ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, February 28, 2009

မိသားစုအရေးတွေးနေလေ

မိသားစုတစ်ခုဘယ်လိုနေဘာတွေ ၊တွေးမလည်း
ဖခင်နေရာမိခင်တွေ ၀င်မပါဘဲနေ

ဝင်နေရင်လည်းမိခင်ဘဲ ဒုက္ခတွေ့မလေ
ဖခင်ရှာနေ...၀င်ငွေတွေ

မိခင်ကဘဲစုစောင်းပေးနေ
မိခင်နေရာ ဖခင်တွေမ၀င်ပါနဲ.လေ

မိခင်ကဘဲနောင်ရေးကို
ထိန်းသိမ်းတက်ပေလေ

မိခင်အောက်နေသားသမီးတွေ
လိမ္မာရေးခြားရှိပါလေ

မိခင်ဖခင်မေတ္တာတွေ သိပါလေစ ခေတ်ကလေးတွေ
သားသမီးတွေများမိခင်ဖခင်အပေါ်မေတ္တာကျေးဇူးသိတက်ပါစေ။ ။

ရေးသားသူ(နောင်နောင်)

Friday, February 27, 2009

သိန္ဓောမြင်းဗေဒင်

တစ်မျိုးမှတ်စရာကောင်းတဲ့ ဗေဒင်ဟောကိန်းကို ပြောပါဦးမယ်။ ဟောကိန်းက အကျယ်ကိုမဆိုထားဘဲ တကယ့် ကိုဖြစ်နိုင်တဲ့ကိန်းကို ဆိုထားပါတယ်။ တွက်နည်းကလည်း မခက်ပါ။ တစ်ချက်ထဲ တွက်ရုံနဲ့ ရတဲ့ကိန်းမျိုး ဖြစ်ပါ တယ်။ မှန် မမှန်သိရအောင် တွက်ကြည့်ရအောင်။
အသက်ကိုတည် ခုနှစ်နှင့်စား
- တစ်ခုကြွင်းက = နှုတ်သီး။
- နှစ်ခုကြွင်းက = လက်။
- သုံးခုကြွင်းက = လိင်။
- လေးခုကြွင်းက = ခြေထောက်။
- ငါးခုကြွင်းက = အမြီး။
ခြောက်ခုကြွင်း၊ သုညကြွင်းက ကျောကုန်း၊ အသက် (၃၅)နှစ်ရှိတဲ့ သူတစ်ယောက်ဆိုပါတော့
၇)၃၅(၅
၃၅
......
ဝ - ကြွင်း
သုညကြွင်းတော့ ကျောကုန်းမှာ ကျပါတယ်။ ကောင်းပါတယ်။ အဟောကတော့ ကြံစည်တိုင်းအောင်မြင်မယ်။ ၀င်ပြီးတဲ့ ဥစ္စာ ရတနာပစ္စည်းတွေလည်း မြဲတတ်ပါတယ်။ လာဘ်လာဘများလည်း မကြာမီ ၀င်တော့မယ်လို့ ဆို ပါတယ်။
အသက် (၁၇)နှစ်ရှိတဲ့သူတစ်ယောက်ကို တွက်ကြည့်ရင်
၇)၁၇(၂
၁၅
......
၃- ခုကြွင်း
သုံးခုကြွင်းက လိင်လို့ ဆိုထားပါတယ်။ ဒီနှစ်ပိုင်းမှာ မိန်းမဆိုရင် ယောက်ျားရလိမ့်မယ်။ ယောက်ျားဆိုရင် မိန်းမ ရလိမ့်မယ်။ ယူရရင် ကောင်းမလားလို့ မေးရင် ယူသာယူကောင်းတယ်လို့  အဟောက ဆိုထားပါတယ်။
သိန္ဓောမြင်းဗေဒင်အဟောကိန်းတွေကို ကြည့်ကြရအောင်
တစ်ခုကြွင်း - တရားတပေါင် အမှုအခင်းဖြစ်တတ်ပါတယ်။ စကားအရှုပ်အရှင်း ဖြစ်တတ်တယ်။ အပြောအဆိုကို အထူးဆင်ခြင်ပါ။
နှစ်ခုကြွင်း - ခရီးယာယီသွားဖို့  မြင်ပါတယ်။ သွားပေးနိုင်ရင် ကောင်းမယ်။
သုံးခုကြွင်း - မိန်းမဆိုရင် ယောက်ျားရလိမ့်မယ်။ ယောက်ျားဆိုရင် မိန်းမရလိမ့်မယ်။ ယူရင်ကောင်းမလားလို့  မေးရင် ယူသာယူကောင်းပါတယ်။
လေးခုကြွင်း - ခရီးယာယီသွားရကိန်းမြင်ပါတယ်။ ယောက်ျားဆိုရင်လည်း မိန်းမရတတ်တယ်။ မိန်းမဆိုရင်
လည်း ယောက်ျားရတတ်တယ်။ ယူရင်ကောင်းမလားလို့ မေးရင် ကောင်းပါတယ်။ ယူပါ။
ငါးခုကြွင်း - တော့ မကောင်း။ မြေ၊ မြင်း၊ မိန်းမထွက်တတ်တယ်။ မိန်းမနဲ့ မကြာခဏ ရန်မဖြစ်နဲ့ ။ အိမ်ကနေ ထွက်သွားတတ်တယ်။
ခြောက်ခုကြွင်း (သို့ မဟုတ်) သုညကြွင်း ကောင်းပါတယ်။ အဟောကတော့ ကြံတိုင်းအောင် ဆောင်တိုင်း မြောက်မယ်။ ၀င်ပြီးတဲ့ ဥစ္စာ ရတနာတွေလည်း မြဲတတ်တယ်။ လာဘ်လာဘများလည်း မကြာမီ ၀င်ကိန်းရှိနေပါ တယ်။
................................................................................................
ကဲသူငယ်ချင်းတို့ရေတွက်ကြည့်လိုက်ကျပါအုံးခင်ဗျ။
ဂမ္ဘီရဆရာပွ...ရေးသားသည်ကိုပြန်လည်ကူးယူဖော်ပြပါသည်ခင်ဗျာ။
ဒေါင်းမင်း

Thursday, February 26, 2009

ဂန္ထ၀င်မြောက်တဲ့ စွန့်လွှတ်မှု။

ကျွန်မနာမည် သုပ္ပိယာပါ ကျွန်မဘ၀ရဲ့ မမေ့နိုင်စရာ ဖြစ်ရပ်တစ်ခုကိုပြောပြ ချင်ပါတယ်။လူတိုင်းမှာဝမ်းနည်း
စရာ ၊၀မ်းသာစရာ ရင်ခုန်စရာ ကြောက်လန့်စရာ စ သဖြင့် ဘ၀မှာ ကြုံတွေ့ရတဲ့ အမှတ်တရတွေ ရှိနေပါ
လိမ့်မယ်ကျွန်မပြောပြမယ့် ကျွန် မဘ၀ရဲ့ အမှတ်တရကတော့ ပြန်တွေးမိလိုက်တိုင်း တကယ့်ကိုကြည်နူး
စရာကောင်း တဲ့ ကျေနပ်ဖွယ် အမှတ်တရပါပဲ။

ကျွန်မဟာ လူမှန်းသိတတ်စအရွယ်ကတည်းက မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကို ကြည်ညိုဆည်းကပ်တဲ့ဥပါသိကာ
မတစ်ယောက်ဖြစ်ခဲ့ပါတယ်။အိမ်ထောင်ကျပြီးတဲ့ အခါမှာလည်း ကျွန်မရဲ့သဒ္ဓါတရားက လျော့မသွားခဲ့ပါဘူး။
ဘုရားအမှူးရှိတဲ့ သံဃာ တော်တွေကို အိမ်မှာဆွမ်းပင့် ကပ်လှူခြင်း၊ဘုရားရှင်ရဲ့ ကျောင်းတော်ကို ဆွမ်းသင်္ကန်း စတဲ့ လှူဖွယ်ဝတ္ထုတွေ သွားရောက်လှူဒါန်းခြင်း ၊ရပ်ရွာထဲမှာ ရှိတဲ့ မရှိဆင်းရဲသား သက်ကြီးရွယ်အိုများကို ထောက်ပံ့လှူဒါန်းခြင်း၊အဲဒီလို အလှူအတန်းတွေကို ကျွန်မ အမြဲလို လုပ်ဖြစ်ပါတယ်။

အဲဒီလိုလှူဒါန်းထောက်ပံ့နေတာဟာ ငွေကြေးဥစ္စာ ပေါများလွန်းလို့ လှူနေတာ တော့ မဟုတ်ပါဘူးရှင် ရှိလို့လှူတာထက် သိလို့လှူတာက ပိုလို့ အရေးကြီးတယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေကို အကြိမ်ကြိမ်
နာကြားရင်း သဘောပေါက်လာလို့ လှူ ဖြစ်တာပါ။ သိလို့ လှူတာဆိုလို့ ကျွန်မသိသလောက်ကလေး ခပ်
တိုတိုပြောရရင်တော့ ဒါနဟာ အကျိုးကိစ္စအားလုံးကို ပြီးမြောက်စေတယ်လို့ မြတ်ဗုဒ္ဓဟောတော်မူပါတယ်။
အလှူဒါနအရာမှာ ထက်သန်လေ့ရှိတဲ့ ပုဂ္ဂိုလ်များဟာ ခွေးကလေး ကြောင်ကလေးတွေ က အစ လူမိတ်ဆွေ
အချင်းချင်းအလယ် သူတော်စင်ပုဂ္ဂိုလ်များ အဆုံး အားလုံးရဲ့ ချစ် ခင် အလေးပေးမှုကိုမလွဲမသွေခံရနိုင်
ပါတယ်။

ဒါပေမယ့် အဲဒီလိုချစ်ခင်အလေးပေးမှုကို ခံရဖို့ဆိုတဲ့ ရည်ရွယ်ချက်ထက် ကိုယ် ပေးကမ်း လှူဒါန်းလိုက်
တာလေးကို အကြောင်းပြုပြီး လက်ခံရရှိ သုံးဆောင်တဲ့ ပုဂ္ဂိုလ် များ တစ်စုံတရာ ပြည့် စုံ အကျိုးရှိသွားတာကို သိမြင်လိုက်ရတဲ့ ပီတိကို ကျွန်မပိုပြီး တော့ တန်ဖိုးထားပါတယ်။ ဒါကြောင့်လည်း လူတစ်ဦးချင်းစီနဲ့ လောက
ကြီးတခုလုံး ငြိမ်းချမ်းဖို့ အတွက် ပွင့်ထွန်းပေါ်ပေါက်လာခဲ့တဲ့ မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကြီးကို ကျွန်မတတ်
စွမ်းသရွေ့ လှူဒါန်းထောက်ပံ့နေတာပါရှင်။

ငွေကြေးဥစ္စာ မကြွယ်ဝပါပဲနဲ့ အမြဲလိုလို အလှူရေစက်လက်နဲ့မကွာ ပြုလုပ်နေတဲ့ ကျွန်မကို ပတ်ဝန်းကြင်ကလည်း အလွန်လေးစားကြပါတယ်။အလှူ့အမကြီး ၊ပါရမီရှင် မကြီး ၊ သဒ္ဓါတရားအားကောင်းသူကြီး အဲဒီလို အမွှန်းတင်ဂုဏ်ပြုကြတာကလည်း အ လွန်ပါပဲရှင်၊ကျွန်မဟာ ပုထုဇဉ်မိန်းမသားပီပီ ကိုယ့် ကိုအဲဒီလို ချီးကျူးပြောဆိုတာကို သာယာမိပေမယ့် တဖက်မှာ အဲဒီကောင်းမြတ်တဲ့ ဂုဏ်ဒြပ်တွေကိုထိန်းသိမ်းထားဖို့ ရယ်၊မြတ်ဗုဒ္ဓရဲ့ ဥပါသိကာမ ကောင်းပီသစွာ လောကရဲ့ အကောင်းအဆိုးဓမ္မတာ သ ဘောတရားတွေကို လေးနက်စွာသိမြင်နားလည်ဖို့ကိုလည်း ကြိုစားရပြန်ပါတယ်။

တစ်နေ့မှာ ထုံးစံအတိုင်း မြတ်ဗုဒ္ဓရဲ့ကျောင်းတော်ကို လှူဒါန်းဖွယ်ရာများနဲ့ ရောက်ဖြစ်ပါတယ်။မြတ်ဗုဒ္ဓထံ ဖူးမြော်လှူဒါန်းပြီးတဲ့နောက် သံဃာတော်များသီတင်း သုံးရာ ကျောင်းဆောင်များ ဆီကိုလည်း လိုက်လံ
လှူဒါန်းဖြစ်ပါတယ်။တစ်နေရာ အရောက်မှာတော့ သွေးဝမ်းသွားရောဂါနဲ့ နာမကျန်းဖြစ်နေတဲ့ ဂိလာန ရဟန်း
တော် လေးတစ်ပါးကို တွေ့လိုက်ရပါတယ်။

“ အရှင်ဘုရားရဲ့ ရောဂါ ဘယ်လို ဓာတ်စာမျိုးကို မှီဝဲသုံးဆောင်ရရင် ပျောက်ကင်း နိုင်ပါသလဲဘုရား၊”
ကျွန်မ ကရုဏာ သက်စွာ မေးမြန်းလိုက်တဲ့အခါမှာတော့ ရဟန်းတော်လေးက နွမ်းလျ တိမ်ဝင်တဲ့ အသံနဲ့ ပြန်ဖြေပါတယ်။
“အသားဟင်းရည် တစ်ခုခု သောက်ရင်ရင်တော့ ရောဂါ ပျောက်ကင်းနိုင်ပါတယ် ဒကာမကြီး”
“ ဒီလိုဆို ဘာမှ စိုးရိမ်ကြောင့် ကြ မနေပါနဲ့ ဘုရား မနက်ဖြန် တပည့်တော် အရှင် ဘုရား ရောဂါ
ပျောက်ဖို့ အတွက် အသားဟင်းရည် တစ်ခွက် ကျိန်းသေ လာလှူပါ့မယ် ဘုရား”

အိမ်ရောက်တယ်ဆိုရင့်ပဲ ကျွန်မဟာ အိမ်မှာ ခိုင်းနေကျုကောင်လေးကို အသား ဟင်း အ၀ယ်လွှတ်
လိုက်ပါတယ်၊ခဏအကြာမှာ တော့ မျက်နှာ အမူအရာမကောင်းစွာ နဲ့ သူပြန်ရောက်လာပါတယ်။
“ သခင်မရေ ကျွန်တော် ဈေးမှာရှိတဲ့ အသားရောင်းဆိုင်တွေ အားလုံးကိုရောက်ခဲ့ ပါတယ် ဒီနေ့က အသားမရောင်းရတဲ့ ဥပုသ်နေ့ဖြစ်နေလို့ အသားဝယ်လို့ မရခဲ့ပါဘူး ကျွန်တော်လည်း ပံ့သကူ အသားများ ရလိုရငြား လိုက်ရှာပါသေးတယ်။ ဘယ်မှာမှ ရှာ လို့ မရခဲ့ပါဘူး သခင်မ”

ကောင်လေးရဲ့ စကားသံကိုကြားလိုက်ရတဲ့ အချိန်မှာတော့ ကျွန်မ ရှေ့ဆက်ပြီး ဘာလုပ်ရမှန်းမသိ
အောင်ဖြစ်သွားပါတယ်။ တတိုင်းပြည်လုံး အသားမရောင်းရလို့ သတ် မှတ်ထားတဲ့နေ့ဖြစ်လို့ လုံလောက်တဲ့ အကြောင်းပြချက်နေပြီမို့ ကျွန်မ ကတိပြု ထားတဲ့ အသားဟင်းရည်ကို ရဟန်းတော်လေးထံ သွားမပို့လည်း ဖြစ်တာပေါ့ရှင် ဒါပေမယ့် ကျွန်မဟာ သူ တပါးတို့ ချီးကျူးလေးစားနေတဲ့ မြတ်ဗုဒ္ဓရဲ့ဥပါသိကာမတစ်
ကောင်းတစ်ယောက်ရယ်လေ။အားနွဲ့ တဲ့ မိန်းမသားဆိုပေမယ့် ကတိတစ်လုံးကို အသက် လောက် တန်ဖိုးထား
တတ်တဲ့ အမူအကျင့်ကလည်း ကျွန်မမှာ ရှိနေပြန်ပါတယ်။

အပြန်ပြန် စဉ်းစားမှုတွေ ပြုပြီးတဲ့နောက်မှာတော့ ဆုံးဖြတ်ချက်တစ်ခုကို ကျွန်မ ခိုင်မာစွာချလိုက်ပါတယ်။
မီးဖိုဆောင်က အသားလှီးဓားကိုယူပြီး အိပ်ခန်းထဲကိုဝင်လိုက် ပါတယ်။အခန်းတံခါး ကိုချက်ထိုးပြီး ကုတင်ပေါ်
ကို ခြေတွဲလောင်းချထိုင်လိုက်ပါတယ်။ ထမီစကို ပေါင်ရင်းထိလှန်တင်လိုက်ပြီး ညာလက်နဲ့ သားလှီးဓားကို ကိုင် ဘယ်လက်နဲ့ ဘယ်ဘက်ပေါင်ကို ဆွဲတင်းလိုက်ပြီး ပေါင်ရင်းသားကို ကျိတ်ပြီး လှီးလိုက်ပါတယ်။သွေး တွေဟာ
ပေါင်ရင်းတ၀ိုက်ဆီမှာ စိမ့်ပြီး စီးကျလာပါတယ်။ပူလောင် စပ်ရှစွာခံစားလိုက်ရ ပြီး ပြင်းထန်လွန်းတဲ့ ဝေဒနာ
ကြောင့် ခန္ဓာကိုယ် တခုလုံးဟာ ယိမ်းထိုးလှုပ်ရှားနေပါ တယ်။တွန့်ဆုတ်လိုတဲ့ စိတ်အစဉ် အချို့ဝင်လာပေ
မယ့် အဆုံးထိအောင်ပဲ ဆက်လှီး လိုက်ပါတယ်။ခဏအကြာမှာတော့ လက်သီးဆုပ်ခန့် အသားစိုင်တစ်ခု ရ
ရှိလာပါတယ်။

ဒဏ်ရာကို ဂွမ်း တစ်ထပ်၊ အ၀တ်သန့်သန့် တစ်ထပ်စီ စီး လိုက်ပြီး အိမ်မှာ ခိုင်းနေ ကျ ကောင်မလေးကို ခေါ်လိုက်ပါတယ်။ကျွန်မပေးလိုက်တယ် အသားတုံးကို အသား ဟင်းအဖြစ်ချက်ပြီး ဘုရားရှင်ကျောင်းက သွေးဝမ်းသွား ရောဂါဖြစ်နေတဲ့ ရဟန်းတော် လေးကို ကပ်လှူဖို့ စေခိုင်းလိုက်ပါတယ်။သခင်မကိုမေး ရင်တော့ ရုတ်
တရက် အနာ ရောဂါတစ်ခုဖြစ်လာလို့ မလာနိုင်တဲ့ အကြောင်းကို လျှောက်ထားဖို့ပါ မှာလိုက်ပါတယ်။
ညနေစောင်းတဲ့ အခါမှာတော့ ကျွန်မရဲ့ ခင်ပွန်း အမောင် သုပ္ပိယ အလုပ်ကနေ ပြန်ရောက်လာပါတယ်။
သူပြန်ရောက်လာတယ်ဆိုရင်ပဲ ကျွန်မကို ခေါ်နေတဲ့ အသံကြား လိုက်ရပါတယ်။
“ သုပ္ပိယာရေ နှမရေ မင်းဘယ်မှာလဲဟေ့ နှမရေ အမောင် ပြန်လာပြီဟေ့ ”
“ သခင်မ အနာရောဂါတစ်ခုကြောင့် အိပ်ယာထဲမှာ လှဲနေပါတယ် သခင် လေး”
အိမ်မှာ ခိုင်းနေကျ ကောင်မလေးရဲ့ ဖြေဆိုသံကို ကြားလိုက်ရပါတယ် ။ မကြာမီ မှာပဲ အမောင်သုပ္ပိယ ကျွန်မအနီးကို ရောက်လာပါတယ်။

“ဘယ်လိုဖြစ်တာလဲ နှမရယ် အမောင်ဖြင့် စိတ်ပူလိုက်တာကွယ် ဟင် ပေါင်မှာ လည်းပတ်တီးကြီးနဲ့ပါ
လား အမောင်ကို ပြောပြပါအုံးကွယ် ဘာလို့ ဒီပတ်တီးကြီး စီးထား ရတာလဲ”
ကျွန်မလည်း အမောင် ကို ဖြစ်ကြောင်း ကုန်စင်အားလုံးကို ပြောပြလိုက်ပါ တယ်။ကျွန်မရဲ့ စကားသံ
ကို နားထောင်နေရင်း အမောင် သုပ္ပိယရဲ့မျက်နှာသွင်ပြင်မှာ ကျေနပ်ခြင်း၊၀မ်းမြောက်ခြင်း အရိပ်အယောင်တွေ တွေ့မြင်နေရပါတယ်။

“ အော် နှမရယ် အာဂသတ္တိပါလားကွယ် အမောင်တို့ ယောက်ျားသားတွေတောင် ပြုဖို့ရန် ခဲယဉ်းတဲ့ အလှူဒါနကြီးကို နှမတော် ပြုနိုင်ပါပေတယ်ကွယ်။နှမတော်ရဲ့ စွန့် လွှတ်မှုဟာ ဂန္ထ၀င်မြောက်တဲ့ စွန့်လွှတ်
မှုပါပဲကွယ် ။နှမတော်ရဲ့ စွန့်လွှတ်မှုကို ဂုဏ်ပြု တဲ့အနေနဲ့ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို မနက်ဖြန်မှာ ဆွမ်းကပ်လှူဖို့ အမောင် အခုပဲ ဘုရားရှင်ရဲ့ ကျောင်းတော်ဆီကို သွားလိုက်တော့မယ်နော် ”

ပြောပြော ဆိုဆိုနဲ့ အမောင် ကျွန်မအနားက ထွက်သွားပါတယ်။ကျွန်မရဲ့အလှူဒါန တိုင်းကိုကန့်ကွက်မှု
မရှိပဲ အမြဲတစေ ကြည်ဖြူစွာ နားလည် အားပေးတတ်တဲ့ ခင်ပွန်း အတွက် တွေးမိတိုင်း ကျွန်မအားရကျေနပ်
နေမိပါတယ်။

နောက်တစ်နေ့ မနက်မိုးလင်းတဲ့ အချိန်မှာတော့ ဆွမ်းကပ်ဖို့ပြင်ဆင်နေတဲ့ ပန်း ကန်ခွက်ယောက်သံ
တွေ ၊အချင်းချင်းပြောဆိုနေကြတဲ့ စကားသံတွေ ရုတ်တရက် တိတ်ဆိတ်သွားပါတယ်။ဘုရားရှင်နဲ့သံဃာတော်
တွေ ကြွလာပြီဆိုတာ ကျွန်မသိ လိုက်ပါပြီ။
“ ဒါယကာ သုပ္ပိယ သင့် ဇနီး သုပ္ပိယာ ကိုခေါ်လာခဲ့ပါ။”
ကျွန်မနာမည်ကို တခုတ်တရ ပြောတော် မူနေတဲ့ မြတ်ဗုဒ္ဓရဲ့ အသံတော်ကို ကြည်နူးစွာ ကြားနေရပါတယ်
“ သုပ္ပိယာ ဒါယိကာမ အနာရောဂါ တခုကြောင့် မလာနိုင်ပါ မြတ်စွာဘုရား”
“နာနေပါစေခေါ်လာခဲ့ ပါ သုပ္ပိယ”
ဘုရားရှင်ရဲ့ စကားတော်ကို မလွန်ဆန်နိုင်တဲ့ အဆုံး အမောင် ဟာ ကျွန်မကို လာရောက် တွဲထူ ခေါ်ငင်
လိုက်ပါတယ်။ မောင်တော်တွဲထူရာနောက် တရွေ့ရွေ့ လိုက် ပါလာရင်း ရောင်ခြည်တော် ခြောက်သွယ်တို့နဲ့ ကွန့်မြူးစံပါယ်နေတဲ့ မြတ်ဗုဒ္ဓရဲ့ မေတ္တာဓာတ် အပြည့် လွှမ်းခြုံထားတဲ့ မျက်နှာတော်ကို ဖူးမြော်ခွင့် ရလိုက်
ပါတယ်။အဲ ဒီ အချိန်မှာပဲ ကျွန်မရဲ့ ပေါင်မှာ ရှိနေတဲ့ ဒဏ်ရာဟာ အနည်းငယ်မျှနာကျင်မှု မရှိတော့ ပဲ မူလ
ပကတိအတိုင်း အသား အရေတွေ မွှေးညှင်းတွေ ပြန်လည် ပြည့်ဖြိုးပေါ်ပေါက် လာတာကို သတိပြုမိလိုက်
ပါတယ်။ တဆက်တည်းမှာပဲ ကျွန်မက အမောင်သုပ္ပိယကို ပြောပြလိုက်ပါတယ်။အမောင်သုပ္ပယလည်း လွန်စွာ အံ့သြသွားပြီး နှုတ်ကနေ အဆက် မပြတ်ရေရွတ်နေပါတော့တယ်။

“အိုလူအပေါင်းတို့ အံ့ သြစရာကောင်းလိုက်ပါတကား မဖြစ်ဘူးမြဲ ထူးဆန်းလှတဲ့ အဖြစ်ပါပေတကား သားလှီးဓားနဲ့ လှီးဖြတ်ထားလို့ ကျွနှပ်ဇနီးရဲ့ ပေါင်မှာ ဖြစ်ပေါ်နေ တဲ့ ဆိုးရွားတဲ့ ဒဏ်ရာကြီးဟာ ဘုရားရှင်ကို ဖူးမြင်လိုက်ရတဲ့ အချိန်မှာ အလုံးစုံ ပျောက်ကင်းသွားပါတကား ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ တန်ခိုးတော်ဟာ အံ့သြ ချီး ကျူး၍ မကုန်နိုင်ပါတကား”
ကျွန်မတို့ ဇနီးမောင်နှံနှင့် ဧည့် ပရိတ်သတ် အပေါင်းတို့ဟာ ကြည်နူးနှစ်သက်တဲ့ ပီတိ တရားတွေ လွှမ်းခြုံ
လျှက် ဘုရားအမှူးရှိတဲ့ သံဃာတော် အရှင်သူမြတ်တွေကို ဆွမ်း ဘောဇဉ်တွေ ဆက်ကပ်လှူဒါန်းကြပါတယ်။
ဘုရားရှင်နဲ့ သံဃာတော်များ ပြန် လည်ကြွသွားချိန်မှာတော့ ကျွန်မဘ၀ရဲ့ အမှတ်တရလေးဟာ ပြီးဆုံးသွား
ပြီပေါ့ရှင်။

ဒါပေမယ့်လေ အဲဒီနေ့ အဲဒီအချိန်က ဖြစ်ပေါ်ခံစားခဲ့ရတဲ့ ကြည်နူး နှစ်သက်မှု ၀မ်းမြောက် ကျေနပ်မှု
တွေကတော့ ပြန်လည် တွေးမိလိုက်တိုင်း ကျွန်မဘ၀တလျှောက် လုံး အမြဲတမ်း အမှတ်တရဖြစ်နေတော့
တာပါပဲရှင်။
ဂန္ထလုလင် ( ဘိုကလေး )
မှတ်ချက် ။ ။ဝိနယ ပိဋက မဟာဝဂ္ဂပါဠိတော်လာ သုပ္ပိယာ ၀တ္ထုကို တန်ဆာဆင်ရေးဖွဲ့ထားခြင်းဖြစ်ပါသည်။ ၂၀၀၁ ခုနှစ် မေလထုတ် ဓမ္မရံသီ မဂ္ဂဇင်း တွင် ဖော်ပြခဲ့ ပြီး ဖြစ်ပါသည်။ (စာရေးသူ)

