ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, April 18, 2015

ဝိဥာဉ်တစ်ယောက်လွမ်းချင်း

မြင်နေရလူ့လောက.
တို့ထိမရငါ့ဘဝ
ငရဲကျနေသလား
မှတ်နေရတယ်။


Monday, October 21, 2013

Sunday, October 20, 2013

ဂျန်ဂျစ်ခန်ဇာတ်လမ်းတွဲလိုချင်သောမိတ်ဆွေအတွက်

ဂျန်ဂျစ်ခန်ဇတ်လမ်းတွဲကိုတောင်းဆိုနေတဲ့မိတ်ဆွေအတွက်
ယူကျူ့လင့်တစ်ခုတင်ပေးလိုက်ပါတယ်။

http://www.youtube.com/watch?v=r7G5u5E8qoU

ဒီလင့်အတိုင်းကြည့်ပါဗျာ..အပိုင်းကတော့များပါတယ်။
ဂျန်ဂျစ်ခန်မမွေးခင်ကစပြီးသေဆုံးတဲ့အချိန်ထိ၇ိုက်ကူးထားသော
ဇာတ်လမ်းတွဲဖြစ်ပါတယ်။ 

Wednesday, June 19, 2013

ပြန်လာပြီ

မြန်မာပြည်ရောက်နေတာနဲ့.ငွေထပ်မဖြည့်နိုင်တော့ဒေါ့ကွန်းပျက်သွားတယ်။
အခုဘလော့စပေါ့နဲ့ပဲပြန်ဝင်ပါတော့မယ်....မိတ်ဆွေအပေါင်းကိုသတိရလျက်ပါ။
အားလုံးကိုခင်မင်လေးစားလျက်
ဒေါင်းမင်း

Friday, March 16, 2012

စိန့် မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ

စိန့် မာတင်အရေးမှသည်>>>>>>ထိုကျွန်းလေးကို အလေးပြုနှုတ်ဆက်ပြီးနောက်>>>>>ရွေမြန်မာ

စိန့် မာတင် ကျွန်းဆိုတာ မြန်မာနိုင်ငံ သမိုင်းဝင် ရှင်မဖြူ ကျွန်းဖြစ်ပါတယ်။
ဘင်္ဂလား ရဲ့လူဦးရေ စိမ့်ထွက်လာမှုနဲ့  မြန်မာရေးဝင်စွက်ဖက် တဲ့ရိုးဟင်ဂျာ
အမိမြေဟာ ဘင်္ဂလားပါ။သူတို့ တွေ နေထိုင်ကြတယ် ရခိုင်ကို သတ်တစ်ရွာလုံး
မီးရှို့ ပြီးတော့ အဲ့ကျွန်းကို အပိုင်စီးတယ် ခုတော့တရားဝင်ဖြစ်သွားပြီ ပေါ့
ဒါကြောင့် သူတို့ ပျော်နေတယ် မီဒီယာတွေ အော်လေတယ် မြန်မာကို
နိုင်လေပြီလို့ ။

ရှင်မဖြုကျွန်းဝယ် မဟာဗန္ဓုလ စစ်သူကြီးက အင်္ဂလိပ်အလံတော်ကိုချနင်း ခဲ့
တာ သမိုင်းဝင်ခဲ့တယ်။ဒီကျွန်းကို ရဖို့ မပေးနိုင်လို့  စစ်မက်ဖြစ်ပွား ၁၈၂၄မှာ
ပထမကျူးကျော်စစ်မှာ ဒို့ တွေ ရခိုင်တနသာင်္ရီ ကမ်းရိုးတန်းပေးလိုက်ရတာ။
နောက်တော့ တစ်ပြည်လုံးပေါ့ အင်္ဂလိပ် တိုက်ခဲ့တဲ့ တပ်တွေဟာလက်အောက်
ခံ ကုလားဒိန်တပ်တွေ ဆိုတာ မမေ့ပါနဲ့ ။

ဗိုလ်ချုပ်ရဲ့ လွပ်လပ်ရေးရအောင် ကြိုးပမ်းပြီးတော့ ပြန်ပေးခဲ့တဲ့ သူတို့ ဟာ
ခုပါသွားတဲ့ ကျွန်းလေးထိကို တစ်ဝက်ဘဲ ပြန်ပေးခဲ့တယ်ဗျာ အင်္ဂလိပ်က။
ဒါပေမဲ့ ရခိုင် တွေလည်းသတ်မနေရဲ တော့ ဒီကျွန်းဟာ ဘင်္ဂလားများ
ကုလားတွေတွက် တရားဝင်ဖြစ်သလို ဖြစ်ပြီးလူဦးရေ စိမ့်ထွက်လာတဲ့သူတို့ 
တွက် မြန်မာမြေကို မရရအောင်လုပ် ကြတော့တာပေါ့ ခုတော့ရသွားပြီ။

ဒီကျွန်းကနေ ဘာတွေဆက်ဖြစ်နိုင်မလဲ?ဘာတွေလုပ်နိုင်ဦးမလဲ?စဉ်စား
ကြပါဦး မြန်မာနိုင်ငံသည် အာရှ ကုန်းတွင်းပိတ်နိုင်ငံများနဲ့  ကုန်သွယ်
မှု ဆောင်ရွက်ဖို့ ကောင်းအောင် အကောင်းဆုံးဆိပ်ကမ်း ပင်လယ်နက်
ဆိပ်ကမ်းထားဝယ်ကို လုပ်ဆောင်နေတာ အားလုံးအသိပါဘဲ။ဒီပရောဂျက်
အောင်မြင်ခဲ့လို့  မြန်မာခေါင်းမော့လာရင် မြန်မာကိုထိန်းချုပ်နိုင်ဖို့ တွက်
ဒီကျွန်းဟာ အရေးကြီးမြေပါ အခိုင်မာ စစ်စခန်းတည်ဆောက်ပြီး မြန်မာနိုင်ငံ
ကို ထပ်ပြီး ခြမ်းခြောက်လို့ အကောင်းဆုံး နေရာဖြစ်လာနိုင်တယ်လေ
ဒါကြောင့် ဟိုးအရင်က မခံခဲ့လို့ တိုက်ခဲ့လို့  ၃ကြိမ်ပြီးကျွန်ဖြစ်ခဲ့တယ် မမေ့ပါနဲ့ ။

