ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Monday, October 24, 2011

ပိုပြီးပြည့်စုံသောပုဗ္ဗဏှသုတ်တော်။



ပုဗ္ဗဏှသုတ်

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။

၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။

၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။

၎။ ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
ဗုဒ္ဓါ နုဘာဝေန ၀ိပက္ကမေန္တု။

၅။ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
ဓမံ္မွနုဘာဝေန ၀ိပက္ကမေန္တု။

၆။ယံသန္နိမိတ္တံ သုဘမင်္ဂလဉ္စ
ယော ၀ါမနာပေါ သကုဏသ သဒ္ဒေါ။
သောပဂ္ဂဟော သန္တုပိဏံ သုကန္တံ
သံဃာ နုဘာဝေန ၀ိပက္ကမေန္တု။

၇။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၀။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၁။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၂။ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၃။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၅။မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၆။ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

၁၇။အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

၁၈။သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

၁၉။ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

၂၀။ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၂၁။တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ

၂၂။တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

၂၃။ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
ဘယပ္ပတ္တာ စ နိဗ္ဘယာ။ဟောန္တု သဗ္ဗေပိ ပါဏိနော။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

၂၄။ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

၂၅။ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။

………………………………………………………………………………………………

ဘာသာပြန်

……….

၁-၂-၃) အကြင်မကောင်းသော နိမိတ်သည်လည်း ကောင်း၊ အကြင်အမင်္ဂလာသည်လည်းကောင်း၊ ငှက်ဆိုး ၏ နှစ်သက်ဖွယ်မရှိသော အကြင်အသံသည်လည်း ကောင်း၊ အကြင်ပါပဂြိုလ်သည်လည်းကောင်း၊ နှစ်လိုဖွယ် မရှိသော အကြင်မကောင်းသော အိပ်မက်သည်လည်း ကောင်းရှိကုန်၏၊ ထိုမကောင်းသော နိမိတ်စသည်တို့ သည် ဘုရားမြတ်တို့၏ အာနုဘော်ကြောင့် (တရားတော် တို့၏ အာနုဘော်ကြောင့်၊ သံဃာတော်တို့၏ အာနုဘော် ကြောင့်) အလျင်းမရောက် ကင်းပျောက်ခြင်းသို့ ရောက်ပါ စေကုန်သတည်း။

ကိုယ်တော်အား ဉာဏ်တော်အားကို ရပိုင်တော် မူကြကုန်သော ဘုရားရှင်တို့နှင့် ပစ္စေကဗုဒ္ဓါတို့၏ အစွမ်း အာနုဘော်ဖြင့်လည်းကောင်း ရဟန္တာတို့၏ တန်ခိုးအာနု ဘော်ဖြင့်¤င်း အခါခပ်သိမ်း အကာအကွယ် အစောင့် အရှောက်ကို ငါဖွဲ့၏။

လူ့ပြည် နဂါး ဂဠုန်စသောပြည် နတ်ပြည် ဗြဟ္မာပြည်တို့၌ ရှိသမျှကောင်းမြတ်သော ရတနာတို့တွင် မြတ်စွာဘုရား (တရားတော်၊ သံဃာတော်)နှင့် တူသော ရတနာကား မရှိနိုင်သည်သာ၊ ဘုရားမြတ် (တရားမြတ် သံဃာမြတ်)၌ ရတနာ၏ အဖြစ်နှစ်သက်ဖွယ် ဂုဏ်ရည် ကား ထူးခြားကောင်းမြတ်လှပါပေသည်၊ ဤသစ္စာ စကားကြောင့် သတ္တဝါတွေ ချမ်းသာကြပါစေသတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော ဘုရားရှင်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော တရားတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

ပစ္စုပ္ပန်သံသရာ နှစ်ဖြာဘ၀ အေးမြရကြောင်း အလုံးစုံသော မင်္ဂလာတရားအပေါင်းသည် သင့်အား ဖြစ်ပါစေသတည်း။ အလုံးစုံအရပ်ရပ်ရှိသမျှသော နတ်တို့သည် သင့်အား စောင့်ရှောက်ကြပါစေ ကုန်သတည်း။ ခပ်သိမ်းသော သံဃာတော်မြတ်တို့၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် သင့်အား အခါပ်သိမ်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ဖြစ်ပါစေကုန်သတည်း။

မဟာကရုဏာရှင် မြတ်စွာဘုရားသည် သတ္တဝါ အလုံးစုံတို့၏ အကျိုးစီးပွားအတွက် ပါရမီတော်အလုံးစုံ အကုန်ဖြည့်ကျင့်တော်မူပြီးလျှင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်တို့ကို ရတော်မူခဲ့သည်၊ ဤသစ္စာ စကားကြောင့် သင့်အားအခါခပ်သိမ်း ချမ်းသာခြင်း ဖြစ်ပါစေ။

သာကီဝင်မင်းတို့၏ နှစ်သက်ခြင်းကို တိုးပွားစေ တတ်သော ရှင်တော်မြတ်ဘုရားသည် ဗောဓိပင်အနီး အပရာဇိတပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူ သကဲ့သို့ ထို့အတူ သင်သည် ဘေးရန်ခပ်သိမ်းကို အောင်မြင်ပါစေ၊ အောင်ကြောင်းမင်္ဂလာတို့ကို သင်ပြီး မြောက်အောင်မြင်ပါစေ။

