနှင့် အဆက်မပြတ် အပြန်အလှန် ဖြစ်ပွားနေကြသော လက်စားချေ မှုများအကြားတွင် ကြီးပြင်းလာရသည်။

ထိုကဲ့သို့ ဖြစ်ချင်တိုင်း ဖြစ်နေကြသော မွန်ဂိုးလီးယား မြက်ခင်း လွင်ပြင် ဒေသကြီးမှာ တောင်ပိုင်းမှ တရုတ် မင်းဆက်များ၏ သြဇာ လွှမ်းမိုး၍ ၀င်ရောက် စွက်ဖက်ရန် ကြိုးစားနေမှု များလည်း ရှိနေသည်။ တီမူးဂျင်၏ အမေ ဟိုလန်က မွန်ဂိုးလီးယား နိုင်ငံရေး အခြေအနေများနှင့် စပ်လျင်း၍ များစွာ သင်ကြား ပေးခဲ့ရာ အဓိအားဖြင့် မဟာမိတ် ဖွဲ့ခြင်း၏ အရေးပါမှုကို နားလည်အောင် သင်ကြားပေးခဲ့သည်။

မိသားစုဘဝ

တီမူးဂျန်သည် သူ၏ ဖခင် စေ့စပ် စီစဉ်ခဲ့သော အိမ်ထောင်ဖက် ဖြစ်သည့် အွန်ဂူရတ် မျိုးနွယ်စုမှ ဘုတ်အူဂျင်ကို အသက် ၁၆နှစ်ခန့်တွင် လူမျိုးစုခြင်း မဟာမိတ် ပြုရန်အလို့ငှာ လက်ထပ်ခဲ့သည်။ ဘုတ်အူဂျင်နှင့် ဂျိုချီ (၁၁၈၅ - ၁၂၂၆)၊ ချဂတိုင် (၁၁၈၇ - ၁၂၄၁)၊ အိုဂျီဒိုင် (၁၁၈၉ - ၁၂၁၄)နှင့် တိုလူအီ (၁၁၉၀ - ၁၂၃၂) ဟူ၍ သားလေးဦး ထွန်းကားခဲ့သည်။ ဂျင်ဂစ်ခန်သည် အခြား ဇနီးများနှင့်လည်း သားသမီးများ ရရှိခဲ့သော်လည်း သူ၏ သိမ်းပိုက် အောင်မြင်မှုများကို ခွဲဝေရာတွင် ထည့်သွင်း စဉ်းစားခြင်း မရှိခဲ့ပေ။ သမီးများနှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာ များမှာမူ လုံးဝ မရှိချေ။

လက်ထပ်ပြီး မကြာမီတွင် ဘုတ်အူဂျင်အား မားကစ် လူမျိုးစုမှ ဖမ်းဆီးသွားကြရာ တီမူးဂျန်က သူ၏ မိတ်ဆွေ၊ (နောင်အခါ ပြိုင်ဖက်များ ဖြစ်လာကြသော) ဂျမူကာ နှင့် သူ၏ သက်တော်စောင့် ကာရစ် မျိုးနွယ်စုမှ အွန်ခန်နှင့် ပူးပေါင်းကာ သွားရောက် ကယ်ဆယ်ခဲ့လေသည်။ ထို့နောက် ကိုးလမျှ ကြာသော် သား ဂျိုချီကို မွေးဖွားခဲ့လေသည်။ တီမူးဂျန်သည် ခေါင်းဆောင် တစ်ဦး အနေနှင့် ဇနီး တစ်ဦးထက်ပို လက်ခံရသော ထုံးတမ်း အစဉ်အလာကို လိုက်နာခဲ့သော်လည်း ဘုတ်အူဂျင် သည်သာ သူ၏ တစ်ဦးတည်းသော ဧကရီ ဖြစ်ခဲ့လေသည်။