ဒါကြောင်း ဘင်္ဂလားရဲ့ သတင်းငှာနက မြန်မာကိုနိုင်ပြီလို့ ပွစိလှန်တက်
နေအောင် အော်တာ ဒီကျွန်းလေး ဒီပိုပေးလိုက်ရတဲ့ ရေပိုင်နက်လေးကြောင့်
လား?မဟုတ်ဖူး သူတို့ ရည်မှန်းချက်တွေ အကောင်ထည်ဖေါ်နိုင်တော့မှာမို့လို့ ။
မယုံရင် စောင့်ကြည့်ပါ အဖျားဝင်ပြီး တစ်ကိုယ်လုံးလာလိမ့်မည်။
ဒါကြောင့်မြန်မာကိုနိုင်လေ ပြီလို့ အကုန်လုံးကိုအောင်နိုင်တော့မည်ဆိုပြီး
အော်ကြတာ မီဒီယာတွေက အလုယက်ကို ငါ့တို့ မီဒီယာတွေနဲ့  ပြည်သူတွေ
မသိဖူး သူတို့ အော်သံသည် စိန့်မာတင်မှ သည် တစ်နိုင်ငံလုံးသို့ ဆိုတာ။
အကုန်ငြိမ်နေတယ် သူများရေးထားတာကို ဘာသာပြန်ဖို့ လောက်ချောင်း
နေတယ်။အစိုးရ နဲ့ တပ်မတော်ကို ဘာအမှားလုပ်မလဲကြည့်နေတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘယ်သွားလဲ နားစွင့်နေတယ်။မဲပေးတဲ့ကိစ္စ
အာဏာရဖို့ တွေလုပ်ပြီးတဲ့ ချိန်မှာ ဟိုဘက်ကုလား သူတို့ ရဲ့ရည်မှန်ချက်
တွေတွက်အုတ်မြတ် အခိုင်မာ ချပြီးပြီးဆိုတာကို မေ့နေကြတယ်။

ကဲခုမကျေနပ်လို့ စစ်ဖြစ်ပြီးတဲ့ မြန်မာ ကို အကြောင်းရှာနေသော် အင်အားကြီး
တွေဝင်လာမည်။ ဘင်္ဂလားတင်မဟုတ်ဖူး မြန်မာကိုအလိုရှိသော်လူများ အခွင့်
ရေးချိုးဖောက်မှု နဲ့ အီရတ်လို ဖြစ်လိမ့်မယ်။အီရတ်က မှ တစ်ခုထဲဝင်တာ
မြန်မာကျရင် ဟိုက တစ်ဖဲ့ ဒီက တစ်တို့ လာဖဲ့ ရင်ဒို့ မြေ ဒို့ ရေ လိုက်စုဖို့ 
နောက်နှစ်ပေါင်း ၁၀၀၀တောင် ရပ့ါမလား တကယ်လို့ဖြစ်လာခဲ့ရင်။
ခုတော့တပ်က အနေဆင်းရဲ အစားဆင်ရဲ နဲ့ အဲ့မှာ တာဝန်ထမ်းဆောင်ရင်း
နေနေတဲ့ ရဲဘော်တွေ တိုင်းပြည်လုံခြုံရေးလုပ်နေတဲ့ ရေယဉ်တွေဟာ
အသဲဖေါက်မတတ် ခလုတ်နှိပ်ခြင်နေပေမဲ့ ငါတို့ တွေမလုပ်ရဲဖူး နောက်ခံ
ပြည်သူကို ကြည့်နေရတယ် ဒါကြောင့် ငါတို့ စိန့်မာတင်ကို အလေးပြု
နှုတ်ဆက်ရတယ် အော် ဒီအရှုံး စစ်မတိုက်ဘဲပေးလိုက်ရတဲ့ အပင်ပန်းခံ
အငတ်ခံ နေခဲ့ရတဲ့ ဒီစစ်သားတွေ ဘယ်ရင်မှာ မချိနေမလဲ စော်ကားကြဦး
နောက်ထပ်။လူတိုင်း အဲ့နေရာကိုမရောက်ပေမဲ့ စစ်သားကတော့ ရောက်ခဲ့
ဖူးတယ် ဒါကို့ မြေကို့ ရေဆိုတာ ကိုပိုသိလို့ ပိုတင်းတယ်ဒါပေမဲ့ နောက်မှာ
ုပြည်သူရှိသေးတယ် ငါတို့ အသက်တွေပေးဖို့ က အဆင်သင့်ဆိုပေမဲ့
နောက်မှာ ဒီကလေးတွေ ရှိသေးတယ် နောက်တစ်ကြိမ်စစ်တလင်းဖြစ်ရင်
ဆိုတဲ့အတွေးကလည်း ငါ တို့ ရင်ကို ခံပြင်းစေခဲ့တယ်။ပြည်သူမပါဒီလမ်
ငါတို့ ဘယ်လိုလျောက်မလဲ အော်မြန်မာရယ် ညီညွတ်ပါတော့။