ဘုရားရှင်မှန်သမျှတို့၏ ဗုဒ္ဓါဘိသေက ခံယူရာ မြေတကာတို့၏ အထွတ်အထိပ် အလွန်တင့်တယ် ကောင်းမြတ် မြေအရပ်ဖြစ်သော အပရာဇိတပလ္လင်၌ ထွတ်ဖျားတိုင်မြောက် ဘုရားအဖြစ်သို့ရောက်သော ရှင်တော်မြတ်သည် အလွန်ရွှင်လန်း ဝမ်းမြောက်တော် မူရသကဲ့သို့ သင်လည်း အထက်တန်းရောက်ကာ ဝမ်းမြောက်ရွှင်လန်းပါစေ။

သုစရိုက်ကျင့်ရာ နေ့အခါကား ကောင်းသော နက္ခတ်၊ ကောင်းသောမင်္ဂလာချည်းသာ၊ ကောင်းသော မိုးလင်းရခြင်း၊ ကောင်းသော အိပ်ရာမှထရခြင်း၊ ကောင်း သောခဏ၊ ကောင်းသောမုဟုတ်(အချိန်)ချည်းသာ ဖြစ်သည်၊ ထိုနေ့၌ အကျင့်ကောင်းရှိသူ ပုဂ္ဂိုလ်တို့၌ လှူရသောအလှူမှာ ကောင်းသော လှူဒါန်းပူဇော်ရခြင်း ဖြစ်သည်။

သုစရိုက်ကျင့်ရာ နေ့အခါ၌ ထိုသူ၏ ကာယ ကံမှု၊ ဝစီကံမှု၊ မနောကံမှု မှန်သမျှသည် တိုးတက် ကြီးပွားကြောင်း အကောင်းအမြတ်ချည်းသာတည်း၊ ထိုသုစရိုက်ကျင့်သူ၏ ကံသုံးပါးတို့ကား တိုးတက် ကြီးပွားကြောင်း ကောင်းမှု၌ထားခြင်း မည်၏။

တိုးတက်ကြီးပွားကြောင်း ကောင်းမြတ်သောကံ သုံးပါးတို့ကို ပြုကြကုန်၍ ကောင်းမြတ်သော အကျိုးတို့ကို ရရှိကြကုန်၏၊ သင်တို့သည် ကောင်းကျိုးကို ရရှိကြ ကုန်သည်၊ ချမ်းသာခြင်းရှိကြကုန်သည်၊ ဘုရားရှင် သာသနာတော်၌ တိုးတက်စည်ကား ကြီးပွားကြကုန် သည်ဖြစ်၍ ဆွေမျိုးအပေါင်းနှင့်တကွ အနာရောဂါ ကင်းရှင်း ချမ်းသာခြင်းသို့ ရောက်ကြကုန်သည်ဖြစ်ကြ စေကုန်သတည်း။

ဆင်းရဲဒုက္ခကြုံတွေ့နေရသော သတ္တဝါမှန်သမျှ ဆင်းရဲဒုက္ခကင်းကြပါစေ၊ ဘေးအန္တရာယ် ဆိုက်ရောက် နေကြရသော သတ္တဝါမှန်သမျှ ဘေးအန္တရာယ်ကင်း ကြပါစေ၊ စိတ်သောကရောက်လျက်ရှိကြသော သတ္တဝါ မှန်သမျှ စိတ်သောက ကင်းဝေးကြပါစေ။

ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် ငါတို့ ကောင်းစွာ ဆည်းပူးအပ်သော ကောင်းမှု၏ပြည့်စုံခြင်းကို အလုံးစုံသော နတ်တို့သည် စည်းစိမ်ချမ်းသာ အကုန် ပြည့်စုံဖို့ရာ သာဓုအနုမောဒနာ ပြုကြပါကုန်လော့။

ရတနာသုံးတန် ကံ ကံ၏အကျိုးကို ယုံကြည် ကြကုန်၍ အလှူဒါနကို ပေးလှူကြကုန်လော့၊ အခါမလပ် သီလကို စောင့်ရှောက်ကြကုန်လော့၊ သမထ ဝိပဿနာ ဘာဝနာ၌ ပျော်ပိုက်ကြကုန်လော့၊ တရားနာလာရောက် ကြကုန်သော နတ်တို့သည် နေရင်းဌာနသို့ ပြန်ကြပါ ကုန်လော့။

Friday, October 14, 2011

သမ္ဗုဒ္ဓေဂါထာတော်မြတ်

ကျွန်တော်အမြဲရွတ်ဆိုနေသောသမ္ဗုဒ္ဓေဂါထာအားမိတ်ဆွေများကြည်ညိုနိုင်ရန်တင်ပြပေးလိုက်ပါသည်။
လူတိုင်းရွတ်ဆိုနေကြသောသမ္ဗုဒ္ဓေဂါထာတော်နှင့်မတူပါဘူး။သမ္ဗုဒ္ဓေဂါထာတော်ရဲ့အကျိုးကျေးဇူးတွေ
တော့ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။