ဂျင်ဂျစ်ခန်နှင့် ဘာသာရေး

ဂျင်ဂစ်ခန်သည် အခြား အာရှ အလယ်ပိုင်း မွန်ဂို-တားကစ် လူမျိုးစုများ ကဲ့သို့ပင် ရှာမန် အယူအဆနှင့် တန်ဂရီ အယူအဆကို လိုက်နာသည်။ သို့သော် သူသည် ဘာသာရေးနှင့် ပတ်သက်၍ အလွန် အမြင်ကျယ်သောသူ ဖြစ်ကာ အခြား ဘာသာများမှ အတွေးအခေါ်နှင့် အယူအဆများကို လေ့လာရန် အလွန် စိတ်ပါဝင်စားမှု ရှိခဲ့သည်။ ထို့ကြောင့် သူသည် ခရစ်ယာန် သာသနာပြုများ၊ မူဆလင် ကုန်သည်များနှင့် တာအို ဘုန်းကြီးများကို လက်ခံတွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုခဲ့သည်။

မဟာမိတ်များကို စည်းရုံးခြင်း

အလယ်အာရှ ကုန်းပြင်မြင့်သည် တီမူးဂျန် ငယ်စဉ် ကာလ ၁၂၀၀ ခုနှစ်လောက်တွင် လူမျိုးစုများ၊ မဟာမိတ်အဖွဲ့များနှင့် များစွာ အစိတ်စိတ် ကွဲ၍ တည်ရှိခဲ့သည်။ ထို လူမျိုးစုများ၊ မဟာမိတ် အစုများ အထဲတွင် နိုင်မန်းမားကစ်ယူဂါ့တာတာမွန်ဂိုနှင့် ကာရစ် တို့မှာ အချင်းချင်း မသင့်မမြတ် ဖြစ်လေ့ရှိကြပြီး လူမျိုးစု အချင်းချင်း ဓါးပြတိုက်မှုများ၊ အပြန်အလှန် ကလဲ့စား ချေမှုများနှင့် ဖုံးလွှမ်းနေခဲ့သည်။

ထိုစဉ် သူ၏ မိသားစုလေး၏ ခေါင်းဆောင် ဖြစ်နေသော တီမူးဂျန်သည် သူ့ ဖခင်၏ သွေးသောက် ညီအစ်ကို ဖြစ်ခဲ့သော ကာရစ် လူမျိုးစု၏ ခေါင်းဆောင် တော့ဂ်ဟရူ အား မဟာမိတ်ပြုရန် တောင်းဆိုခဲ့သည်။ ဘုတ်အူဂျင်ကို မားကစ်လူမျိုးစုမှ ဖမ်းဆီး ခေါ်ဆောင်သွားသော အခါတွင် ထို ကာရစ် လူမျိုးစု၏ မဟာမိတ်မှ အကူအညီပေးခဲ့သည်။ ကူညီရန်အတွက် တော့ဂ်ဟရူက သူ၏ ကာရစ် လူမျိုးစုမှ တိုက်ပွဲဝင် လူအင်အား ၂၀၀၀၀ နှင့်အတူ သူ၏ ငယ်ဘ၀ သူငယ်ချင်း ဂျမူကာ ကို စေလွှတ်ခဲ့သည်။ ဂျမူကာသည် နောင်အခါတွင် ဂျဒါရန် လူမျိုးစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ တိုက်ပွဲမှာ အောင်မြင်ခဲ့ပြီး တီမူးဂျန်၏ ဇနီးကို ကယ်တင်လိုက်နိုင်ကာ မားကစ် လူမျိုးစုကို တိုက်ခိုက် အနိုင်ယူလိုက် နိုင်သည်။ ထိုတိုက်ပွဲ နောက်ပိုင်းတွင် တီမူးဂျန်နှင့် ဂျမူကာတို့မှာ သွေးသောက် ညီအစ်ကိုများ ဖြစ်လာကြသည်။