တကယ်ပါ ဥာဏ်မီသလောက် တွေးကြည့်ကြပါ စိန့် မာတင်မှ သည်တစ်နိုင်ငံ
လုံးသို့ ဆိုတာ မမေ့ပါနဲ့  တစ်မျိုးသားလုံးလဲသိအောင်လုပ်ထားကြပါဗျာ။
ဒို့ မြန်မာအင်းအားတောင့်အောင်လုပ်ကြပါ။၁၄.၃.၂၀၁၂ စိန့် မာတင်မှ
သည် သမိုင်းတွင်ရှုံးနိမ့်ခဲ့ သမျှ ရာဇဝင်အရိုင်းဆုံးဆိုတာကို မမေ့ပါနဲ့ 
တကယ်တွေးရင် ကြောက်စရာကြီးပါ ကို့ လူမျိုးနောက်ထပ်ထိန်းချုပ်တာ
တွေကိုခံရတော့မှာ ကိုမသိကြတာ။တပ်မတော်ကို စော်ကားမှု များ တပ်မတော်မရှိမှသိလိမ့်မယ် အချုပ်ခြာဟူသည် ခုလို ထိခံရခြင်းကို ခေါ်သည်။မဲကိစ္စသည်အရေးမကြီး အမျိုးသားရေး ကို့ ပြည်ရေးသည် အရေးကြီးကြောင်းမီဒီယာများ တွေးကြပါ။စိန် မာတင်မှ သည် တစ်နိုင်ငံလုံးတို့ မဖြစ်ရအောင်နောက်ထပ်ထိန်းချုပ်မှုတွေ
ကြားကနေ လွတ်အောင်လုပ်ကြဖို့  ရှုန်းကြပါတော့ အိုမြန်မာ.....

လေးစားစွာဖြင့်
ဖိုးသားလေး


.ဖေ့ဘွတ်မှာတွေ့၍ကူးယူလာခြင်းဖြစ်ပါသည်.။.။မြန်မာတွေအမျိုးသားရေးနိုးကြားဖို့လိုအပ်လာပါပြီ။

--
ဒေါင်းမင်း
http://www.myanmarkingpeacock.com/

Wednesday, February 8, 2012

အရိုင်းပန်းတစ်ပွင့်ပြောင်းလဲခြင်း


မလ္လာတိုင်း၏ မြင်ကွင်းအစုံက၊ကြည်နူးစရာအတိရယ်ပါ....။တဖက်မှာ မြတ်ဗုဒ္ဓနှင့်သံဃာတော်များစီးတန်း
ကြွလာသည့်မြင်ကွင်း၊အခြားတဖက်မှာက..အရောင်အသွေးစုံလင်လှသောလူထုပရိတ်သတ်ကြီး၊ထိုပရိတ်သတ်
လူထုကြီးသည်၊ကိုယ်စီကိုယ်စီလက်အုပ်များချီမိုးကာ.လက်အုပ်ကြား၌ပန်းခိုင်များညှပ်လျှက်၊မြတ်ဗုဒ္ဓနှင့်
သံဃာတော်များအား ဖူးမြော်ကြိုဆိုနေကျခြင်းဖြစ်သည်။

မြတ်ဗုဒ္ဓသည် ရာဇမတ်ကွက်များအတွင်း၊သဲဖြူခင်းထားသောလမ်းအတိုင်း မနှေးမလျင်ကြွလှမ်းတော်မူလျက်
ရှိပါသည်။မြတ်ဗုဒ္ဓ၏ နောက်တော်ပါးမှာ အနီးကပ်လိုက်ပါလာသည့်အရှင်မြတ်ကား..ပစ္ဆာသာမဏ
အရှင်အာနန္ဒာဖြစ်လေသည်။