သမ္ဗုဒ္ဓေဂါထာတော်မြတ်
သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ ဗဟုဖုလ္လေ၊
၊တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

အဋ္ဌ၀ီသံ - သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဟိတ် အောင်ဘိသိက်ဖြင့် နှစ်ကျိပ်ရှစ်ဆူကုန်သော သမ္ဗုဒ္ဓေ စ-တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း။ ဒွါဒသဉ္စသဟဿကေ - နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျှောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေစ - လရောင်ပမာ ဉာဏ် ရောင်ဝါဖြင့် သစ္စာပွင့်လွင်း တရားမင်းတို့ကိုလည်းကောင်း။ ပဉ္စသတသဟဿာနိ - သောင်းတိုက်စကြာဝဠာ ဂုဏ်ဝါကျော်ဟိန်း ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ-နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ ကိုလည်းကောင်း။ ဂင်္ဂါယံ - ဂင်္ဂါမြစ်ထဲ၌၊ ၀ါဠုကာစုဏ္ဏေ - သဲလုံးမက များပြားလှစွာသော။ ဗဟုဖုလ္လေ-များပြား လှစွာသော ကုသိုလ်ကောင်းမှုများကို ဖျက်ဆီးတတ်ကုန်သော တစ်ထောင့်ငါးရာ ကိလေသာမာရ်ကိုယ်တွင်း ရန်တို့ကို ၊ ပရာဇေတွာ - ဆုံးရှုံးကျဆင်းစေ၊ အမြစ်ပြတ်ရှင်းလင်းစေ၍၊ အာဒရေန - ရိုသေမြတ်နိုးစွာ၊ အဟံ တ ပည့်တော်သည်၊ နမာမိ - မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား။ တေသံ - ထိုငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ် ဆူကုန်သော ဘုရားရှင်တို့၏ ၊ ဓမ္မဉ္စ - မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ပါးသောတရားတော် မြတ်တို့ကိုလည်းကောင်း၊ သံဃဉ္စ- အရိယာရှစ်ပါး သံဃာတော်များနှင့် သမုတိသံဃာတော်အရှင်သူမြတ်တို့ အားလည်းကောင်း ၊ အဟံ - တပည့်တော်သည်၊ အာဒရေန ရိုသေစွာ၊ နမာမိ - မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား။ နမက္ကာရာနုဘာဝေန - ရှိခိုးပူဇော် ဖူးမြော်ပါရ ကုသလ၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်၊ သဗ္ဗေ ခပ် သိမ်းကုန်သော၊ ဥပဒ္ဒဝေ - ဘေးဥပဒ်ရန်စွယ် အန္တရာယ်ဟူသမျှတို့သည်။ ဟိတွာ - ပယ်စွန့်ကြကုန်၍၊ အနေက အန္တရာယာပိ - တစ်ပါးမက များလှစွာသော အန္တရာယ်ဟူမျှတို့သည်လည်း ၊ အသေသတော မကြွင်းအကျန်မရှိ သောအားဖြင့်၊ ၀ိနဿန္တု - ကင်းစင်လွင့် ပျောက်ပါစေသတည်း..။ (ဆီလျှော်အောင် ဘာသာပြန်လိုက်ပါသည်)

Monday, October 10, 2011

ပုဗ္ဗဏှသုတ်

အခုအချိန်အခါသည်ကမ္ဘာတစ်ဝန်းတွင်သဘာဝဘေးအန္တရယ်များဖြစ်ပွားနေပါတယ်။ဒါကြောင့်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့ဘုရား၊တရား၊သံဃာ၊ရတနာသုံးနှင့်မိဘ၊ဆရာတို့ကိုမမေ့ကြရန်တိုက်တွန်း
လိုပါတယ်။

ပုဗ္ဗဏှသုတ်

ပုဗ္ဗဏှသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား

ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်၊ ကံဇာတာနိမ့်နေခိုက် အထူးရွတ်ရန်သင့်သည်၊ လုပ်သမျှလုပ်ငန်း အထစ်ထစ် အငေါ့ငေါ့ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်၊ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင် အောင် ဆောင်ရွက်လိုသောအခါ မလုပ်မီ ဤသုတ်ကို သရဇ္ဈယ်ပါ၊ မုချအောင် ပါလိမ့်မည်။

၁။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။

၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။

၂။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။

၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။

၃။ ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿ သဒ္ဒေါ
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။

၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။

၎။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။
သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။

၎။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံး ထိုဘေးအန္တရာယ်မှ ကင်းလွတ်ကြပါစေ၊ စိုးရိမ်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။

၅။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။
သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။

၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။

၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။
ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။

၆။ အရာရာပြည့်စုံမှု ချမ်းသာမှုရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ၊ ကမ္မဋ္ဌာန်း ဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။

၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။
အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။

၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေက ဗုဒ္ဓါဘုရား၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည် တန်ခိုးဖြင့် အရပ် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။

၈။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် ဘုရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေ သတည်း။

၉။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် တရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် တရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြ ပါစေ သတည်း။

၁ဝ။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁ဝ။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် သံဃာတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် သံဃာရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေသတည်း။

၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။
သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။

၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ ခပ်သိမ်းသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။