မွန်ဂို လူမျိုးစုများ၏ မဟာမိတ် အဖွဲ့၏ ၁၂၀၀ ခုနှစ်ခန့်က အဓိက ရန်သူများမှာ အနောက်အရပ်တွင် နိုင်မန်း၊ မြောက်အရပ်တွင် မားကစ်၊ တောင်အရပ်တွင် တန်ဂပ်နှင့် အရှေ့အရပ်တွင် ဂျင် နှင့် တာတာ လူမျိုးစုများ ဖြစ်သည်။ ၁၁၉၀တွင် အကြံပေးများ၊ သူ၏ နောက်လိုက်များနှင့် တီမူးဂျန်သည် အသေးစား မွန်ဂို လူမျိုးစု မဟာမိတ် အဖွဲ့လေးသာ ဖွဲ့စည်းနိုင်ခဲ့သည်။ သူ၏ အုပ်ချုပ်မှု ကာလအတွင်း ရန်ဖက် လူမျိုးစုများကို တိုက်ခိုက်ခဲ့ရာတွင် တီမူးဂျန်သည် မွန်ဂိုတို့၏ ရိုးရာ ဓလေ့ထုံးတမ်းများကို အတော်အတန် ချိုးဖျက်ခဲ့လေသည်။ သူသည် သူ၏ ခေါင်းဆောင်မှုကို မိသားစု တစ်စု၏ ခေါင်းဆောင်ကို လိုက်နာမှု ပုံစံထက် သစ္စာရှိမှုအပေါ် အခြေခံခဲ့သည်။ တီမူးဂျန်သည် သူ၏ အမိန့်နှင့် ဥပဒေကို တိတိကျကျ လိုက်နာခြင်းဖြင့် သူ၏ နောက်လိုက် ပြည်သူများနှင့် စစ်သည်များကို ချမ်းသာ ကြွယ်ဝစေရမည်ဟု ဆိုခဲ့သည်။ သူသည် ရှေးအစဉ်အလာ လုပ်ထုံး လုပ်နည်းအရ ရန်သူကို တိုက်ခိုက် အောင်မြင်ပါက ရန်သူများကို နှင်ထုတ်၍ ပစ္စည်းများကို သိမ်းယူခြင်းကို မလုပ်ပဲ ရန်သူ၏ လူမျိုးစုကို သူ၏ လက်အောက်သို့ သွင်းကာ သူ၏ လူမျိုးစုဟု သတ်မှတ်လိုက်သည်။ အချို့ တိုက်ပွဲများမှ ရရှိသော မိဘမဲ့ ကလေးများကို သူ၏ မိခင်က မွေးစားကာ မိသားစုဝင် အဖြစ် သတ်မှတ်သည်များလည်း ရှိခဲ့သည်။ ဤသို့ဖြင့် စစ်ရှုံး၍ သိမ်းသွင်းခံရသူများ ကြားတွင်လည်း လေးစားမှုကို ရရှိလာပြီး အောင်မြင်သော တိုက်ပွဲ တစ်ပွဲစီ တိုင်းတွင် တီမူးဂျင်နှင့် သူ၏ မွန်ဂို မဟာမိတ်အဖွဲ့မှာလည်း ပိုပို၍ အင်အား ကြီးမားလာ လေတော့သည်။