Tuesday, February 24, 2009

စကြာငါးနှင့်သိုက်စောင့်အလှူ(၅) ဇာတ်သိမ်းပိုင်း

“ဆရာတော်ဦးဥတ္တမရဲ့မီးကွင်းပရိတ်တရား..သိတယ်၊ကျေးဇူးပါဗျာ အခုလိုသတိပေးတာ၊သင်ပြောတဲ့ အလှူ ကိစ္စ ကျွန်တော်သေချာလုပ်ပေးပါမယ် မစိုးရိမ်ပါနဲ့ “
.......................................................................................................................................
........................................................................
သည်။ကျွန်တော်သည်ကိုမောင်အား“ကဲကိုမောင်ရေနောက်မှစကားပြောငါ့ကိုကွမ်းတစ်ယာလောက်ယာ
ပေးအုံး”“အေးပါသားကြီးရာနေအုံးယာပေးမယ်ဟဲ..နှစ်ထုတ်လောက်ယာပြီးရင်မန်နီးဘက်သွားကျမယ်”
*************************************************************************
မန်းနီးလက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။အချိန်ကားနေပင်စောင်းနေပြီ။ကိုဖြိုးက“ကိုမောင်မန်းနီးမှာ
မထိုင်တော့ဘူး၊အကြော်ဆိုင်ထိုင်ရအောင်၊အကြော်စားချင်လို့ဟ”
ကျွန်တော်ကကြားဖြတ်၍ပြောလိုက်သည်။“အကြော်စားချင်ရင်ကြည်တော်ကုန်းရပ်ကွက်..ရန်ကုန်-မန္တလေး
လမ်းမကြီးဘေးက“ဦးကျော်မြိုင်+ဒေါ်စန်းလှ”အကြော်ဆိုင်မှာသွားစားမယ်၊အဲဒီကအကြော်ကမိတ္ထီလာမြို့မှာ
အကောင်းဆုံးပဲ..မင်းတို့မစားဘူးဘူးမလား.လာသွားစားမယ်”။ အားလုံးဆိုင်ကယ်များပြန်လှည့်ကာအကြော်
ဆိုင်သို့ထွက်လာခဲ့ကျသည်။အကြော်ဆိုင်သို့ရောက်သောအခါကျွန်တော်က“အန်တီစန်းလှရေအကြော်
လေးပွဲလောက် တခါတည်းချ ဒီမှာစူဇကာပုဏ္ဏားတွေပါလာတယ်”အကြော်ပန်းကန်ထဲတွင်ဘူးသီးကြော်၊
တို့ ဟူးကြော်၊မြင်းခွာရွက်ကြော်၊ကြက်သွန်ကြော်၊ဘယာကြော်နှင့်စလက်ရွက်၊ဂေါ်ဖီရွက်၊ပူစီနံရွက်စသည့်
အရွက်များကိုမန်ကျီးသီးမှည့်အချဉ်ထဲတွင်ပဲနှစ်များထည့်ကာတို့စားရသည်မှာလွန်စွာကောင်းလှသည်။ ကျွန်
တော်တို့သူငယ်ချင်းလေးယောက် ထိုနေ့ က အကြော်၁၂ပွဲစားလာကျသည်။
****...................................*********.........................................
အကြော်ဖိုးပိုက်ဆံရှင်းပြီးနာရီကြည့်လိုက်သောအခါညနေ(၆.၃၀)နာရီပင်ရှိနေ၏။“ကဲငါတို့ဝမ်းတော်ပြည့်
ကျောင်းတိုက်ခဏသွားရအောင်”ဟုကျွန်တော်ကပြောလိုက်သည်။အားလုံးဝမ်းတော်ပြည့်ကျောင်းတိုက်သို့
ထွက်လာခဲ့သည်။ကျောင်းတိုက်ထဲသို့ရောက်သောအခါလှိုင်ဂူရှိရာ ဘုရားအတွင်းသို့ဝင်လိုက်ကျသည်။
မနက်က ကျွန်တော့်အား ရွှေတုံးများပစ်ချပေးသောနေရာသို့ရောက်သောအခါခဏရပ်၍အပေါ်သို့မော့ကြည့် လိုက်သည်။ထို့နောက်ဘုရားလိုက်၍ဖူးမျှော်လိုက်သည်။ထိုအချိန်တွင်ကျွန်တော့်နှာခေါင်းထဲ၌မနက်ခင်းကရ
သောအမွှေးနံ့ ကို ရရှိလေသည်။

ထိုအချိန်တွင်ကျွန်တော်နားထဲတွင်အသံကြားလိုက်သည်။ထိုအသံကိုကျွန်တော်သာကြားရသည်။သူငယ်ချင်းများ မကြားရပေ။“မနက်ဖြန်အာရုံတက်ချိန်မှာဘုရားကိုလာခဲ့ပါ..ဆက်ဆက်လာခဲ့ပါ..မကြောက်ပါနဲ့..လာဖြစ်
အောင်လာခဲ့ပါ”ဟုပြောဆိုသံကိုကြားလိုက်ရသည်။ကျွန်တော်၏နားထဲတွင်ချိုသာစွာကြားလိုက်ရသည်။
ကျွန်တော်သည်လည်းစိတ်ထဲမှနေ၍“ဟုတ်ကဲ့ကျွန်တော်ဆက်ဆက်လာခဲ့ပါမယ်”ဟုပြန်ပြောလိုက်သည်။

နောက်တစ်နေ့မနက်စောစော(၄)နာရီလောက်တွင်အိပ်ယာထ၍ဘုရားသို့ထွက်လာခဲ့သည်။ဆိုင်ကယ်အား
အပြင်ဘက်တွင်ရပ်ခဲ့၍ကျောင်းတိုက်အတွင်းသို့ဝင်ခဲ့သည်။လှိုင်ဂူရှိရာဘုရားဘက်သို့ထွက်လာလိုက်သည်။
ထို့နောက်ယမန်နေ့ကအသံကြားရသောနေရာသို့သွားလိုက်သည်။ထိုနေရာအရောက်တွင်ကျွန်တော်၏အရှေ့ သို့ဖုတ်ခနဲ့အထုပ်တစ်ထုပ်ကျလာသည်ကိုတွေ့ရသည်။ကျွန်တော်ကောက်ယူလိုက်သည်။အထုပ်မှာဂွမ်းစ
ထူထူဖြင့် ရက်လုပ်ထားသောကြက်သွေးရောင်အထုပ်ဖြစ်လေသည်။ကျွန်တော်အထုပ်အားဖြေကြည့်လိုက်
သည်။ရွှေခြင်္သေ့ခေါင်းနှစ်ခေါင်းထွက်လာသည်။ခြင်္သေခေါင်းနှစ်ခေါင်းမှမျက်လုံးမှာပတ္တမြားထည့်ထားသည်
ထင်၏။နီရဲတောက်ပနေသည်။အစွယ်ဖွေးဖွေးနှင့်အလွန်ပင်လှပသောရှေးဟောင်းရုပ်ထုပင်ဖြစ်လေသည်။
ကျွန်တော်သည်ကြည့်၍ပင်မ၀ပေ။

ထိုစဉ်“မောင်လေးရေ အဲဒီရွှေခြင်္သေ့ခေါင်းနှစ်ခေါင်းကိုဒီဘုရားကမြတ်စွာဘုရားနဲ့ဘုရားတပည့်သားတွေရဲ့
ဓါတ်တော်မွေတော်တွေမှာလှူဒါန်းပေးပါကွယ်၊ဒီနေ့မနက်နေရောင်ခြည်သန်းတာနဲ့ကျောင်းထိုင်ဆရာတော်
ဆီမှာသွားလှူပေးပါကွယ်၊အမတို့ကိုလဲအမျှဝေပေးပါကွယ်၊အမတို့ကဆရာတော်ကြီးဆီမှာကိုယ်တိုင်လှူချင်
တာလှူလို့မရလို့မောင်လေးကိုအကူအညီတောင်းတာပါကွယ်”
ကျွန်တော်က“ဟုတ်ကဲ့စိတ်ချပါခင်ဗျာ၊ကျွန်တော်မနက်နေခြည်သန်းတာနဲ့လှူပေးပါမယ်ခင်ဗျာစိတ်ချတော်
မူပါခင်ဗျာ”ဟုပြောဆိုလိုက်သည်။“သာဓု၊သာဓု၊သာဓုပါကွယ်”ဟုပြောဆိုပြီးနောက်ထပ်အသံမကြားရ
တော့ပေ။ကျွန်တော်သည်နေခြည်သန်းသောအချိန်ထိစောင့်၍ကျောင်းထိုင်ဆရာတော်အား အကျိုးအကြောင်း ပြောပြကာရွှေခြင်္သေ့ခေါင်းနှစ်ခေါင်းအား လှူဒါန်းလိုက်လေသည်။
မှတ်ချက်။ ။ထိုဥစ္စာစောင့်လှူဒါန်းသောရွှေခြင်္သေ့ခေါင်းနှစ်ခေါင်းမှာ(မိတ္ထီလာမြို့-ရန်ကုန်-မန္တလေးအဝေးပြေး
လမ်းမကြီးဘေးမှဝမ်းတော်ပြည့်ကျောင်းတိုက်ရှိဓါတ်တော်တိုက်တွင်ယခုတိုင်ရှိပါသည်။မိတ္ထီလာမြို့သို့ရောက်
ရှိပါက၀င်ရောက်ကြည့်ရှုသွားနိုင်ပါသည်ခင်ဗျာ။ထိုနေ့ဥစ္စာစောင့်ပြောသောအကြောင်းအရာများမှတချို့
သောအကြောင်းအရာများကိုတမင်ချန်ခဲ့ပါသည်ခင်ဗျာ။

ကျွန်တော်၏စိတ်တွင်ဝမ်းသာကြည်နူးစိတ်ဖြစ်လျှက်ကျောင်းတိုက်အတွင်းမှပြန်လာခဲ့သည်။ထို့နောက်
“မြကြာဖြူ”လက်ဖက်ရည်ဆိုင်သို့သွား၍ထိုင်လိုက်သည်။ပဲပလာတာတစ်ပွဲမှာစားပြီးအိမ်သို့ပြန်လာပြီး
အိပ်ရေးမ၀သေးသည်နှင့်ပြန်လည်အိပ်စက်လိုက်သည်။နေ့လည်ခင်းတွင်ကိုနောင်ရောက်လာကာ..
“ကိုလင်းရေကိုမောင်တို့ဆီသွားပြီးကျန်တဲ့ကိစ္စလေးတွေသွားလုပ်ကျမယ်၊တပို့ တွဲလပြည့်ကျော်(၄)ရက်နေ့ ကသိပ်မလိုတော့ဘူးနော်”
“အေးဟုတ်တယ်သိပ်မလိုတော့ဘူး၊ခဏ...ငါရေချိုးအုံးမယ်”
ကိုမောင်တို့အိမ်သို့ရောက်သောအခါ(မီးကွင်းပရိတ်တရားခွေ)ဖွင့်ထားသည်ကိုတွေ့ရသည်။ကိုမောင်က
“သားကြီးရေမနက်ဖြန်စောင့်ကြည့်ရမယ်ဟေ့..စကြာငါးကြီးပြောတာမနက်ဖြန်နော်မီးလောင်မှာ”
“ဟေ..ဟုတ်သားပဲ..ကိုမောင်မင်းပရိတ်တရားခွေဖွင့်ပြီးပရိတ်ရေပုလင်းပါလုပ်ထားလား၊”
“အေးလုပ်ထားတယ်သားကြီး၊မနက်ခင်းဆိုရင်တအိမ်လုံးတရားကိုသေသေချာချာနားယူပါတယ်”
“ကောင်းတယ်ကောင်းတယ်၊ဆက်လုပ်”“ကဲသားကြီးတို့ရေမနက်ဖြန်ကျရင်တကယ်လို့မီးလောင်ခဲ့ရင်
မီးလောင်တဲ့နေရာနဲ့နီးတဲ့သူငယ်ချင်းတစ်ယောက်ယောက်အိမ်ကိုဝိုင်းကူကျဖို့မမေ့နဲ့”
“အေးပါသားကြီးရာ”ဟုကိုမောင်ကပြန်ပြောလေသည်။ကိုနောင်က“ငါနဲ့ခဏလိုက်ခဲ့ကျအုံးဟ”
ကိုဖြိုးကပြန်မေးလိုက်သည်။“ဘယ်ကိုလဲကိုနောင်ရ”“ရှမ်းတဲလေတပ်ဘက်ကိုခဏဟ၊အဲဒီဘက်ကငါတို့
ဖရဲသီးခင်းတွေခဏသွားကြည့်မလို့”“ဟေဟုတ်လားသွားမယ်ဟေ့ဖရဲသီးလဲစားချင်နေတာဟဲဟဲ”
***********..........................****************............................................
နောက်တနေ့မနက်(၁၀)နာရီလောက်တွင်ကျွန်တော်သည်အိပ်ယာထဲတွင်ပင်အိပ်နေစဲ။ ထိုအချိန်တွင်
“၀ုန်း..အုန်း”ဟူ၍ ကျယ်လောင်သောအသံကြီးကိုကြားလိုက်ရသည်။မြေကြီးများတုန်ခါသွားသည်။
ကျွန်တော်သည်အိပ်ယာမှထ၍“အမေ၊အမရေဘာဖြစ်တာလဲ၊ဘယ်ကအသံကြီးလဲ”
အိမ်မှမိသားစုများအားလုံးအိမ်အပြင်ရောက်ရှိနေကျသည်။ပတ်ဝန်းကျင်မှလူများလဲလမ်းပေါ်သို့ထွက်သူက
ထွက်၊အိပ်ပေါ်မှနေ၍ကြည့်သူကကြည့်နေကျသည်။ရတနာမာန်အောင်ရပ်ကွက်ဘက်မှမီးခိုးလုံးကြီးကောင်း
ကင်ပေါ်သို့တလှိမ့်လှိမ့်တက်လာနေသည်ကိုတွေ့ရသည်။သေချာပြီ“ဒါမီးလောင်နေပြီဟုသိလိုက်သည်။“
ရတနာမာန်အောင်ရပ်ကွက်ဆိုတော့“ကိုဖြိုး”တို့နေရာပေါ့“ကိုမောင်”တို့နေရာနဲ့လဲနီးတာပဲ၊မဖြစ်ဘူး
ငါသွားကူမှပဲဟုစိတ်ထဲမှပြောကာဆိုင်ကယ်ထုတ်လိုက်သည်။ထိုအချိန်မှာပင်“ကိုနောင်”ရောက်လာသည်။

“ကိုလင်းရေ...ကိုဖြိုးတို့ဘက်တော့မီးလောင်နေပြီ လာသွားကျမယ် ”“အေးသားကြီးလာပြီ”
ထို့နောက်ကိုဖြိုးတို့ဘက်ထွက်လာကျသည်။လမ်းတွင်မီးသတ်ကားများတစ်စီးပြီးတစ်စီးသွားနေကျသည်။
“ကိုမောင်”တို့အိမ်သို့ရောက်သောအခါကိုမောင်တို့မိသားစုမှာပစ္စည်းများသိမ်းဆည်းနေကျပြီ။
ကျွန်တော်က၀င်၍“ကိုမောင်ရေ၊ပစ္စည်းတွေသေချာသိမ်းတန်းဖိုးကြီးတာအဓိကကျတာပဲသိမ်း၊မလိုတာထား
ခဲ့”ဟုကျွန်တော်ပြောလိုက်သည်။“အေးသားကြီးမင်းတို့ကိုဖြိုးတို့ဆီသွားကူလိုက်အုံး၊သူတို့ဘက်မှာ
မီးလောင်နေတာ”ဟုပြောလေသည်။

ထိုစဉ်ကိုနောင်က“ကိုလင်းလူတွေအရမ်းများတယ်၊ငါတို့ဆိုယ်ကယ်နဲ့သွားလို့တော့ရမှာမဟုတ်ဘူး၊
ဆိုင်ကယ်တွေကိုမောင်တို့အိမ်မှာအရင်ထားခဲ့၊ဒီအတိုင်းပြေးသွားမယ်”“အိုကေ”
ဆိုင်ကယ်များထား၍ကိုဖြိုးတို့ရပ်ကွက်ဘက်သို့ပြေး၍သွားလိုက်သည်။အသံများလဲဆူညံနေသည်။လူများလဲ
ရှုပ်ရှပ်ခပ်နေသည်။ငိုသူကငို၊အော်ဟစ်နေသူကအော်ဟစ်နေကျသည်။မီးအပူရှိန်ကတော်တော်ဝေးဝေးကနေ
ပူလောင်နေသည်။ထိုစဉ်ကိုဖြိုးတို့မိသားစုကိုတွေ့ရသည်။“ဟာကိုဖြိုးဘယ်လိုလဲ၊အခြေအနေဘယ်လိုလဲ”
ကိုဖြိုးက“သားကြီးရေမီးကငါတို့အိမ်ဘေးနားရောက်နေပြီ၊ပစ္စည်းတွေလဲမသယ်နိုင်တော့ဘူး၊ရတနာပစ္စည်း
တွေနဲ့ငွေတွေပဲယူပြီးအိမ်ကိုသော့ခတ်ထွက်လာတာပဲ၊အခုအိမ်ကိုမီးလောင်နေပြီထင်တာပဲကွာ”ဟု
စိတ်ညစ်နေသောအသံဖြင့်ပြောဆိုလေသည်။

မီးကတဖြည်းဖြည်းကျွန်တော်တို့ရပ်နေသည့်နေရာနှင့်နီးကပ်လာသည်။“ကဲကိုဖြိုးတို့အန်တီတို့လာ
ကိုမောင်တို့အိမ်ဘက်သွားမယ်၊စိတ်မညစ်နေနဲ့တော့အန်တီတို့အိမ်မီးထဲမပါလောက်ပါဘူး”ဟုပြောဆိုကာ
ကိုမောင်တို့အိမ်ဘက်သို့အပြေးပြန်လာကျသည်။ကိုမောင်၏အမေသည်တောင်တန်းသာသနာပြုဆရာတော်
ဦးဥတ္တမ၏မီးကွင်းပရိတ်တရားကိုအကျယ်ကြီးဖွင့်ထားပြီး၊ပ၇ိတ်ရေများဖြင့်အိမ်ပါတ်လည်လိုက်လံဖြန်းပတ်နေ
သည်ကိုတွေ့ရသည်။ကျွန်တော်သည်ထိုအခြင်းအရာကိုမြင်မှကိုဖြိုးအားမေးလိုက်သည်။“ကိုဖြိုး..မင်း
ဟိုမီးကွင်းပရိတ်တရားဖွင့်ရဲ့ လား၊ပရိတ်ရေကောအိမ်မှာဖြန်းပတ်ရဲ့လား”“အေးသားကြီးနေ့တိုင်းဖွင့်တယ်
ပရိတ်ရေလဲဖြန်းပတ်တယ်”“အေးဒါဆိုပူမနေနဲ့မင်းတို့အိမ်မီးထဲပါမှာမဟုတ်ဘူးစိတ်ချနေ”

ကျွန်တော်ပြောနေတုန်းမှာပင်မီးသည်ကိုမောင်တို့အိမ်နှင့်နီး၍လာလေသည်။အပူရှိန်ပင်ရနေသည်။
ကျွန်တော်သည်“ကဲအားလုံးအရေးကြီးတာတွေပဲသယ်၊အိမ်ကိုသော့သေချာခပ်ပြီးကျွန်တော်တို့အိမ်သွားကျ
မယ်”ကျွန်တော်တို့သည်လူကြီးများအားအရင်ဆုံးဆိုင်ကယ်များဖြင့်အိမ်သို့ပို့ဆောင်ပေးကျသည်။
သုံးခေါက်ပြန်သယ်မှလူအားလုံးကုန်လေသည်။မီးလောင်နေသည်ကားကြီးမားလှသည်။မီးတောက်ကြီးများမှာ
အလွန်ပင်ကြီးမားလှသည်။ပူလောင်လှသည်။မီးသည်ကျွန်တော်တို့ရပ်ကွက်နားပင်နီးလာသည်။ထူးဆန်းသည်
ကားမီးသည်ကျွန်တော်တို့ရပ်ကွက်အားမလောင်ပဲဘေးရပ်ကွက်အားထူးဆန်းစွာကျော်လွန်ပြီးလောင်သွား
ခြင်းပင်။ကျွန်တော်တို့ရပ်ကွက်သည်သေးငယ်လှသည်။မိတ္ထီလာမြို့တွင်အသေးငယ်ဆုံးအိမ်ခြေအနည်းဆုံး
ရပ်ကွက်ဖြစ်သည်။မနေ့ညနေကအိမ်သို့ပြန်လာရာတွင်စဉ်းစားမိသည်။မီးကွင်းပရိတ်တရားတော်ကို
ရပ်ကွက်ဓမ္မာရုံတွင်အသံချဲ့စက်ကြီးများဖြင့်သွား၍ဖွင့်ခိုင်းလိုက်ရင်တစ်ရပ်ကွက်လုံးမီးကွင်းနိုင်တယ်လို့
ယူစပြီးသွား၍ဖွင့်ခိုင်းလိုက်ခြင်းဖြစ်သည်။ထိုအကျိုးကျေးဇူးကားယခုခံစားရလေပြီ။

မြို့တ၀က်ကျော်ကျော်မီးလောင်သွားသည်။ထူးဆန်းသည်ကားကိုဖြိုးတို့အိမ်နှင့်ကိုမောင်တို့အိမ်သည်မီး
မလောင်ပဲကျန်ရှိနေခြင်းပင်ဖြစ်သည်။ကိုဖြိုးနှင့်ကိုမောင်တို့ရပ်ကွက်သည်များသောအားဖြင့်ကုလားလူမျိုး
များနေထိုင်ကျသည်။မြန်မာအိမ်များနည်းပါးသည်။ယခုမိတ္ထီလာမြို့အားလောင်သွားသောမီးသည်မြန်မာအိမ်
များအားသိပ်မလောင်ပဲကုလားများနေသောအိမ်အများစုကိုဝါးမျိုလောင်ကျွမ်းသွားလေသည်။ထူးဆန်းလေစွ။
မီးစလောင်သည်မှာမိတ္ထီလာကန်မှဆယ်ယူရရှိသောဂျပန်ခေတ်ကလေယာဉ်ပစ်အမြောက်ကျည်ဆံကြီးအား
တွေ့ရှိသောသူများကကုလားများကိုရောင်းချလိုက်သည်။ထိုအမြောက်ကျည်ဆံကြီးကိုကုလားများက
လွှနှင့်ဖြတ်တောက်ကျသည်။အမြောက်ကျည်ဆံကြီးမှာမပေါက်ကွဲရသေးသောကျည်ဆံဖြစ်သောကြောင့်
လွှနှင့်တိုက်ဖြတ်သောအပူချိန်ကိုမခံနိုင်ကာပေါက်ကွဲမှုဖြစ်ပွားပြီးမီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်။
............................xxxxxxxxxxxxxxx........................xxxxxxxxxxxxxxxx.............
စကြားငါးကြီးပြောသောမီးကွင်းပရိတ်တရားတော်မှာအလွန်ပင်အစွမ်းထက်လှသည်။
ကျွန်တော်တို့သူငယ်ချင်းများအားလုံး စကြာငါးကြီးကို ကျမ်းမာချမ်းသာစေကြောင်းမေတ္တာလှမ်းပို့ လိုက်ကျ
သည်။ တပို့ တွဲလပြည့်နေ့ မှာပင် စကြာငါးကြီးလှူခိုင်းသောကိစ္စများနှင့်ဝမ်းတော်ပြည့်ကျောင်းတိုက်မှဥစ္စာ
စောင့်လှူခိုင်းသောကိစ္စများကိုလုပ်ဆောင်ပြီးစီး၍စိတ်မှာကြည်နူးဝမ်းမြောက်ပီတိဖြစ်နေလေသည်။
အရာအားလုံးအေးချမ်းနေသယောင်၊ကြီးမားသောကိစ္စကြီးအားလုပ်ဆောင်ပြီးစီးသကဲ့သို့ပေါ့ပါးနေလေသည်။
..........................................................
“ကဲ ထန်းတောသွားရအောင်”ဟုကိုနောင်မှစ၍ပြောလိုက်သည်။ကိုမောင်က“ကဲဆိုင်ကယ်နှစ်စီးပဲသွားမယ် ကိုဖြိုးရေမင်းနောက်ကပဲလိုက်စီးတော့မယ်ဟေ့”ကျွန်တော်ကလည်း“ဟုတ်တယ်ကိုနောင်ရေငါလဲမင်း
နောက်ကပဲလိုက်စီးတော့မယ်..ငါ့ဆိုင်ကယ်ကို..ကိုမောင်တို့အိမ်မှာပဲထားခဲ့တော့မယ်”
ကိုနောင်၏နောက်မှလိုက်စီးနေရင်းအတွေးပေါင်းများစွာကိုတွေးတောနေမိသည်။ထန်းတောသို့ရောက်လာ
သည်။အရင်ကျွန်တော်တို့ထိုင်သောက်ခဲ့သောနေရာသို့လှမ်းကြည့်လိုက်သည်။လူရှင်းနေသည်။ထိုနေရာ
တွင်“ရဲကျော်စွာ”ရှိနေမည်ထင်သည်။

ကိုနောင်ကထန်းတောပိုင်ရှင်အားမှားကြားလိုက်သည်။“အကိုရေ..ကြွက်ကြော်၊ဖားကြော်၊နှမ်းဖက်ချဉ်သုတ်၊
မန်ကျီးရွက်သုတ်၊ထန်းရည်နှစ်မြူလုပ်ပါဗျို့”မှာကြားပြီးအရင်ထိုင်နေကျထန်းပင်အောက်သို့သွားထိုင်နေ
လိုက်သည်။မကြာခင်မှာပင် မှာကြားထားသောထန်းရည်နှင့်အမြီးများရောက်လာသည်။ကျွန်တော်ထန်းရည်ကို
စသောက်လိုက်သည်။စိတ်မှ“ဗုဒ္ဓံသရဏံဂစ္စာမိ၊ဓမ္မံသရဏံဂစ္စမိ၊သဃံသရဏံဂစ္စာမိ”ဟုရွတ်ဆိုကာ
ထန်းရည်ကိုမော့သောက်လိုက်သည်။
...............................................................................................................................
ပြီးပါပြီ။
အရေးအသားလိုအပ်ချက်များရှိပါကခွင့်လွတ်ကျပါခင်ဗျာ။
္ကဤ၀တ္ထုသည်တကယ့်အဖြစ်အပျက်ကိုစိတ်ကူးယဉ်ဆန်စွာရေးဖွဲ့ထားသောကြောင့်အမှားအယွင်းများရှိပါက
ခွင့်လွတ်ပေးကျပါလို့။
ဒေါင်းမင်း

Sunday, February 22, 2009

စကြာငါးနှင့်သိုက်စောင့်အလှူ(၄)

ထို့နောက်မန်းနီးလက်ဖက်ရည်ဆိုင်မှပြန်လာကာကိုမောင်တို့အိမ်သို့သွားကျသည်။
ညနေပိုင်းတွင်အိမ်သို့ခဏပြန်ကာစိတ်ထဲမကျေနပ်သေးသည်နှင့်ကိုမောင်တို့အိမ်သို့ပြန်ထွက်လာခဲ့သည်။
ကိုမောင်တို့အိမ်တွင်................................................................
............................................................................................
မြို့တော်တစ်ခုလုံးမဟုတ်ပါဘူးမြို့တော်တစ်ဝက်ပါ၊အသင်တို့အိမ်ကောမလွတ်ကင်းပါဘူး၊ဒါပေမယ့်
ကျွန်ုပ်တစ်ခုပြောလိုက်ပါမယ်၊တောင်တန်းသာသနာပြုဆရာတော်ဦးဥတမရဲ့မီးကွင်းပရိတ်တရားတော်
ကိုရှာပြီးနာလိုက်ပါအိမ်မီးကွင်းသွားပါလိမ့်မယ်”