၁၄။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။
ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။
ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၄။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူကမ္ဘာသား အပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော် မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်း ပါစေ သတည်း။

၁၅။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။
ဧဝမေဝ ဇယော ဟောတု၊ ဇယဿု ဇယမင်္ဂလေ။

၁၅။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်းဖြစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင်ရရှိပါစေသတည်း။

၁၆။ အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။
အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။

၁၆။ သဗ္ဗညုဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာ လည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။

၁၇။ သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။
သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

၁၇။ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာ တိုးတက်ပါစေ၊ စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော် ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။

၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။
ပဒက္ခိဏံ မနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။

၁၈။ မြတ်သောကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သောစိတ်အမှု ရှိပါစေ၊ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏စိတ်ကို ဆောက်တည်နိုင်ပါစေ သတည်း။

၁၉။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။
တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။
အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။

၁၉။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက် ကြသည့်အတွက် မြတ်သောအကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သောအကျိုး တရားကို ရရှိသောသူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက် လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေ အမျိုးတို့နှင့်အတူ ကျမ်းမာချမ်းသာကြပါစေကုန်သော်။

ပုဗ္ဗဏှသုတ် မြန်မာပြန် ပြီး၏။
ပရိတ်ကြီး ၁၁-သုတ် ပါဠိတော် မြန်မာပြန်၊ ပရိတ်

မြန်မာ့စစ်ပညာ

သေနင်္ဂဗျူဟာ စစ်ပညာသည် တိုင်းပြည်အသီးသီး၊ လူမျိုးအသီးသီးတွင် ရှေးကတည်းက ရှိခဲ့သည်။ ယခုလည်းရှိနေဦးမည်။ နောင်လည်း ရှိရမည်ပင် ဖြစ်သည်။ စစ်ပညာများမှာ အချိန်ကာလ ခေတ်အားလျော်စွာ တစ်မျိုးတစ်ဖုံ ထူးခြား တိုးတက် လာသော်လည်း အခြေအနေ အချိန်အခါအရ ရှေးပညာရပ်များကို လက်လွှတ်၍ မရပေ။ ထို့ကြောင့် ရှေးမြန်မာ့ စစ်ပညာကို တိမ်မြုပ်မသွားအောင် ထိန်းသိမ်းထားသင့်ပေသည်။ မြန်မာ့သေနင်္ဂဗျူဟာကျမ်း(စစ်ပညာကျမ်း)ကို ခေတ်အဆက်ဆက်က မှတ်တမ်းတင်ထားခဲ့ကြသော်လည်း၊ ရှင်ဖြူရှင်မင်းနှင့် ဘိုးတော်ဘုရားလက်ထက်တွင်ထင်းရှားခဲ့သော လက်ဝဲသုန္ဒရ အမတ်ကြီးက မြန်မာ့ စစ်ပညာကို ပျောက်ပျက်မသွားစေရန် ရည်ရွယ်၍ သေနင်္ဂဗျူဟာပျို့၊ ဗျူဟစက္ကိပျို့နှင့် နန္ဒီသေနပျို့များကို ရေးသား စပ်ဆိုခဲ့သည်။

သမိုင်းတွင် မှတ်ကျောက်တင်ခဲ့သော စစ်ပွဲများ

  • ပုဂံခေတ်တွင် ဂျွမ်းတို့နှင့်တိုက်သော ဂျွမ်းစစ်၊ (ကျူးကျော်သူ ဂျွမ်းစစ်သည်များကို ကျန်စစ်သားဦးစီးသည့် သူရဲကာင်းလေးယောက်နှင့် ကိုယ်ရံတော်တပ်များက တိုက်ခိုက်အနိုင် ယူခဲ့သည်။)
  • ပင်းယခေတ်တွင် မွန်ဂိုတို့နှင့်တိုက်သော် တာတာမွန်ဂိုစစ်၊ (ကျူးကျော်သူ မွန်ဂိုတို့သည် ထိုအချိန်က ကမ္ဘာတစ်ခြမ်းနီးပါး တိုက်ပွဲများအောင်မြင်နေသည့်အချိန်ဖြစ်သည်။)
  • ညောင်းရမ်းခေတ်တွင် ပေါ်တူဂီတို့နှင့်တိုက်သော် သန်လျှင်စစ်ပွဲ၊ (ပေါ်တူဂီတို့သည်ထိုအချိန်က စစ်အင်အား အလွန်တောင့်တင်းချိန်ဖြစ်သည်။ အင်္ဂလိပ်တပ်များ၊ ပြင်သစ်တပ်များ သည် ပေါ်တူဂီတပ်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးသည့် အချိန်ဖြစ်သည်။)
  • ကုန်းဘောင်ခေတ် ရှင်ဖြူရှင်မင်းလက်ထက် တရုပ်တို့၏ကျူးကျော်မှုကိုတိုက်သော် စစ်ပွဲ ၄ ပွဲ၊(တရုပ်တို့၏ ကြီးမားသည့် စစ်တပ်ကြီးများကို ဗလမင်းထင်ဦးစီးသည့် မြန်မာတပ်မ တစ်ခုမှ အံအားသင့်ဖွယ် အနိုင်ယူခဲ့သည်)
  • ဘကြီးတော်လက်ထက် အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင် စစ်သူကြီး မဟာဗန္ဒုလ၏ ပန်းဝါတိုက်ပွဲ၊(ပန်းဝါတိုက်ပွဲတွင် မြန်မာတပ်များ ထက် အင်္ဂလိပ်တပ်များ လက်နက်သာသော်လည်း မြန်မာတို့၏ သေနင်္ဂဗျူဟာကြောင့် မြန်မာတပ်များအနိုင်ရခဲ့သည်။)
  • ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ကြည်မြင်တိုင်ခံတပ်တိုက်ပွဲ၊ (အသက်အရွယ်ကြီးရင့်သော်လည်း စစ်၏ပရိရယ်ကို ပိုင်နိုင်စွာအသုံးချနိုင်ခဲ့သောကြောင့် အင်္ဂလိပ်ရေတပ်မှ ပစ်သော အမြောက်ဆံများ အင်္ဂလိပ်တပ်ပေါ်ပြန်ကျ၍ အင်္ဂလိပ်တပ်များ တပ်လုံးပြုတ်ခဲ့ရသည်)
  • ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ၀က်ထီကန်တိုက်ပွဲ၊