တော့ဂ်ဟရူ၏သား စန်ဂမ်မှာမူ တီမူးဂျန်၏ အောင်မြင်မှုအပေါ် မနာလိုဝန်တိုမှု ကြီးမားလာသည်။ ထို့နောက် သူသည် သူ၏ ဖခင်နှင့် ပေါင်းကာ တီမူးဂျန်ကို လုပ်ကြံရန် ကြံစည်ခဲ့လေသည်။ တော့ဂ်ဟရူမှာ တီမူးဂျန်နှင့် ပူးပေါင်း၍ တိုက်ခိုက်လျက် ရှိသော်လည်း သူ့သားဖက်မှာ ပါကာ လက်တွဲ တိုက်ခိုက်ရန် ငြင်းဆန်လိုက်လေတော့သည်။ တော့ဂ်ဟရူတို့၏ မလေးစားမှုများသည် သူ့သမီးနှင့် တီမူးဂျန်၏ အကြီးဆုံးသား ဂျိုချီတို့ လက်ထပ်ရန် စီစဉ်ထားသည်ကိုပင် ဖျက်သိမ်းသည်အထိ ပြုမူလာသည်။ ထို စေ့စပ်ထားသည်ကို ဖျက်သိမ်းခြင်းသည် မွန်ဂို ယဉ်ကျေးမှုကိုပါ မလေးစားသကဲ့သို့ ဖြစ်ပေါ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ကွဲထွက်နေသည့် တော့ဂ်ဟရူနှင့် တီမူးဂျန်တို့ အုပ်စုကြားတွင် စစ်ပွဲဆီသို့ ဦးတည်လာတော့သည်။ တော့ဂ်ဟရူသည် တီမူးဂျန်အား အစကတည်းက ဆန့်ကျင်နေပြီး ဖြစ်သော ဂျမူကာနှင့် ပူးပေါင်းသည်။ သို့သော် တော့ဂ်ဟရူနှင့် ဂျမူကာတို့ ကြားတွင် ပဋိပက္ခ ဖြစ်သောကြောင့် နောက်ဆုံးတွင် တီမူးဂျန်သာ အနိုင်ရလိုက်သည်။ ဂျမူကာမှာမူ တိုက်ပွဲအတွင်းမှ ထွက်ပြေး လွတ်မြောက်သွားသည်။ ထို တိုက်ပွဲ၏ ရလာဒ်အနေဖြင့် ကာရိတ် လူမျိုးစုမှာ လုံးဝ ပျက်သုဉ်းခြင်းသို့ရောက်ရှိခဲ့သည်။

မမြင်ရပါကမြေပုံပေါ်ထောက်၍ကလစ်ကြည့်ပါ

မွန်ဂိုအင်ပါယာမြေပုံ

http://wikimyanmar.co.cc ။မှသမိုင်းကြောင်းကိုကူးယူဖော်ပြပါသည်။

Saturday, February 19, 2011

ကျွန်တော်နင်းခဲ့သောအောင်မြေ


ပဲခူးမဟာစည်ဆရာတော်ကြီးနှင့်အရှင်ကောသလ္လ(မစိုးရိန်)

18.2.2011(သောကြာနေ့)တွင်အရှင်ကောသလ္လ(မစိုးရိန်)သိရိမင်္ဂလာဓမ္မာရုံ၊ပူချန်း၊မလေးရှား၊နှင့်ပဲခူးမဟာစည်
ဆရာတော်ကြီး၊ကျွန်တော်ဒေါင်းမင်း၊ကိုထူးတို့သည်ထိုင်းနိုင်းငံရှိ၊မြန်မာတို့၏စစ်အောင်နိုင်ရာ၊အောင်မြေစစ်
စစ်ဖြစ်သောအယုဒ္ဒယမြို့ဟောင်းသို့....သွားရောက်လည်ပါတ်ခဲ့ကျသည်။အောင်မြေသွားနင်းဆိုလျှင်ပို၍မှန်
ကန်လိမ့်မည်။စစ်ထိုး၍မရသောမြို့ဆိုတဲ့အယုဒ္ဒယမြို့ကိုကျွန်တော်တို့မြန်မာမင်းများသည်သိမ်းပိုက်ခဲ့ဘူးသည်။
ယခုအချိန်ထိထိုင်းလူမျိုးများ၏စိတ်များကို၎င်းတို့အားတိုက်ခိုက်သိမ်းပိုက်ခဲ့သောမြန်မာမင်းများကစိုးမိုးလျှက်ရှိ
တုန်းပင်။ဆက်ပြောလျှင်နိုင်ငံရေးတွေပါကုန်တော့မည်။အောက်မှဓါတ်ပုံများကိုကြည့်ကြပါကုန်လော့။မြန်မာတို့
၏အောင်မြေနေရာများကိုမြန်မာတိုင်းအခါသင့်လျှင်သွားရောက်နင်းကြပါကုန်လော့။