.................................................................................................................................
“ဆရာတော်ဦးဥတ္တမရဲ့မီးကွင်းပရိတ်တရား..သိတယ်၊ကျေးဇူးပါဗျာ အခုလိုသတိပေးတာ၊သင်ပြောတဲ့ အလှူ ကိစ္စ ကျွန်တော်သေချာလုပ်ပေးပါမယ် မစိုးရိမ်ပါနဲ့ “

“ဟုတ်ပြီ သင့်ကို ငါရွှေဒင်္ဂါး သုံးပြားပေးမယ်...အဲဒါကို ရောင်းချပြီးတော့ ကျွန်ုပ်ပြောတဲ့ ကိစ္စကိုဆောင်ရွက်ပေး ပါ။ အခုသင်ရပ်နေတဲ့ နေရာရဲ့ ခြေဖ၀ါးအောက်က ကျောက်တုံးကိုဖယ်လိုက်ပါ..အဲဒီအောက်မှာ ရွှေဒင်္ဂါသုံးပြား ရှိတယ် သင်ယူလိုက်ပါ” ကျွန်တော်သည် စကြာငါးပြောသည့်အတိုင်းအောက်သို့ ကျောက်တုံးကို ဖယ်၍ယူ လိုက်ရာ ရွှေဒင်္ဂါသုံးပြားကို အံ့သြစွာ တွေ့ ရသည်။ ထို့ နောက်ကျွန်တော်သည် စကြာငါးကြီးအား ဆက်၍မေး လိုက်သည်။ “ဒီမိတ္ထီလာကန်မှာ ကျွန်တော်တို့ မနေ့ က ရေကူးနေတုန်းရေနွေးစီးကြောင်းတခုကို ထူးဆန်းစွာတွေ့ ရတယ်...အဲဒီအကြောင်းကို သင်သိရင် ကျွန်တော်တို့ အား ရှင်းပြပါ”

ထိုစဉ် စကြာငါးက “ရှေးအခါက မြတ်စွာဘုရားရှင်သည် ဤဒေသသို့ ကြွရောက်ခဲ့ဘူးတယ်။ ထိုသို့ ကြွရောက်
ခဲ့ရာတွင် မြတ်စွာဘုရားရှင်သည် ဤမိတ္ထီလာကန်တော်၌ ရေသပ္ပါယ်တော်မူခဲ့တယ်...ထိုအခါ နဂါးမင်းကြီးက နဂါးပြည်မှ ရေကို ရွှေဖလားနှင့်ခပ်၍ ဤကန်တော်အတွင်း သွန်းလောင်းခဲ့တယ်။ အဲဒါကြောင့် နဂါးပြည်က ရေ နဲ့ မိတ္ထီလာကန်ကရေ ဆက်စပ်မှုရှိတယ်...သင်တွေ့ ရှိခဲ့တဲ့ ရေစီးကြောင်းဟာ နဂါးပြည်နဲ့ ဆက်စပ်တဲ့ ရေစီး ကြောင်းဖြစ်တယ်”


ကျွန်တော်သည် စကြာငါးပြောသော အကြောင်းအရာများကို အံ့သြမှင်သက်စွာ နားထောင်နေမိသည်။ စကြာငါး က ဆက်လက်၍ “ကယ် ကျွန်ုပ်လဲ ကျွန်ုပ်နေရာသွားရအုံးမယ်...သင်လဲ ကျွန်ုပ်ပြောသည်များကို လုပ်ဆောင် ပေးပါ။ အဲဒီအတွက် သင့်ကိုလဲ ကျွန်ုပ်ကျေးဇူးမမေ့ပါဘူး...ကျွန်ုပ်ပြုလုပ်သော အလှူဒါနကိုလဲ လူ၊နတ်၊ဗြမ္မာ၊ သတ္တ၀ါအားလုံးကို အမျှတန်းပေးဝေပေးပါ” ကျွန်တော်သည်“ ဟုတ်ကဲ့...အားလုံးပြုလုပ်ပေးပါမယ်”

ဒီလိုနှင့် စကြာငါးကြီးထွက်သွားပြီးနောက် ကျွန်တော်တို့ သည် အိမ်သို့ ပြန်လာခဲ့ကျသည်။ ထိုည၌ အိပ်၍မပျော် ပဲ စကြာငါးကြီးပြောသော အကြောင်းအရာများကိုသာ စဉ်းစားနေမိသည်။ စိတ်ထဲ၌မီးဘေးသင့်အကြောင်း
ကိုသာတွေးနေမိသည်။သည်လိုနှင့်ထိုညကအိပ်၍မပျော်မိုးလင်းသွားလေသည်။ကျွန်တော်သည်ဆက်၍မအိပ်
တော့ပဲမျက်နှာသစ်ကာရန်မျိုးအောင်ရက်ကွက်ထိပ်ရှိ“မြကြာဖြူ”လက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။
ထိုစဉ်ဘေးဝိုင်းတွင်ထိုင်နေသောလူတစ်စုပြောနေသံကိုကြားရသည်။မိတ္ထီလာမြောက်ကန်မှဒုတိယကမ္ဘာခေတ်
ကလေယဉ်ပစ်အမြောက်ကျည်ဆံတစ်ခုဆယ်ယူရရှိကြောင်းထိုအမြောက်ကျည်ဆံကို..သံတိုသံစရောင်းဝယ်
ဖောက်ကားသောကုလားစီးပွားရေးသမားထံသို့ရောင်းချလိုက်ကြောင်းပြောနေသံကိုကြားရ၏။

ကျွန်တော်၏စိတ်၌ထင်လိုက်သည်ကားထိုလေယဉ်ပစ်အမြောက်ကျည်ဆံသည်ပစ်ပြီးသားအခွံဟုသာသိရသည်
ထိုအမြောက်ကျည်ဆံကြောင့်မိတ္ထီလာမြို့ကြီးမီးဟုန်းဟုန်းတောက်လောင်ခဲ့မည်ဆိုတာကိုမသိခဲ့ပေ။အမှန်
ကားထိုအမြောက်ကျည်ဆံသည်မပစ်ရသေးသောမပေါက်ကွဲရသေးသောအမြောက်ကျည်ဆံတစ်ခုသာဖြစ်
လေသည်။ထိုအကြောင်းကိုမိတ္ထီလာမြို့တစ်ခြမ်းမီးလောင်ပြီးမှသိရလေသည်။ကျွန်တော်သည်လက်ဖက်ရည်
ဆိုင်၌ပဲပလာတာတစ်ပွဲနှင့်လက်ဖက်ရည်ကျစိမ့်တစ်ခွက်သောက်ကာဝမ်းတော်ပြည့်ကျောင်းတိုက်သို့
ထွက်လာခဲ့သည်။ဝမ်းတော်ပြည့်ကျောင်းတိုက်သို့ရောက်သောအခါဆိုင်ကယ်ရပ်၍ဓါတ်တော်တိုက်သို့တက်
ကာဘုရားရှင်ဓါတ်တော်များနှင့်ဘုရားသားတော်ရဟန္ဒာများ၏ဓါတ်တော်မွေတော်များကိုရှိခိုးပူဇော်လိုက်သည်။
ထို့နောက်လှိုင်ဂူဘက်သို့ထွက်လာကာဘုရားပတ်ဖူးလိုက်သည်။လိုင်ဂူထဲတွင်မနက်စောစောဖြစ်သည်ကတစ်
ကြောင်း၊လျှပ်စစ်မီးထွန်းထားမှုနည်းတာကတစ်ကြောင်းမှောင်နေလေသည်။လှိုင်ဂူကိုပတ်၍လမ်းလျှောက်
နေတုန်းဘုရားအပေါ်သို့တက်သောလှေကားမှကျွန်တော်အားခဲနှင့်ပေါက်တာခံလိုက်ရသည်။ကျွန်တော်
နောက်ကြောအားထိမှန်၍ဘယ်သူလဲဟုတ်မေးလိုက်ကာကြည့်လိုက်သည်။မည်သူမျှမတွေ့ရ။ထိုစဉ်အလွန်
မွှေးကြိုင်သောရနံ့တစ်ခုကိုရလေသည်။ကျွန်တော်သည်ထိုနေရာတွင်ပင်ခဲလုံးဘယ်ကရောက်လာသည်ကို
လိုက်၍ရှာနေလေသည်။ထိုသို့ရှာနေစဉ်မှာပင်နောက်ထပ်ခဲတစ်လုံးရောက်လာသည်။ခဲလုံးလေးကိုရိပ်ခနဲမြင်
လိုက်ရ၍လက်နှင့်ဖမ်းလိုက်သည်။ဇီးသီးစေ့အရွယ်ရွှေတုံးကလေးဖြစ်နေသည်ကိုထူးဆန်းစွာတွေ့ရသည်။
နောက်ထပ်တစ်လုံးထပ်ကျလာပြန်သည်။ကျွန်တော်ထပ်၍ဖမ်းလိုက်သည်။ကျွန်တော်ဆီသို့ကျလာသည့်ရွှေ
တုံးကလေးများအားလုံးငါးတုံးဖြစ်သည်။ထို့နောက်ထပ်၍ကျမလာတော့။

ကျွန်တော်သည်ထိုနေရာမှာပင်ရွှေတုံးကလေးများကိုကြည့်နေစဉ်မှာပင်ချိုသာသောအသံတစ်ခုကိုကြားရသည် “မောင်လေးကိုမကြီးတို့လက်ဆောင်ပေးတာယူသွားနော်၊မောင်လေးသုံးချင်ရာသုံးဖို့အတွက်ပေးတာ”
ကျွန်တော်အံ့သြသွားသည်။ပါးစပ်မှတီးတိုးရေရွတ်လိုက်သည်။“ငါ့ကိုပေးတာ.ငါနားကြားလွဲတာလား”
ဟုတ်ပြောမိသည်။ထိုစဉ်မောင်လေးနားကြားမလွဲပါဘူး..မကြီးတို့ချစ်လို့ပေးတာယူသွားနော်”ဟုထပ်၍
အသံကြားရသည်။ကျွန်တော်လဲယူလာလေသည်။
မှတ်ချက်။ ။ထိုရွှေတုံးလေးများသည်အလေးချိန်အားဖြင့်တစ်တုံးလျှင်တစ်ကျပ်သားနီးပါးခန့်ရှိလေသည်။
ကျွန်တော်သည်ထိုရွှေတုံးလေးများတချို့ကိုရောင်း၍ကျွန်တော်လိုချင်သောဆိုင်ကယ်တစ်စီးကိုဝယ်ခဲ့ပါသည်။
ထို့နောက်ကျွန်တော်သည်အိမ်သို့ပြန်ကာအိပ်လိုက်လေသည်။

မွန်းလွဲ(၂)နာရီလောက်တွင်“တီတီတီ..”ဆိုင်ကယ်ဟွန်းသံပေး၍“ကိုလင်းရေကိုလင်း”ကိုမောင်တို့
ရောက်လာလေသည်။ကျွန်တော်လဲအိပ်ယာမှထ၍“ကိုမောင်တို့ရာတိုးတိုးလုပ်ပါဟအိပ်ရေးမ၀သေးဘူးဟ”
“အန်.အိပ်ရေးမ၀သေးဘူးဟုတ်လားကိုလင်း နာရီလဲပြန်ကြည့်အုံးညနေတောင်ရောက်တော့မယ်”
“ငါညကမအိပ်ရသေးလို့ဟ..မနက်၈နာရီကျောလောက်မှအိပ်တာအဲဒါကြောင့်မလို့ပါ”
“မနက်မှအိပ်တယ်ဆိုတော့ဘာတွေလုပ်နေလို့တုန်း”ကျွန်တော်ကလဲညကအိပ်မရတဲ့အကြောင်းပြန်ပြော
ပြလိုက်သည်။ထို့နောက်ရရှိခဲ့သောရွှေတုံးကလေးများကိုပြလိုက်သည်။ကိုမောင်သည်ကြည့်၍“သားကြီး
ဒီရွှေတုံးလေးတွေကအခေါက်ထင်တယ်ဝင်းအိနေတာပဲ.ဟီးငါကို့လက်စွပ်တစ်ကွင်းလောက်လုပ်ပေးပါလား
ဟီး”“အေးပါလုပ်ပေးမယ်ငါတို့လေးယောက်စလုံးတစ်ကွင်းစီလုပ်ဝတ်မယ်မပူနဲ့ဟုတ်ပြီလား”
ကိုမောင်ပျော်သွားသည်ထင်၏။“ကဲကိုမောင်ရေခဏစောင့်ငါရေချိုးလိုက်အုံးမယ်”

ထို့နောက်ကျွန်တော်သည်ရေချိုး၍နေ့လည်စာစားကာကျွန်တော်၏အမေအားမေးလိုက်သည်။“အမေ..
အိမ်မှာတောင်တန်းသာသနာပြုဆရာတော်ဦးဥတ္တမရဲ့မီးကွင်းပရိတ်တရားခွေရှိလား”
အမေက“အင်းရှိတယ်လေသား..ဘာလုပ်မလို့လဲ”ကျွန်တော်သည်“အမေအဲဒီတရားခွေရှိရင်တနေကုန်
ဖွင့်ထားပါလားဒီတရက်နှစ်ရက်အတွင်းမှာနောက်လဲမနက်တိုင်းအမြဲဖွင့်ပေး”ကျွန်တော်၏အမေသည်
တရားခွေသွား၍ရှာကာဖွင်လိုက်လေသည်။
မှတ်ချက်။ ။ထိုမီးကွင်းပရိတ်တရားအားလိုချင်ပါကပြောပါရန်။ကျွန်တော်အီးမေးမှပို့ပေးပါမည်ခင်ဗျာ။အီးမေး
လိပ်စာသာချန်ခဲ့ပါခင်ဗျာ။အလွန်အစွမ်းထက်မြတ်သောပရိတ်တရားတော်ဖြစ်သောကြောင့်အားလုံးသော
သူငယ်ချင်းမိတ်ဆွေများအားမနက်တိုင်းထိုတရားတော်အားနာယူစေချင်ပါသည်။ကျွန်တော်ဒေါင်းလော့မပေး
တက်၍အီးမေးမှပို့ပေးပါမည်။

ထို့နောက်ကျွန်တော်တို့သည်ကိုမောင်နှင့်အတူမြို့မဈေးထဲသို့သွားကာ“ဟတ်လီ”ရွှေဆိုင်သို့သွားကာ
စကြာငါးကြီးပေးလိုက်သောရွှေဒင်္ဂါးများနှင့်ရွှေတုံးနှစ်တုံးကိုရောင်းချင်လိုက်သည်။ထို့နောက်သင်္ကန်းနှစ်စုံ၊
ရွှေဆိုင်းများမှာကြားကာပြန်လာလေသည်။ကိုမောင်တို့အိမ်သို့ဝင်ရာကိုဖြိုးနှင့်ကိုနောင်ရောက်နေသည်ကို
တွေ့ရသည်။ကိုဖြိုးက“ဘယ်တွေသွားနေတာလဲဟငါတို့စောင့်နေတာကြာပြီ”
ကိုမောင်က“အေးဟငါတို့မြို့ထဲတချက်သွားပြီးလုပ်စရာရှိတာလေးသွားလုပ်လိုက်တာ”ပြောပြလိုက်လေ
သည်။ကျွန်တော်သည်ကိုမောင်အား“ကဲကိုမောင်ရေနောက်မှစကားပြောငါ့ကိုကွမ်းတစ်ယာလောက်ယာပေး
အုံး”“အေးပါသားကြီးရာနေအုံးယာပေးမယ်ဟဲ..နှစ်ထုတ်လောက်ယာပြီးရင်မန်နီးဘက်သွားကျမယ်”
.................................................................................................
အပိုင်း(၄)ပြီး၏.....အပိုင်း(၅)တွင်ဇာတ်သိမ်းပါတော့မည်။ကျေးဇူးပြုပြီးစောင့်မျှော်ဖတ်ရှုပါခင်ဗျာ။ကျွန်တော်
ဒီရက်ပိုင်းနေမကောင်းတာကတစ်ကြောင်းအလုပ်များနေသည်ကတစ်ကြောင်း..အကြောင်းအမျိုးအမျိုး
ကြောင့်ဤ၀တ္ထုကိုရေးတင်သည်မှာကြာမြင့်သွားပါသည်။ထို့အတွက်တောင်းပန်ပါသည်ခင်ဗျာ။အမှန်တွင်
ဒီနေ့ဇာတ်သိမ်းရေးမည်ဟုကြံရွယ်ခဲ့သော်လည်း...အလုပ်ကတဖက်နှင့်ဖြစ်သောကြောင့်ဇာတ်သိမ်းပိုင်းကို
မနက်ဖြန်တွင်စောင့်မျှော်ဖတ်ရှုပါခင်ဗျာ။
ဒေါင်းမင်း

Friday, February 20, 2009

လူငယ်နှင့် ယဉ်ကျေးမှုကို ဗုဒ္ဓဘာသာ ရှု့ ထောင့်ဖြင့် ဝေဖန်ခြင်း။

(((အခုရက်ပိုင်းမအားတာကတစ်ကြောင်း၊နေမကောင်းတာကတခု..နဲ့စာအသစ်မတင်နိုင်ခဲ့ဘူး.စကြာငါးနဲ့
သိုက်အလှူ-ဇာတ်လမ်းကိုမပြီးသေးဘူး..ဆက်မရေးနိုင်ဖြစ်ဘူး..အဲဒီဇာတ်လမ်းလေးထဲက..စကြာငါးဆိုတာ
တကယ်ရှိခဲ့ပါတယ်၊ယခုလဲရှိနေတုန်းပါပဲ၊မိတ္ထီလာကန်ထဲကရေနွေးစီးကြောင်းဆိုတာလဲတကယ်ရှိပါတယ်။
ထိုဝတ္ထုထဲမှအဖြစ်အပျက်တွေဟာတကယ့်အဖြစ်အပျက်ကိုစိတ်ကူးယဉ်ဆန်ဆန်ရေးဖွဲ့ထားတာပါ့။
ဒီညတော့အဲဒီဇာတ်သိမ်းပိုင်းလေးကိုကြိုးစားပြီးတင်ပေးပါမယ်၊))))

မျိုးဆက်သစ် နှင့် ဗုဒ္ဓဘာသာ။
လောကသည် အဟောင်းအသစ်တို့ဖြင့် ပြောင်းလဲနေလျှက်ရှိ၏။လူ သားတို့၏ ပြောင်းလဲမှု ဖြစ်စဉ်ကိုတော့ လူကြီးလူငယ် ပြောင်းလဲခြင်း၊ တနည်းအားဖြင့် မျိုးဆက်သစ်တို့ပြောင်းလဲခြင်းဟု ခေါ်ဆိုနိုင်ပါ၏။ဗုဒ္ဓဘာသာ
သည် ပြောင်းလဲခြင်း၊ မတည်မြဲခြင်း သဘာဝတရားကို သိမြင်နိုင် အောင်သင်ပြပေးသော ဘာသာတရား
ဖြစ်သောကြောင့် မျိုးဆက်သစ်တို့၏ ပြောင်းလဲခြင်းကို အလိုအလျောက် လက်ခံပြီးသားဖြစ်တော့၏။

ဗုဒ္ဓမြတ်စွာဘုရားသည် လက်ဝဲရံ လက်ယာရံ အဂ္ဂသာဝကကြီးများ ခန့်အပ်ရာ၌ အရှင်ကောဏ္ဍည၊အရှင်ယသ
စသော မဟာထေရ်ကြီးများကို ခန့်အပ်တော် မမူပဲ အရှင်သာရိပုတ္တရာ၊အရှင်မဟာမောဂ္ဂလာန်စသော လူငယ်
ရဟန်းတော်များကို ခန့်အပ်တော်မူခဲ့ပါသည်။

အခါတပါးတွင် ကိဋာဂိရိ ဇနပုဒ်တွင် ရဟန်းဆိုးများက ဒကာ၊ဒကာမတို့ ၏ ယုံကြည်မှုများကို ဖျက်ဆီးကာ၊ အကျင့်ပျက်နေသည်ကို မြတ်စွာဘုရား သိတော်မူရာ အရှင်သာရိပုတ္တရာတို့ အဂ္ဂသာဝက နှစ်ပါးကို စေလွှတ်နှိမ် နှင်းစေတော်မူပါသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာဘုရားသည် မျိုးဆက်သစ် လူငယ်များကို အားထားတော်မူ
ကြောင်း သိရပါသည်။

ထိုသို့အားထားရာတွင် အရွယ်ရောက်စဲ မျိုးဆက်များကိုသာ အားထား တော်မူခြင်း မဟုတ်ပဲအရွယ်ရောက်
စ ကလေးသူငယ်များကိုပင် အားထား တော်မူခြင်း ဖြစ်ပါသည်။ ရှင်ပဏ္ဍိတမည်သော (၇)နှစ် အရွယ် သာမဏေ ငယ်လေး အရဟတ္တဖိုလ် ဆိုက် ရဟန္တာဖြစ်ခါနီး တရားရှုမှတ်နေချိန်တွင် ဘုရားရှင် ကိုယ်တော်တိုင် တံခါးစောင့် ပေးတော်မူပါသည်။ ခိုးသား ဓားပြ ငါးရာတို့ ရဟန္တာအဖြစ် ကျွတ်တန်းဝင်မည့် ကိစ္စတွင်လည်း (၇)နှစ် အရွယ် သာမဏေငယ်လေး၏ အစွမ်းဖြင့် ဆောင်ရွက်အောင်မြင်စေခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားကဲ့သို့ပင် မြတ်ဗုဒ္ဓ၏ တပည့်သာဝကကြီးများသည်လည်း မျိုးဆက်သစ်များကိုအားထား
သည့် သာဓကများ မြောက်များစွာရှိခဲ့ပါသည်။ ထင်ရှားသော သာဓက တစ်ခုအနေဖြင့် အယူဝါဒပိုင်းဆိုင်
ရာတို့ ၌ ထင်ရှားခဲ့သော အရှင်နာဂသိန် ရဟန္တာ အရှင်မြတ် မွေးဖွားလာမည့် အိမ်၌ ဆရာတော် အရှင်
ရောဟဏမထေရ်မြတ်သည် ဘာသာအယူဝါဒမတူသောအိမ်၌ (၁၂)လလုံး စွပ်စွဲမှု၊ဆဲရေးမှု မျိုးစုံတို့ကို
သည်းခံကာ ဆွမ်းခံကြွရင်း စည်းရုံးတော်မူ နိုင်ခဲ့ပါသည်။

ယနေ့ခေတ် ဆရာတော်မထေရ်မြတ်ကြီးများသည်လည်း မိမိတို့စာသင် တိုက်များတွင် သာမဏေငယ်၊ ကိုရင်ငယ်လေးများကို ဆွမ်း၊သင်္ကန်း စသော ပစ္စည်းလေးပါးတို့ကို ထောက်ပံ့ ၍ မိမိတို့ တတ်သိထားသော ပရိယတ္တိစာပေ များကို အားကျိုးမာန်တက် သင်ကြားပေးတော်မူကြပါသည်။ ထို့ကြောင့် ဗုဒ္ဓ မြတ်စွာဘုရားရှင် လက်ထက်မှ ယနေ့တိုင်အောင် နှစ်ပေါင်း(၂၅၀၀)ကျော် ဆရာတပည့် အစဉ်အဆက် တည်တံ့လျှက်ရှိသော အဖွဲ့ အစည်းကြီးအဖြစ် ရပ်တည်လျှက် ရှိနေပေတော့သည်။

မျိုးဆက်သစ်တို့ အပေါ် အားထားခြင်းအကြောင်း သုံးသပ်ခြင်း။
ဗုဒ္ဓဘာသာသည် လူငယ်မျိုးဆက်သစ်များကို အဘယ်ကြောင့်ထိုသို့ အား ထားရကြောင်းကိုလေ့လာကြည့်ရာ
၌ ထင်ရှားသော အကြောင်းအချက်နှစ် ရပ်ကိုတွေ့ ရှိရပါသည်။ ပထမ အကြောင်းမှာ မျိုးဆက်သစ်တို့၏ ပါရမီကို ယုံ ကြည်သောကြောင့် ဖြစ်ပါသည်။ ဒုတိယအကြောင်းမှာ အသက်အရွယ်ကြီး ရင့်သူတို့ နေရာ၌ မျိုးဆက်သစ်များကို အစားထိုးလိုခြင်း ဖြစ်ပါသည်။

ပထမအချက်ဖြစ်သော မျိုးဆက်သစ်တို့၏ ပါရမီအကြောင်းကို အနည်း ငယ်ရှင်းပါမည်။ ဗုဒ္ဓဘာသာသည် ရှေးဘ၀၊နောက်ဘ၀ဖြစ်စဉ်ကို လက်ခံ သော ဘာသာဖြစ်သောကြောင့် ရှေးဘ၀ အစဉ်အဆက်များစွာက ကောင်းမှူ ကုသိုလ်များစွာကို ဖြည့်ဆည်း အားထုတ်ထားသော ပုဂ္ဂိုလ်တို့ အနေဖြင့် အခြားသော ပုဂ္ဂိုလ်တို့ထက် ရုပ်ရည်၊ ဥစ္စာ၊ ဥာဏ်ပညာတို့ သာလွန်လေ့ရှိပါ သည်။ ယင်းသို့ ကောင်းမှုများစွာ အားထုတ်ဆည်းပူးထား
သူများကို ပါရမီ ရင့်သန်သူများဟု ခေါ်ဆိုရပါသည်။

ယင်းသို့ ပါရမီရင့်သန်သူများသည် ကြီးသည် ငယ်သည်ဟူ၍ မရှိပဲ ထူး ခြားသော အရည်အသွေးများမှာ ထင်ရှားစွာ ပေါ်လွင်လျှက်ရှိနေပါသည်။ ထို ကဲ့သို့ ထူးခြားသော ပါရမီရှင်များသည် ဗုဒ္ဓဘာသာ သမိုင်းတစ်
လျှောက်တွင် ကျောင်းသားငယ် သာမဏေ ကိုရင်ငယ်လေးများ အဖြစ်ဖြင့်ပင် သာသနာ တော်ကို စွမ်းစွမ်း
တမန် ထမ်းဆောင်ခဲ့သော သာဓကများ ရှိခဲ့ပါသည်။

ထင်ရှားသော သာဓကတစ်ခုအနေဖြင့် သီရိဓမ္မာသောက မင်းကြီးလက် ထက်တွင် ၎င်းမင်းကြီးသည် ဗုဒ္ဓဘာသာဝင် မဖြစ်မီက ဂျိန်းဘာသာဝင်ဖြစ်ခဲ့ ပါသည်။သို့သော် ဂျိန်းဘုန်းကြီးများ၏ စားသောက်ပုံ၊သွားလာ
ဝတ်ရုံ၊ နေထိုင်ပုံတို့ စည်းကမ်းပျက်လွန်း အားကြီးကာ ပရမ်းပတာနိုင်သောကြောင့်စိတ်မသက် မသာဖြစ်ခါ
မကြည်ညိုနိုင်ပဲ ရှိနေလေသည် ။ သို့သော် မည်သည့်ဘာသာ၊ မည်သည့် ပုဂ္ဂိုလ်ကို ကိုးကွယ်ရမှန်း မသိပ
ဲတွေဝေနေလျှက်ရှိနေပေသည်။