(ဗိုလ်ချုပ်နေမျိုးသည် မိမိထက် လက်နက်အင်အား၊ လူအင်အားသာလွန်သည့် ရန်သူအင်္ဂလိပ်တပ်များကို ဒူမထောက်၊ လက်မမြှောက်ဘဲ သေသည့်အချိန်ထိ ရဲရဲဝံ၀ံအသေခံတိုက်ခိုက်သွားသည်။ ထိုတိုက်ပွဲတွင် အင်္ဂလိပ်တပ်မှ အရာရှိများပါ သေဆုံးသူ၊ ဒါဏ်ရာရသူများနှင့် ပြည့်နှက်ခဲ့ရသည်)

  • တတိယအင်္ဂလိပ် မြန်မာစစ်ပွဲတွင် မင်းလှခံတပ်တိုက်ပွဲတို့သည် မြန်မာတို့၏စစ်ပညာ၊ မြန်မာတို့၏သူရသတ္တိကို မှတ်ကျောက်တင်ပေးခဲ့သည့် စစ်ပွဲများဖြစ်သည်။

စစ်ပညာသည် စစ်ကိုအောင်နိုင်စွာ တိုက်ခိုက်နိုင်ရန် လိုက်နာကျင့်သုံးရသော စစ်တိုက်နည်းများနှင့် စစ်သဘောတရားများ ဖြစ်သည်။ ယခုခေတ်တွင် စစ်ပညာကို လေ့လာဆည်းပူးရာ၌-

  1. စစ်ဦးဆောင်ညွှန်ကြားရေး
  2. စစ်ဆင်ယင်ရေး(စစ်ပရိယာယ်)
  3. တိုက်ပွဲခင်းကျင်းရေး(သေနင်္ဂဗျူဟာ)
  4. စစ်ဖွဲ့စည်း အုပ်ချုပ်ရေး ဟူ၍ ပိုင်းခြားကာ လေ့လာဆည်းပူးရသည်။

မြန်မာ့ စစ်ပညာတွင် စစ်တိုက်ခိုက်နည်းမှာ အခြေခံအပိုင်းဖြစ်သည့် စစ်အစီအရင် (၇)ပါး ဖြစ်သည်။ ထိုစစ်အစီအရင် (၇)ပါးမှ တဆင့် ဖြာထွက်လာသော သရုပ်သကန်များဖြစ်သည်။

စစ်အစီအရင် (၇)ပါး

  1. စစ်အင်္ဂါ(၇)ပါး (သေနင်္ဂ)
  2. စစ်ချီခြင်း(၄)ပါး (သေနာဂတိ)
  3. စစ်ကပ်ခြင်း(၂)ပါး (သေနုပဂ)
  4. စစ်ထိုးခြင်း(၆)ပါး (သေနာယုဒ္ဓ)
  5. စစ်ခံခြင်း(၆)ပါး (သေနာပဋိဂ္ဂဟ)
  6. စစ်ဖျက်ခြင်း(၆)ပါး (သေနာဗေဒ)
  7. စစ်ပြန်ခြင်း(၃)ပါး (သေနာနိဝတ္တန)

စစ်အင်္ဂါ(၇)ပါး

စစ်အစီအရင် (၇)ပါး မှ စစ်အင်္ဂါ(၇)ပါးသည် စစ်စတင်တိုက်သည် ဆိုသည်နှင့် သုံးစွဲကိုင်တွယ်ရသည့် အချက်အလက်များ ဖြစ်သည်။

  1. စစ်ဖျား စစ်လျင်
  2. စစ်၏ ရင်ဝ
  3. စစ်၏ ပခုံး
  4. စစ်၏ နံပါး
  5. စစ်၏ ၀မ်း
  6. စစ်၏ ကျောက်ကုန်း(ကျောကုန်း)
  7. စစ်ခံတပ် တို့ဖြစ်သည်။

