ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Monday, August 9, 2010

ကမ်ဘောဒီးယားအကင်စားကြမလား





ကဲလာလည်သူမိတ်ဆွေသူငယ်ချင်းများကမ်ဘောဒီးယားအကင်များကိုအားရပါးရ သုံးဆောင်နိုင်ပါကြောင်း
နိုးဆော်အပ်ပါသည်။ကျွန်တော်ကတော့ဗိုက်ကိုပြည့်နေပြီ။ကဲသုံးဆောင်ကြပါခင်ဗျ။

Saturday, August 7, 2010

ဖနွမ်းဖန် မှ တနေ့တာ ပုံ များ(၁)

ဟဲဟဲဒီနေ့ တော့ ညဈေးကနေပြန်လာတာ ...အဲဒီမှာခဲပန်းချီအမှတ်တရအနေနဲ့ဝင်ဆွဲလာတာ။







ညဈေးတန်းမှာအကင်တွေရောင်းနေတာ..ဟဲကျွန်တော်ကတော့တနင့်တပိုးကြီးစားလာတယ်။

ကင်မရာကတော့ထုံးစံအတိုင်းကားကျိတ်ထားတဲ့ဖုန်းကင်မရာနဲ့ဆိုတော့ဆက်ပြီးသည်းခံပေါ့နော်....ဟီး

Friday, August 6, 2010

ဖနွမ်းဖန် မှ တနေ့တာ ပုံ များ

ကမ်ဘောဒီးယားနိုင်ငံ ဖနွမ်းဖန်မြို့တော်မှ WATT PHNOM ဆိုတဲ့နေရာလေးပါ။ ကင်မရာမပါသွားတော့
ဖုန်းနဲ့ပဲရိုက်လာတာ၊ဖုန်းကလဲကားတက်ကျိတ်ထားတာဆိုတော့ ကင်မရာမှာအစင်းကြောင်းထင်နေတယ်။
ဟီး ဒီတိုင်းပဲသည်းခံကြည့်ပါခင်ဗျ။







Thursday, July 29, 2010

ဆုငွေ သိန်း-၁၅၀၀/-(ကျပ်သိန်းတစ်ထောင့်ငါးရာတိတိ)

အဟမ်း ဥာဏ်စမ်းပုစ္ဆာကို မမေးခင်မှာ ဆုငွေ နဲ့ ဖြေပုံဖြေနည်းနဲ့ ပတ်သက်ပြီး အမှာစကားလေးနည်းနည်း

လောက် ပြောပါရစေ ခင်ဗျ။ ပထမဆုံးပြောချင်တာ က ဆုငွေကို သိန်း ၁၅၀၀ တောင်ကြေငြာထားတော့ တကယ်ရောပေးပါ့မလားလို့ သံသယ မရှိကြ ပါနဲ့။အမှန် တကယ်ပေးမှာ ဖြစ်ကြောင်းပါ။

ကဲ ဥာဏ်စမ်း ပုစ္ဆာလေးက ဂလိုခင်ဗျ၊ လွယ်ခက်လေးပါ။

တစ်ခါတုန်းက နယ်ကတက္ကသိုလ်ကျောင်းသားလေးသုံးယောက်ဟာ ရန်ကုန်မှာ အဆောင်တစ်ခုကို တစ်လ သုံးဆယ်ကျပ် နဲ့ ငှားပြီးကျောင်းတက်ကြပါတယ်။ လကုန်တဲ့အခါ တစ်ယောက်တစ်ဆယ်စီစုပြီး အိမ်နားက ကောင်လေးတစ်ယောက်နဲ့ အဆောင် ပိုင်ရှင် မိန်းမကြီးဆီကို လခ သုံးဆယ်ကျပ်ကို ပေးခိုင်းလိုက်ပါတယ်။ ကောင်လေးက သွားပေးတဲ့အခါ အဆောင်ပိုင်ရှင်မိန်းမကြီး ကလည်း ကျောင်းသားလေးတွေပဲ လို့ တွေးပြီး လခ သုံးဆယ်မှာ ငါးကျပ်လျှော့ပြီး ၂၅ ကျပ်ပဲယူလိုက်ပါတယ်။ ငါးကျပ်ကိုတော့ လာပေးတဲ့ ကောင်လေးက တဆင့်ပဲ ကျောင်းသားတွေကို ပြန်ပေးခိုင်းလိုက်ပါတယ်။ အဲ့ဒီမှာ ကောင်လေးက ဒီလို စဉ်းစားတယ်။ ပြန်ပေးလိုက်တဲ့ ငါးကျပ်ကို ကျောင်းသားသုံးယောက်ကို ပြန်ပေးတဲ့အခါ အဝေမတည့်ဖြစ်မယ်ပေါ့။ ဒါနဲ့ သူက ငါးကျပ်ထဲက နှစ် ကျပ်ဖိုး မုန့်ဝယ်စားလိုက်ပြီး ကျန်တဲ့သုံးကျပ်ကို ကျောင်းသားတွေကိုပြန်ပေးလိုက်တယ်။ သူမုန့်နှစ်ကျပ်ဖိုးဝယ်စားခဲ့တဲ့အကြောင်း လည်း သူက ပြောပြပါတယ်။ ကျောင်းသားသုံးယောက်လည်း ကျန်တဲ့ သုံးကျပ်ကိုပဲ တစ်ယောက်တစ်ကျပ်စီ ခွဲယူလိုက်ကြပါတယ်။