တစ်နေ့တွင် မင်းကြီးသည် လေသာပြတင်းကိုဖွင့် ၍ နန်းရင်ပြင်ကို ကြည့်ရှုနေခိုက် (၇)နှစ်သာသာအရွယ်
ရှိသော သာမဏေငယ်လေးကို တွေ့ မြင်ရလေသည်။ ၎င်းသာမဏေငယ်လေးမှာ ကိလေသာ အာသဝေါ ကုန်ခန်း ပြီးသော နိဂြောဓအမည်ရှိ သာမဏေငယ်လေးဖြစ်ပေသည်။ယင်းသာမဏေ ငယ်၏သွားလာ ၀တ်ရုံ လျှောက်လှမ်းပုံတို့မှာ လွန်စွာတည်ငြိမ်၍ အိနြေ္ဒ သိက္ခာ ကြီးမားလှသောကြောင့် သီရိဓမ္မာသောကမင်းကြီး၏ စိတ်ထဲတွင် လွန်စွာ ကြည်ညို နှစ်သက်သွာသောကြောင့် မင်းချင်းအမတ်များကို သွား ရောက်ပင့်ဆောင
်စေလေသည်။

သာမဏေငယ် နန်းတော်ထဲသို့ ရောက်သောအခါ မင်းကြီးက သင်နှင့် ထိုက်တန်သော နေရာကိုထိုင်ပါဟု ပြောသောအခါ ကိုရင်ငယ်က မိမိထက် သီလ သမာဓိ ပညာ ကိုယ်ကျင့် တရားသာသူ ရှိမရှိ နန်းတော်တ၀ိုက်
ကို ဆင်ခြင်ကြည့်လိုက်ပါသည်။ မိမိထက်သာသူ မရှိမှန်းသိသောအခါ အမြင့်ဆုံး နေရာဖြစ်သော ရာဇပုလ္လင်
ထက်တွင် တက်ရောက်နေထိုင်လိုက်ပါသည်။ ဘု ရင်ကြီးသည် လွန်စွာကျေနပ်သွားပြီး သင့်တော်သော တရား
တစ်ပုဒ်ကိုဟော ကြားပါဟု တောင်းပန်သောအခါ ဓမ္မပဒ ဒေသာနာတော်၌ လာရှိသော “အပ္ပမာဒေါ အမတံ ပဒံ’’ “မမေ့လျော့သော သတိတရားသည် မသေခြင်း၏ အကြောင်းဖြစ်၏’’ဟူသော ဂါထာကို ဟောကြားတော်မူပါသည်။

မင်းကြီးသည် လွန်စွာ ကျေနပ်အားရ ပီတိဖြစ်ပြီး ဆွမ်းအုပ် (၈)အုပ်ကို လှူဒါန်းတော်မူပါသည်။သာမဏေက
သူမခံယူပဲ ဥပဇ္ဈယ်ဆရာအား လှူဒါန်း ပါ၏ ဟုပြောသောအခါ မင်းကြီးက သာမဏေငယ်အတွက်ထပ်မံ
လှူဒါန်းပါသည်။ သာမဏေငယ်ကလည်း အခြားသော ဆရာသမားများအတွက် လှူ ဒါန်းရင်း ဆွမ်းအုပ်ပေါင်း
မြောက်မြားစွာ ဖြစ်လာလေသည်။သီရိဓမ္မာ သောက မင်းကြီးလည်း ထိုနေ့မှ စ၍ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ပြီး ဗုဒ္ဓသာသနာသမိုင်း ၌ အကြီးမားဆုံး အထောက်အပံ့ပေးခဲ့သော သာသနာပြု မင်းတစ်ပါး ဖြစ်ခဲ့လေသည်။

ဤသည်မှာ မျိုးဆက်သစ်တို့၏ ပါရမီ စွမ်းအားကြီးမားပုံနှင့် သာသနာ တော်အပေါ် စွမ်းဆောင်နိုင်မှုအပေါ် မဟာထေရ်တို့၏ မျှော်လင့်ချက် ထား ခြင်းအကြောင်း သိသာသော သာဓကတစ်ခုဖြစ်လေသည်။ဒုတိယ အ ကြောင်းဖြစ်သော လက်ဆင့်ကမ်း ထမ်းဆောင်လိုသော ရည်ရွယ်ချက်ဖြင့် မျိုးဆက်သစ်တို့အပေါ်အားထားခဲ့
ဲ့ခြင်းမှာ အခြားသော ဘာသာရေး၊ နိုင်ငံ ရေး အဖွဲ့အစည်းများနည်းတူ အသက်အရွယ် အိုမင်း ရင့်ရော် သူတို့နေရာ သာသနာတော် တာဝန်ကိုအစားထိုး ထမ်းဆောင်ဖို့ရန်အတွက် မျှော်လင့် ခြင်း ဖြစ်လေသည်။

ဤသို့ မျိုးဆက်သစ်တို့ အပေါ် မျှော်လင့်ချက်ကြီးမားစွာဖြင့် ချီးမြှောက် ခဲ့ရာ၌ ဗုဒ္ဓမြတ်စွာဘုရား
ကိုယ်တော်တိုင်ပင်အလေးအနက်ထားဆောင်ရွက် တော်မူခဲ့ပါသည်။ဘုရားရှင် မရှိသည့်နောက်ပိုင်းသာသနာ
တော်၏တာဝန်ကို အဓိက ခေါင်းဆောင် တာဝန်ယူ ထမ်းဆောင်မည့် ပုဂ္ဂိုလ်မှာ အရှင်မဟာ ကဿပ မထေရ်
်မြတ်ဖြစ်သောကြောင့် ဘုရားရှင်သည် အရှင်မဟာကဿပ "အရှင် မဟာကဿပ မထေရ်မြတ်ကိုဘုရားရှင်
သည်မိမိနှင့်တန်းတူထား၍ မကြာမကြာ ချီးမြှောက်တော်မူပါသည်။

နောက်နောင်သော ဆရာတော် မထေရ်အရှင်မြတ်တို့သည်လည်း မျိုးဆက်သစ်တို့၏ နုနယ်ပျိုမျစ်ခြင်း၊ အားမာန်တက်ကြွခြင်း၊ ဥာဏ်ပညာ ပွင့်လင်းခြင်း၊ အနှောင်အဖွဲ့ ကင်းခြင်းတို့ကို သိမြင်နားလည်ထားသည့်
အလျှောက် ဗုဒ္ဓဘာသာနှင့် နိုင်ငံတော်အတွက် ပြုစု ပျိုးထောင်ခဲ့ ပျိုးထောင်စဲသော အခြေအနေများကို တွေ့ မြင်နိုင်ပေသည်။

အချုပ်အားဖြင့် ဆိုရသော် ဗုဒ္ဓဘာသာသည် လောကနှင့် လူသားတို့၏ ပြောင်းလဲမှုဖြစ်စဉ်သဘောတရားကို နားလည်အောင် သင်ပြပေးသော ဘာသာဖြစ်ခြင်း၊ ဘ၀ အစဉ်အဆက် ဆည်းပူးဆောင်ရွက်ခဲ့သော ကောင်း မြတ်သည့် ကုသိုလ်ပါရမီတို့ကို ယုံကြည်ခြင်း၊ ငယ်ရွယ်သူတို့၏ လွတ်လပ်ပွင့်လင်းမှု၊ နိုးကြားထက်သန်မှုတို့ကို သိမြင်ခြင်းတို့ကြောင့် လူငယ်မျိုးဆက်သစ်တို့ကို လွန်စွာအားထား ချီးမြှောက်မျှော်လင့်သော ယဉ်ကျေးမှု အစဉ်အလာရှိသော ဘာသာကြီးဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ဦးဇင်း ဦးပဏ္ဍိတ -ဂန္ထလုလင်(ဘိုကလေး)

Sunday, February 15, 2009

စကြာငါးနှင့်သိုက်စောင့်အလှူ(၃)

“အေးဟုတ်တယ်....ငမိုက်သားလေး..မင်းမထိလာကန်တော်ကိုသွားသွားပြီးစကြာငါးကိုသွားတွေ့လိုက်ပါမိတ်ဆွေကြီးကအကူအညီတစ်ခု
တောင်းချင်နေတယ်..အဲဒီကိစ္စကိုမင်းပဲကူညီနိုင်မှာ..ကဲငမိုက်သားလေးတွေပြန်ကျတော့..မင်းတို့မပြန်မချင်းငါ့ဗိမာန်ပေါ်တက်ရမှာမဟုတ်ဘူး
..................................................................................................................... ....................................................................................................................
ထို“စကြာငါးကြီးမှာမိတ္ထီလာမြို့ကြီးတစ်ခုခုဖြစ်မှာဆိုးလို့သတိပေးတယ်ဆိုရင်လဲလူအားလုံးမြင်တဲ့
နေရာမှာပြမှာပဲ။အခုကငါတို့ကိုတမင်ရေကူးတဲ့နေရာမှာလာတွေ့သေးတယ်ဆိုတော့..ရဲကျော်စွာပြောသလိုတစ်ခုခုအကူအညီလိုနေလို့လား”ဟုတွေးနေမိသည်။

............................................................................................................................
ထို့နောက်မန်းနီးလက်ဖက်ရည်ဆိုင်မှပြန်လာကာကိုမောင်တို့အိမ်သို့သွားကျသည်။ညနေပိုင်းတွင်အိမ်သို့
ခဏပြန်ကာစိတ်ထဲမကျေနပ်သေးသည်နှင့်ကိုမောင်တို့အိမ်သို့ပြန်ထွက်လာခဲ့သည်။ကိုမောင်တို့အိမ်တွင်
သူငယ်ချင်းများအားလုံးစုံအောင်စောင့်ပြီးမိတ္ထီလာကန်တံတားပေါ်သို့သွားထိုင်ကျသည်။ထိုင်နေရင်း...
ကျွန်တော်က“ကိုနောင်..ငါတို့နေ့ခင်းကရေကူးတဲ့နေရာတချက်သွားရအောင်..ငါ့စိတ်ထဲတစ်ခုခုထူးဆန်း
မယ်ထင်နေလို့ကွ”“အေးကွငါလဲအတူတူပဲ..ကဲကြာတယ်သွားရအောင်”

ပန်းခြံနားရှိရေကူးသောနေရာကမ်းစပ်တွင်ဆိုင်ကယ်များရပ်ပြီးကန်ရေပြင်ကြီးကိုကြည့်နေကျသည်။စကားမ
ပြောဖြစ်ကျပဲငြိမ်သက်နေကျသည်။

ကျွန်တော်ကစ၍“ကိုနောင်ငါတို့ပထမနှစ်တက်တုန်းက..မိတ္ထီလာကန်ရေကြီးတုန်းကမှတ်မိလား..အဲဒီတုန်းက မိတ္ထီကန်ရေကမသန့်တော့လို့ရေစီးနဲ့အတူမင်းလှကန်ဘက်ကိုစကြာငါးကြီးပြောင်းနေတယ်ဆိုတာ”
“အေးဟုတ်တယ်လေ.အဲဒီတုန်းကထီးသုံးဆင့်ဆရာတော်ကိုအိမ်မက်ပေးပြီမိတ္ထီလာကန်ကိုပြန်ပို့ပေးဖို့
စကြာငါးကြီးကအိမ်မက်ပေးတယ်လေ..အဲဒါကြောင့်မင်းလှကန်မှာအိုးစည်ဗုံမောင်းနဲ့သွားပြီသယ်လာတာ
အသိပဲလေ”“အေးအဲဒီတုန်းကငါကလွိုင်ကော်မြို့ရောက်နေတော့သတင်းပဲကြားလိုက်တာမမြင်လိုက်ရ

ဘူး”ကိုမောင်က“အဲဒါထက်ငါစိတ်ဝင်စားတာဒီမိတ္ထီ ကန်ထဲမှာရေစီးကြောင်းဘာကြောင့်ရှိနေတာလဲ..
မိတ္ထီလာကန်ကအရင်တုန်းကလောက်မကျယ်တော့ဘူးကွာပုဂံခေတ်တုန်းကမိတ္ထီလာကန်အကျယ်ကပုပ္ပါး
တောင်ခြေထိရောက်တယ်ကွာ..အခုတဖြည်းဖြည်းတိမ်ကောလာတာသိပ်မကျယ်တော့ဘူး..ဒါကိုရေစီးကြောင်း
ရှိနေတယ်ဆိုတော့..ဟဲ..နားမလည်တော့ဘူး”

ကိုမောင်သည်ပြောနေရင်းမှ“သားကြီးဟိုမှာကြည့်စမ်း..ဘာကြီးလဲ”
ကိုမောင်လက်ညိုးထိုးရာသို့အားလုံးကြည့်လိုက်သည်။စကြာငါးကြီးကမ်းအစပ်နှင့်လှမ်းသောနေရာတွင်ပေါ်
နေသည်။ကျွန်တော်တို့အားကြည့်နေသည်နှင့်တူသည်။ကျွန်တော်သည်ရေစပ်သို့ဆင်းသွားလိုက်သည်။
စကြာငါးသည်ကျွန်တော်နှင့်နီးသောနေရာသို့ကူးခတ်လာလေသည်။ကိုနောင်တို့ကိုမောင်တို့သည်လည်း
ကျွန်တော်အနားသို့ရောက်လာသည်။ကျွန်တော်သည်ရေထဲသို့ထပ်၍ဆင်းပြီးစကြာငါးကြီးအနီးသို့သွားလိုက်
သည်။စကြားငါးကြီးသည်ထိုနေရာတွင်ပင်ရှိနေသည်။ကျွန်တော်လာနေသည်ကိုစောင့်နေဟန်တူသည်။

စကြာငါးကြီးအနားသို့ရောက်သောအခါလက်နှင့်ကိုင်လိုက်သည်။ထို့နောက်လက်နှင်ပွတ်သတ်ပေးရင်းစိတ်
ထဲမှ“သင်ငါ့ကိုတွေ့ချင်နေတာလားဟု”စိတ်ထဲမှပြောမိသည်။အံ့သြစရာကောင်းသည်မှာ..ကျွန်တော်၏
နားထဲတွင်ပြန်ပြောသံကြားရသည်။လေထဲသို့ပျံလွင့်လာသောအသံမျိုးမဟုတ်၊ကျွန်တော်စိတ်ထဲကပြောသလို
ကျွန်တော့်စိတ်ထဲမှပြန်ကြားနေရခြင်းဖြစ်သည်။သို့သော်ကျွန်တော်ပြောသည့်စကားကိုပြန်ကြားရခြင်းမဟုတ်
စကြာငါးကြီးပြန်ပြောသောအသံကိုကြားခြင်းဖြစ်သည်။ထိုအသံမှာ“ဟုတ်ပါတယ်ကျွန်ုပ်သင့်ကိုတွေ့ရခြင်း
အကြောင်းကအကူအညီတစ်ခုတောင်းချင်လို့ပါ၊ကျွန်ုပ်၏ချစ်စွာသောဇနီးသေဆုံးသွားတာတပိုတွဲလပြည့်
ကျော်၎ရက်နေ့ဆိုရင်နှစ်၁၀၀ပြည့်ပါပြီ၊ဒါကြောင့်ကျွန်ုပ်၏ဇနီးအတွက်ဝမ်းတော်ပြည့်ဆရာတော်၏အရိုး
စေတီမှာရွှေသင်္ကန်းကပ်လှူပူဇော်ချင်ပါတယ်၊ကပ်လှူပူဇော်ဖို့ရာကျွန်ုပ်မစွမ်းဆောင်နိုင်သောကြောင့်သင့်
အားအကူအညီတောင်းရခြင်းဖြစ်ပါတယ်၊”

ကျွန်တော်လဲစိတ်ထဲမှပြန်မေးလိုက်သည်။“သင်ဇနီးသေဆုံးသွားတာနှစ်တရာရှိပြီ..သင့်ဇနီးကဘာကြောင့်
သေသွားတာလဲ”
ကျွန်ုပ်ဇနီးကတိုင်းတပါးမင်းတွေဒီရွှေပြည်ကြီးကိုသိမ်းပိုက်စဉ်က၊သျှိသျှားကန်(မိတ္ထီလာကန်)ကြီးကမိုးသည်း
ထန်စွာရွာသွန်းသောကြောင့်ကန်တော်မင်္ဂလာကျိုးပေါက်ခဲ့တယ်အဲဒီအချိန်မှာကျွုပ်ဇနီးကကန်တော်ကျိုး
ပေါက်ရာနေရာကနေမျှောပါသွားခဲ့တယ်။ဒါကိုကန်အောက်ဖက်ကရွာသားတွေကဖမ်းပြီးသတ်စားကျတယ်၊
ကျွန်ုပ်လဲကျွန်ုပ်၏ဇနီးအားစားသောက်သောသူတွေကိုကျိန်စာတိုက်ပြီးသတ်ခဲ့တယ်၊ဒါကြောင့်ကျွန်ုပ်ဇနီး
အသားကိုစားတဲ့ရွာဟာတစ်ရွာလုံးဝမ်းလျှောပြီးသေကျရတယ်၊”
“အော်ဒါဆိုသင့်ဇနီးသေဆုံးတာကျွန်တော်တို့နိုင်ငံအင်္ဂလိပ်တွေသိမ်းပိုက်တဲ့အချိန်ပေါ့နှစ်အနေနဲ့ပြန်တွက်
ရင်နှစ်တစ်ရာဆိုတော့အင်္ဂလိပ်လက်ထက်ကပေါ့”
ကျွန်တောလဲဆက်၍ပြောလိုက်သည်။“ကောင်းပါပြီကျွန်တော်သင်ပြောတဲ့ရွှေသင်္ကန်းကိုလဲကပ်လှူပေးပါ
မယ့်၊၀မ်းတော်ပြည့်ဆရာတော်ဘုရားကြီးကိုသိတယ်ပေါ့၊”


“သိပါပြီကော..ဆရာတော်ဘုရားကြီးပျံတော်မူခါနီးမှာကျွန်ုပ်ကိုမေတ္တာပို့သသွားပါတယ်၊ဆရာတော်ဘုရား
ကြီးတရားတော်ဟောကြားတိုင်းကျွန်ုပ်တို့ကြားနာရတယ်၊ဆရာတော်ဘုရားကြီးရဲ့တရားတော်ဟာဤလောက
တခွင်မှာဟိန်းဟိန်းမြည်အောင်ပျံလွင့်နေတယ်၊ဆရာတော်ဘုရားကြီးရဲမေတ္တာပို့သံဟာလဲဟိန်းဟိန်းမြည်
အောင်လောကတခွင်ပျံနှံနေတယ်၊အခုတော့ဆရာတော်ကြီးရဲ့တရားသံတွေမကြားရတာကြာပြီ၊”
ကျွန်တော်လဲစကြာငါးကြီးကိုလက်နှင့်ပွတ်သပ်ကာထပ်မံမေးလိုက်သည်။
“နေ့ခင်းကအသင်မြို့သူမြို့သားတွေကိုမြင်အောင်ပြရတာဘယ်လိုအကြောင်းများရှိလို့လဲ”

“ဤမြို့ကြီးသည်နောက်သုံးရက်မြောက်သောနေ့တွင်မီးဘေးသင့်အံ့၊ဒါကြောင့်ကျွန်ုပ်သတိပေးရခြင်းဖြစ်
တယ်၊”
“မီးဘေးသင့်မယ်ဟုတ်လား၊တမြို့လုံးမီးဘေးသင့်မှာလား၊ဘာကြောင့်လဲ၊ဘာဖြစ်လို့လဲ”
ကျွန်တော်သည်မေးခွန်းတွေကိုတစ်ရစပ်မေးလိုက်သည်။
“မြို့တော်တစ်ခုလုံးမဟုတ်ပါဘူးမြို့တော်တစ်ဝက်ပါ၊အသင်တို့အိမ်ကောမလွတ်ကင်းပါဘူး၊ဒါပေမယ့်
ကျွန်ုပ်တစ်ခုပြောလိုက်ပါမယ်၊တောင်တန်းသာသနာပြုဆရာတော်ဦးဥတမရဲ့မီးကွင်းပရိတ်တရားတော်ကို
ရှာပြီးနာလိုက်ပါအိမ်မီးကွင်းသွားပါလိမ့်မယ်”
.....................................................................................................
တတိယပိုင်းပြီး၏.....ဇာတ်သိမ်းပိုင်းကိုဆက်လက်စောင့်မျှော်ဖတ်ရှုပါခင်ဗျာ
ဒေါင်းမင်း

Saturday, February 14, 2009

စကြာငါးနှင့်သိုက်စောင့်အလှူ(၂)

တနေ့အညာဒေသရဲ့ထန်းတောလေးတစ်ခုမှာကျွန်တော်တို့သူငယ်ချင်းတွေဝိုင်းဖွဲ့ပြီးထန်ရည်သောက
်ကြသည်။ကျွန်တော်တို့ထန်းရည်သောက်နေသည်မှာလေးမြူခန့်ရှိနေလေပြီ။အမြီးမှာ
...................................................................................................................................
............................................
“စကြာငါးမင်းဟုတ်လား..ဟိုအနော်ရထာမင်းကြီးရွှေစကြာတံဆိပ်ခတ်ပေးလိုက်တယ်ဆိုတဲ့ငါးရံကြီးလား”
ကျွန်တော်ကသိချင်ဇောနှင့်စကားဖြတ်မေးလိုက်သည်။
....................................................................................................................................
အေးဟုတ်တယ်....ငမိုက်သားလေး..မင်းမထိလာကန်တော်ကိုသွားသွားပြီးစကြာငါးကိုသွားတွေ့လိုက်ပါ
မိတ်ဆွေကြီးကအကူအညီတစ်ခုတောင်းချင်နေတယ်..အဲဒီကိစ္စကိုမင်းပဲကူညီနိုင်မှာ..ကဲငမိုက်သားလေးတွေ
ပြန်ကျတော့..မင်းတို့မပြန်မချင်းငါ့ဗိမာန်ပေါ်တက်ရမှာမဟုတ်ဘူး”
ထိုအချိန်တွင်..ထန်းတောပိုင်ရှင်က“ကောင်လေးတွေထတော့နေညိုနေပြီ..ထတော့..ထတော့”
ဟုလာနှိုးသဖြင့်အားလုံးရီဝေေ၀ဖြင့်မျက်လုံးများပွတ်သက်ကာထထိုင်ကျသည်။လက်မှနာရီကိုကြည့်လိုက်
သည်။ညနေ၅နာရီပင်ကျော်နေပြီ။ခေါင်းမှာလည်းထန်းရည်သောက်ထားသောအရှိန်ကြောင့်ထင်သည်
မူးဝေေ၀ဖြစ်နေသည်။ခုနအိပ်နေတုန်းအိမ်မက်မက်တာလားတကယ်လားဆိုတာမရေမရာ။ကိုနောင်ကိုမေး
လိုက်သည်။“ကိုနောင်မင်းခုနအိမ်မက်မက်သေးလား”“အေးမက်တယ်သားကြီး..မင်းကောမက်လား”
“အေးအိမ်မက်မက်လို့ကွ”ဒီလိုနှင့်အိမ်ပြန်လာခဲ့ကျသည်။ကျွန်တော်က“ကိုဖြိုးမင်းဆိုင်ကယ်မောင်း
နိုင်ရဲ့လား မစီးနိုင်ရင်မစီးနဲ့ထားခဲ့လိုက် နောက်နေ့မှလာယူ.အခုငါ့နောက်ကလိုက်ခဲ့”
“ရတယ်သားကြီးငါမောင်းနိုင်တယ်..ဘာမှမဖြစ်ဘူး..အဲဒီလောက်လဲမဟုတ်ပါဘူးကိုလင်းရ”

မိတ္ထီလာမြို့ရဲ့နွေရာသီဟာပူပြင်းလှသည်။အိမ်ရောက်၍ရေမိုးချိုးပြီးညပိုင်းတွင်သူငယ်ချင်းများဆီသို့ထွက်
လာ ခဲ့သည်။ကိုမောင်တို့“တံတားဦး”ကွမ်းယာဆိုင်သို့သွားလိုက်သည်။ကိုမောင်မှာမိဘများကိုကွမ်းဝိုင်း
ကူ၍ ယာပေးနေသည်။
ကျွန်တော်လည်း“သားကြီးရေငါ့ကိုမင်းယာတဲ့ကွမ်းယာတစ်ယာလောက်ကြွေးပါအုံး
ကျွန်တော်ရောက်ရင်ကိုမောင်ကိုယ်တိုင်ယာနေကျကွမ်းကိုစားရမှနေပျော်သည်ဟုခံစားရသည်။
ကိုမောင်၏အိမ်သို့မကြာခင်မှာပင်ကိုနောင်၊ကိုဖြိုးတို့ရောက်လာသည်။ထို့နောက်မိတ္ထီလာကန်တံတားသို့
သွားရောက်ထိုင်ကျသည်။ကန်လေကိုရှုရိုက်ရင်းစကားတွေပြောကျ၏။စကားပြောရင်းနေ့ခင်းကမက်သော
အိမ်မက်အကြောင်းပြောမိသည်။ကိုနောင်က“မိတ္ထီလာကန်မှာငါးရံကြီးရှိတယ်ဆိုတာကြားဖူးတယ်ကွ....
အနော်ရထာမင်းမြတ်မိတ္ထီလာကန်ကိုဆည်ဖို့ပြင်ဆင်ရင်းအဲဒီငါးရံကြီးရဲ့နဖူးမှာရွှေစကြာတံဆိပ်ခပ်နှိပ်ပြီး
နောင်အခါဤမိတ္ထီလာမြို့ကြီးဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်ခဲ့ရင်သတိပေးရမယ်လို့မိန့်ဆိုခဲ့တယ်
ကွ၊ဒါပေမယ့်ငါတို့တခါမှမမြင်ဖူးဘူး၊လူကြီးတွေကတော့ပြောတယ်မိတ္ထီလာမြို့ကြီးမီးလောင်တုန်းကတခါမြင်
ဘူးတယ်ပြောတယ်ရေပေါ်ကိုပေါ်လာတယ်တဲ့”

ကိုဖြိုးမှ“အေးဟုတ်တယ်မိတ္ထီလာမြို့မီးအကြီးအကျယ်လောင်တုန်းကငါတို့ငယ်သေးတယ်..အာရှတိုက်မှာ
အကြီးကျယ်ဆုံးမီးလောင်မှုပဲ..ငါတို့အဖေပြောတယ်အဲဒီအချိန်တုန်းကမိတ္ထီလာတောင်ကန်မှာရွှေစကြာ
တံဆိပ် ခပ်နှိပ်ထားတဲ့ငါးရံကြီးပေါ်လာတယ်ပြောတယ်၊မြို့သူမြို့သားတွေအကုန်မြင်ရတယ်တဲ့သုံးရက်
တိတိရေပေါ် မှာပဲပေါ်နေတာတဲ့၊မကြာဘူးနောက်တစ်ပါတ်နေတော့မီးလောင်တာပဲတဲ့”

ကျွန်တော်က၀င်၍ပြောလိုက်သည်။“အေးကွာငါတို့မြန်မာပြည်ကအထူးအဆန်းတွေပေါများပါတယ်၊အခု
ငါတို့ ဒီမိတ္ထီလာကန်ကြီးကိုပဲကြည့်လေကွာတောင်ကန်၊မြောက်ကန်ခွဲခြားထားပေမယ့်..ရေကတဆက်ထဲ
နော် ဒါပေမယ့်တောင်ကန်၊မြောက်ကန်ခွဲခြားထားတဲ့နေရာမှာရေကြည်၊ရေနောက်ကွဲနေတယ်တွေ့လား...
တောင်ကန်ဘက်ခြမ်းကရေကကြည်လင်နေတယ်၊မြောက်ကန်ဘက်ကရေကနောက်နေတယ်။ဒါပေမယ့်
ရေနောက်ကရေကြည်ဘက်ကိုမရောနှောသွားဘူး..ဘယ်လောက်ထူးဆန်းသလဲမင်းတို့အမြင်ပဲလေ၊”