အရှင်အာနန္ဒာသည် မြတ်ဗုဒ္ဓနောက်တော်မှလိုက်ပါရင်း၊လူထုပရိတ်သတ်ထဲမှခေါင်းထောင်ကာလှမ်းကြည့်
နေသူတစ်ယောက်ကိုအမှတ်မထင်တွေ့လိုက်ရာ၊ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်၏။
“ဟာ....ရောဇကြီးပါလား။ရောဇရေ..အသင့်ကိုတွေ့ရတာငါဝမ်းသာတယ်ဟေ့။ဘုရားနဲ့သံဃာကြိုတဲ့ထဲ..
သင်ပါလာတယ်ဆိုတော့။ဟိုးတုန်းကလိုမဟုတ်တော့ဘူးပေါ့။ရတနာသုံးပါးကြည်ညိုတက်လာပြီဆိုတော့၊
မင်းအတွက်ငါအားရလိုက်တာကွယ်။ကဲ...ကဲ...ငါတည်းတဲ့ကျောင်းကိုလည်း..လာခဲ့အုံးကွဲ့”
အရှင်အာနန္ဒာသည်နှုတ်ဆက်စကားကိုဝမ်းမြောက်ဝမ်းသာဆိုရင်း၊ဘုရားရှင်နောက်သို့လိုက်ပါကြွလှမ်းသွား
လေသည်။သူနှုတ်ဆက်ခဲ့သောရောဇ၏မျက်နှာအမူအရာတင်းမာပြောင်းလဲသွားသည်ကိုမူမသိလိုက်တော့ပေ။
“ဟင်း..အာနန္ဒာကတော့တလွဲထင်သွားပြီ။သင်တို့ကိုမကြိုရင်ဒဏ်ငွေငါးရာဆောင်ရမယ်ဆိုလို့၊ဒဏ်ထိမှာ
ကြောက်ပြီးလာကြိုကာမှ၊ရတနာသုံးပါးကြည်ညိုတက်လာပြီလို့အပြောခံရတယ်။“တောက်”...။
ခံပြင်းစရာကောင်းလိုက်တာနော်။မဖြစ်ဘူး..မဖြစ်ဘူး..၊ဒီကိစ္စ အာနန္ဒာဆီသွားရှင်းမှကိုဖြစ်မယ်”
ရောဇနှင့်အာနန္ဒာတို့သည်တချိန်က တက္ကသိုလ်ပြည် ပညာသင်ဘက်များဖြစ်ခဲ့ကြသည်။ရောဇကစိတ်ကြမ်း
ကိုယ်ကြမ်းဖြင့်၊အမျက်မာန်ခက်ထန်သူ။အာနန္ဒာကနူးနူးညံ့ညံ့ဖြင့်သည်းခံခြင်းစိတ်နှလုံးရှိသူ။စိတ်ကြမ်း
ကိုယ်ကြမ်းသမားရောဇသည်။မည်သူနှင့်မျှအပေါင်းအဖော်လုပ်၍မရဘဲ၊သည်းခံတက်သောအာနန္ဒာနှင့်သာ
အဆင်ပြေစွာပေါင်းဖော်၍ရလေသည်။ထို့ကြောင့်သူကအာနန္ဒာကိုချစ်ခင်သည်။အာနန္ဒာကလည်းသူ့အပေါ်
သံယောဇဉ်ရှိပါသည်။
ပညာသင်ပြီး၍မိမိတို့တိုင်းပြည်သို့အသီးသီးပြန်ရောက်ကျသောအခါ၊အာနန္ဒာကသာသနာ့ဘောင်ဝင်၍
ရဟန်းပြုဖြစ့်ခဲ့သည်။မလ္လာမင်းသားရောဇကတော့ကုန်သည်အလုပ်သာလုပ်ကိုင်နေခဲ့သည်။ယခုနှစ်ပေါင်း
များစွာကွဲကွာနေသောသူငယ်ချင်းနှစ်ယောက်ပြန်လည်ဆုံတွေ့ကြရာ၊အရှင်အာနန္ဒာကရောဇ၏စိတ်သဘော
ထားပြောင်းလဲနူးညံ့သွားပြီအထင်ဖြင့်၊၀မ်းပမ်းတသာနှုတ်ဆက်လိုက်ခြင်းဖြစ်၏။

သို့သော်...အရှင်အာနန္ဒာ၏ထိုနှုတ်ဆက်စကားသည်မလ္လာမင်းသားရောဇ၏ရင်ထဲဝယ်သစ်မျက်စတစ်ခု
ထိုးသွင်းလိုက်သကဲ့သို့ခံစားလိုက်ရသည်။ထို့ကြောင့်လူထုပရိတ်သတ်စဲသည်နှင့်ရောဇသည် အရှင်အာနန္ဒာ
ရှိရာကျောင်းတော်ဆီသို့ခပ်သုတ်သုတ်လျှောက်လှမ်းလာခဲ့တော့၏။
******
“ဟာ...ရောဇ၊လာကွယ်...လာ..။မင်းစိတ်ထားတွေပြောင်းပြီရတနာသုံးပါးကြည်ညိုလာတာငါဖြင့်ဝမ်းလည်း
သာတယ်၊အံ့လည်းအံ့သြတယ်ကွယ့်။ကဲကဲအထဲဝင်ထိုင်လေကွယ်။ဘယ်နှယ့်ကျောင်းတံခါးဝမှာမတ်တပ်ကြီး
ရပ်နေတာလဲ”
“မ၀င်ဘူးအာနန္ဒာကျုပ်အသင့်ဆီကိုအေးအေးဆေးဆေးစကားပြောဖို့လာတာမဟုတ်ဘူး။ကျုပ်ကရတနာ
သုံးပါးကြည်ညိုလာတယ်ဆိုတဲ့ကိစ္စရှင်းဖို့လာတာ”
“အေးလေ...အဲဒါမမှန်ဘူးလား။ကြည်ညိုလို့ပဲအသင်ကပန်းခတ်တွေကိုင်လက်အုပ်ချီမိုးပြီးအကျအနလာပြီး
ကြိုဆိုနေတာမဟုတ်ဘူးလား”
ရောဇသည်ချက်ချင်းပင်လက်နှစ်ဖက်ကိုကာ၍အကြောက်အကန်ငြင်းလိုက်သည်။
“ဟာ...မဟုတ်ဘူး အာနန္ဒာ..မဟုတ်ဘူးအသင်တို့ကိုမကြိုရင်ဒဏ်ငွေငါးရာဆောင်ရမယ်ဆိုပြီးမလ္လာမင်းတွေ
ကတတိုင်းပြည်လုံးအမိန့်ထုတ်ထားလို့၊ကျုပ်လာကြိုတာ။ကြည်ညိုလို့လာကြိုတာမဟုတ်ဘူး။အသင်တို့
ဘုရားရော၊သင်တို့သံဃာဆိုတဲ့ပုဂ္ဂိုလ်တွေရော၊ကျုပ်ဘယ်တုန်းကမှမကြည်ညိုခဲ့ဘူး။အခုလည်းမကြည်ညို
ဘူး၊နောင်လည်းကြည်ညိုလိမ့်မယ်မထင်နဲ့။အဲဒီလိုမကြည်ညိုနိုင်တဲ့ကျုပ်ကို၊ရတနာသုံးပါးကြည်ညိုတယ်ဆို
တဲ့စကားနောက်ဘယ်တော့မှမပြောပါနဲ့”
ရောဇသည်ခက်ထန်မောက်မာစွာပြောဆိုပြီးနောက်၊ရှင်အာနန္ဒာ၏စကားတုံ့လှည့်ကိုပင်နားမထောင်တော့ပဲ၊
ခြေလှမ်းကိုကြမ်းတမ်းစွာဆောင့်နင်း၍ထွက်ခွာသွားလေသည်။အရှင်အာနန္ဒာသည်.ရောဇ၏ကျောပြင်ကိုငေး
ကြည့်ရင်း.....................
“သြော်.....ရောဇရယ်....၊မင်းရဲ့ကြမ်းတမ်းခက်ထန်တဲ့ စိတ်ဓါတ်ဟာမပြောင်းလဲသေးပါလား။မင်းရဲ့ဒီ
စိတ်ဓါတ်တွေနူးညံ့သွားအောင်၊ငါဘယ်လိုများကူညီရပါမလဲ”
တီးတိုးရေရွတ်မိခြင်းနှင့်အတူ၊မြတ်ဗုဒ္ဓကိုသတိရမိသည်နှင့်တပြိုင်နက်၊အရှင်အာနန္ဒာသည်ဂန္ဓကုဋီတိုက်ဆီ
သို့လျှောက်လှမ်းလာခဲ့တော့သည်။

“မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဘုရား။တပည့်တော်ရဲ့သူငယ်ချင်းရောဇဟာဒေါသမာန်မာနခက်ထန်လွန်း လှပါတယ်ဘုရား။ဒါကြောင့်သူရဲ့စိတ်နှလုံးနူးညံ့သွားအောင်၊အရှင်ဘုရားစွမ်းနိုင်သောဘက်ကဆောင်ရွက်
ပေးတော်မူပါဘုရား”
အရှင်အာနန္ဒာသည်ဆက်လက်၍၊ယနေ့ရောဇနှင့်တွေ့ကြုံခဲ့ပုံအလုံးစုံကိုလျှောက်ထားလိုက်သည်။
“ကောင်းပြီ၊ချစ်သား အာနန္ဒာ....။သင့်ရဲ့သူငယ်ချင်းရောဇစိတ်နှလုံးနူးညံ့သွားအောင်၊ငါဘုရားဆောင်ရွက်
လိုက်ပါမယ်”
စင်စစ်ရောဇသည်..ယနေ့ပင်တရားထူးသိမြင်မည့်ပဂ္ဂိုလ်အဖြစ်၊နံနက်စောစောကပင်၊မြတ်ဗုဒ္ဓ၏ဥာဏ်တော်
ကွန်ယက်အတွင်းသို့ဝင်လာခဲ့ပြီဖြစ်သည်။
အရှင်အာနန္ဒာထွက်သွားသည်နှင့်မြတ်ဗုဒ္ဓသည် အနန္တစကြာဝဠာအတွင်းသို့ပို့လွတ်ထားသောမေတ္တာဓါတ်
အလုံးစုံကိုရောဇတစ်ဦးတည်းထံသို့စုစည်းပို့လွတ်လိုက်သည်။ပမာအားဖြင့်ကျယ်ပြန့်စွာထွန်းလင်းနိုင်သော
နေ၏အလင်းရောင်ကို၊တနေရာတည်း၌စုစည်းထွန်းလင်းစေလိုက်သကဲ့သို့ဖြစ်လေသည်။