ဒီ အထိကို ရှင်းရောရှင်းရဲ့လားမသိဘူးခင်ဗျ။ ဟုတ်ကဲ့ အဖြစ်အပျက်ကတော့ အဲ့ဒီမှာ ပြီးပါပြီ။

အဲဒီနောက်မှာ ကျောင်းသားတွေက စဉ်းစားပါတယ်။ ငါတို့ သုံးယောက်ပေးလိုက်တာက တစ်ယောက်ကို တစ်ဆယ်၊ ဒါပေမယ့် တစ်ကျပ်စီပြန်ရတော့ တကယ်ပေးလိုက်ရတာက ကိုးကျပ်စီပေါ့။ အဲဒီတော့ တစ်ယောက် ကိုးကျပ်နဲ့ သုံးယောက်ကို ၂၇ ကျပ်၊ ဟို ကောင်ကလေး မုန့်ဝယ်စားလိုက်တာက နှစ်ကျပ် ဆိုတော့ အားလုံးပေါင်းနှစ်ဆယ့်ကိုးကျပ်။ ပထမ ပေးလိုက်တာက ၃၀ ။ အဲဒီမှာ တစ်ကျပ်ဘယ်ရောက်သွားလဲ။ အဟမ်း ဟုတ်ကဲ့ ၊ အဲဒါကတော့ အခုဖြေရမယ့် ပုစ္ဆာပါပဲ။

မေးခွန်းကို ဖြေဆိုရာမှာတော့ စည်းကမ်းတစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ သင်္ချာဥာဏ်စမ်းဖြစ်လို့ အဖြေအပြင် စဉ်းစားပုံ စဥ်းစားနည်းကို ပါဖြေရမှာဖြစ်ပြီး စဉ်းစားပုံ ပါမှန်မှ ဆုငွေရမှာဖြစ်ပါတယ်။ အဖြေတွေကို Comment ရေးပြီးတော့ဖြေရမှာပါ။
ကျန်တာကတော့ အကုန်လွတ်လွတ်လပ်လပ်ပါပဲ။ ဘယ်သူမဆို အရေအတွက် အကန့်အသတ်မရှိကြိုက်သလောက်ဖြေနိုင်ပါတယ်။ အဖြေမှန်သူမပေါ်မချင်း အချိန်အကန့်အသတ်မရှိဖြေနိုင်ပါတယ်။ ပထမဆုံး အဖြေမှန်သူတစ်ဦးတည်းကို ပဲ ဆုပေးမှာဖြစ်ပါတယ်။

ပထမဆုံး အဖြေမှန်ကို ဖြေဆိုနိုင်သူအား
ဆုငွေ သိန်း-၁၅၀၀/-(ကျပ်သိန်းတစ်ထောင့်ငါးရာတိတိ)


ကို ကံကောင်းပါက ရရှိနိုင်မည့် နှစ်ရာကျပ်တန် အောင်ဘာလေထီလက်မှတ်တစ်စောင်ကို ပဟေဋ္ဌိ စီစဉ်သူ မြက်လျှောက ရက်ရောစွာ ချီးမြှင့်မည် ဖြစ်ပါကြောင်း။

Wednesday, July 28, 2010

GTC မှလူသတ်မှုအကြောင်း

ဒီအကြောင်းလေးက အီးမေးထဲသို့ရောက်ရှိလာသော အကြောင်းအရာလေးပါမည်သူရေးသားတင်ပြခဲ့သည်ကို
မသိရှိသောကြောင့်၊ရေးသားတင်ပြသူအားလေးစားစွာဖြင့် ဤနေရာမှတင်ခွင့်ပြုပါရန် တောင်းဆိုပါသည်။


ဖြစ်ပုံကဒီလို............!!!!!!!
GTC မှာပေါ့နော် အရမ်းကိုချစ်ကြတဲ့သမီးရည်းစားနှစ်ယောက်ရှိတယ်တဲ့ သူတို့ကတစ်ယောက်နဲ့တစ်ယောက်
အရမ်းကိုချစ်ကြတာတဲ့ ဒါပေမယ့်တနေ့တော့ကောင်မလေးက ကောင်လေးဆေးသုံးစွဲတာကိုသိသွားတော့
အစပိုင်းတော့တားတာပေါ့ နောက်ဆုံးမရတော့ ဆေးကိုဖြတ်မှာ ကောင်မလေးကိုအဆက်သွယ်ဖြတ်မလား