ကိုမောင်က“အဲဒီရေတခြမ်းနောက်တာနဲ့တစ်ခြမ်းကြည်တာ.ကိုသိပ္ပံပညာရှင်တွေကမိတ္ထီလာကန်အောက်
မှာကျောက်ချဉ်ကြောရှိလို့အဲဒီလိုဖြစ်တာလို့ပြောတယ်ကွ၊ငါကတော့သိပ်လက်မခံချင်ဘူး၊ကျောက်ချဉ်ကြော
ရှိရင်ရေကချဉ်နေမှာပေါ့..ဟီးသိပ္ပံပညာရှင်တွေအုံးနှောက်မရှိဘူး”ကိုမောင်ပြောသည်ကိုအားလုံးသဘော
ကျ ၍၀ိုင်းရယ်ကျသည်။ကိုမောက်ဆက်၍“သားကြီးမနက်ဖြန်ငါတို့ပန်းခြံနားရေသွားကူးရအောင်..ဟဲဟဲ...
ရေမကူးရတာကြာပြီ”“အိုကေသွားကူးကျတာပေါ့..ကဲသားကြီးတို့..ငါတို့ပြန်ရအောင်”

သည်လိုနှင့်နောက်တနေ့တွင်မိတ္ထီလာမြို့ပန်းခြံနားတွင်ရေသွားကူးကျသည်။မိတ္ထီလာကန်ထဲတွင်အားလုံး
ရေဆင်းကူးကျသည်။ကျွန်တော်က“ကိုမောင်ရေကန်အလည်ထိကူးမလား..”“အေးကူးမယ်”
အရင်ဆိုလျှင်ကျွန်တော်တို့ရေလည်ထိကူးနေကျဖြစ်သော်လည်း၊ယနေ့တွင်မူရေလည်ခေါင်ကျော်၍ကူးဖြစ်
သည်။ကျွန်တော်ကလှမ်း၍“ကိုမောင်ရေ..ပြန်လှည့်ရအောင်တော်ကြာလက်ပန်းကျနေလို့ရေနစ်နေအုံး
မယ်”ထိုစဉ်ကိုမောင်က“သားကြီးရှေ့နားနဲနဲကူးကြည့်ရအောင်..ဒီနားလေးရောက်လေရေကနွေးလေပဲ”
ဟုတ်သည်ကန်လည်ကျော်ကျော်တွင်ကန်ရေမှာတခြားနေရာနှင့်မတူနွေးထွေးလှသည်။ရေနွေးနှင့်ရေအေး
စတူရောထားလားမှတ်ရသည်။နွေး၍နေသည်။ကျွန်တော်တို့သည်လည်းရှေ့သို့ဆက်၍ကူးသွားသည်။
ထူးဆန်းသည်ကားတနေရာအရောက်တွင်ရေပြင်ထဲမှာပင်ရေစီးဆင်းနေခြင်းဖြစ်သည်။ရေစီးလဲတော်တော်
သန်သည်။ကျွန်တော်ကလှမ်း၍“ကိုမောင်ရှေ့ဆက်မကူးနဲ့တော့ရှေ့မှာရေစီးကြောင်းတစ်ခုရှိတယ်၊
ဘာမှန်းသိ တာမဟုတ်ဘူးပြန်လှည့်မယ်”ဒီလိုနှင့်ကျွန်တော့်ကမ်းစပ်ဘက်သို့ပြန်၍ကူးလာခဲ့သည်။

ကမ်းစပ်သို့ရောက်သောအခါကိုနောင်အားပြောပြလိုက်သည်။“ဟုတ်လားရေစီးကြောင်းဟုတ်လားသားကြီး”
“အေးကွရေစီးကြောင်းမိတ္ထီလာကန်မှာဒီလိုရေစီးကြောင်းရှိတာအံ့သြစရာပဲကွငါတော်တော်လေးအံသြံ
တယ်” ကိုနောင်က“မိတ္ထီလာကန်မှာရေစီးကြောင်းရှိတာအခုမှသိတယ်ကွ.ကန်အလည်ကိုဘယ်သူမှ
လဲရောက်တာမှ မဟုတ်တာ..တောင်ကန်ကကျယ်လဲကျယ်တာကိုး.နောက်ပြီးဒီတောင်ကန်ထဲမှာရတနာတွေ
အများကြီးရှိတယ် လို့တော့ကြားဘူးတယ်”ထိုသို့ပြောနေစဲမှာပင်ကိုဖြိုးသည်“သားကြီးကိုလင်း..ကိုလင်း..
ဟိုမှာကြည့်စမ်း ပြောင်ပြောင်နဲ့အရောင်လတ်နေတာတခု”ကျွန်တော်တို့လှမ်းကြည့်လိုက်သည်။
ရွှေရောင်ပြောင်ပြောင်နှင့် အရာတစ်ခုရွေ့လျားလာနေသည်ကိုတွေ့ရသည်။တဖြည်းဖြည်းနီးလာသည်။
ဝါးနှစ်ပြန်အကွာတွင်ရပ်သွားသည် ။ကြီးမားလှသောလူကြီးတစ်ယောက်ခန္ဓာကိုယ်နီးပါးကြီးမားသော
ငါးကြီးတစ်ကောင်၊ထိုငါးကြီး၏နဖူးဟုယူဆရ သောနေရာတည့်တည့်တွင်ရွှေစကြာပုံစံတစ်ခုပါရှိလေသည်။
ထိုငါးကြီးသည်ကျွန်တော်တို့အားကြည့်နေ သည့်ပုံစံနှင့်ရှိနေသည်ကိုတွေ့ရသည်။

ကျွန်တော်တို့သည်လည်းအံသြစွာကြည့်နေမိသည်။အနော်ရထာမင်းကြီးရွှေစကြာတံဆိပ်ခပ်နှိပ်ခံရသော
ငါးကြီးများလား။ကြားဘူးသည်မှာအနော်ရထာမင်းကြီးရွှေစကြာတံဆိပ်ခပ်နှိပ်ခဲ့သောငါးရံကြီးမှာအဖိုအမနှစ်
ကောင်ဟုသိရသည်။ယခုမူတစ်ကောင်တည်းသာတွေ့ရသည်။ထိုစဉ်ငါးကြီးမှာရေအောက်သို့ငုတ်၍သွား
လေသည်။ ကျွန်တော်တို့သည်အ၀တ်များဝတ်ရန်ပင်မေ့နေသည်။အံသြမှင်သက်စွာဖြင့်ငေးငိုင်နေမိသည်။
ကိုမောင်က“ကဲသားကြီးတို့သွားရအောင်”ဟုပြောမှသာအ၀တ်များဝတ်၍အထက(၁)ကျောင်းရှေ့ရှိ
မန်းနီးလက်ဖက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။

ကန်လည်တံတားနားသို့ရောက်သောအခါလူတွေတံတားပေါ်မှာစုပြုံနေသည်ကိုတွေ့ရသည်။ကန်လည်သို့
လက်ညိုးထိုး၍တခုခုကိုကြည့်နေကျသည်။ကျွန်တော်တို့သည်လည်းသွားရောက်ကြည့်ရှုရာခုနလေးတွင်
မြင်ခဲ့သောငါးကြီးဖြစ်နေသည်။လူတွေကပြောနေကျသည်။“စကြာငါးကြီးပေါ်တယ်ဟေ့မိတ္ထီလာမြို့ကြီး
တခုခုဖြစ်တော့မယ်ထင်တယ်”ဟုတစ်ယောက်တစ်ပေါက်ပြောဆိုနေကျသည်။ကျွန်တော်တို့သည်လည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာသက်ပြင်းချမိသည်။လက်ဖက်ရည်ဆိုင်သို့ရောက်သောအခါ
ကိုဖြိုးက“ကိုလင်း..ရွှေငါးကြီးပေါ်တယ်ဆိုတော့လူတွေပြောသလိုမိတ္ထီလာမြို့တခုခုဖြစ်မယ်ထင်တယ်”
ကိုမောင်က“မိတ္ထီလာမြို့တခုခုဖြစ်လဲမီးဘေးပဲရှိတာပဲကွ..မိတ္ထီလာမြို့မီးမလောင်တာကြာပြီသတိတော့
ထား ရမှာပေါ့ကွာ”

စိတ်ထဲတွင်မနေ့ကပဲထန်းတောမှာအိမ်မက်လိုလိုတကယ်လိုလိုမှာမိတ္ထီလာကန်မှစကြာငါးကြီးအကြောင်းပါ
သည်။ယနေ့တွင်တိုက်ဆိုင်စွာပင်စကြာငါးကိုတွေ့ရသည်။စိတ်ထဲတွင်လည်းတစ်ခုခုထူးဆန်းနေသည်။
မနေ့ကတွေ့တောသရဲလိုလိုနတ်စိမ်းလိုလို.ရဲကျော်စွာဆိုသောလူပြောသည်ကိုပြန်လည်ကြားယောင်မိ
သည်။
(“အေးဟုတ်တယ်....ငမိုက်သားလေး..မင်းမထိလာကန်တော်ကိုသွားသွားပြီးစကြာငါးကိုသွားတွေ့လိုက်ပါ
မိတ်ဆွေကြီးကအကူအညီတစ်ခုတောင်းချင်နေတယ်..အဲဒီကိစ္စကိုမင်းပဲကူညီနိုင်မှာ”)

ထို“စကြာငါးကြီးမှာမိတ္ထီလာမြို့ကြီးတစ်ခုခုဖြစ်မှာဆိုးလို့သတိပေးတယ်ဆိုရင်လဲလူအားလုံးမြင်တဲ့နေရာမှာ
ပြမှာပဲ။အခုကငါတို့ကိုတမင်ရေကူးတဲ့နေရာမှာလာတွေ့သေးတယ်ဆိုတော့..ရဲကျော်စွာပြောသလို
တစ်ခုခုအကူအညီလိုနေလို့လား”
ဟုတွေးနေမိသည်။
..................................................................................................................
ဒုတိယပိုင်းပြီး၏.........တတိယပိုင်းတွင်ဘာတွေဆက်ဖြစ်လာမည်ဆိုတာစောင့်မျှော်ဖတ်ရှုပါခင်ဗျာ
ဒေါင်းမင်း

စကြာငါးနှင့်သိုက်စောင့်အလှူ(၁)

တနေ့အညာဒေသရဲ့ထန်းတောလေးတစ်ခုမှာကျွန်တော်တို့သူငယ်ချင်းတွေဝိုင်းဖွဲ့ပြီးထန်ရည်သောက်ကြ
သည်။ကျွန်တော်တို့ထန်းရည်သောက်နေသည်မှာလေးမြူခန့်ရှိနေလေပြီ။အမြီးမှာ လယ်ကြွက်ကြော်၊
ပဲကြီးလှော်၊နှမ်းဖက်ချဉ်သုတ်၊ဖားကြော်စသည့်အမြီးများဖြင့်လိုက်ဖက်စွာထန်းရည်ကိုသောက်သုံးနေကျသည်။
ထန်းရည်သောက်ရာတွင်အညာဒေသထုံးစံအရတစ်ယောက်ချင်းစီပါတ်လည်သောက်ရသည်။လူကျော်၍
သောက်လို့မရ၊လူကျော်၍သောက်ပါကမူးတက်သည်ဟူသောအထာရှိလေသည်။

ကိုဖြိုးသည်“သားကြီးငါမနိုင်တော့ဘူး..မူးနေပြီ..ငါ့အလှည့်ကျော်လိုက်တော့”၊ကိုမောင်က“ဟာကိုဖြိုး
မရဘူးသောက်ဒီတစ်မြူပြီးတော်ပြီ..မင်းခွက်မကျော်နဲ့တော်ကြာအားလုံး..အိမ်မပြန်နိုင်ပဲဖြစ်နေမယ်..”
ကျွန်တော်ကကြွက်ကြော်တစ်ဖဲ့ကိုနှမ်းဖက်ချဉ်သုတ်လေးနှင့်တို့၍စားကာ“ကဲပါကိုမောင်ရာ..ကိုဖြိုးမနိုင်တဲ့
ဟာအတင်းတိုက်မနေ့နဲ့..တော်ကြာဒီကောင်ထပ်သောက်လို့အိမ်ကိုထမ်းပြီးပြန်နေရမယ်..နေနေ..သူ့အစား
ငါသောက်ပေးမယ်”ဟုဆိုကာကျွန်တော်သောက်လိုက်သည်။

အချိန်ကားမွန်းလွဲနှစ်နာရီကျော်၊အားလုံးထန်းရည်သောက်ပြီးသောအခါ..ထန်းပင်အောက်တွင်ဖျာခင်း၍
အိပ်ကြသည်။ထန်းတောပိုင်ရှင်အားညနေ(၅)နာရီတွင်နှိုးရန်မှာကြားထားသည်။အားလုံးအိပ်မောကျနေသည်။
ကျွန်တော်အိပ်နေသည်။ကျွန်တော်ထန်းပင်ခြေရင်းတွင်အိပ်ပျော်နေသည်။ထိုစဉ်ထန်းပင်ပေါ်မှလူတစ်ယာက်
ဇောက်ထိုးအပေါ်ကနေဆင်းလာသည်ကိုတွေ့ရသည်။ကျွန်တော်အိပ်ရင်းကြည့်နေသည်။ထိုလူအောက်သို့
ရောက်လာသည်။ကျွန်တော်တို့သူငယ်ချင်းများအားခါးထောက်ကာကြည့်ပြီး“ဟေ့ငမိုက်သားလေးတွေ..
မင်းတို့ထဲက သရဏဂုံတည်ပြီးထန်းရည်သောက်တဲ့သူဘယ်သူလဲထလာစမ်း”

ကျွန်တော်တို့အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ကိုဖြိုးက“ကိုလင်းဘယ်သူလဲမသိ
ဘူး၊သူပုံကလူမိုက်လားမသိဘူး”။“မကြောက်နဲ့ငါရှင်းမယ်”ဟုပြောကာကျွန်တော်ထသွားလိုက်သည်။
“ကျွန်တော်ပဲဘာလုပ်မလို့လဲ..ဒါကျွန်တော့်ထုံးစံ..သရဏဂုံတည်ပြီးထန်းရည်သောက်တာဘာဖြစ်လဲဗျ”
“ငမိုက်သားတွေအဲဒီလိုသရဏဂုံတည်ပြီးထန်းရည်သောက်တာငါထန်းပင်ပေါ်ကခဏခဏပြုတ်ကျတယ်ကွ”
“ဘာဆိုင်လဲဗျခင်ဗျားကိုပြုတ်ကျစေချင်လို့အဲဒီလိုလုပ်ပြီးသောက်တာမှမဟုတ်တာ”ကျွန်တော်ပြန်ပြောလိုက်
သည်။ထိုလူသည်တချက်ငြိမ်သွားသည်။ထိုလူပုံစံသည်ဆံထုံးတစောင်းထုံးထားပြီး..၊တစ်ကိုယ်လုံးဆေးမှင်
ကြောင်များထိုးထားသည်။ပုဆိုးကိုခါးတောင်းမြောင်နေအောင်ကျိုက်ထားသည်။ဗလတောင့်တောင့်ပုံစံဖြစ်
သည်။

ကျွန်တော်ကဆက်လက်၍“ခင်ဗျားကဘယ်သူလဲ..ဘာကြောင့်ကျွန်တော်တို့ကိုလာပြောနေတာလဲ”
“ငါလား..ကိုးမြို့ရှင်ရဲ့အမိန့်နဲ့ဒီထန်းတောတစ်ဝိုက်ကိုအပိုင်စားရထားတဲ့ရဲကျော်စွာပဲ”
“ဒါဆိုခင်ဗျားကကိုးမြို့ရှင်အမိန့်နဲ့နေတာဆိုတော့သရဲလားနတ်စိမ်းလား”
“ဟားဟားဟား..ငမိုက်သားလေးမင်းကတယ်လဲသတ္တိကောင်းတဲ့ကောင်လေးပဲကွငါကသရဲလဲမဟုတ်ဘူး
နတ်စိမ်းလဲမဟုတ်ဘူး၊သရဲလဲမဟုတ်နတ်စိမ်းလဲမဟုတ်တဲ့သူကွ”
သူ၏အဖြေကိုနားမလည်ပေမယ့်ထပ်မမေးဖြစ်တော့ကျွန်တော်လဲဆက်လက်၍မေးလိုက်သည်။
“ခင်ဗျားကဘာဖြစ်လို့ထန်းပင်ပေါ်ကနေခဏခဏပြုတ်ကျတာလဲဗျ..ကျွန်တော်တို့လဲခင်ဗျားကိုဘာမှမလုပ်
ဘူး.ကိုယ့်ဘာသာကိုယ်ထန်းရည်သောက်တာပဲဗျ”
“ဒီမယ်..ငမိုက်သားလေး..မင်းသရဏဂုံစိတ်ထဲကတည်နေတာအပင်အောက်မှာကွ၊ငါကအပင်ပေါ်မှာရှိနေတာ
မင်းစိတ်ထဲကသရဏဂုံတချက်တည်တခါပြုတ်ကျတယ်ကွ၊ဘယ်နှယ့်ကွာထန်းရည်သောက်ပြီးသရဏဂုံတည်
ရတယ်လို့ကွာ”

ကျွန်တော်ကလဲပြန်လည်ဖြေရှင်းချက်ထုတ်ရသည်။“ဒီလိုဗျကျွန်တော်ကရေသောက်လဲသရဏဂုံတည်တယ်၊
ထမင်းစားလဲတည်တယ်၊အခုထန်းရည်သောက်တယ်ဆိုတာကလဲကြိုက်လွန်းလို့သောက်တာမဟုတ်ဘူး၊
သူငယ်ချင်းကနောက်တစ်နေ့ခရီးထွက်မလို့နှုတ်ဆက်ပွဲထန်းရည်တိုက်တာ၊အရက်သောက်တာမဟုတ်ဘူး၊
ဒါပေမယ့်ကျွန်တော်ကသရဏဂုံတည်တာအကျင့်ပါနေလေတော့ထန်းရည်တခွက်သောက်သရဏဂုံတခါ
တည်မိတာပေါ့ဗျာ”

“အေးငါလဲမင်းရဲ့ဘုန်းကံကိုမခံနိုင်ဘူး၊သရဏဂုံတည်တော့ပိုဆိုးတာပေါ့ကွာ၊”
“ဒါနဲ့ခင်ဗျားကဒီမှာနေတာဘယ်လောက်ကြာပြီလဲ၊”
“နှစ်အနေနဲ့တွက်ရင်နှစ်ပေါင်း၁၀၀၀(တစ်ထောင်)ကျော်ပြီကွ၊အနော်ရထာမင်းမြတ်မိတ္ထီလာကန်ဆည်ဖို့
လာတဲ့အချိန်ငါတို့မိတ္ထီလာကန်တော်ကြီးကိုဆည်ဖို့ပြုပြင်တဲ့အထဲမှာပါတယ်ကွ..အခုဆိုငါရဲ့နောင်တော်
တွေမိတ္ထီလာကန်တော်မှာရှိနေသေးတယ်ကွ”
“ကျွန်တော်စကားဖြတ်ပြောမယ်ဗျ၊မိတ္ထီလာကန်သမိုင်းကိုကျွန်တော်နည်းနည်းပါးပါးသိတယ်၊အဲဒီသမိုင်းထဲက
ခင်ဗျားကဘယ်အခန်းမှာပါလဲ”

ကျွန်တော်မေးလိုက်သည်ကိုသူနဲနဲစဉ်းစားဟန်တူသည်။“ငါဘယ်အခန်းမှာပါလဲဆိုတာမသိဘူးငမိုက်သားလေး
ငါသိတာငါ့ရဲ့နောင်တော်မိတ်ဆွေတွေမိတ္ထီလာကန်မှာစောင့်ရှောက်နေကျတယ်ကွ၊ငါအခင်မင်ဆုံးကတော့
စကြာငါးမင်းပဲကွ၊အခုတော့သူတစ်ကောင်ထဲရှိတော့တယ်ကွ”
“စကြာငါးမင်းဟုတ်လား..ဟိုအနော်ရထာမင်းကြီးရွှေစကြာတံဆိပ်ခတ်ပေးလိုက်တယ်ဆိုတဲ့ငါးရံကြီးလား”
ကျွန်တော်ကသိချင်ဇောနှင့်စကားဖြတ်မေးလိုက်သည်။
.......................................................................
ပထမပိုင်းပြီး၏....ဒုတိယပိုင်းတွင်ဘာတွေဆက်ဖြစ်လာမလဲဆိုတာစောင့်မျှော်ဖတ်ရှုပါခင်ဗျာ..
ဒေါင်းမင်း

Friday, February 13, 2009

ခဏတာ မလေးရှား အမှတ်တရ။

ခဏတာ မလေးရှား အမှတ်တရ။
ကိုဒေါင်းမင်းရေ ထိုင်းနိုင်ငံရောက် အမှတ်တရရေးနေရင်းနဲ့ မလေးရှားအမှတ်တရက လည်း ကြုံလာပြန်သေးတယ်။ ကြုံတွေ့ ရတဲ့ ကိစ္စလေးက ငိုရမလို ရယ်ရမလိုပါပဲ ။မှတ်မှတ်ရရ (၁၄.၁.၂၀၀၉)နေ့ ကပေါ့ ပီနန်မှာ ရှိတဲ့မြန်မာကျောင်းကို သွားလည် ရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ ပီနန်မြန်မာ ကျောင်းကနေ အနောက်ဖက် ကို ၁၀ မိနစ်လောက် လမ်းလျှောက်လိုက်ရင် ပင်လယ်နောက်ခံနဲ့ လှပတဲ့ ပီနန်ဆိပ်ကမ်းဆီကိုရောက်ပါတယ်။
ဆိပ်ကမ်း ပတ်လည် တ၀ိုက်မှာ အထပ် ၄/၅ ဆယ် မြင့်မားတဲ့အဆောက်
အဦးကြီးတွေရယ်၊သပ် ရပ်တဲ ဆိပ်ကမ်းရယ်။

ကျယ်ပြောလှတဲ့ပင်လယ်ပြင်ရှုခင်းကြီးတွေဟာကြည့်ရှုလို့ မ၀ နိုင်တဲ့ သဘာဝပန်းချီကားကြီးတွေပါပဲ။
ပီနန်ဟာ သပ်ရပ်သန့်ရှင်းပြီး ခေတ်မီ အဆောက် အဦးတွေ ကလည်း ပေါများတာကြောင့် ဒုတိယ စင်္ကာပူ
လို့ တောင် ဦးဇင်းကတော့ ပြောချင်ပါတယ်။ကမ်းခြေတ၀ိုက်မှာ လမ်းလျှောက်သူ အပန်းဖြေသူများနှင့် ညနေပိုင်းဆိုစည်ကားနေတတ်ပါတယ်။ နောက်တစ်နေ့ မနက်ဆိုရင် ထိုင်းကိုပြန်ရတော့မှာဖြစ်လို့အမှတ်တရ
ဓာတ်ပုံလည်း ရိုက်ရင်း လေညှင်းလည်း ခံရင်း မိတ်ဆွေဖြစ်တဲ့ ပခုက္ကူ က ဘုန်းကြီး ဦးပညာဝံသ နဲ့အတူညနေ
စောင်းမှာ ကမ်းခြေကိုထွက်လာခဲ့ပါတယ်။ ဓာတ်ပုံ ရိုက်လိုက်၊လမ်း လျှောက်လိုက်နဲ့ နှစ်ပါး အတူလာ
ရင်းတနေရာရောက် တော့ ပိုက်ဆံတောင်းတဲ့ ကုလားလေးတစ်ယောက် နဲ့တွေ့ရပါတယ်။

ကားရပ်ထားတဲ့ နေရာတွေ၊စုံတွဲတွေ ထိုင်နေတဲ့နေရာတွေ၊လမ်းလျှောက်လာတဲ့သူတွေ၊စသည်ဖြင့် သူ့အတွက် အဆင်ပြေမယ်ထင်တဲ့ သူတွေဆီလိုက်တောင်းနေပါတယ်။ဦးဇင်းတို့နဲ့ တွေ့တော့လည်း မလေးရှားလို
စကားပြောပြီးတောင်းတာပါပဲ အကြွေမပါတာနဲ့ မပေး ဖြစ်လိုက်ပါဘူး။ သူပြောတဲ့စကား နားမလည်ပေမယ့် ပိုက်ဆံတောင်းတာပဲ ဆိုတာတော့ သိလိုက်ပါတယ်။ဦးဇင်းတို့ ဆီက အခြေအနေမကောင်း တော့ တခြားသူတွေ ဆီဆက်ပြီးလိုက်တောင်းရင်း အနည်းငယ် နောက်မှာ ကျန်ခဲ့ပါတယ်။တဆက်တည်းမှာပဲ ဦးဇင်းက ဘုန်းကြီးဦးပညာဝံသ ကို ပြောလိုက်ပါတယ်၊

" ဘုန်းကြီးရေ တပည့်တော်တို့ မြန်မာနိုင်ငံ မှာပဲ ပိုက်ဆံတောင်းတဲ့ သူရှိတယ်ထင်နေတာ သူတို့ မလေးရှား
လည်းရှိတာပါပဲလား ဒီလိုနေရာတောင် လိုက် တောင်းတယ်ဆိုတော့ တော်တော် အခြေအနေဆိုးနေပြီနဲ့ တူ တယ် " ဘုန်းကြီး ကလည်း ပြန်ပြောပါတယ်။

" ကမ္ဘာ့စီးပွါးရေး ကပ်ဖြစ်လာပြီ ဆိုတော့ သူတို့ နိုင်ငံသားတွေလည်းဆင်းရဲလာကြလို့ တောင်းတာဖြစ်မှာပေါ့ အရှင်ဘုရားရယ်" စကားတပြောပြောနဲ့ နှစ်ပါးအတူလျှောက်လာရင်း ခဏကြာတော့စောစောကကုလား
လေးဟာ ဦးဇင်းတို့ အနီးကိုရောက်လာပါတယ်။ ဦးဇင်းတို့ကိုသေချာကြည်ပြီး "ဗမာ စကား ပြော တတ်လား'' လို့ ဗမာသံ ပီပီ သသနဲ့မေးလိုက်ပါတော့တယ်။

ကဲ ဦးဇင်းပြောချင်တဲ့ အမှတ်တရကတော့ဒါပါပဲကိုဒေါင်းမင်းရေ။
ဂန္ထလုလင် ( ဘိုကလေး)

Thursday, February 12, 2009

ထိုင်းနိုင်ငံရောက် အမှတ်တရ ဖြစ်ရပ်များ(၄)

မဲဆောက်ခရီးစဉ် နှင့် မပြေနိုင်သေးသော သမိုင်းရန်ငြိုး။

စာရေးသူသည် (၂၀၀၆)ခုနှစ် မတ်လတွင် သီတင်းသုံးရာ မဟာချိုင်မြို့ မှ မိတ်ဆွေသူငယ်ချင်းများရှိရာ မဲဆောက်သို့ သွားရောက်ဖြစ်ခဲ့ပါသည်။၎င်းခရီးစဉ်အတွက် ဦးစွာ မဟာချိုင်းဈေးမှ ဘန်ကောက်သို့ ထိုင်းနိုင်ငံ
အခေါ်လွတ်သွတ် အင်တာနေရှင်နယ်အခေါ် မိနီဘတ်စ် ကားလေးဖြင့် သွာရခြင်းဖြစ်ပါသည်။ယင်းဘတ်စ်ကား လေးသည် ခရီးသည် ၁၄/၅ ယောက်ခန့် ဆန့် ပြီးထိုင်းဘတ်ငွေ (၆၀)ပေး ရပါသည်။လမ်းခရီးတွင်ရပ်နားသည်
ဟူ၍ မရှိပဲ လွန်စွာမြန်ဆန်ပြီး သက်တောင့် သက်သာရှိလှသောကြောင့် ပေးရသောငွေ နှင့် တန်သည်ဟုပြော
နိုင်ပါသည်။မဟာချိုင်ဈေးမှ မော်ချစ်ကားဂိတ်သို့(၁)နာရီခန့်စီးရပါသည်။