ကျောင်းတိုက်အာရာမ်အတွင်းမှထွက်ခွာသွား၍မကြာမြင့်မီကပင်ရောဇတစ်ယောက်နောက်တစ်ခေါက်ပြန်
ရောက်လာခဲ့သည်။ကိုယ်အမူအရာသည် အမိနှင့်ကြာမြင့်စွာကွဲကွာနေသောနွားပေါက်ကလေးကဲ့သို့
ပျာယာခတ်လျက်ရှိသည်။ပါးစပ်မှလည်းတတွတ်တွတ်မြည်တမ်းလျက်။
“အရှင်ဘုရားတို့....။မြတ်စွာဘုရားဘယ်မှာပါလဲဘုရား။ဘုရားရှင်ဘယ်မှာသီတင်းသုံးနေပါသလဲဘုရား။
မြတ်စွာဘုရားသီတင်းသုံးနေတဲ့နေရာကိုညွှန်ပြတော်မူပါဘုရား”
တိတ်ဆိတ်နေသောကျောင်းအာရာမ်သည်ရောဇ၏အသံကြောင့်လှုပ်လှုပ်ရွရွဖြစ်ကုန်၏။ရဟန်းတော်အချို့
ကျောင်းဆောင်အသီးသီးမှထွက်လာကြပြီးအချင်းချင်းမေးမြန်းကြလေသည်။
“ဟာ...ကျောင်းအာရာမ်ထဲမှာဒကာတစ်ယောက်မြတ်စွာဘုရားကိုဖူးမြင်ချင်လို့ဆိုပါလား။ဘယ်ကများလဲ
ဟေ့”
“အဲဒါအရှင်အာနန္ဒာရဲ့ငယ်သူငယ်ချင်းကြီးရောဇဆိုတာပေါ့။စိတ်ကြမ်းလူကြမ်းနဲ့အင်မတန်ခက်ထန်ကြမ်း
တမ်းတဲ့လူကြီးလေ။ခုတင်ကတောင်အရှင်အာနန္ဒာနဲ့စကားပြောသံကြားလိုက်ပါသေးတယ်။ရတနာသုံးပါး
ကိုဘယ်တော့မှမကြည်ညိုနိုင်ဘူးတဲ့လေ။အခုမှဘယ်လိုဖြစ်ပြီးဘုရားရှင်ကိုဖူးချင်နေတယ်မသိဘူး”
“ဒါဆိုသူ့ကို အရှင်အာနန္ဒာဆီပို့ပေးလိုက်ကြဟေ့။အရှင်အာနန္ဒာကြည့်ပြီးစီစဉ်ပေးလိမ့်မယ်”
ရောဇတစ်ယောက်ရေးကြီးသုတ်ပြာပုံစံနှင့်ရှင်အာနန္ဒာဆီပြန်ရောက်လာသည်။
“ဟာ..ရောဇ..ရောက်လာပြန်ပါလား”
“ဟုတ်တယ် အာနန္ဒာ။ကျုပ်ဘုရားဖူးချင်လို့ပြန်လာတာ။ကျုပ်ကိုဘုရားရှင်ဆီလိုက်ပို့ပေးပါ”
အရှင်အာနန္ဒာ၏မျက်နှာပေါ်တွင်အံ့သြသောအရိပ်အယောင်များပေါ်လွင်လျက်ရှိသည်။
“သေချာရဲ့လားရောဇရယ်...။ဟုတ်မှလဲလုပ်ပါ။သင်ခုမှဘာစိတ်ကူးတွေပေါက်လာရတာလဲ”
“ဟုတ်ပါတယ်အာနန္ဒာ။ကျုပ်ဘုရားရှင်ကိုသိပ်ပြီးဖူးမြော်ချင်နေတယ်။အခုချက်ချင်းပဲလိုက်ပို့ပေးပါ။”
“အေး။ဘုရားရှင်ကိုသိပ်ပြီးဖူးမြော်ချင်ရင်တော့ရနိုင်ပါတယ်။ဒါပေမယ့်ငါကတော့သင့်ကိုလိုက်မပို့နိုင်ဘူး။
ဒီအချိန်ဟာဘုရားရှင်တစ်ပါးတည်းကိန်းအောင်းတော်မူနေတဲ့အချိန်။ဒါကြောင့်သင်ဘာသာသင်သွားပေတော့
တစ်ခုတော့ရှိတယ်နော်...။သင့်လိုဒေါသကြီးတဲ့လူမျိုးဟာမဆင်မခြင်လုပ်တက်တယ်။လမ်းလျှောက်ရင်လဲ
ဆောင့်ဆောင့်ပြီးလျှောက်တက်တယ်။တံခါးဖွင့်ရင်လည်းတဒုန်းဒုန်းနဲ့အသံမြည်အောင်ဖွင့်တက်တယ်။
ဒါကြောင့်လမ်းလျှောက်တဲ့အခါသူများကုသိုလ်ယူထားတဲ့သဲဖြူလမ်းမှာ၊ခြေရာကြီးတွေမထင်ရအောင်၊
ဖြည်းဖြည်းလျှောက်ပါ။တံခါးကိုလဲလက်နဲ့သုံးချက်အသာလေးခေါက်ပါ။ဘုရားရှင်တံခါးဖွင့်တော်မူပါလိမ့်
မယ်။”
“ကောင်းပါပြီအာနန္ဒာရယ်။ကျုပ်သတိထားပါ့မယ်။ဘုရားရှင်ရှိရာကိုသာအမြန်ညွှန်ပြစမ်းပါ”
အရှင်အာနန္ဒာသည် ဘုရားရှင်၏ဂန္ဓကုဋီတိုက်နေရာကို၊ရောဇအားညွှန်ပြလိုက်သည်။ရောဇ၏အမူအရာပြောင်း
လဲသွားပုံကိုလည်းရိပ်စားနားလည်လိုက်သည်။
“အင်း..ဘုရားရှင်ဟာရောဇစိတ်နှလုံးတွေနူးညံ့သွားအောင်၊ဘယ်လိုဆောင်ရွက်ပေးလိုက်လဲမသိဘူး”
******
ဘုရားရှင်၏ဂန္ဓကုဋီတိုက်နားသို့ရောဇရောက်နေသည်မှာအချိန်အတော်ကြာသွားပေပြီ။တံခါးကိုမခေါက်ဖြစ်
သေးပါ။အမူအရာကကြောက်ရွံ့တွန့်ဆုတ်နေသည်။ပြီး......အလွန်လဲအားနာနေသည်။စောစောကပြောခဲ့
သောစကားများကများစွာလွန်ထားခဲ့သည်မလား။
“ကြည်ညိုလို့လာတာမဟုတ်ဘူး။သင်တို့ဘုရားရောသင်တို့သံဃာဆိုတဲ့ပုဂ္ဂိုလ်တွေရော၊ကျုပ်ဘယ်တုန်းက
မှမကြည်ညိုခဲ့ဘူး။သင်တို့ဘုရားရော၊သင်တို့သံဃာဆိုတဲ့ပုဂ္ဂိုလ်ဆိုတဲ့တွေရော၊ကျုပ်ဘယ်တုန်းကမှ
မကြည်ညိုဘူး။နောင်လဲကြည်ညိုလိမ့်မယ်မထင်နဲ့”
ရင့်သီးစွာပြောဖြစ်ခဲ့သောစကားလုံးများက၊မိမိနားထဲမှာတရစ်ဝဲ၀ဲပြန်လည်ကြားယောင်နေမိသည်။

ဘုရားရှင်အားဖူးမြော်ချင်သောဇောစိတ်ကြောင့်အမှတ်တမဲ့နင်းခဲ့သောခြေများကသဲဖြူလမ်းမပေါ်မှာ
ထင်ကျန်နေသည်။နောက်ထပ်ခြေရာထပ်မထင်စေရန်ဒူးထောက်၍ဖြေးညင်းစွာလမ်းကိုလိုက်ညှိပေးနေသည်။
ယခုတော့သူ၏စိတ်များသိသာစွာနူးညံ့ပြောင်းလဲနေပြီဖြစ်သည်။