စစ်ချီခြင်း(၄)ပါး

  1. စစ်ဗျား၊ စစ်လယ်၊ စစ်နောက်အညီအမျှချီခြင်း (သမဒဏ္ဍဗျူဟာ)
  2. ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊ (ပါသာဒိကဗျူဟာ)
  3. ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊ (စင်္ကောဋက ဗျူဟာ)
  4. မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။ (ဒိင်္ဂဗျူဟာ)

စစ်ကပ်ခြင်း(၂)ပါး

  1. နေမင်းပုံစစ်ကပ်ခြင်း။ (ပတင်္ကရဗျူဟာ) နေမင်းကဲ့သို့ ကြယ်နက္ခတ်ခြံရံမရံဘဲ မင်းတပ်က ရှေ့ မှာနေ၊ နောက်မှ အခြားစစ်တပ်များ လိုက်ပါရသည်။
  2. လမင်းပုံ စစ်ကပ်ခြင်း။ (စန္ဒကဗျူဟာ) လမင်းကို ကြယ်နက္ခတ်များ ၀န်းရံထားသကဲ့သို့ မင်းတပ်ကို အလယ်မှာထားကာ အခြားတပ်များဝန်းရံပြီးလိုက်ခြင်း။

စစ်ထိုးခြင်း(၆)ပါး

  1. ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊
  2. ၀ါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲ စစ်ထိုးနည်း၊
  3. ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊
  4. ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊
  5. မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊
  6. ဘုဇဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။

စစ်ခံခြင်း(၆)ပါး

  1. နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊
  2. ၀ိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ၀ဲယာထောင်၍ခံခြင်း၊
  3. သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ၀ဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊
  4. မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တ၀န်းတစုတည်းခံခြင်း၊
  5. စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊
  6. ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။

စစ်ပြန်ခြင်း(၃)ပါး

  1. အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ၀ါးမျိုဖျက်ဆီး၍ ဆုတ်ပြန်ခြင်း၊
  2. အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
  3. သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
  4. သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
  5. မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
  6. စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။

အက္ခောဘိဏီမျိုးငါးပါး

အက္ခောဘိဏီတပ်ဖွဲ့ပုံ အမျိုးမျိုးရှိ၏။ ထိုအနက် ငါးပါးတို့ကိုသာဖေါ်ပြပေအံ့။

(၁) သီဟိုဠ်ကျွန်း၌ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက် (ဓမ္မိလ-တမယ်လ်) ကျေးလူမျိုးတို့စစ်တိုက်ရာ ချီတက်သော အက္ခောဘိဏီတပ်မှာ မဟာဝင်ဋီကာအရ တိုက်ဆင် တစ်ကုဋေ၊ ရထားဆယ်ကုဋေ၊ မြင်းပေါင်း ကုဋေတစ်ရာ၊ လေးပစ်လေးဆွဲသူရဲ ကုဋေနှစ်ရာ၊ စစ်သည်လူ ကုဋေတစ်သောင်းလေးထောင်၊ စုစုပေါင်း တစ်သောင်း လေးထောင့်သုံးရာ တစ်ဆယ့်တစ်ကုဋေရှိ၏။

(၂) မဟောသဓတို့စစ်ချီတက်စဉ်၌ အက္ခောဘိဏီတပ် တစ်တပ်ဟူသည်မှာ ၀ါးလုံးခြောက်ဆယ်တစ်စည်းကိုချထားရာ စစ်အင်္ဂါလေးပါးတို့နင်းသွား၍ မြူမှုန်ဖြစ်လျှင် တစ်ဖန်ဝါးအလုံးခြောက်ဆယ်တစ်စည်းကို ချပြန်၏၊ ဤသို့နင်းသွားခြင်းဖြင့် ၀ါးအလုံးခြောက်ဆယ်အစည်းပေါင်းခြောက်ဆယ် ဖုတ်မြူမှုန့်ဖြစ်အောင် များပြားသော စစ်အင်္ဂါလေးပါး အရေအတွက်ကိုဆို၏။

(၃) ပုဂံမင်းဆက် ၅၀-မြောက် သက္ကရာဇ် ၅၉၆-ခုနှစ်တွင်နန်းတက်သော ဓမ္မရာဇာဘွဲ့ခံ ကျစွာမင်းကြီးလက်ထက် လောကီသင်္သကရိုဋ်သဒ္ဒါကျမ်းများနှင့် သဗ္ဗညုဘုရားဟောပါဌဇာတ် ပါဠိတော်၎င်းအဋ္ဌကထာ သုတ္တန်ဝိနည်း အဘိဓမ္မာ ပါဠိတော်အဋ္ဌကထာ ဋီကာများမှလာရှိသည့် ပြယုဂ်အဓိပ္ပါယ်များကိုပါ ထုတ်ဆောင်ညှိနှိုင်းပြီးလျှင် ရေးသားစီရင်တော်မူခဲ့သော သဒ္ဒနီတိကျမ်းဆရာ အရှင်အဂ္ဂ၀ံသထေရ်မြတ်သည်