ထိုအယုဒ္ဒယမြို့ဟောင်းနေရာတွင်တစ်ချိန်ကတိုက်ခိုက်သိမ်းပိုက်ရင်းကျဆုံးခဲ့တဲ့မြန်မာစစ်သည်ရဲမတ်အပေါင်း
တို့ကိုလည်းမေတ္တာသုတ်၊စသောမြတ်ဘုရားဂုဏ်တော်များရွတ်ဖတ်ပူဇော်၍အမျှတမ်းများပေးဝေခဲ့သေးသည်။



ထိုင်းလူမျိုးများသည်မြန်မာဘုရင်များ၏ကျိန်စာများကိုယခုအချိန်ထိကြောက်ရွံနေဆဲပင်ဖြစ်သည်။




ထိုင်းနိုင်ငံတွင်စေတီတော်များကိုထီးတော်တင်၍မရပါ။ထီးတော်တင်လျှင်မိုးကျိုးအမှန်တကယ်ပစ်ချပါသည်။
အလောင်းမင်းတရားကြီး၏ကျိန်စာကြောင့်ဟုမှတ်တမ်းများအရသိရပါသည်။အနော်ရထာ၊ဘုရင့်နောင်၊
အလောင်းမင်းတရားကြီးတို့သည်ထိုင်းလူမျိုးအပေါ်ကျိန်စာများစွာတိုက်ခဲ့သည်။
ထိုကျိန်စာများသည်ကျွန်တော်လေ့လာမိသလောက်၊
၁။စေတီပုထိုးများ၌ထီးတော်တင်မရခြင်း၊
၂။အမျိုးသမီးများအိမ်ထောင်ကျပါကဆံပင်အရှည်ထားမရခြင်း၊
၃။ယောကျားတန်စာကိုကိုးကွယ်ရခြင်း။ယောကျားတန်စာရုပ်ထုကိုမဆောင်ပါကဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း
နေမကောင်းဖြစ်ခြင်း။စီးပွားရေးမကောင်းခြင်းများကြုံရသည်ဟုသိရပါသည်။
၎။ယခုလက်ရှိဘုရင်မျိုးဆက်၉ဆက်ထိသာသက်တမ်းရှိခြင်း။ထို့ကြောင့်ထိုင်းလူမျိုးများသည်ယခုဘုရင်ကြီး
သေဆုံးမှာကိုအရမ်းကိုကြောက်နေကြပါသည်။မယုံမရှိလေနှင့်။ထိုင်းလူမျိုးများကိုမေးကြည့်လေ။
မင်းဆက်၉ဆက်ရောက်လျှင်မင်းဆက်ပြတ်စေသတည်း။မင်းဆက်ပြတ်လျှင်မြန်မာတို့သည်ထိုင်းလူမျိုးအပေါ်
၌ပြန်လည်၍လွမ်းမိုးစေသတည်းလို့အလောင်းမင်းတရားကြီးကျိန်စာရှိခဲ့ဖူးပါသည်။