သတိကြီးစွာထား၍ဂန္ဓာကုဋီတိုက်တံခါးကိုဖြည်းညင်းစွာသုံးချက်တိတိခေါက်လိုက်သည်။ဂန္ဓာကုဋီတိုက်တံခါး
အသာအယာပွင့်လာသည်။တံခါးချပ်အကြားမှထွန်းလင်းကွန်မြူးနေလျက်ရှိသောရောင်ခြည်တော်များက
သူ့ကိုဆီးကြိုလိုက်သည်။တွေ့မြင်လိုက်ရပါလေပြီ။သူလိုလားတောင့်တစွာဖူးတွေ့ချင်နေသောမြတ်ဗုဒ္ဓ၏
မျက်နှာတော်...။ချစ်လှစွာသောလူမမယ်သားအပေါ်မိခင်၏ကြည့်ခြင်းမျိုးဖြင့်မေတ္တာဓာတ်အပြည့်လွှမ်းခြုံ
သည့်မျက်နှာတော်.......။
သူ....တစ်ချက်မျှ မော်ဖူးလိုက်သည်။
ဆက်လက်၍မြတ်ဗုဒ္ဓ၏မျက်နှာတော်ကိုရင်ဆိုင်ဖို့ရန်၊သူ့မှာအင်အားမရှိတော့။
အလိုလိုကွေးညွှတ်လာသောဒူးများကိုကြမ်းပြင်ပေါ်သို့အလိုက်သင့်ထောက်ချလိုက်သည်။
ထို့နောက်မြတ်ဗုဒ္ဓ၏ခြေဖမိုးတော်နှစ်ဖက်ပေါ်သို့သူ၏နဖူးပြင်ကိုထိကပ်ဦးတိုက်ထားလိုက်သည်။
ဝန်းကျင်တခုလုံးတိတ်ဆိတ်လျက်ရှိ၏။
အချိန်သည် ကာလအခိုက်အတန့်တခုကို၊သာကျော်ဖြတ်လျက်ရှိသည်။

ငြိမ်သက်စွာရပ်တော်မူနေသောမြတ်ဗုဒ္ဓ၏ ခြေမျက်စိတော်နှစ်ဖက်ကိုသူ၏လက်များဖြင့်ထပ်ကာထပ်ကာ
ဆုပ်ကိုင်လျက်အကြိမ်ကြိမ်ဦးတိုက်လိုက်သည်။
အားရအောင်ပူဇော်ပြီးလျှင်တုန်ရီဆို့နစ်သောအသံဖြင့်တောင်းပန်စကားကိုသူလျှောက်တင်လိုက်သည်။
“မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ဘုရား။တပည့်တော်မိုက်မဲတွေဝေခဲ့သည့်အလျောက်၊မသိမလိမ္မာခဲ့
သည့်အလျောက်၊အပြစ်ကိုလွန်ကျူးမိပါသည်ဘုရား။ထိုအပြစ်များသည်းခံခွင့်လွတ်ပါစေအကျိုးငှာ
တောင်းပန်ဝန်ချကန်တော့ပါသည်ဘုရား”
“ချစ်သားရောဇ။အပြစ်ကိုအပြစ်လို့သိတဲ့သူဟာ၊တစ်ဝက်လိမ္မာသွားတာပဲ။အပြစ်ကိုဝန်ချတောင်းပန်လိုက်
ရင်တော့၊အလုံးစုံလိမ္မာတဲ့သူဖြစ်သွားပါပြီ”
နှလုံးသားထဲသို့ကြည်နူးစွာစီးဝင်သွားသော..မဟာကရုဏာအသံတော်။လေးလံသောဝန်ထုတ်ကြီးကို
လက်လွှတ်လိုက်ရသကဲ့သို့ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးလန်းဆန်းသွားသည်။
ရောဇအတွက်သစ္စာလေးပါးတရားကိုဟောကြားရန်အချိန်တန်ပြီကိုမြတ်ဗုဒ္ဓသိတော်မူလိုက်ပေပြီ။
ယင်းကြောင့်ဒါနကထာ၊သီလကထာ၊သဂ္ဂကထာ၊မဂ္ဂကထာတရားဒေသနာတော်တို့ကိုတဆင့်ခြင်းဟော
ကြားတော်မူလိုက်သည်။
ခြေဖမိုးတော်ပေါ်၌နဖူးတင်လျက်နှင့်ပင်ရောဇ၏ရင်တွင်း၌သစ္စာပန်းတို့ဖူးပွင့်သွားလေပြီ။
သောတပန်တည်သွားသောရောဇအတွက်၊မြတ်ဗုဒ္ဓသာသနာမှတပါး၊အခြားကိုးကွယ်ရာမရှိတော့။
မေတ္တာရေစင်ဖြင့်သွန်းလောင်းခံခဲ့ရသော............
သစ္စာရောင်ခြည်တို့ဖြင့်ထိတွေ့ခွင့်ရခဲ့သော................
အရိုင်းပန်း၏ပြောင်းလဲခြင်းကား.........၊ယဉ်လွန်း၊လှလွန်း၊မွှေးလွန်းပေစွတကား.....။....။