ဘတ်စ်ကားလေး ဂိတ်ဆုံးသောနေရာမှာ ထိုင်းနိုင်ငံ မြောက်ပိုင်းခရီးစဉ်ဘတ် စကားများ ဂိတ်ထိုးရာ မော်ချစ် ကား ဂိတ်ဖြစ်ပါသည်။မော်ချစ် ဘတ်စ်ကားဂိတ်သည် ထွက်ခွါဂိတ်နှင့် ဆိုက်ရောက် ဂိတ် ဟူ၍ နှစ်ဂိတ်ရှိပြီး
လွန်စွာသပ် ရပ် ခမ်းနား ကျယ်ဝန်းသော ကားဂိတ်ကြီးဖြစ်ပါသည်။ကားကြီးများ၊ဆိုင်ခန်း များ ၊စားသောက်ဆိုင်
များဖြင့် လူအလွန်စည်ကားသောကားဂိတ်ကြီးဖြစ်ပါ သည်။စာရေးသူ ရောက်ရှိချိန်သည် ညနေ (၅)နာရီခန့်ဖြစ်
သောကြောင့် ကြို တင်လက်မှတ် ဖြတ်မထားသည့် အတွက် ည (၈)နာရီမှာကားထွက်မည်ဖြစ်ရာ သုံးနာရီခန့် စောင့်ရပါသည်။

ကားစောင့် နေစဉ်အတွင်း သံဃာတော်များ အတွက်သီးသန့် စီစဉ်ထား သောအခန်းလေး အတွင်းတွင် ထိုင်း ရဟန်းတော်များနှင့် အတူ စောင့်နေရပါသည်။စောင့် ဆိုင်း ရသောအလုပ်ကို လွန်စွာ ငြီးငွေ့သော စာရေးသူအ
တွက်သုံးနာရီသည် လွန်စွာ ကြာငြောင်းသော အချိန် ဖြစ်နေပါသည်။ ဗဟုသုတလည်းရအပျင်းလည်းပြေစေ
ရန်သဘောဖြင့် အခန်းလေးထဲမှ ထွက်၍ ကားဂိတ် ၀န်းကြင်တ၀ိုက်လှည့်လည် ကြည့်ရှု ဖြစ်ပါသည်။ခရီးသည်
များ နားနေဆောင်သည် နှစ်ထပ်ဖြစ်ပြီးလွန်စွာ ကျယ် ၀န်း သပ်ရပ်လှပါသည်။အဲယားကွန်းများ တီဗီများလည်း
တပ်ဆင်ထားလျှက် ရှိပါသည်။ နားနေဆောင်အတွင်း လှည့်ပတ်ကြည့်ရှုရင်း ထိုင်းရဟန်းတော်များနှင့်မြန်မာ ရဟန်းတော်များ၏ လွပ်လပ်မှု ကွာခြားပုံကို ကိုယ်တိုင်တွေ့မြင်ခံစားရပါသည်။

မြန်မာ နိုင်ငံဆိုလျှင် ယခုလိုကားစောင့်ရင်း လက်ဖက်ရည်ဆိုင်၊အအေးဆိုင်များတွင် မိမိနှစ်သက်ရာ မှာယူ
ဘုန်းပေးရင်း သုံးနာရီခန့်အချိန်ကို ကုန်မှန်း မသိစေပဲ အေးဆေး လွတ်လပ်စွာစောင့်ဆိုင်းနိုင်ပါသည်။ထိုင်း
ရဟန်းတော်များ နှင့် စာရေးသူတို့လိုထိုင်းနိုင်ငံရောက် နိုင်ငံခြားသား ရဟန်းတော် များမှာထိုင်းနိုင်ငံယဉ်ကျေး
မှုအတိုင်း ဆိုင်များတွင်ထိုင်ခွင့် မရှိ ပဲခပ်ကုတ်ကုတ်သာ နေ နေရပါသည်။စာရေးသူကဲ့သို့ လူကြားတွင်လှည့်
လည်သွားလာနေသည်ကိုပင် သူတို့ ယဉ်ကျေးမှု အရမျက်စိစပါးမွှေးစူးစရာဖြစ်နေပါသည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများအဖြစ် ဘာသာခြင်း တူကြသော်လည်း ဘာသာရေးကိုအခြေခံ
၍ဆင်းသက်လာသော ယဉ် ကျေးမှု များမှာ များစွာ ကွာခြားမှုရှိပါသည်။အထူးသဖြင့် ရဟန်းတော် များ၏
ပညာရေး စနစ်မှ စ၍ သွားလားနေထိုင် ကျင့်သုံး ပုံတို့မှာ တမျိုးစီဖြစ်နေပါသည်။ ထိုအကြောင်းများကို နောင် အလျဉ်းသင့်သောအခါ အကျယ်တ၀င့်ရေးသားမည်ဟု စီစဉ်ထားပါသည်။ ကားဂိတ်တ၀ိုက် လှည့်ပတ်
ငေးမော ကြည့်ရှုရင်းဖြင့် သုံးနာရီခန့်အချိန်ကို ကုန်လွန်စေပြီး ကားထွက်ချိန် (၁၅)မိနစ်အလိုတွင် ဘတ်စ်ကား
ပေါ်သို့တက်ရောက်ထိုင်နေလိုက်ပါသည်။ ကားစပယ်ယာမှာ အမျိုးသမီးဖြစ်နေ၍ကားလက်မှတ်ကို ပြရာတွင် တိုက်ရိုက် လက်ထဲသို့ ပေး ၍ မပြရပဲ ကားလက်မှတ်ကိုတနေရာ၌ တင်ထားပြီးမှ ၎င်း က ယူပြီး ကြည့်ရှုပါ
သည်။ရဟန်းတော်များသည်အမျိုးသမီးများနှင့် တိုက်ရိုက် ပစ္စည်း အပေး အယူမလုပ်ရသော သူတို့ယဉ်ကျေးမှု
အရဖြစ်ပါသည်။

ကားထွက်ချိန်မှာ ည(၈)နာရီအတိအကျ ပင်ဖြစ်ပါသည်။စာရေးသူဘေး တွင်လိုက်ပါလာသော ဒကာမှာ ကား
ထွက်ပြီ်း နာရီဝက်ခန့်ကြာမှ မြန်မာလူမျိုးဖြစ်မှန်း သိရပါသည်။မြန်မာနိုင်ငံဇာတိ ပဲခူး ကဖြစ်၍ ရဟန်း ၀တ်ရန် အတွက် မိခင်က မှာသောကြောင့် မြန်မာပြည်ကို ပြန်မည်ဖြစ်ကြောင်းသိရပါသည်။စာရေးသူသည် မဲဆောက်
ကို ယခင်က မရောက်ဖူး ၍ ၎င်းကိုမေးကြည့် ရာ မနက်မိုးလင်း ၅ နာရီ ၆ နာရီ ခန့် တွင်ရောက်မည်ဖြစ်
ကြောင်းသိရပါသည်။ ကားပေါ်တွင် လိုက်ပါလာရင်း ကျောင်းတွင် ကျန်ခဲ့သော စာရေးသူ၏ သူငယ်ချင်းက ခရီးစဉ် အဆင်ပြေမှုရှိမရှိ ဖုန်းဆက်မေမြန်းပါသည်။စာရေးသူက လည်းအနည်းငယ် စောင့် ရသည်မှာ လွဲ၍ အားလုံး အဆင်ပြေကြောင်း ပြန် ၍ပြောလိုက်ပါသည်။

ထိုသို့ ဖုန်းပြောနေစဉ် စာရေးသူတို့လိုက်ပါလာသောထိုင်ခုန်ရှေ့တွင် ရှိနေသောအသက်(၅၀)ခန့်ထိုင်းအမျိုး
သားတစ်ယောက်က မကျေမနပ် ပုံစံဖြင့် လှည့် ကြည့်ရင်း ဘုန်းကြီးဆိုတာရှေ့မှာထိုင်ရတယ်ဘာလို့နောက်
မှာလာထိုင်ရသလဲဟု လှမ်းပြီးမေးမြန်း ကာ ရန် လုပ်ပါသည်။ စာရေးသူမှာ သူ့စကားနှင့် အမူအရာကို နား
လည်သော်လည်း ထိုင်းစကားကျွမ်းကျင်စွာ ပြန်မပြောတတ်ခြင်းနှင့် စကားနည်းရန်စဲ ဖြစ်စေလိုသောသဘော
ဖြင့် မည်သို့မျှ ပြန်မပြောပဲ ဆိတ်ဆိတ်နေလိုက်ပါ သည်။တကယ်တော့စာရေးသူစီးလာသော ထိုင်ခုန်သည် လက်မှတ်ထဲမှာ ပါ သည့် နံပတ်အတိုင်းစီးလာခြင်းဖြစ်ပါသည်။လက်မှတ် နံပတ်နှင့် မတူသည့် တိုင် ဤကိစ္စ
သည်သူဝင်ပြောရမည့် ကိစ္စမဟုတ်ပေ။ စာရေးသူဖုန်းပြောနေစဉ် အတွင်း မြန်မာစကားပြောသံ ကြားလိုက်
ရ၍ဘုန်းကြီး ကို ဘုန်းကြီးဟူ၍ မမြင်တော့ ပဲ မြန်မာပဲ ဟူသောအမြင်ဖြင့်ရန်လုပ် ဖို့ အစပျိုးနေခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် နေထိုင်ကြသောမြန်မာ လူမျိုး အများစုမှာ တရားမ၀င်နေထိုင်သူ ကများနေခြင်း၊၎င်းတို့နိုင်ငံတွင် အောက်ခြေ အလုပ်သမား မြန်မာလူမျိုးများစွာရှိနေခြင်း၊တခုသော သမိုင်းကာလ တွင် မြန်မာလူမျိုးများက သူတို့လူမျိုးအပေါ်တိုက်ခိုက် အောင် မြင် သိမ်း ပိုက် နိုင်ခဲ့ခြင်း များကြောင့်ထိုင်းလူမျိုးအများစုသည် မိမိတို့ မြန်မာလူမျိုးများ အပေါ် အထင်သေးခြင်းမုန်းတီး ရန်ပြုလိုခြင်းများ ကိန်းအောင်းလျှက်ရှိနေပေသည်။ ထို့
ကြောင့် မြန်မာလူမျိုး များသည် မိမိကိုယ်ကို မြန်မာ ဖြစ်သည်ကိုထင်ရှား စွာ ပြုခြင်း ပြခြင်းများ မရှိလိုတော့ပဲ ယခုလိုကားခရီးစဉ်များတွင် မြန်မာစကားကို မပြောကြတော့ ပဲ ခတ်ကုတ်ကုတ်သာလိုက်ပါလာလေ့ရှိကြပါ
သည်။စာရေးသူသည် ထိုကဲ့သို့ သောသိမ်ငယ်စိတ်နှင့်ခရီးသွားရသည်ကို လုံးဝ လိုလားခြင်း မရှိသောကြောင့် ကိုယ်တိုင်ကလည်း ၎င်းတို့နိုင်ငံကို တရား ၀င်လာခြင်းဖြစ်သောကြောင့် ပြောဆို လုပ်ကိုင် သွားလာစရာရှိသည် ကို ပုံမှန် အတိုင်းသာ ဆောင်ရွက်လျှက်ရှိပါသည်။

ထို့ကြောင့် ပင်လားမသိ စာရေးသူ ထိုင်းနိုင်ငံတွင် နေထိုင်စဉ် ကာလတစ်လျှောက် ပြဿနာများ စွာ ကခဏ ခဏ အလည်ရောက်လာလျှက်ရှိပေသည်။ မိမိကိုယ် ကို နှင့် မိမိလူမျိုး အများစုကိုပြန်လည်သုံးသပ်ကြည့်
သောအခါတွင်လည်း အထင်သေးစရာ ရန်ပြုစရာဟူ ၍ မတွေ့ရပဲ ရိုးရိုးရှင်းရှင်း သာမြင်မိပါသည်။မိမိတို့သည် ရိုးသား ကြီုးစား ကြပြီးအခြားလူမျိုး နှင့် နိုင်ငံ သားများအပေါ် အဆိုးမြင် ရန်လုပ်စရာများရှိမနေကြပါ။ဆင်းရဲ
ဲခြင်း၊ချမ်းသာ ခြင်းဆိုသည်မှာ တိုင်းပြည်၏ ပစ္စက္ခအခြေအနေနှင့် လူတဦးချင်းစီ၏ တသီး ပုဂ္ဂလ ဘ၀ အခြေ
အနေများနှင့် များစွာသက်ဆိုင်မှုရှိပါသည်။ယနေ့ စာရေး သူတို့ နိုင်ငံသား အများစုဆင်းရဲနေကြခြင်းမှာ ပျင်း၍ ဆင်းရဲ နေသည် မဟုတ်ကြောင်း မိမိတို့ကိုယ်တိုင်ရော သူတို့ နိုင်ငံသားများပါသိနေကြပါ သည်။

တချိန်သောကာလ က တိုက်ခိုက်သိမ်းပိုက် ခဲ့ သည်ဆိုသည်မှာလည်းယင်းခေတ် အခြေအနေ၏ ယဉ်ကျေးမှု တစ်ခုသာဖြစ်ပါသည်။ပဒေသရာဇ် စနစ်အရစစ်အင်အားကြီးသူက ငယ်သူအပေါ် တိုက်ခိုက် သိမ်းပိုက်ခြင်း၊ ကျွန်ပြုသစ္စာခံခိုင်းခြင်းများသည် မထူးဆန်းလှသော ကိစ္စရပ်များ ဖြစ်ပါသည်။စာရေးသူုတို့နိုင်ငံသည်လည်း သူတပါးတို့၏ ကျွန်ပြုမှုကို ခံခဲ့ရသည်သာဖြစ်ပါသည်။ဖြစ်ရိုးဖြစ်စဉ် အတိတ်ဖြစ်ရပ်များကို ခံစားမှု ကြီး စွာဖြင့်
ပြုမူဆောင်ရွက်နေလျှင် ပစ္စုပ္ပန်မှာ မှန်ကန်သော ရလဒ် များ ထွက်ပေါ်လာမည်မဟုတ်ပေ၊ ခြုံ၍ပြောရလျှင်
စာရေးသူတို့ မြန်မာလူမျိုးများသည် သူတို့ ထင်ထားသလို အထင်သေးစရာ သူတို့ ရန်လုပ်စရာ ကိစ္စရပ်များ ရှိမနေပါ။ထို့ကြောင့်စာရေးသူသည် သူတို့၏ စိတ်ခံစားမှု ထင်မြင်မှုများကို သူတို့ ကိစ္စဟုသာသဘောထားပြီး အရေးတယူ ဂရုစိုက် တုန့်ပြန်မနေပဲ ပုံမှန်သာ သွားလာ လုပ်ကိုင်ဆောင်ရွက်လေ့ ရှိပါသည်။ စာရေးသူတို့ စီးလာသောကားသည် နောက်တစ်နေ့ မနက် လေးနာရီ ခန့်တွင်တာ့ခ် ခရိုင် ဟူသော ဆိုင်းဘုတ်နား သို့ ရောက်ရှိလာပါသည်။

မဲ ဆောက်သည် တာ့ခရိုင်အတွင်းရှိသည်ကို သိထားသောကြောင့် ရောက်ဖို့ ရန် သိပ်မဝေးတော့ဟုခန့်မှန်း မိပါသည်။ ဆိုင်းဘုတ်နှင့် အတန်ငယ် ဝေးသောနေရာသို့ ရောက်သောအခါချက်ပွိုင့် ခေါ် စစ်ဆေးရေးဂိတ်ကြီး
တစ် ခု ကိုတွေ့ရပါသည်။ မိမိတို့ကားလည်း ထိုနေရာ၌ ထိုးရပ်လိုက်ပါသည်။ ထိုင်းရဲသုံးယောက်ခန့် တက်
လာပြီး နိုင်ငံသားစိစစ်ရေး ကဒ် မရှိသူများအောက်ဆင်းရန် ပြောလာပါသည်။အချို့ ရဲများက ဆေးရုံတွင် ဆရာဝန် သူနာပြုများစွပ်သည့် ခေါင်းစွပ်များ စွပ်ထားသည်ကို တွေ့ရပါသည်။စာရေး သူဘေးတွင်လိုက်ပါလာသော မြန်မာ ဒကာ က ဦးဇင်းရေ တပည့်တော် တော့ ဆင်းရတော့မယ်ဟုပြော၍ နှုတ်ဆက်ကာ ဆင်းသွားပါသည်။
ကား ပေါ်တွင် ခရီးသည် သုံးပုံ တပုံခန့်သာကျန်ခဲ့ ပြီး လွန်စွာ ချောင်သွားပါသည်။ စာရေးသူလည်း ထိုအခါကျမှ မြန်မာလူမျိုး များစွာ ပါလာကြောင်းသိလိုက်ရ ပါသည်။ ထိုစဉ် ထိုင်းရဲတစ်ယောက်က ကားအတွင်းကျန်ရှိ
နေသော ခရီးသည်များကိုတရားဝင်ခရီးသွား အထောက်အထား ရှိမရှိ လိုက်လံ စစ်ဆေးနေပါသည်။

စာရေးသူကိုတော့ ဘုန်းကြီးဖြစ်နေ ခြင်းနှင့် ထိုင်းသင်္ကန်း ၀တ်ထား၍ထိုင်းဘုန်းကြီးပုံစံဖြစ် နေသောကြောင့် စစ်ဆေးခြင်း မရှိပေ။သို့သော်စာရေးသူ ထိုင်ခုန်ရှေ့တွင် ရှိသော စောစော ကထိုင်ခုန် ကိစ္စအတွက် လှမ်း ၍
ရန်လုပ်ခဲ့သော ဒကာသည် စစ်ဆေးနေသော ထိုင်းရဲအား စာရေးသူကို ပါစစ်ဆေးရန်မျက်လုံး နှင့် လှမ်း ၍အချက်ပြနေလေသည်။ စာရေးသူက မသိခြင်ယောင်ဆောင်၍ ခပ်တည်တည်ပင်ထိုင်နေလိုက်ပါသည်။
၎င်းကမျက်လုံးနှင့် အချက်ပြသည်ကိုထိုင်းရဲက မမြင်ဟန်ရှိသောအခါလက်ထဲတွင် ကိုင်ထားသော နှာရှူ
ဘူးလေးကို အောက်သို့ မသိမသာလွှတ်ချလိုက်ပါသည်။နှာရှူဘူး ကျသံ ကြားလိုက်၍ ထိုင်းရဲက သူ့ ကိုသတိ
ထား၍သေချာ ကြည့်လိုက်ပါသည်။ သူကလည်း စာရေးသူကို လှမ်း၍ မျက်လုံးနှင့်သာ မကမေးနှင့်ပါ ထိုး၍ စစ်ဆေးရန် ချက်ပြလိုက်ပါသည်။

စာရေးသူလည်း ဒီတခါတော့ကျိန်းသေ လာရောက်စစ်ဆေးတော့မည်ဟု တွက်ထားလိုက်ပါသည်။သို့သော်
ထိုင်းရဲသည် သူ့ကိုတချက၊် စာရေးသူကို တချက် လှမ်းကြည့်လိုက်ပြီးစာရေးသူထံ ရောက်မလာပဲ အခြားသူများ
ကိုသာ ဆက်လက် စစ်ဆေးနေပါသည်။ လူစုံအောင်စစ်ဆေးပြီးသောအခါ အောက်သို့ ဆင်းသွားပါတော့
သည်။သို့သော် စောစော ဒကာသည်လုံးဝ မကျေနပ်သေးပဲ သူကိုယ်တိုင် အောက်ကိုဆင်းလိုက်သွားပြီး ရဲတစ
်ယောက်ကို သွားရောက်ပြောကြားလိုက်ပါသည်။ထိုသို့ ပြောဆိုနေရင်း စာရေးသူရှိရာ ထိုင်ခုန်နေရာသို့ လက်ညှိုးထိုးနေသည်ကိုတွေ့ နေရပါသည်။ သို့သော် ထိုင်းရဲများသည် မြန်မာလူမျိုးများပါလာသောကုန်ပစ္စည်း များ ၊အခြားသောစစ်ဆေးဖွယ်ရာများဖြင့် အလုပ်ရှုပ်နေကြ၍ကားပေါ်သို့ မည်သူမှ တက်မလာတော့ပေ။

၎င်း ဒကာသည် မကျေမနပ် အမူ အရာနှင့်ကားပေါ်ပြန်တက်လာပြီး စာရေးသူကိုတချက်လှမ်းကြည့်လိုက်ပါ သည်။ ထို့နောက်စာရေးသူထိုင်ခုန်ရှေ့တွင် မထိုင်တော့ပဲ လေးငါး ခုန်ကျော် သို့ နေရာပြောင်း၍ ထိုင်လိုက်
ပါသည်။ စာရေးသူသည် ၎င်းကိစ္စ နှင့်ပတ်သက်၍ ဘာကြောင့်ထိုသို့ ရန်ငြိုးထားရကြောင်းကို သုံးသပ်
စဉ်းစားနေမိပါသည်။ပုဂ္ဂိုလ်ရေးအရ မိမိနှင့်သိကျွမ်းခဲ့ ခြင်း ရန်ဖြစ်ထားခဲ့ခြင်း မရှိသူတစ်ယောက်က မိမိအပေါ် ဤ ကဲသို့ရန်လို ပြဿနာရှာ ခြင်းသည် ရဟန်းသံဃာဖြစ်သောမိမိအနေဖြင့် မေတ္တာဓာတ်အားနည်း၍ ထိုသို့ ဖြစ်နိုင်ကြောင်း စဉ်စားမိပါသည်။ဤသည်က မိမိ၏ပုဂ္ဂိုလ်ရေးအားနည်းချက်ကို သုံးသပ်မိခြင်းဖြစ်ပါသည်။
ခရီးစဉ်တိုင်း၌ ရတနာသုံးပါးနှင့် မေတ္တာ စွမ်းအားများကို အသုံးပြု၍ သွားလေ့ရှိသော်လည်း မိမိ၏ စရဏ
အားများ လိုအပ်နေသောကြောင့်သာ ထိုသို့ ဖြစ်ရကြောင်း နားလည်မိပါသည်။အခြားသော ပြင်ပ အကြောင်း
အရာများကို သုံးသပ်ရလျှင် ထိုင်းလူမျိုးတို့သည် အခြားနိုင်ငံနှင့် လူမျိုးများအပေါ် ဆက်ဆံရာ၌ အထင်သေးခြင်း အထင်ကြီးခြင်း ကိစ္စတို့တွင် အစွန်းရောက်လွန်းသည်ဟု ထင်မြင်မိပါသည်။

ဖွံ့ဖြိုး သောနိုင်ငံမှ လာသောနိုင်ငံသားများကို ပုဂ္ဂိုရေး အရမည်မျှနိမ့် ကျနေသည်ဖြစ်စေ အထင်ကြီးစွာ ဆက်
ဆံတတ်ပါသည်။ဆင်းရဲသောနိုင်ငံများမှ လူများကိုမူ အထင်သေးစွာ ဆက်ဆံ တတ်ပါသည်။စာရေးသူတို့ မြန်မာ နိုင်ငံသာများကိုတော့ ဆင်းရဲသော နိုင်ငံသားများ ဖြစ်သည့် အပြင် သူတို့သမိုင်းတလျှောက်လုံးတွင် သူတို့ကို တိုက်ခိုက် သိမ်းပိုက်အောင်မြင်ခဲ့သောတခုတည်းသော နိုင်ငံဖြစ်သောကြောင့် အထင်သေးခြင်း အပြင်မုန်းတီး၊
ရွံရှာခြင်းများက ထပ်ဆင့် ပိုကဲနေပေသည်။သူတို့ နိုင်ငံ တွင် ကလေးသူငယ်များကိုသင်ကြားပေးသော ကျောင်း သုံးစာအုပ်များနှင့်ရုပ်ရှင်၊ဗီဒိယို၊စာပေတို့တွင် လည်း တချိန်သော သမိုင်းကာလက မြန်မာတို့၏ရက်စက်ဆိုးရွား
ပုံ ။ကြမ်း တမ်း မိုက်မဲ ပုံတို့ ကို များစွာ သင်ကြားဝါဒဖြန့်လျှက် ရှိနေကြပေသည်။ ပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊
အဖွဲအစည်း ၊လူမျိုးနှင့်နိုင်ငံအလိုက်ဖြစ်စေ အချင်းချင်း ယှဉ်ပြိုင်ကြရာ၌ မိမိက အင်အားကြီး၍အသာရသည့် အခိုက် အရသာရှိ၍ ကောင်းမွန်သည် ထင်ရသော်လည်း သမိုင်းတပတ်လည်၍မိမိအင်အားနည်းချိန်ရောက်
သည့် အခါ ထိုဆိုးမွေများကို မျိုးဆက်သစ်တို့ခံရ နိုင်ကြောင်း သိမြင်နားလည်မိပါသည်။

ထို့ကြောင့်စာရေးသူသည် ရင်ထဲမှလှိုက်လှဲစွာ ဆန္ဒပြုမိပါသည်။ မည်သည့် သမိုင်းခေတ်ကာလမဆို၊
မည်သို့သော အခြေအနေ၌ မဆို အင်အားကြီးသူများ တရားမျှတမှုကို လက်ကိုင်ထားနိုင်ကြပါစေ။အင်အား
နည်းသူများ တရားမျှတမှု၏ စောင့်ရှောက်မှုကိုခံယူရရှိနိုင်ကြပါစေ။ မိမိတို့ လက်တွေ့ ရင်ဆိုင်ကြုံတွေ့နေရ
သောထိုင်းလူမျိုးတို့နှင့်လည်း ပြဿနာများ ပြေလည်စေရန်အခါခါဆန္ဒပြုမိပါသည်။သူတို့၏ရန်ငြိုးများ အမြန်ဆုံး ပြေပြောက်ပါစေတော့မိမိတို့ကလည်း နောက်တဖန် ရန်ပြုလိုခြင်း များ မရှိရပါစေနဲ့တော့ "ရန် ကိုရန်ချင်း တုန့်ပြန်ခြင်းဖြင့် ရန်တို့သည် မငြိမ်း နိုင်ကုန်၊ရန်ကိုရန်ချင်း မတုန့်ပြန်မှသာ ရန်တို့သည်ငြိမ်းနိုင်ကုန်၏ ဟူသော မြတ်ဗုဒ္ဓ ၏ ဒေသနာတော်ကို ဘုရားရှင်၏ တပည့်သားများဖြစ်သော မိမိတို့လူမျိုးများရော သူတို့ လူမျိုးများပါ အမြဲ ကျင့်သုံ နိုင်ကြပါစေဟု လေးလေးနက်နက် ဆန္ဒ ပြုလိုက်ရပါ၏။

ဂန္ထလုလင်( ဘိုကလေး)

Wednesday, February 11, 2009

ထိုင်းနိုင်ငံရောက် အမှတ်တရ ဖြစ်ရပ်များ(၃)

၂၀၀၆ ခုနှစ် ထိုင်းနိုင်ငံ ခရီုးစဉ် ။
စာရေးသူသည် (၂၀၀၆)ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် ဗဟန်းမြို့နယ်၊ ငါးလိပ်ပြာကန်ကျောင်းတိုက်မှ ဆရာ တော် ဦးသူရိယ၊ စမ်းချောင်းမြို့နယ်၊ ဗားကရာတိုက်မှ ဆရာတော် ဦပညာဝံသတို့နှင့်အတူ ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ် ခရီးကြွချီလာခြင်း ဖြစ်ပါသည်။ ညနေသုံးနာရီခန့်တွင် (Bangkok Air way)လေကြောင်း