ထိုကြက်ရုပ်ထုများမှာမြန်မာကိုပြန်လည်၍တိုက်ခိုက်ခဲ့သောဘုရင်၏တိုက်ကြက်ဖလို့ပြောပါတယ်။ထိုင်းလူမျိုး
များသည်တော်တော်သနားစရာကောင်းလှသည်။ထိုကြက်ရုပ်ထုနှင့်ဘယ်ဆီရောက်နေမှန်းမသိသောထိုဘုရင်
ကိုထိုင်ရှိခိုးနေကြသည်၊ကိုးကွယ်နေကြသည်။
ထိုင်းတွေဆိုကြတယ်။အယုဒ္ဒယကပျက်စီးနေတဲ့ဘုရားတွေဟာမြန်မာတွေရိုက်ချိုးဖျက်စီးခဲ့တာပါတဲ့။
ကျွန်တော်တို့တွေးတောစဉ်းစားကြည့်ရအောင်ဘုရားတွေကိုဘယ်သူတွေဖျက်စီးခဲ့သလဲဆိုတာကိုပေါ့။
မြန်မာစစ်တပ်ကြီးဟာအယုဒ္ဒယမြို့ကြီးကိုအပြင်ကနေလနဲ့ချီပြီးဝိုင်းရံခဲ့ရပါတယ်။ဘုရားတွေကအယုဒ္ဒယမြို့
ကြီးရဲ့အတွင်းမှာပါ။စစ်အောင်နိုင်ဖို့အတွက်မြန်မာတပ်များဟာအပြင်ကနေအမြောက်လက်နက်များနဲ့ပစ်ခက်
ရတယ်။ဘုရားတွေကိုမမြင်ပါဘူး။စစ်တိုက်ပါတယ်ဆိုမှအပျက်စီးကတော့ရှိစမြဲပါပဲ။အယုဒ္ဒယမြို့ရဲ့ဖွဲ့စည်းပုံကို
ကြည့်ခြင်းအားဖြင့်ဘုရားတွေကိုခံတပ်အနေအထားအနေဖြင့်ထားခဲ့တာကိုမြင်သာပါတယ်။ထိုခေတ်ကခေတ်မီ
အမြောက်လက်နက်တွေမပေါ်သေးပါဘူး။အပြင်ကနေရမ်းသမ်းပြီးမြို့ထဲကိုအမြောက်နဲ့ပစ်တဲ့မြန်မာတွေက
ဘုရားကိုဖျက်စီးတာလား၊မြို့အတွင်းကနေဘုရားတွေကိုခံစစ်သဘောထားပြီးခုခံတဲ့ထိုင်းတွေကဘုရားကိုဖျက်စီး
တာလားဆိုတာ.......................................?.......?......?ကဲ....

မိတ်ဆွေသူငယ်ချင်းရောင်းရင်းများအားလုံးမြန်မာတို့ရဲ့အောင်မြေသို့အလည်တစ်ခေါက်သွားရောက်ကာ
အောင်မြေနင်းကြပါလို့...

Monday, November 1, 2010

ရေခဲစကိတ်



ထိုင်းနိုင်ငံဘန်ကောက်မြို့က ရေခဲစကိတ်ကစားကွင်းကိုရောက်တုန်းရိုက်လာတာပါ။
ဘယ်နေရာလဲတော့မမေးနဲ့သိဘူး။မြေအောက်ရထားစီးပြီး ဆင်းချင်စိတ်ဖြစ်တဲ့ဘူတာဂိတ်မှာဆင်းလိုက်တာ
အဲဒီရေခဲစကိတ်ကွင်းရောက်သွားတာပဲ။ဟီး..။မြန်မာပြည်ရန်ကုန်ရွှေမြို့တော်မှာလဲအဲဒီလိုစကိတ်ကွင်းမျိုးရှိ
ရင်သိပ်ကောင်းမှာပဲလို့တွေးမိတယ်။သူများတွေစီးတာသဘောကျလို့ကိုယ်တိုင်ဝင်ပြီးစီးလိုက်တယ်ဗျာ။
ဟဲဟဲ..တဘုန်းဘုန်းနဲ့ခဏခဏသိုင်းကွက်နင်းချော်လဲတာ၊တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပဲဗျာ။
နောက်နေ့သွားစီးအုံးမယ်လို့စိတ်ကနေတွေးပြီးပြန်လာတာ၊အဲဒီရေခဲစကိတ်ရှိနေတဲ့ရာဘယ်နေရာလဲဆိုတာ
မမှတ်မိတော့လို့အခုအင်တာနက်မှာပြန်ရှာနေတယ်။ကဲ...ဆက်ရှာလိုက်အုံးမယ်..နောက်နေ့ပြန်သွားချော်လဲ
မလို့...အဲသွားစီးလေ့ကျင့်မလို့........