န၀ နာဂ သဟဿာနိ နာဂေ နာဂေ သတံ ရထာ။

ရထေ ရထေ သတံ အဿာ အေဿ အေဿ သတံ နရာ။

နရေ နရေ သတံ ကညာ ဧကေကိဿံ သတိတ္ထိယော။

ဧသာ အက္ခောဘိဏီနာမ ပုဗ္ဗာစရိယေဟိ ဘာသိတာ

ဟု ၎င်းသဒ္ဒါနီတိကျမ်း၌ အက္ခေဘိဏီယူပုံကိုပြဆိုသည်။

အဓိပ္ပါယ်မှာ ဆင်ပေါက်ကြီး ကိုးထောင်၊ ရထားကိုးသိန်း၊ မြင်းကိုးကုဋေ၊ ခြေသည်သူရဲကုဋေကိုးရာ၊ သမီးကညာ ကုဋေ ကိုးသောင်း၊ မိန်းမ ကုဋေကိုးသန်း ဤအရေအတွက်ကို အက္ခောဘိဏီဟု ရှေးဆရာတို့မိန့်ဆိုကုန်၏။

(၄) အမရကောသ အဘိဓာန် ဋီကာတို့၌ကား။ ဆင်- ၂၁၈၇၀။ ရထား-၂၁၈၇၀။ မြင်း- ၆၅၆၀၀။ ခြေသည်-၁၀၉၃၅၀။ ပေါင်း ၂၁၈၇၀၀-သည် အက္ခောဘိဏီ သေနာဗျူဟာ မည်၏ ဟုဆို၏။

(၅) မကြာမီခေတ်၌ကား ဆုတ်ကပ်ဖြစ်၍ လူတို့အသက်တို ဦးရေနည်းပါးသောကြောင့် အက္ခောဘိဏီတပ်ဖွဲ့ရာ အရေအတွက်အလွန်နည်းပါးလေသည်။ ၎င်းပြင် ဆင် နည်းပါးသောကြောင့် စစ်အင်္ဂါလေးပါး ပြည့်စုံအောင်ပင် တပ်မစည်းကြပ်နိုင်ချေ။

Saturday, October 8, 2011

မြန်မာအမျိုးသားတိုင်းသိသင့်သော

စစ်ရေးသုံးသပ်ချက်
၁။စစ်ဆိုသည်မှာနိုင်ငံတော်အတွက်သေရေးရှင်ရေးတမျှအရေးကြီးသောကိစ္စတရပ်ဖြစ်သည်။
စစ်သည်ပြည်သူလူထု၏အသက်ရှင်ရေးနှင်လည်းကောင်း။သေကျေပျက်စီးရေးနှင့်လည်ကောင်းသက်ဆိုင်ရုံရှိရုံမက။နိုင်ငံတော်တည်တံခိုင်မြဲရေးကိုလည်းကောင်း။ပျက်သုန်းစေရေးကို
လည်းကောင်းဖြစ်စေနိုင်တယ်။ထိုကြောင့်စစ်ပညာကိုလူတိုင်းစေ့စေ့စပ်စပ်လေ့လာသင်ကြား
ဆည်းပူးထိုက်တယ်။
၂။စစ်မက်ရေးရာကိုဆင်ခြင်သုံးသပ်ရာတွင်မရှီမဖြစ်အခြေခံ(၅)ရပ်ပါဝင်ရမယ်။၎င်းတို့မှာ.........
၁။စိတ်ဓါတ်ရေးရာ လွမ်းမိုးရေး
၂။သဘာဝရာသီဥတု(ကာလ)
၃။မြေပြင်အခြေအနေ(ဒေသ)
၎။ခေါင်းဆောင်မှု(ပုဂလ)
၅။လုပ်ထုံးလုပ်နည်း၊စည်းကမ်းဥပဒေ။
တခုချင်းစီကိုပြန်ရှင်းပြမယ်...
၁။စိတ်ဓါတ်ရေးရာလွမ်းမိုးရေး
ပြည်သူပြည်သားများကိုသူတို့ဧ။်ခေါင်းဆောင်များနှင့်ယုံကြည်ချက်။ခံယူချက်။ဦးတည်ချက်။စသည်တို့တွင်တညီတညွတ်တည်းဖြစ်စေရမယ်။ပြည်သူနှင့်အစိုးရသည်တူညီသော.ယုံကြည်ချက်.မျှော်မှန်းချက်များကိုမျှဝေခံစားရမယ်။ပြည်သူနှင့်အစိုးရသည်တွေ့ကြုံသမျှအကောင်းအဆိုးမှန်သမျှကိုသေအတူရှင်မကွာယှဉ်တွဲလုပ်ဆောင်ရမယ်။စည်းရုံးလှုံဆော်ရေး။ဆွဲဆောင်သိမ်းသွင်းရေး။တစိတ်တ၀ှမ်းထဲ
စည်းလုံးရေးသည်အရေးကြီးဆုံးပထမအချက်ဖြစ်တယ်။
၂။သဘာဝရာသီဥတု
နွေရာသီရဲ့ပူပြင်းမှု.မိုးရာသီရဲ့စိုစွပ်ထိုင်းမှိုင်းမှု။ဆောင်းရာသီရဲ့အေးမျှမှု စစ်ဆင်ရေးအပေါ်တွင်ယင်းရာသီဥတုတို့ဧ။်အကျိုးသက်ရောက်စေနိုင်မှုများကိုတွက်ချက်သုံးသပ်ရာတွင်ပါဝင်တယ်။
၃။မြေပြင်အခြေအနေ
လမ်းပန်းအဆက်အသွယ်.အကွာအဝေး။ရေမြေတောတောင်၊မြစ်ချောင်းအင်းအိုင်.
ရုပ်ပိုင်းဆိုင်ရာအခြေအနေများကစစ်မက်ရေးရာကိုသေခြင်း.ရှင်ခြင်း.အခွင့်အလမ်းတခုခုပေးတက်တယ်
ကွင်းပြင်ကျယ်လျှင်
တပ်ကိုဖြန့်နိုင်ရမယ်။လမ်းကျဉ်းတောင်ကမ်းပါးယံလျှိုမြောင်အနေအထားဆိုရင်
တပ်အင်အားအနည်းအငယ်ဖြန့်ပြီးချီတက်ရမယ်။တိုက်ပွဲဆင်သင့်သည့်မြေပြင်အခြေအနေကိုကြိုတင်မျှော်မြင်ဆင်ခြင်နိုင်ရမယ်။
၎။ခေါင်းဆောင်မှု
စစ်ဖက်ခေါင်းဆောင်(သို့မဟုတ်)စစ်သူကြီးသည်အောက်ပါအချက်ငါးချက်နှင့်ပြည့်စုံရမယ်။...........
၁။ဥာဏ်ပညာ၇ှီခြင်း
၂။ယုံကြည်မှု(ရိုးသားခြင်း)
၃။စာနာတက်ခြင်း
၎။ရဲစွမ်းသတ်တိ
၅။စည်းကမ်းကိုတသွေမသိမ်းလိုက်နာခြင်း...........အဲဒါတွေနဲ့ပြည်စုံမှစစ်သူကြီးပီသမယ်.တိုက်ပွဲတိုင်းမှာအနိုင်ရနိုင်မယ်။
၅။လုပ်ထုံလုပ်နည်းစည်းကမ်းဥပဒေ
ဆုပေးစနစ်.။အုပ်ချုပ်ထောက်ပံ့ရေးစနစ်၊ဖွဲ့စည်းပုံ.၊ကြီးကြပ်ကွပ်ကဲပုံ၊မှန်ကန်စွာတာဝန်ခွဲဝေပုံ၊ရာထူးခန့်အပ်ပုံစသည့်လုပ်ငန်းနည်းစနစ်များ.ကောင်းစွာမှန်ကန်နေရမယ်။ထိရောက်နေရမယ်။
.........................................................
မြန်မာအမျိုးသားတိုင်းသိသင့်သည်ဟုထင်မြင်၍ရှာဖွေတင်ဆက်လိုက်ပါသည်။
နောင်လည်းလေ့လာမိသမျှကိုတင်ပြပေးသွားပါမည်။