ခရီးစဉ်ဖြင့် မြန်မာနိုင်ငံ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွါလာခဲ့ရာ ညနေ(၄)နာရီခန့်တွင် ထိုင်းနိုင်ငံ စုဝန်နဘုံမိ လေဆိပ်သို့ ဆိုက် ရောက်ခဲ့ပါသည်။

လေယာဉ်ဆိုက်ရောက်သည်နှင့် စာရေးသူတို့ ရဟန်းတော်များအား သီးသန့်ဘတ်စ်ကားငယ်လေးဖြင့် လာရောက် ပင့်ဆောင်ပါသည်။ အခြားခရီးသည်များကိုမူ ပုံမှန် ဘတ်စ်ကားကြီးဖြင့် ခေါ်ဆောင်ကြသည်။ စာရေးသူတို့ ကို ပင့်ဆောင် လာသော ဒကာသည် လူဝင်မှူးကြီးကြပ်ရေးဌာနတွင်လည်း တန်းမစီစေပဲ
ထိုင်းနိုင်ငံအတွင်း အ၀င်တံဆိပ်တုံးကို လျှင် မြန်စွာ ဆောင်ရွက်ပေးပါသည်။ ထို့နောက် လာကြိုသော ဒကာများ ရှိသလားဟု မေးမြန်းပါသည်။ လာကြိုသော ဒကာမရှိ ကြောင်းပြန်ပြောသောအခါ ကားငှားရမည့်နေရာသို့ ၎င်းကိုယ်တိုင် လိုက်ပို့ပါသည်။

လိုက်ပို့သောဒကာသည် အင်္ဂလိပ်စကား အနည်းငယ်ပြောတတ်သောကြောင့် လွန်စွာအဆင်ပြေလှပါသည်။ စာရေးသူ တို့ သွားရောက်ရမည့် နေရာသည် မဟာချိုင် ဖြစ်သောကြောင့် ကားခအဖြစ် ဘတ်(၆၀၀)ပေးရ
မည်ဟု ပြောပါသည်။ ခရီး စဉ်နေရာနှင့် ကျသင့်ငွေများကို စီစဉ်ထားသော ကတ်တလောက်ကို ထုတ်ပြ၍
ပြောခြင်းဖြစ်ပါသည်။ လေဆိပ်မှ ထွက်ခွါ လာပြီး မကြာမီမှာပင် ဟိုင်းဝေးလမ်းမကြီးဆီသို့ ရောက်ရှိလာပါသည်။ ယင်းဟိုင်းဝေးလမ်းမကြီးသည် လွန်စွာရှည်လျားလှ ပြီး ဂုန်းကျော်တံတား ပုံစံတည်ဆောက်ထားခြင်း
ဖြစ်ပါသည်။

၎င်းဂုန်းကျော်တံတားများသည် ထိုင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘန်ကောက်မြို့ ၏ ကျက်သရေရှိမှုကို ဖော်ပြနေသ ကဲ့သို့ ရှိနေပါသည်။ ယင်းဂုန်းကျော်တံတားအတိုင်း မောင်းနှင်လာစဉ် ဦးပညာဝံသ က
တပည့်တော်က မြန်မာပြည်မှာ ရှိ တဲ့ ဗိုလ်မြတ်ထွန်းတံတားတို့ သန်လျင်တံတားတို့ကို အတော်ရှည်လှပြီ ထင်နေတာ အခုဒီတံတားတွေ တွေ့ လိုက်တော့ မှပဲ ကိုယ့်ဆီက တံတားတွေက အတော်တိုနေသေးပါလား
ဆိုတာ သိလိုက်ရတယ်ဟု အံ့သြစွာ ပြောဆိုပါသည်။ ဟုတ် လည်း ဟုတ်ပေသည်။ စာရေးသူတို့ စီးလာသော
ကားမှာ ဟိုက်စပိ အမြန်နှုံးဖြင့် မောင်းနှင်လာသည့်တိုင် (၄၅) မိနစ်ခန့်  ကြာမှ ဟိုက်ဝေး ဂုန်းကျော်တံတား ဆုံးလေသည်။

ဟိုက်ဝေး ဂုန်းကျော်တံတားကို ဖြတ်သန်းလာစဉ် လမ်းအသုံးပြုခအဖြစ် နှစ်နေရာကို ထိုင်းဘတ်ငွေ (၆၀)ပေးရပါ သည်။ စာရေးသူတို့ စီးလာသောကားမှာ သာမန် တက္က စီ မီတာသုံးကား မဟုတ်ပဲ သီးသန့် ပရိုက်ဗိတ်
ကားဖြစ်ပါသည်။ ထို့ကြောင့်ပင် ကားခကို သာမန်ထက်ပို၍ ပေးရခြင်းဖြစ်ပါသည်။ အမှန်တကယ်တော့ ဂုဏ်
လုပ်လို၍ ယင်းကားကို ဌားခဲ့ ခြင်းမဟုတ်ပဲ တက္ကစီကားထက် ပရိုက်ဗိတ်ကားက ဈေးပိုကြီးသည်ကို မသိခြင်း၊ ကျယ်ဝန်းလှသော လေဆိပ်ကြီးအတွင်း တက္ကစီကားကို မည်သည့်နေရာ၌ ငှားရသည်ကို မသိခြင်းတို့ကြောင့် အလွယ်တကူ ရှာတွေ့သော ပရိုက်ဗိတ်ကားကိုသာ ငှားခဲ့ရခြင်း ဖြစ်ပါသည်။

ဘန်ကောက်လေဆိပ်မှ တစ်နာရီကျော်ခန့် မောင်းပြီးသောအခါ စမွတ်စခွန်ခရိုင်၊ မဟာချိုင်မြို့သို့ ရောက်ရှိ
လာပါ သည်။ ယင်းမြို့ စဖန်ထပ်ကျင်တံတားအနီး ၀ပ်ဟုန်ရပ်ကွက်ရှိ ကိုမင်းဇော်၊ မသုံးသုံး တို့အိမ်၌ ကားရပ
်စေပါသည်။၎င်း အိမ်သည် စာရေးသူ တို့နှင့် အတူပါလာသော ဆရာတော် ဦးသူရိယ၏ အမျိုးဒကာအိမ်ဖြစ်
သောကြောင့် ထိုနေရာတွင် ခေတ္တနားပြီး ညအိပ်သီတင်းသုံးဖို့နေရာကိုစဉ်စီရန် ဖြစ်ပါသည်။၎င်းရပ်ကွက်
အနီးရှိဝပ်ဟုန်ကျောင်းတိုက်တွင် စုံစမ်း ကြည့်သောအခါ ဆရာတော်ကြီးမှာ ဆေးရုံတက်နေသောကြောင့်
လက်ခံဖို့ ရန် မလွယ်ကူကြောင်း သိရပါသည်။ ထိုဝပ် ဟုန် ကျောင်းတိုက်ထဲတွင် မြန်မာ ဘုရားတစ်ဆူတည်
နေကြောင်းသိရ၍ လွန်စွာအံသြနေမိပါသည်။ ဘုရားတစ်ဆူတည် ဖို့ဆိုရန်မှာ ငွေအင်အား အလုပ်သမား
အင်အား အတော်ပြည့်စုံမှ ဖြစ်နိုင်သည့် အနေအထားကို စာရေးသူသိထားသော ကြောင့် ဆင်းရဲလှသော မြန်မာအလုပ်သမားများအနေဖြင့် မည်သို့ မည်ပုံ ဆောင်ရွက်ကြသလဲ ဆိုသည်ကိုလွန်ုစွာ စိတ် ၀င်စား
နေမိလေသည်။

စာရေးသူတို့ ရောက်ရှိချိန်သည် အနည်းငယ်စောနေသောကြောင့် နေထိုင် သီတင်းသုံးရန်အတွက် စီစဉ်
ဖို့ရန်ကိစ္စကို ဒကာများနှင့် တိုင်းပင်ရန်အတွက် စောင့်ဆိုင်းနေရပါသည်။ ညနေ(၆)နာရီခန့် ရောက်သောအခါ ဒကာ ကိုမောင်သန်း၊ ကိုဖကန်း၊ ကိုဝတုတ်၊ ကိုဝင်းရွှေ စသောဒကာများ ရောက်ရှိလာပါသည်။ယင်းဒကာ
များက၀ပ်ဟုန်မှ (၁၅)မိနစ်ခန့်ကား မောင်းရသော မူစီရပ်ကွက်ရှိ ၀ပ်ထက်ကျောင်းတိုက်ဆရာတော်ထံ လိုက်ပါ လျှောက်ထားပေးပါသည်။

ဆရာတော်က အလွယ်တကူ လက်ခံသောကြောင့် ယခင်က မြန်မာဆရာတော် ဦးသြဘာသ သီတင်းသုံး သွားသော အခန်းတွင် နေထိုင်ခွင့်ရလေသည်။ အခန်းမှာ အတန်ငယ် ကျယ်ဝန်းသောကြောင့် စာရေးသူတို့ သုံးပါးအတွက် နေထိုင်ရ သည်မှာ အဆင်ပြေမှု ရှိလှပါသည်။ ဒကာကြီး ကိုမောင်သန်းမှာ ရဟန်းဘ၀က လူထွက်လာသူဖြစ်သောကြောင့် ရဟန်း တော်များနှင့် ဆက်ဆံရေးတွင် အဆင်ပြေလှပါသည်။ ကိုဝတုတ်မှာ ကားပိုင်ရှင်ဖြစ်သောကြောင့် ၎င်း၏ ကားဖြင့် မပင် မပန်း လိုက်ပို့နိုင်သောကြောင့် စာရေးသူတို့မှာ သွားရေး
လာရေးအတွက် လွယ်ကူစွာ သွားလာနိုင်ပြီး ဒကာကိုဝတုတ်ကို လွန်စွာ ကျေးဇူးတင်နေမိလေသည်။

၎င်း ဒကာကိုဝတုတ်၏ မိခင်မှာ ထားဝယ်အမျိုးသမီးဖြစ်၍ ဖခင်မှာ ယိုးဒယားလူမျိုးဖြစ်လေသည်။ထို့ကြောင့်
၎င်းမှာ ထိုင်းလူမျိုးနိုင်ငံသားကဒ် ကိုင်ဆောင်ထား၍ ထိုင်းအစိုးရစာသင်ကျောင်းတွင် အထက်တန်းထိ ကျောင်း
နေခဲ့ဘူးကြောင်း သိရလေသည်။ ကိုဝင်းရွှေ၊ ကိုဖကန်းတို့သည်လည်း စီးပွါးရေး အတန်အသင့် ပြေလည်
သူများဖြစ်၍ စာရေးသူတို့အား လို အပ်သည် မရှိရအောင်စီစဉ်ပေးကြလေသည်။ ညပိုင်းတွင် ရင်ငြိမ်းပန်း လူမ
ှုကူညီရေးအသင်းမှ အတွင်းရေးမှူးဖြစ်သူ ဒ ကာကြီးဦးတိုးနှင့် သားဖြစ်သူ ကိုဇေယျာမင်းတို့ လာရောက် စကား
ပြောကြလေသည်။ ဒကာကြီးဦးတိုးမှာ စကားပြောလွန် စွာ ယဉ်ကျေးသိမ်မွေ့ပြီး ပရဟိတနှင့် ဘာသာရေး စိတ်ထားလွန်စွာ ထက်သန်သူဖြစ်ကြောင်း သတိထားမိလေသည်။

နောက်တစ်နေ့ မနက် မိုးလင်းသောအခါ စာရေးသူတို့ သီတင်းသုံးသော ၀က်ထက်ကျောင်းနှင့်အနီးဆုံးတွင်
် နေထိုင် သော ဒကာကြီး ကိုမောင်သန်းမှ အာရုံဆွမ်းလာ ရောက်ကပ်လှူပါသည်။ ထိုင်းနိုင်ငံတွင်ရဟန်းသံဃာ များအား ဆွမ်းကိစ္စ စီစဉ်ရေးမှာ လွယ်သင့်ပါလျှက် မလွယ်ကူသော ကိစ္စဖြစ်လေသည်။ လွယ်သင့်ပါလျှက်
ဆိုရခြင်းမှာ စားစရာ အလွန်ပေါ သော နိုင်ငံ ဖြစ်ခြင်းကို ဆိုလိုပါသည်။ မလွယ်ကူသော ဟုဆိုရခြင်း လူအား
လုံးနီးပါးသည် မိုးလင်းသည်နှင့် မိမိတို့ သက် ဆိုင်ရာ လုပ်ငန်းများဆီသို့ အသီးသီးသွားရောက်ရသောကြောင့် ဖြစ်ပါသည်။ သူတစ်ပါးနိုင်ငံတွင် ရသမျှ အချိန်ကို အ မပေးနိုင်ပဲ စီးပွါးရေးကို ရှာဖွေနေရသောကြောင့် ရဟန်း
သံဃာ များအပေါ် ကြည်ညိုစိတ် ရှိကြသော်လည်း စိတ်ရှိတိုင်း ကြည်ညိုလှူဒါန်းခွင့်မရသော အခြေအနေတွင် ရှိနေရပါသည်။ှ
....................
ဆက်ရန်..................
ဦးဇင်း ဦးပဏ္ဍိတ -ဂန္ထလုလင်(ဘိုကလေး)

Tuesday, February 10, 2009

ဝေဖန်ရေးဓါးသွား(အယ်ဆိုင်းဇီ+အောင်သီဟ)

ဒီနေ့ဘာရယ်မဟုတ်..ဒီသီချင်းလေးနားထောင်နေမိတယ်။
ကဲကျွန်တော်နားထောင်သလို..သူငယ်ချင်းများလဲနားထောင်ကြည့်ပါအုံး..

ဝေဖန်ရေးဓါးသွား(အယ်ဆိုင်းဇီ+အောင်သီဟ)

ဒေါင်းမင်း

ဆုပ်ကိုင်မိတဲ့အလင်းတန်း(၂)ဇာတ်သိမ်း

ဘ၀ရဲ့အဓိပ္ပါယ်၊ဘ၀ရဲ့အနှစ်သာရ၊ဘ၀ရဲ့တန်ဖိုးဆိုတာဘာလဲ၊ဒီမေးခွန်းဒီအတွေးတွေဟာကျုပ်ရဲ့
စိတ်အစဉ်မှာအမြဲစိုးမိုးနေတယ် တစ်စုံတစ်ယောက်ကလာမေးလို့သိချင်တာမျိုးမဟုတ်ပဲကျုပ်ရဲ့
နှလုံးသားကျုပ်ရဲ့လေး.........................................................................................
...........................................................................
ဆိုင်ဝင်တွေ့လိုက်တယ်၊တစ်သက်သာဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားတွေနဲ့နှုတ်ဆက်သွားပြီးနောက်ကျုပ် သိလိုတဲ့အကြောင်းတွေကိုဆွေးနွေးမေးမြန်းလိုက်တယ်။
.......***********************************************...........................
“အရှင်မြတ်ရဲ့ဣနြေ္ဒဟာအလွန်ကြည်လင်ပါတယ်။အရောင်အဆင်းဟာလည်းသန့်ရှင်းစင်ကြယ်ခြင်း၊ဖြူစင်
တောက်ပခြင်းရှိပါတယ်။အရှင်မြတ်ဟာဘယ်ပုဂ္ဂိုလ်ကိုရည်ညွှန်းပြီးရဟန်းပြုပါသလဲအရှင်ဘုရားဟာဘယ်သူ
ပါလဲဘယ်သူ့တရားကိုအရှင်မြတ်နှစ်သက်ပါသလဲ”ကျုပ်တို့ခေတ်မှာတရားဓမ္မကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေ
တရားဓမ္မဆွေးနွေးကြတဲ့သာမဏေဗြဟ္မဏတွေကိုမေးမြန်းနေကျစကားအတိုင်းကျုပ်ကမထေရ်မြတ်ကိုမေးခွန်း တွေတရစပ်နဲ့မေးမြန်းလိုက်တယ်။

“ငါ့ရှင်ဒကာသာကီဝင်မင်းမျိုးကနေရဟန်းပြုတဲ့သာကီဝင်မင်းသားရဟန်းမင်းမြတ်ဆိုတာလောကမှာရှိနေ
တယ် ငါဟာဘုန်းတော်ကြီးမားတော်မူတဲ့အဲဒီရဟန်းမင်းမြတ်ကိုရည်ညွှန်းပြီးရဟန်းပြုခဲ့တယ်၊အဲဒီရဟန်း
မင်းမြတ်လို့ခေါ်တဲ့မြတ်ဗုဒ္ဓဟာငါ့ရဲ့ဆရာပဲ ငါဟာမြတ်ဗုဒ္ဓရဲ့တရားတော်ကိုနှစ်သက်ပါတယ်”အမေးနဲ့
လျော်ညီတဲ့လိုရင်းအဖြေကိုကြည်လင်အေးဆေးတဲ့အသံနဲ့မထေရ်အရှင်မြတ်ဖြေကြားလိုက်တယ်။

“အရှင်မြတ်ရဲ့ဆရာမြတ်ဗုဒ္ဓဟာဘယ်လိုအယူရှိပါသလဲဘယ်လိုတရားများကိုဟောကြားပါသလဲ”
“ငါ့သျှင်ဒကာငါဟာအခုမှမြတ်ဗုဒ္ဓရဲ့သာသနာတော်ကိုဝင်ရောက်စပဲရှိပါသေးတယ်။ရဟန်းပြုလို့မကြာသေး
တဲ့ရဟန်းသစ်ပဲရှိပါသေးတယ် ၊ငါဟာသင်ဒကာကိုအကျယ်အားဖြင့်တရားဟောဖို့မစွမ်းနိုင်ပါဘူးဒါပေမယ့်
အနက်သဘောသိရုံအကျဉ်းလောက်တော့ဟောနိုင်ပါတယ်။”

“အရှင်မြတ်ရယ်နည်းနည်းပဲဖြစ်ဖြစ်များများပဲဖြစ်ဖြစ်ဟောသာဟောပါအနက်အဓိပ္ပါယ်ကိုပဲကျွန်ုပ်လိုပါတယ်။
သဒ္ဒါတွေပုဒ်ဗျည်းတွေအလင်္ကာတွေတန်ဆာဆင်ပြီးဟောနေလို့ဘာအကျိုးရှိမှာလဲ။”

ကျုပ်တရားလိုလားတဲ့ဆန္ဒတွေစောနေတာကြောင့်ပြေပြစ်မှုကင်းတဲ့ကျုပ်ရဲ့စကားသံတွေကိုသတိပြုမိလိုက်
လို့မထေရ်မြတ်ကိုအားတုံ့အားနာနဲ့မော့ကြည့်လိုက်တယ်။မထေရ်အရှင်မြတ်ကတော့ဘယ်လိုမှစိတ်ငြိုငြင်
ခြင်းမရှိပဲသာယာအေးချမ်းတဲ့အသံနဲ့သူသိတဲ့တရားဓမ္မကိုမိန့်ကြားလိုက်ပါတယ်။
ယောဓမ္မာ ဟေတုပ္ပဘာဝါ တေသံဟေတုံ တထာဂတောအာဟ။
တေသဉ္စ ယောနိရောမာ ဧ၀ံဝါဒီ မဟာသမဏော။

ဆင်းရဲခြင်းအမှန်ဖြစ်တဲ့ခန္ဓာငါးပါး တေဘူမကတရားတွေဟာ တွယ်တာခြင်းသမုဒယတရားကြောင့်ဖြစ်တယ်။
အဲဒီဆင်းရဲခြင်းအမှန်တရားရယ်ဆင်းရဲခြင်းကိုဖြစ်စေတက်တဲ့သမုဒယတရားရယ်ကိုမြတ်ဗုဒ္ဓဟောတော်မူတယ်

ဆင်းရဲခြင်းတရားနဲ့ဆင်းရဲကြောင်းတရားကိုချုပ်စေတက်တဲ့ငြိမ်းအေးခြင်းတရားရယ် ၊ငြိမ်းအေးကြောင်းတရား
ရယ်ဆိုတာရှိတယ်။အဲဒီတရားနှစ်ပါးကိုလည်းမြတ်ဗုဒ္ဓဟော်တော်မူတယ်။

ငါတို့ဆရာမြတ်စွာဘုရားဟာဆင်းရဲခြင်းတရား၊ဆင်းရဲကြောင်းတရား၊ငြိမ်းအေးခြင်းတရား၊ငြိမ်းအေးကြောင်း
တရားလို့ခေါ်တဲ့ဓမ္မသဘာဝရဲ့အမှန်တရားလေးခုကိုယူခြင်းအလေ့ရှိတယ်။အဲဒီအယူအတိုင်းပဲအမြွတ်အား
ဖြင့်ဟောကြားတော်မူပါတယ်။

နှလုံးသားမှာဆူးဝင်နေတဲ့ဆူးတွေဆွဲထွင်နှုတ်ပစ်လိုက်သလိုကျုပ်ရဲ့အသိဥာဏ်ထဲနှလုံးသားထဲမှာဓမ္မရဲ့ပီတိ
ဓမ္မရဲ့အလင်းရောင်တွေဖြာဆင်းနေတော့တယ်၊တပြိုင်နက်ထဲမှာပဲဖြစ်ခြင်းသဘောရှိတဲ့တရားအလုံးစုံဟာ
ချုပ်ခြင်းသဘောရှိတယ်ဆိုတဲ့ကိလေသာအမြုအညစ်အကြေးကင်းတဲ့တရားမျက်စိသောတာပတ္တိဥာဏ်အမြင်
ဟာထင်ထင်ရှားရှားဖြစ်ပေါ်လာတော့တယ်။

ဒီတရားဟာကျုပ်ရှာဖွေနေတဲ့တရားပဲ သေခြင်းစိုးရိမ်ခြင်းကင်းတဲ့အမြိုက်နိဗ္ဗာန်တရားပဲဒီတရားကိုမသိပဲကျုပ်
တို့ဟာဘ၀ပေါင်းအသင်္ချေ၊အသင်္ချာကမ္ဘာပေါင်းကုဋေကုဋာမကကျော်လွန်ခဲ့ကြတယ်။

မိတ်ဆွေကြီးကောလိတထံကတိအတိုင်းကျုပ်သိထားတဲ့မသေရာတရားကိုပြောပြဖို့ရောက်လာခဲ့တယ်။
“ဟင်မိတ်ဆွေဥပတိဿ သင့်ရဲ့ရုပ်သွင်ဟာပြောင်းလဲလာပါလား၊ဣနြေ္ဒကလည်းတည်ငြိမ်လို့အဆင်းက
လည်းကြည်လင်လို့ဧကန္တတော့မသေရာအမြိုက်တရားကိုရခဲ့ပြီနဲ့တူတယ်”

“ဟုတ်တယ်မိတ်ဆွေကောလိတကျုပ် ကျုပ်သေခြင်းကင်းတဲ့အမြိုက်နိဗ္ဗာန်တရားကိုရခဲ့ပြီအခုမိတ်ဆွေကို
ပြောပြဖို့ကျုပ်လာခဲ့တာ”“ဒါနဲ့မိတ်ဆွေဘယ်ပုံဘယ်နည်းရခဲ့လဲဆိုတာပြောပြအုံးလေ”

ကျုပ်လည်းအဿဇိမထေရ်အရှင်မြတ်နဲ့တွေ့ဆုံခဲ့ပုံတရားနာခဲ့ပုံတွေကိုပြောပြီးကျုပ်သိထားတဲ့တရားကို
ပြန်လည်ဟောကြားလိုက်ပါတယ်။
ယောဓမ္မာ ဟေတုပ္ပဘာဝါ တေသံဟေတုံ တထာဂတောအာဟ။
တေသဉ္စ ယောနိရောမာ ဧ၀ံဝါဒီ မဟာသမဏော။


တရားတော်ကိုစူးစူးစိုက်စိုက်နာယူနေတဲ့ကောလိတရဲ့သွင်ပြင်ဟာချက်ချင်းပြောင်းလဲသွားတယ်။သူ့ရဲ့
ပါရမီ၊သူရဲ့တရားလိုလားမှု ၊သူ့ရဲ့လေးနက်စွာနာယူမှုတွေကြောင့်ကျုပ်သိမြင်ထားတဲ့ဂါထာတပုဒ်ကိုနာယူ
ခွင့်ရလိုက်တာနဲ့ကိလေသာအမြူအညစ်အကြေးကင်းတဲ့တရားမျက်စိသောတာပတ္တိဥာဏ်အမြင်ဟာထင်း
လင်း စွာဖြစ်ပေါ်သွားခဲ့ပါတယ်။

“ဥပတိဿရယ်ဒါကျုပ်တို့ရှာနေတဲ့တရားပဲပေါ့ကျုပ်တို့တွေဟာဒီတရားကိုမသိပဲကဗ္ဘာပေါင်းများစွာ၊
ဘ၀ပေါင်းများစွာကျော်လွန်ခဲ့ကြတာလေ။အခုကျုပ်တို့သိရပြီလေ ကျုပ်တို့ကသိရပြီဥပတိဿရယ်။”

သူဟာဝမ်းသာလှိုက်လှဲတဲ့အသံနဲ့ကျုပ်ကိုပြောပြနေပါတယ်။“ကဲမိတ်ဆွေကောလိတကျုပ်တို့မြတ်စွာဘုရား
ထံသွားကြရအောင် မြတ်စွာဘုရားဟာကျုပ်တို့ရဲ့ဆရာအစစ်ကျေးဇူးရှင်အစစ်ပဲ။

မြတ်ဗုဒ္ဓရဲ့ကျောင်းတော်ကိုကျုပ်တို့မရောက်မီခပ်လှမ်းလှမ်းမှာပဲမြတ်ဗုဒ္ဓကကျုပ်တို့ကိုဗျာဒိတ်စကားမိန့်ကြား
တော်မူပါတယ်။“ရဟန်းတို့ယခုလာနေတဲ့ကောလိတနဲ့ဥပတိဿအဆွေခင်ပွန်းနှစ်ယောက်ဟာငါဘုရား
ရဲ့အဂ္ဂသာဝကအစုံဖြစ်လိမ့်မယ်”

အဲဒီနောက်မှာတော့ကျုပ်တို့ဟာမြတ်စွာဘုရားထံမှာရဟန်းပြုခွင့်တောင်းပြီမြတ်ဗုဒ္ဓရဲ့ဧဟိဘိက္ခုရဟန်းများ
ဖြစ်လာခဲ့တယ်။

ကျုပ်တို့ဟာဘ၀ဒုက္ခရဲ့ချုပ်ငြိမ်းရာဘ၀ရဲ့သေခြင်းကင်းရာနိဗ္ဗာန်တရားကိုလည်းရခဲ့ကြပြီ။လင်္ကျာရံအဂ္ဂသာဝကကြီးအရှင်သာရိပုတ္တရာဖြစ်လာခဲ့တယ်။ကောလိတဆိုရင်လည်းတန်ခိုးအရာမှာအသာဆုံးဧတဒဂ်ဘွဲ့ရခဲ့ပြီး
လက်ဝဲရံအဂ္ဂသာဝကအရှင်မောဂ္ဂလာန်ရယ်လို့ဖြစ်လာခဲ့တယ်။ကျုပ်တို့အဂ္ဂသာဝကကြီးနှစ်ပါးဟာလောက
သားတို့ရဲ့အကျိုးသာသနာတော်ရဲ့အကျိုးများကိုထမ်းဆောင်ခွင့်ရခဲ့ပြီး ကျုပ်တို့သိရှိနားလည်ဆုပ်ကိုင်မိ
လိုက်တဲ့ဘ၀ရဲ့အဓိပ္ပါယ်ဟာအေးချမ်းခြင်း လေးနက်ခြင်း အတိနဲ့ပြည့်စုံနေတော့တယ်။