Tuesday, October 5, 2010

ကြော်ငြာ

ဒီနေ့မနက် နိုင်းနိုင်းစနေသို့ ပေးစာ ပို့ထဲက ဆရာအောင်ဖုန်းမြင့်ဆီကိုဖုန်းဆက်ပြီးဗေဒင်မေးကြည့်တယ်။
ဆရာကြီးကတကယ်စိတ်ရှည်တယ်။နောက်ပြီးဟောချက်တွေက အရမ်းမှန်တော့၊အံသြမိတယ်။
ဆရာကြီးကိုစမိတ်ဆက်တော့ကျွန်တော်မနိုင်းနိုင်းစနေဘလော့ကနေသိလို့မေးတာပါလို့..ဆိုတော့....
ဆရာကြီးကပြောတယ် ပြည်ပမှာနေတဲ့မည်သည့် မြန်မာလူမျိုးမဆို သူ့ဆီကိုမြန်မာစံတော်ချိန် မနက် ၆နာရီမှ ၉နာရီအထိဖုန်းဆက်ဗေဒင်မေးမြန်းနိုင်ပါတယ်တဲ့။အခမဲ့ဟောပေးပါတယ်တဲ့။မည်သည့်အခက်အခဲမဆိုသူတက်
တဲ့ပညာနဲ့ဖြေရှင်းပေးပါတယ်တဲ့။ကျွန်တော်ကိုလက်ဆင့်ကမ်းပြောကြားပေးပါတဲ့။
စိတ်ဝင်စားမယ်ဆိုရင်ယုံကြည်စွာနဲ့မေးမြန်းနိုင်ပါတယ်။ကျွန်တော်ကတော့ကိုယ်တွေ့......။
ဆရာကြီးအမည်က=ဆရာအောင်ဖုန်းမြင့်
ဖုန်းနံပါတ်=
+ ၉၅၁ ၅၄ဝ ၇၂ဝ
အချိန်=မြန်မာစံတော်ချိန် မနက် ၆နာရီမှ ၉ နာရီအထိ -နေ့စဉ်-
မည်သည့်နိုင်ငံ မည်သည့်နေရာမှမဆို အခကြေးငွေမယူပဲ ဟောပေးနေတာ ဖြစ်ပါတယ်။
................................................................................................................
ဒေါင်းမင်း

Saturday, August 14, 2010

ကမ်ဘောဒီးယားနိုင်ငံ၊အန်ကောဝတ် သို့အမှတ်တရ

ကမ်ဘောဒီးယားနိုင်ငံ..အန်ကောဝတ်ကိုရောက်တုန်း..ရိုက်လာတဲ့ပုံလေးတွေပါ..
အန်ကောဝတ် ဆိုတဲ့နေရာကအဆောက်အဦးတွေက ကျောက်တုံးတွေနဲ့တည်
ဆောက်ထားတာပါ။တချို့ ရုပ်လုံးတွေ၊နံရံပန်းချီတွေက၊ပြောရရင် မြန်မာပြည်
ပျူခေတ်လက်ရာတွေနဲ့တော်တော်ကိုတူတယ်။...အဲ...အန်ကောဝတ် ကျောင်း
ကြီးကိုလေ့လာဖို့ ၀င်ခွင့် လက်မှတ်က ဒေါ်လာ၂၀တောင်ပေးရတယ်..........
ပေးခါနီးလက်တော့တုန်နေတယ်နှမြောလို့..ဒါပေမယ့်လည်း လေ့လာချင်တော့
လည်း ပေးရတာပေါ့...။ သူ့ဧရိယာက တော်တော် ကျယ် တယ်။တနေကုန်သွားတယ်။
ကဲလေ့လာကြည့်လိုက်ပါအုံး သူငယ်ချင်း ၊မိတ်ဆွေတို့ရေ.....................................
