Friday, October 7, 2011

မြန်မာ့သိုင်းပညာ



(တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။)
ကျွန်တော်ဒေါင်းမင်း၏ခန္ဓာကိုယ်ထဲတွင်မြန်မာ့သွေးများပွက်ပွက်ဆူနေသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းအားရပ်ဆိုင်းလိုက်သည့်ကိစ္စနှင့်ပါတ်သတ်၍တရုတ်မှ
(မြန်မာအားမည်သို့ပြင်းထန်စွာအပြစ်ပေးရမလဲ)ဆိုတဲ့အသံကိုကြားလိုက်ကတဲကကျွန်တော်ဒေါင်းမင်း၏
မြန်မာ့သွေးများပွက်ပွက်ဆူခဲ့ရသည်။မြန်မာတိုင်းရင်းသားတို့၏သွေးသည်ရဲရဲနီ၏။တရုတ်၏စော်ကားမှုကို
ကျွန်တော်တို့တစ်မျိုးသားလုံးခေါင်းငုံခံမည်မဟုတ်ပေ။အကယ်၍တရုတ်သည်မြန်မာမြေအားကျူးကျော်
စော်ကားလာပါကမြန်မာတစ်မျိုးသားနှင့်တစ်ကွကျွန်တော်ဒေါင်းမင်းရှေ့တန်းကနေ၍အသက်စွန့်၍တိုက်
ခိုက်သွားမည်။အဓိဌာန်ပြုပါသည်။မြန်မာတစ်မျိုးသားလုံးတရုတ်နှင့်တစ်ကွမည့်သည့်တိုင်းတစ်ပါး၏စော်
ကားမှုကိုမှမခံလို။ကျွန်တော်တို့မြန်မာတစ်မျိုးသားလုံးမစည်းလုံး၍ဤသို့စော်ကားခံရသည်ဟုမှတ်ယူပါ
သည်။မြန်မာတိုင်းရင်းသားတွေစည်းလုံးညီညွတ်ကြပါစို့လို့ကျွန်တော်အညတရဒေါင်းမင်းမှတိုက်တွန်းနိုး
ဆော်ပါသည်။မြန်မာတိုင်းကိုယ်ခံပညာသိုင်းပညာတက်သင့်ဟုရည်ရွယ်လျှက်ဤဗီဒီယိုဖိုင်အားတင်ပေး
လိုက်ပါသည်။
(တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။)
အားလုံးအားခင်မင်လျှက်
ဒေါင်းမင်း