(၀န်ခံချက်)၀ိ-၃၊နှာ-၅၀)သာရိပုတ္တမောဂ္ဂလာန ပပ္ပဇ္ဇကတာကိုတန်ဆာဆင်ရေးဖွဲ့ခြင်းဖြစ်ပါသည်။
ဦးဇင်း ဦးပဏ္ဍိတ -ဂန္ထလုလင်(ဘိုကလေး)
ရေးသားချိန်--၁၈.၁၁.၂၀၀၁
ပြီးပါပြီ။ ။

Sunday, February 8, 2009

ဆုပ်ကိုင်မိတဲ့အလင်းတန်း(၁)

ဘ၀ရဲ့အဓိပ္ပါယ်ဘ၀ရဲ့အနှစ်သာရ၊ဘ၀ရဲ့တန်ဖိုးဆိုတာဘာလဲ၊ဒီမေးခွန်း ဒီအတွေးတွေဟာကျုပ်ရဲ့စိတ်အစဉ်
မှာအမြဲစိုးမိုးနေတယ် တစ်စုံတစ်ယောက်ကလာမေးလို့သိခြင်တာမျိုးမဟုတ်ပဲကျုပ်ရဲ့နှလုံးသားကျုပ်ရဲ့လေး
နက်တဲ့အသိတွေကလှုံဆော်ပြီးသိခြင်တဲ့မေးခွန်းမျိုး ဟုတ်တယ်လူ့ဘ၀ကြီးကိုလေးလေးနက်နက်တွေးကြည့်
ရင်ကြောက်ဖို့ကောင်းသလိုစက်ဆုပ်ဖို့လည်းကောင်းတယ်။လူ့ဘ၀ရဲ့အနှစ်သာရဟာဘယ်မှာရှာလို့မရနိုင်ပဲ
အနှစ်သာရကင်းတဲ့အမြင်မျိုးတွေကိုပဲကျုပ်မြင်နေမိတယ်။

ဘ၀တစ်ခုရဲ့ဖြစ်တည်မှုကိုကြည့်လိုက်ရင်လည်းမွေးဖွားခြင်းနုနယ်ခြင်း၊ပျိုမျစ်ခြင်း၊ရင့်ရော်အိုမင်းခြင်း၊သေဆုံး
ခြင်းဒီလိုပြောင်းလဲမှုတွေနဲ့လုံးလည်လိုက်နေတယ်။လူတစ်ယောက်ရဲ့ဘ၀မှာကုန်ဆုံးသွားရတဲ့အချိန်တွေကို
ကြည့်မလား၊စားချိန် ၊အိပ်ချိန်၊ရေချိုးသန့်စင် ဖြီးလိမ်းချိန်၊ကျင်ကြီးကျင်ငယ်စွန့်ချိန်၊စားဝတ်နေရေးအတွက်
ရုန်းကန်လှုပ်ရှားရချိန်၊မိတ်ဆွေရောင်းရင်းတွေရဲ့သာမှုနာမှုကိုသွားရချိန် ဒီလိုအချိန်တွေနဲ့ကုန်မှန်းမသိကုန်
နေရတယ်။ဘ၀ရဲ့စိတ်ခံစားမှုတွေကြည့်အုံးမလားငိုလိုက်ရ၊ရယ်လိုက်ရ၊ပျော်စရာနဲ့တွေ့ရင်ပျော်လိုက်ရ၊
စိတ်ညစ်စရာနဲ့တွေ့ရင်စိတ်ညစ်လိုက်ရ၊ချီးမွမ်းစရာရှိချီးမွမ်းလိုက်၊ကဲ့ရဲ့စရာရှိကဲ့ရဲ့လိုက်ဒါနဲ့ဘဲသေဖို့အချိန်
ကိုစောင့်ဆိုင်းနေကြရတယ်။ဘယ်မှာလဲဗျာဘ၀ရဲ့အဓိပ္ပါယ်ဆိုတာ။ ။

ဒီလိုဘ၀အပေါ်မှာရှု့မြင်သုံးသပ်ပုံချင်းကျုပ်နဲ့အမြင်တူတာဆိုလို့မိတ်ဆွေကြီးကောလိတတစ်ယောက်ပဲရှိတယ် ဒါကြောင့်လည်းကျုပ်ဟာမျိုးနွယ်တူပစ္စည်းဥစ္စာအဆင့်တန်းတူသူအားလုံးထဲကခွဲထွက်ပြီးမျိုးနွယ်ကွဲပြားနေတဲ့
ကောလိတနဲ့ပဲမိတ်ဆွေဖွဲ့ဖြစ်တယ်။သူနဲ့ကျုပ်မိတ်ဆွေဖွဲ့ပြီးမကြာခင်မှာပဲကျုပ်တို့နှစ်ယောက်လုံးအလိုရှိနေ
တဲ့ဘ၀ရဲ့အဖြေကိုရဖို့အတွက်တိုင်ပင်ကြတယ်။ကျုပ်စိတ်ထဲမှာရှိတဲ့အမြင်တွေကိုလည်းသူ့ကိုပွင့်ပွင့်လင်း
လင်းပဲဆွေးနွေးတိုင်ပင်လိုက်တယ်။

“ကျုပ်တို့အမျိုးအနွယ်တွေရဲ့လူ့တာဝန်ဆိုတာတွေကိုကြည့်လိုက်ရင်စိတ်တိုင်းကိုမကျနိုင်ဘူးဗျာ။ငယ်ရွယ်
စဉ်အချိန်တုန်းကလည်းပညာသင်ချိန်ဆိုပြီးပညာကိုအပတ်တကုတ်သင်ရ၊အရွယ်ရောက်လို့ပညာတက်တော့
လည်းဒီပညာနဲ့အသက်မွေးဝမ်းကျောင်းပြုဖို့ကြိုးစား ဒါကပညာနဲ့အသက်မွေးဝမ်းကျောင်းတဲ့သူတွေကိုပြော
တာနော်၊ကုန်သည်လယ်လုပ်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်အုံးမလား၊တစ်နှစ်လာလည်းကုန်သွယ်လယ်လုပ်၊နောင်
တစ်နှစ်လာလည်းကုန်သွယ်လယ်လုပ်၊ဟိုးနောင်နှစ်တွေလဲဒီအလုပ်ပဲလုပ်ရနဲ့ဒီလိုဆိုင်ရာအသက်မွေးဝမ်း
ကျောင်းလုပ်တွေကိုလုပ်ကိုင်ကြရင်းနဲ့အိမ်ထောင်ပြုကြ၊သားသမီးတွေမွေးဖွားကြ၊ပြီးတော့အဲဒီသားသမီးတွေ
ရဲ့မြေးမြစ်တွေရဲ့တာဝန်တွေကြားမှာဟိုကိစ္စအတွက်စိုးရိမ်ရ၊ဒီကိစ္စအတွက်ပူပန်ရနဲ့သောကပရိဒေ၀မီးတွေ
အပူလောင်ခံရင်းနဲ့ပဲအိုမင်းရင့်ရော်ကြရ၊အနာရောဂါဖိစီးနှိပ်စပ်မှုတွေခံကြရ၊သေဆုံးကြရနဲ့ဘ၀တစ်ခုကုန်ဆုံး ကြရတာမဟုတ်လား”

“ဟုတ်တယ်မိတ်ဆွေကြီးဥပတိဿအဲဒီလိုရရှိလာတဲ့လူဘ၀တစ်ခုမှာနစ်မျောရင်းအဓိပ္ပါယ်မဲ့သေဆုံးသွားကြ
တဲ့ကျုပ်တို့ရဲ့အဘိုးအဘေးတွေ ဘီဘင်တွေဟာ ကျုပ်တို့အတွက်သံဝေဂယူစရာပေါ့ဗျာ မိတ်ဆွေကြီး
ဥပတိဿစဉ်းစားမိသလိုကျုပ်လည်းစဉ်းစားမိတယ်။တကယ်တော့လူတွေဟာသြဇာအာဏာရှိဖို့ငွေကြေးဥစ္စာ
ကြွယ်ဝဖို့ပညာရှင်ကြီးဖြစ်ဖို့၊နာမည်ကြီးထင်ရှားကျော်ကြားဖို့ ကြိုးပမ်းအားထုတ်ကြရင်းနဲ့လောကရဲ့
ကာမဂုဏ်အာရုံတွေထဲမှာနစ်မျောပြီးသေမင်းခေါ်ချိန်ကိုစောင့်ဆိုင်းနေကြရတာပဲ။

တကယ်တော့ကျုပ်တို့တတွေရဲ့ဘ၀တွေကိုသုံးသပ်ဆင်ခြင်ကြည့်လိုက်ရင်ဘုရင်မဖြစ်ဘူးတဲ့သူ၊သူဌေး၊
သူကြွယ်မဖြစ်ဘူးတဲ့သူ၊ပညာရှိကြီးမဖြစ်ဘူးတဲ့သူနာမည်ဂုဏ်သတင်းမကျော်ကြားဘူးတဲ့သူရယ်လို့မရှိပါဘူး
ဗျာ။ဒါတွေဖြစ်ခဲ့ဘူးပါလျက်၊ကာမဂုဏ်အာရုံတွေကိုလည်းခံစားဘူးပါလျက်ဒီစက်ဆုပ်ဖွယ်ဘ၀ကြီးထဲမှာပဲထပ်
ပြီးကျင်လည်ကြရအုံးမယ်ဆိုရင်ကျုပ်တို့ဘ၀ကကောသေဆုံးသွားကြတဲ့ဘိုးဘေးဘီဘင်တွေလိုဘာအဓိပ္ပါယ်
ရှိအုံးမှာလဲ။”

“ဟုတ်တယ်ကောလိတ မိတ်ဆွေပြောတာကိုကျုပ်လက်ခံတယ် မိတ်ဆွေနဲ့ကျုပ်ဟာအယူအဆခြင်းအမြင်ခြင်း အတော်တူတာပဲဒီတော့ကျုပ်တစ်ခုပြောမယ်ဗျာလောကမှာအဖြူရှိရင်အမည်းရှိတယ်၊အမှောင်ရှိရင်အလင်းရှိ
တယ်၊အပူရှိရင်အအေးရှိတယ်မဟုတ်လား”“မိတ်ဆွေဥပတိဿဆိုလိုတာကဘ၀ရဲ့အနှစ်သာရမဲ့တဲ့သေ
ဆုံးတာရှိရင်အနှစ်သာရပြည့်ဝတဲ့ဘ၀ရဲ့အဖြေ မသေတရား ဆိုတာလည်းရှိရမည်လို့ပြောတာလား”

“ဟာသိပ်ဟုတ်တာပေါ့ကောလိတရယ်ဒါကြောင့်မိတ်ဆွေနဲ့ကျုပ်အမြင်ခြင်းတူတယ်လို့ပြောတာပေါ့”
ဒါကြောင့်လောကမှာရှိတဲ့မသေတရားကိုကျုပ်တို့ရှာကြမယ်၊ရှာကြမယ်ဆိုတော့အတူတူရှာလို့တော့မဖြစ်
ဘူးဗျ၊မိတ်ဆွေနဲ့ကျုပ်နေရာခွဲရှာမှဖြစ်မယ်မသေတရားကိုအရင်တွေ့တဲ့သူကမတွေ့သေးတဲ့သူကိုပြောကြေး
ပေါ့ဗျာ”“ကောင်းပြီဥပတိဿ ကျုပ်တို့ဒီနေရာကပဲလမ်းခွဲကြတာပေါ့”။

မိတ်ဆွေကောလိတနှင့်လမ်းခွဲပြီးနောက်အိပ်ချိန်နဲ့စားချိန်အပထားပြီးမသေတရားကိုကျုပ်ရှာခဲ့တယ်၊။ရက်
အနည်းအငယ်ကြာလာတဲ့အခါမှာကျုပ်လိုချင်တဲ့မသေတရားကိုရရှိမဲ့နေ့ရောက်လာခဲ့တယ်။

ရာဇဂြိုလ်မြို့ရဲ့လမ်းမပေါ်အရှိန်ရစပြုနေပြီဖြစ်တဲ့နေရောင်ခြည်ရဲ့အောက်မှာသာမဏအရှင်မြတ်တရားဆွမ်းခံ ကြွနေတာကိုကျုပ်မြင်လိုက်တယ်။ဝါ၀င်းတဲ့အသား၊ရိပ်သင်ပြီးစစိမ်းဖန့်နေတဲ့ဦးပြည်း၊သစ်ခေါက်ဆိုးသင်္ကန်း
ရောင်နဲ့မနှေးမမြန်ကြွလှမ်းနေတဲ့မထေရ်မြတ်ရဲ့ဣနြေ္ဒဟာကျုပ်ရဲ့မျက်လုံးကျုပ်ရဲ့စိတ်အာရုံအားလုံးကိုဆွဲငင်
သိမ်းကြုံးထားတယ်။

ပူလောင်မှုတွေရောစွက်နေတဲ့မွမ်းမံချယ်သမှုတွေရဲ့ဆွဲဆောင်မှုမျိုးမဟုတ်ပဲတကယ့်ရိုးရှင်းသန့်ပြန့်တဲ့ဆွဲ
ဆောင်မှု။

မျက်လွှာချလျက်မနှေးမလျင်ကြွလှမ်းနေတဲ့မထေရ်မြတ်ရဲ့ခြေလှမ်း၊ရှေ့ကိုတက်ခြင်း၊နောက်ကိုဆုတ်ခြင်း၊
တူရူကြည့်ခြင်း၊တစောင်းကြည့်ခြင်း၊ကွေးခြင်း၊ဆန့်ခြင်းတွေနဲ့ကျစ်လစ်သိပ်သည်းလှတဲ့မထေရ်မြတ်ရဲ့
ဣနြေ္ဒ၊လှုပ်ရှားမှုတိုင်းဟာကျုပ်ရဲ့နှလုံးသည်းပွတ်ကိုကိုင်လှုပ်နေသလိုတင့်တယ်သပ္ပါယ်လွန်းလှတယ်။

ကျစ်လစ်သိပ်သည်းတဲ့ဣနြေ္ဒတော်ကိုလူအများ အမြင်ကောင်းအောင်၊ကြည့်ရှုဖွယ်ဖြစ်အောင်ဟန်ဆောင်
ကြိုးစားပြုခြင်းမျိုးမဟုတ်ပဲတကယ့်အေးငြိမ်းတဲ့ဓမ္မနှလုံးသားကစိမ့်ထွက်ဖြာဆင်းလာတဲ့ဣနြေ္ဒမျိုးဆိုတာ
ကျုပ်အကဲခတ်သိမြင်လိုက်တယ်။မထေရ်မြတ်ရဲ့နောက်ကနေမသိမသာလိုက်လံအကဲခတ်ရင်းကျုပ်တွေးနေမိ
တယ်။

လောကမှာရှိနေကြတဲ့ရဟန္တာပုဂ္ဂိုလ်တွေမသေတရားကိုရရှိပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်တွေထဲမှာဒီအရှင်မြတ်ဟာ
တစ်ပါးအပါအ၀င်ဖြစ်လိမ့်မယ်။ဒီမထေရ်မြတ်ကိုငါသိချင်တဲ့အကြောင်းတွေမေးမြန်းရရင်သိပ်ကောင်းမှာပဲ။

ဟင်းဒါပေမယ့်မဖြစ်သေးပါဘူးလေမထေရ်အရှင်မြတ်ဟာအခုချိန်မှာမြို့ရွာတွင်းဆွမ်းခံဝင်တဲ့အချိန်ဖြစ်နေ
တယ်။မထေရ်မြတ်ရဲ့နောက်ကနေအစဉ်တစိုက်လိုက်သွားရရင်သိပ်ကောင်းမှာပဲ။

ဆွမ်းခံပြီးနောက်အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာတည်ငြိမ်စွာထိုင်နေတဲ့မထေရ်မြတ်ကိုကျုပ်မျက်နှာချင်း
ဆိုင်ဝင်တွေ့လိုက်တယ်၊တစ်သက်သာဝမ်းမြောက်ဖွယ်အမှတ်ရဖွယ်စကားတွေနဲ့နှုတ်ဆက်သွားပြီးနောက်ကျုပ် သိလိုတဲ့အကြောင်းတွေကိုဆွေးနွေးမေးမြန်းလိုက်တယ်။
..........................................................................................
ဦးဇင်း ဦးပဏ္ဍိတ -ဂန္ထလုလင်(ဘိုကလေး)
ဒုတိယပိုင်းတွင်..ဘာတွေဆွေးနွေးပြီးဘာတွေဖြစ်လာမလဲဆိုတာစောင့်မျှော်ဖတ်ရှုပါခင်ဗျာ......

ထိုင်းနိုင်ငံရောက် အမှတ်တရ ဖြစ်ရပ်များ(၂)

ထိုင်းနိုင်ငံရောက် အမှတ်တရ ဖြစ်ရပ်များ။
စေတနာကောင်းသော ထားဝယ်ဒကာမလေးများ။
၎င်းနှစ် ဖေဖော်ဝါရီလတွင် ရနောင်းမြို့မှ ဘန်ကောက်သို့ နောက်ဆုံး ခရီးစဉ်အဖြစ် ဘတ်စ် ကားဖြင့် ထွက်လာခဲ့ပါသည်။ ဦးဝရသာမိမှာ ရနောင်းမြို့ရှိဆွေမျိုးဒကာများ နှင့် ဆက် လက်နေထိုင်မည် ဖြစ်သောကြောင့် စာရေးသူနှင့် ဦမနောရမ္မ နှစ်ပါးသာ ဘန်ကောက်ကို ကြွရောက်ဖြစ်ခဲ့ပါသည်။ထိုင်းနိုင်ငံ ထုံးစံတွင် ဘတ်စကားစီးရာ၌ ရဟန်းတော်များကို ဒီ စကောင့်ခေါ် ဈေးလျှော့ပေးသော စနစ်ကိုကျင့်သုံပါသည်။ရနောင်းနှင့်ဘန်ကောက် ဘတ်စကားခ ဘတ်ငွေ (၃၆၀)ပေးရပါသည်။ ကားမှာနှစ်ထပ်ကားဖြစ်ပြီး လွန်စွာသက် တောင့် သက်သာရှိလှပါသည်။ လမ်းခရီးတနေရာ၌ နေ့လည်စာ စားရန်ခေတ္တ ရပ်နားပါ သည်။စားပြီးသည့်အခါ ထမင်းဖိုးပေးရန် ဘယ်လောက်ကျသလဲမေးသောအခါ ပေးစရာ မလိုကြောင်းသိရပါသည်။


သေချာစုံစမ်း ကြည့်သောအခါ ဘတ်စ်ကားခလက်မှတ်ဖိုးထဲ၌ ထမင်းဖိုးပါပြီးဖြစ် ကြောင်းသိရလေသည်။
ထိုင်းအစားအစာများမှာ မြန်မာစားစရာနှင့် အနည်းငယ်ကွာခြား မှုရှိပါသည်။အထူးသဖြင့် ၎င်းတို့ဟင်းချက်
ရာ၌ ဟင်းခတ် အမွှေးအကြိုင်များ ၊ရယ်ဒီ မိတ်ခေါ် အသင့်စီမံပြိး အမယ်များ ထည့်လေ့ရှိပါသည်။ထို့ကြောင့် ၎င်းတို့ဟင်းများတွင် အနံ့များ၊အချဉ်အစပ်များ စူးရှလေ့ရှိပြီး စာရေးသူတို့ မြန်မာလျှာ နှင့် သဟဇာတ သိပ်မ ဖြစ်လှပေ။

ယိုးဒယာဟင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ရောက်ဆရာတော်တစ်ပါးနှင့် စကား စပ်မိ၍ ပြောဆိုကြရာ ၎င်းက
“တပည့်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဟင်ချက်နည်းက ဒုတိယကမ္ဘာစစ်မတိုင်မီက ဟင်းချက်နည်း ဒီနေ့ထိ မပြောင်းမလည်း ဒီိတိုင်းပဲရှိနေတာ လေ သူတို့ဟင်းချက်နည်းက တဆင့်ပြီးတဆင့်တိုးတက်ပြောင်းလည်းလာ
ပြီ၊ဒီတော့ သူတို့ဟင်းချက်နည်းက ခေတ်မှီပြီး တပည့်တော် တို့လျှာက ခေတ်မမီတာနဲ့ စားလို့အရသာမတွေ့
တာ”ဟု ပြောပါသည်။ထမင်းဆိုင်တွင်ထမင်းစားရာ၌ ယိုးဒယားစကားကလည်း မတတ် ဟင်းကလည်း တော်တော်များများ စားလို့မရသည်ကများနေ၍ ခါဝို ဟူသောထမင်းနှင့် ခိုင်ဟူ သောကြက်ဥကျော်ကိုသာ မှာ၍ စားခဲ့နိုင်လေသည်။ကြက်ဥကြော်မှာ တခြားဟင်းခတ် အမွှေးအကြိုင်များ မထည့်ပဲ ဗမာကျော်နည်း နှင့် တူနေ၍ အဆင်ပြေစွာ ဘုန်းပေးနိုင်ခဲ့ လေသည်။

ရနောင်းမြို့မှ မနက်စောစောထွက်ခဲ့ပြီး ညနေ(၅)နာရီခန့်တွင် ဘန်ကောက်မြို့ ဘတ်စကားဂိတ်သို့ဆိုက်
ရောက်လေသည်။ဘတ်စကား ဂိတ်တွင် ဦးမနောရမ္မ၏ အသိ ထားဝယ်ဒကာမလေး မတင်ခိုင်က လာရောက်
်ကြိုဆိုနေပြီး ကားဂိတ်မှတဆင့် ဘန် ဘော်ဟူသောနေရာသို့ မတင်ခိုင်၏ ကြိုတင်စီစဉ်ထားမှုဖြင့် သွားရလေ
သည်။ ဘန်ဘော်တွင် မြန်မာလူမျိုး တော်တော်များများတွေ့ရပြီး အားလုံးမှာ ဟောင်းဟုခေါ်သောတိုက်ခန်း
များနှင့် နေထိုင်ကြပါသည်။စာရေးသူတို့အားလည်း အခန်းလွတ်တနေရာတွင် မတင်ခိုင်စီစဉ်ပေးထားသော
ကြောင့် အဆင်ပြေစွာ သီတင်းသုံးခွင့် ရလေသည်။အချို့ဒကာ ဒကာမလေးများက မြန်မာပြည်ကဘုန်းကြီး ကြွလာကြောင်း ကြားသိရ၍လာရောက် ၀တ်ပြုခြင်း၊လှူဒါန်းခြင်းများ ပြုကြလေသည်။

အချို့ဒကာများက မြန်မာ ဘုန်းကြီးများ အား ဗေဒင်ဟောတတ်သလားဟု လာရောက်မေးမြန်းလျှောက်ထား
ကြပါသည်။ စာရေးသူတို့က ဗေဒင်မဟောတတ်ကြောင်းနှင့် ဗေဒင်ဆိုသည်မှာ ထေရ၀ါဒ ဗုဒ္ဓ ဘာသာ
နှုင့် တခြားစီဖြစ်ကြောင် ဘတက်လမ်းကို ရှာဖွေကြရာတွင် ဗေဒင်ယတြာများကိုအားမကိုးသင့်ကြောင်း နှင့် မိမိ၏ လုံ့လ၀ီရိယစွမ်းအား၊ဥာဏ်စွမ်းအားများကိုသာအားကိုးသင့်ကြောင်းဟောပြောလမ်းညွှန်ပေးခဲ့ရ ပါသည်။ အချို့ဒကာများသည်ထိုင်းနိုင်ငံကိုရောက်လာသည်မှာနှစ်ပေါင်းနှစ်ဆယ်မျှလောက်ကြာ မြင့်နေပြီဖြစ်ကြောင်း
သိရပါသည်။

ထိုင်းနိုင်ငံသို့ရောက်လာရသည့် အကြောင်းရင်းများမှာတော့ တစ်ယောက်နှင့် တစ်ယောက် မတူညီကြပေ။
အချို့စီးပွါးရေး၊ အချို့ကပညာရေး ၊အချို့ကမိဘနှင့် အဆင် မပြေခြင်းစသော လူမှုရေး ၊အချို့ကနိုင်ငံရေး စသော ကိုယ်စီ မတူကွဲပြားအကြောင်း များကြောင့် ရောက်လာကြရခြင်းဖြစ်ပါသည်။ဤသို့ ရောက်လာရသော
အကြောင်းများ တစ် ယောက်နှင့်တစ်ယောက် မတူညီကြသော်လည်း ရည်မှန်းချက်ပြည့်လျှုင် မြန်မာပြည်ကို ပြန်ချင်တယ်ဟူသော ဆန္ဒများကတော့ တူညီနေသည်ကို တွေ့ရပေသည်။

ဘန်ဘော်တွင် တစ်ညမျှအိပ်ပြီးသောအခါ မတင်ခိုင်က ၎င်းတို့အိမ်နှင့် ပို၍နီး သောနေရာတစ်ခုသို့ ထပ်မ
ံပြောင်းရွှေ့ရန်စီစဉ်ပေးလေသည်။၎င်းသူငယ်ချင်း မဝေ၏ အစ်ကို ကိုစွမ်းဟူသောဒကာကြီး၏နေအိမ်ကို ပြောင်းရွှေ့ရခြင်းဖြစ်လေသည်။ကိုစွမ်း တို့မိသားစုမှာလည်း လွန်စွာသဘောထားပြည့်ဝသော မိသားစု ဖြစ်လေသည်။အိမ်နေ ရာကလည်း ကျယ်ဝန်းပြီး စာရေးသူတို့ လွပ်လပ်စွာ နေထိုင်သီတင်းသုံးခွင့် ရလေသည်။

မတင်ခိုင် ၊မချို၊မဝေ၊ မသြ၊စသောထားဝယ် ဒကာမလေးများသည် စာရေးသူတို့ အားလိုအပ်သည် မရှိ အစစအရာရာ ပြည့်စုံအောင်စီမံပေးလေသည်။စာရေးသူတို့က လည်း အလုပ်တစ်ဖက်နှင့် ၎င်းတို့မအားလပ်
သည့်ကြားက ဆွမ်း ကိစ္စ စသည်စီစဉ်ပေး ရသည်ကို လွန်စွအားနာလှသောကြောင့် နေ့ဆွမ်းလောက်ကိုသာ အဆင်ပြေသလို စီ စဉ်ခိုင်းပြီးအာရုံဆွမ်းကိုတော့ လက်ဖက်ရည် ကော်ဖီဖြင့် မိမိတို့ဘာသာ ဖြစ်သလိုဘုန်းပေး
သုံးဆောင်ရ လေသည်။

အမှန်တကယ်တော့ လူဒကာများအနေဖြင့် ဘုန်းကြီးတစ်ပါး၏ ဝေယျာဝေစ္စ ကို ဆောင်ရွက်ဖို့ ဆိုသည်မှာ အတော်မလွယ်ကူသော ကိစ္စဖြစ်ပါသည်။ယခု ဘုန်းကြီးက နှစ်ပါးလည်းဖြစ်နေပြန်၊ မိမိနိုင်ငံ မဟုတ်ပဲ သူ
တစ်ပါးနိုင်ငံတွင်း ဖြစ်နေသောကြောင့် အလုပ်ကိုယ်စီနှင့် စီစဉ်ဖို့ရန်လည်း မလွယ်ကူသော အခြေအနေတွင်
အတတ်နိုင်ဆုံး အစစ အရာရာ အဆင်ပြေအောင် စီမံပေးကြလေသည်။ထို့အတွက် အိမ်ရှင် ကိုစွမ်းတို့ မိသားစုကိုရော၊ မတင်ခိုင်တို့ သူငယ်ချင်းတစုကိုပါ အမှတ်တရ ရှိနေမိလေသည်။
...............................................................................................
ဆက်ရန်ရှိသည်။
ဦးဇင်း ဦးပဏ္ဍိတ -ဂန္ထလုလင်(ဘိုကလေး)