လို့မေးတော့ ကောင်လေး ကအလွယ်ပဲ ဆေးကိုဖြတ်ပါ့မယ်လို့ပြောလိုက်တယ်အဲဒါနဲ့နောက်လဲကျရော
သူတကယ်ဆေးကိုမဖြတ်မှန်းလဲသိရောကောင်မလေး က အရွဲ့တိုက်ပြီး အခြားကောင်လေး တစ်ယောက်နဲ့
တွဲပြလိုက်တယ် အရမ်းချစ်ကြတဲ့ချစ်သူတွေဆိုတော့ ကောင်လေးက အရမ်းကြေကွဲပြီကောင်မလေးကို

ပြန်တောင်းပန်ပြီ ဆေးကိုဖြတ်ပါ့မယ့်လို့ကတိပေးလိုက်တယ် ပြီးတော့ သူတို့တွေ့နေကြနေရာလေးမှာ ကောင်လေးကကောင်မလေးကိုဆေးကြောင် ကြောင်ပြီးသတ်ပစ်လိုက်တယ်

ကောင်မလေးကိုယ်ကသွေးတွေက သူအင်္ကျီမှာပေကုန်တယ် ပြီးတော့မှကောင်လည်းလဲ သတိပြန်ဝင်လာတော့ သူလက်လွန်သွားမှန်းသိတော့ ကောင်မလေးအလောင်းကိုအဲနေရာမှာပဲမြုပ် ခဲ့ပြီး ပြန်သွားတယ် လူကလည်းရှင်း
နေတာကိုး အိမ်ပြန်ရောက်တော့ကောင်လေးက မောမောနဲ့အိပ်ပျော်သွားတယ်အဲဒါနဲ့အိပ်နေရင်းနဲ့အိမ်မက်မက်

တယ် ကောင်မလေး က နင့်အကျီကသွေးတွေကိုပျောက်အောင်ဖျောက် မဖျောက်ရင် နင်ဒုက္ခရောက်လိမ့်မယ်
လို့ပြောတယ်။

အဲဒါနဲ့ကောင်လေးလဲ အိမ်မက်ကလန့်နှိုးလာပြီး သူအကျီ ကိုကြည့်တော့ သွေးတွေပေနေတယ် အဲဒါနဲ့ ဂယောင်
ချောက်ခြားနဲ့ ချက်ခြင်းသွား လျှော်တယ်ဒါပေမယ့်ဘယ်လိုလျှော်လျှော် မပျက်ဘူးဖြစ်နဲ့တယ် အဲလိုဖြစ်နေတုန်း
မှာ ကောင်မလေးရဲ့ဝိညာဉ် ကပေါ်လာပြီး သူဆီက တစ်လှမ်းခြင်း တစ်လှမ်းခြင်း လျှောက်လာတယ်ကောင်လေး
ကလဲ ကြောက်အားလန့်အား နဲ့ အတင်းအကျီကိုပဲ သွေးပျောက်အောင် လျှော်တာပေါ့ ဒါပေမယ့် မပျက်ဘူး

ကောင်မလေးကတဖြည်းဖြည်းနဲ့နီးလာတယ် အနားလဲရောက်ရော ကောင်မလေး ၀ိညာဉ်ကဟက်ဟက်ပက်ပက်
ရယ်လိုက်တယ် ကောင်လေးလဲ လန့်နေတာပေါ့ ကောင်မလေး ၀ိညာဉ် ကမေးတယ် နင်ဖျက်လို့မရဘူးမလား
တဲ့ ဘယ်ဖျက်လို့ ရပါ့မလဲ တဲ့ (နင်ကအိုကီဆပ်ပြာမှုန့်မှမသုံးတာကိုးတဲ့ )

Tuesday, July 27, 2010

အချစ်ရေးအဆင်ပြေလိုသော ချစ်သူများအတွက်သာလျှင်

ဒီအကြောင်းလေးက အီးမေးထဲသို့ရောက်ရှိလာသော အကြောင်းအရာလေးပါမည်သူရေးသားတင်ပြခဲ့သည်ကို
မသိရှိသောကြောင့်၊ရေးသားတင်ပြသူအားလေးစားစွာဖြင့် ဤနေရာမှတင်ခွင့်ပြုပါရန် တောင်းဆိုပါသည်။