Tuesday, August 10, 2010

မှတ်သားမိသော ကမ်ဘောဒီးယား စကား

ဒီနေ့ဘာရယ်မဟုတ်ဟော်တည်အောက်က ကောင်တာမှာ ၀န်ထမ်းတွေနဲ့စကားပြောရင်း ကမ်ဘောဒီးယား
စကားသင်လာတယ်။မြန်မာစကား သူ့ကိုသင် ၊သူ့စကား ကိုယ်သင်နဲ့ပေါ့၊ကဲမှတ်သားထားလေး ပြောပြမယ်။

မြန်မာ = ကမ်ဘောဒီးယား
နေကောင်းလား =နရားဆော့စပါတီ စ်
ကျေားဇူးတင်ပါသည် = အော့ကွန်း
ဟဲလို =ဆွတ်စလာရီ
မိန်းကလေး =စလရိုက်
ယောကျားလေး =ပရရောင်း
မင်းကိုချစ်တယ် = စညောခရောလှိုင်း နရ
မင်းကိုသတိရတယ် = ခညောနပ်စ် နရ
အရမ်းလှတဲ့မိန်းကလေး = စလရိုက် စအမ်

လေ့လာမိသလောက်ရေးပြတာပါ။သူငယ်ချင်းများကမ်ဘောဒီးယားရောက်ရင်..ဟီး ကမ်ဘောဒီးယားမလေး
တွေကို ချစ်တယ်ဆိုတာပြောတက်အောင်လို့ ဟီးဟီး...ဟီး။ကဲမနက်ဖြန်တော့ အန်ကောဝတ် ရှိရာမြို့သို့
သွားရောက်လည်ပါတ်လိုက်အုံးမယ်။

Monday, August 9, 2010

ကမ်ဘောဒီးယားအကင်စားကြမလား





ကဲလာလည်သူမိတ်ဆွေသူငယ်ချင်းများကမ်ဘောဒီးယားအကင်များကိုအားရပါးရ သုံးဆောင်နိုင်ပါကြောင်း
နိုးဆော်အပ်ပါသည်။ကျွန်တော်ကတော့ဗိုက်ကိုပြည့်နေပြီ။ကဲသုံးဆောင်ကြပါခင်ဗျ။

Saturday, August 7, 2010

ဖနွမ်းဖန် မှ တနေ့တာ ပုံ များ(၁)

ဟဲဟဲဒီနေ့ တော့ ညဈေးကနေပြန်လာတာ ...အဲဒီမှာခဲပန်းချီအမှတ်တရအနေနဲ့ဝင်ဆွဲလာတာ။







ညဈေးတန်းမှာအကင်တွေရောင်းနေတာ..ဟဲကျွန်တော်ကတော့တနင့်တပိုးကြီးစားလာတယ်။

ကင်မရာကတော့ထုံးစံအတိုင်းကားကျိတ်ထားတဲ့ဖုန်းကင်မရာနဲ့ဆိုတော့ဆက်ပြီးသည်းခံပေါ့နော်....ဟီး

Friday, August 6, 2010

ဖနွမ်းဖန် မှ တနေ့တာ ပုံ များ

ကမ်ဘောဒီးယားနိုင်ငံ ဖနွမ်းဖန်မြို့တော်မှ WATT PHNOM ဆိုတဲ့နေရာလေးပါ။ ကင်မရာမပါသွားတော့
ဖုန်းနဲ့ပဲရိုက်လာတာ၊ဖုန်းကလဲကားတက်ကျိတ်ထားတာဆိုတော့ ကင်မရာမှာအစင်းကြောင်းထင်နေတယ်။
ဟီး ဒီတိုင်းပဲသည်းခံကြည့်ပါခင်ဗျ။