ဦးဇင်း ဦးပဏ္ဍိတ -ဂန္ထလုလင်(ဘိုကလေး)
ဒေါင်းမင်း

Thursday, January 19, 2012

အစွမ်းထက်မြန်မာ့ဆေးနည်းများ

တစ်နေ့ကျွန်တော်သည်မြ၀တီမြို့ရှိ..ရေပူဘက်မှ.ရွှေဘုန်းပွင့်စေတီရှိရာ.ကျောင်းသို့ရောက်သွားခဲ့ပါသည်။
ကျောင်းထိုင်ဆရာတော်နှင့်တွေ့ပြီးဆေးပညာအကြောင်းများကိုမေးမြန်ပြောဆိုပါသည်။
မေးမြန်းသည်မှာလဲကင်စာရောဂါနှင့်ပါတ်သတ်ပြီးမေးမြန်းရာမှဆေးနည်းများကိုသိလာရပါသည်။
ကျွန်တော်၏မိတ်ဆွေအပေါင်းလဲသိရှိစေရန်ပြန်လည်တင်ပြလိုက်ပါသည်.။
သွေးကင်စာသမားများအတွက်..
ယောကျားလေးသွေးကင်စာဖြစ်ပါက=မိန်းကလေးသားဦးမွေးသောမိခင်နို့ရည်လက်ဖက်ရည်ပန်းကန်တစ်ခွက်+
မိန်းကလေး၏ဆံပင်ပြာ(ဆံပင်ပြာဟုဆိုရာတွင်..မိန်းကလေးဆံပင်ကို
ရွှေကျိုသောမြေလုံတွင်ထည့်ပြီးအပြင်ကနေမီးနှင့်တိုက်ပါအထဲတွင်ဆံပင်
ပြာဖြစ်သွားပါမည်။ထိုပြာဖြင့်သားဦးမိန်းကလေးမွေးသောနို့ရည်ဖျော်
တိုက်ရပါမည်။၁၀ရက်တိတိဖျော်တိုက်ရပါမည်။ဆယ်ရက်ပြည့်ပါက
သွေးကင်စာရောဂါယူပစ်သလိုပျောက်ကင်းသွားပါမည်။
မိန်းကလေးသွေးကင်စာဖြစ်ပါက=ယောကျားလေးသားဦးမွေးသောမိခင်နို့ရည်လက်ဖတ်ရည်ပန်းကန်တစ်ခွက်+
ယောကျားလေး၏ဆံပင်ပြာ.နှင့်ရောပြီးသောက်ရပါမည်။
ထိုဆေးသောက်နေသောအချိန်တွင်အသားငါးရှောင်ကြဉ်ရပါမည်။

သားအိမ်ကင်စာအတွက်
ပထမသုံးရက်တိတိ.နွားနို့စစ်စစ်ကိုထမင်းမစားပဲသောက်ပေးရပါမည်။ဗိုက်စာတိုင်းနွားနို့စစ်စစ်ကိုသာသောက်
ပါ။ဗိုက်အရမ်းစာပါက.ကြက်ဥအကာရည်ကိုသောက်နိုင်ပါသည်။ကြက်ဥအနှစ်ကိုသောမသောက်ရပါ။
သုံးရက်ပြည့်ပါက-ယောကျားတစ်ယောက်ရဲ့ဆံပင်ပြာနှင့်နွားနို့တစ်ခွက်၊ရွေဆိုင်းငါးချပ်(ရွေစိုင်းကရွေစစ်စစ်)
ဖြစ်ရပါမည်။၁၀ရက်တိတိရောပြီးသောက်ပါကသားအိမ်ကင်စာပျောက်ပါသည်။သားအိမ်ကင်စာပျောက်ကင်း
ပါက.ဆေး၏အရှိန်ကြောင့်.မီးယက်ရောဂါလိုဆီးရောဂါလိုပုံစံပြတက်ပါသည်.။မကြောက်ပါနှင့်.အမျိုးသမီးဆီး
ဆေးပြန်သောက်ပါကပျောက်ပါသည်။
ကင်စာဖြစ်ပါကမည်သည့်ကင်စာမဆို.ဖြစ်ပြီသိတာနှင့်အသားငါးရှောင်ပြီးအသီးရွက်များများစားပေးရပါသည်။


အထက်လန်အောက်လျှောရောဂါအတွက်
အထက်လန်အောက်လျှောနှင့်ဝမ်းမရပ်ပဲအလွန်သွားနေပါက.ဆနွင်းရေဖျော်တစ်ခွက်ထဲကို+လေးလက်မ
သံချောင်းကိုမီးရဲရဲထဲမှာဖုတ်.သံချောင်းရဲလာပြီဆိုပါကဆနွင်းရေဖျော်ခွက်ထဲကိုထည့်ပြီး.ရောဂါရှင်အားတိုက်
လိုက်ပါ။ချက်ချင်းပျောက်ပါမည်။ဝမ်းရပ်သွားပြီဆိုပါက.အုန်းစိမ်းရည်ပြန်တိုက်လိုက်ပါယူပစ်သလိုပျောက်ကင်း
ပါမည်။

နှလုံးအားနည်းရောဂါရှင်အတွက်။
နှမ်းဆီစစ်စစ်တစ်ပုလင်းလောက်အဆင်သင့်ရှာပါ။ပြီးရင်ရွှေဆိုင်းစစ်စစ် ၁၅ချပ်ကိုညာဘက်လက်ပြင်မှာကပ်ပြီး
နှမ်းဆီစစ်စစ်ဖြင့်ပွတ်လိမ်းပေးပါ။၇ရက်တိတိနေ့စဉ်ရွေဆိုင်း၁၅ချက်။နှမ်းဆီနှင့်ရောပြီးလိမ်းပေးပါ။
အရှင်းပျောက်ပါမည်။