အချစ်ရေးအဆင်ပြေလိုသော ချစ်သူများအတွက်သာလျှင်


တစ်လောကလုံးအား ထိုးဖောက် ၀င်ရောက်လာနိုင်စွမ်းသော ချစ်ခြင်းမေတ္တာတရား နှင့် ယှဉ်သော စကားလုံးလေးများ ၊ ချစ်ခြင်းမေတ္တာတရားနှင့် ယှဉ်သော နေ့ ရက်ကလေးများ၊ ချစ်ခြင်းမေတ္တာတရားနှင့် ယှဉ်သော လက်ဆောင်ကလေးများ၊ ချစ်ခြင်းမေတ္တာတရားနှင့် ယှဉ်သော သံစဉ်လေးများ မည်မျှအထိ ကျယ်ပြန့် ၊ နေရာယူ နိုင်စွမ်း ရှိသည်ကို ချစ်သူရှိသော ချစ်တတ်ကြသူတိုင်း သိရှိကြပြီးဖြစ်သည်။
ထိုချစ်ခြင်းမေတ္တာတရားနှင့်ယှဉ်သည့် ပူလောင်ပြင်းပြမှု ၊ ငြိမ်းအေးချမ်းမြေ့ မှု များစွာကို လည်း တွေ့ မြင်ခဲ့ပြီးလည်း ဖြစ်မည်။

ချစ်ခြင်းမေတ္တာတရားသည် အသွင်အမျိုးမျိုး နှင့် ပျံ့ နှံ့ နေ၏။ စရိုက်အမျိုးမျိုးကို သရုပ်ဆောင်စေသည်။
အကြောင်းအမျိုးမျိုးမှသည် အကျိုးအမျိုးမျိုးကို ဖြစ်စေတတ်သည်။ လှပခြင်းအား ဖန်ဆင်းတတ်သလို ပင် အကျည်းတန်ခြင်းကိုလည်း ပို့ ဆောင်ပေးစေ၏။ ရယ်မောခြင်းကို ဖြစ်စေသော်လည်း ငိုကြွေးခြင်းကို သတိရစေ၏။ ကြည်နူးခြင်းများဖြင့် ပြည့်ဝနေသော်လည်း ပူဆွေးခြင်းကို မမေ့အောင်ပြုတတ်သည်။ တစ်ခါတစ်ခါတွင် သံစဉ်လှပသော စကားလုံးလေးများသည်ပင် ပြင်းထန်စွာ ပေါက်ကွဲတတ်၏။ ချောမွေ့ သာယာသော လမ်းပေါ်မှ ကြမ်းတမ်းသော ခရောင်းလမ်းသို့ မကြာမကြာ ရောက်သွားတတ်သည်။

ချစ်တတ်သူများသည် ချစ်ခြင်းမေတ္တာတရားနှင့် ဟန်ချက်ညီအောင် မည်သို့ ကြိုးစားသင့်ပါသနည်း။ ချစ်သူများ အချစ်ရေး အဆင်ပြေစေရန် အတွက်လည်း နည်းလမ်းကောင်းများအား ဖွင့်ဆိုထားခဲ့သည်။

ယခုဖော်ပြမည့်နည်းဖြင့်
"အွန် လိုင်းပေါ်တွင် ကျူကျူ လုပ်ချင်သော သူများ ၊ အချစ်စစ် အချစ်မှန် မရှိသူများ၊"
"ဒီနည်းနဲ့ လုပ်ပြီး ဒီမိန်းကလေးတော့ ငါ့အကြောင်း သိရစေ့မယ်၊ ဒီလူတော့ ဒီနည်းသုံးပြီးတာနဲ့ သိပြီသာမှတ် ၊ ဘာတတ်နိုင်သလဲ"
"မင်း အဲဒီ ကောင်မလေးကို အဲဒီနည်းသုံးပြီး မှတ်လောက်အောင် ဆုံးမလိုက်စမ်းကွာ"
"ငါကတော့ အပျော်ပါပဲ၊ ဒါကြောင့် ဒီနည်းကို အပျော်အနေနဲ့  သုံးထည့်လိုက်တာ"
"ဒီကောင့်ရည်းစားကွာ၊ ကြားက ငါမခံချင်လို့ ဒီနည်းသုံးထည့်လိုက်တာ၊ မှတ်ထား"
"ဒီလူကြီးကို ဒီနည်းနဲ့ သုံးထည့်လိုက်တာ သူ့ တစ်မိသားစုလုံး ဒုက္ခရောက်ရော"
"ဒီမိန်းမကြီးကို မခံချင်လို့ ဒီနည်းသုံးပြီး သူ့ သမီးကို ရအောင် ယူပြလိုက်တာ"
"ဒီ အမျိုးသမီးက အရမ်းချမ်းသာတော့ ဒီနည်းသုံးမှ ဖြစ်မယ်"
ဟူသည့် အသံရှင်များ ၊ စိတ်ဓါတ်ရှင်များ အနေဖြင့် ….၎င်းနည်းကို သုံးပါက လုံးဝ စွမ်းမည် မဟုတ်ကြောင်း ။ အကြောင်းမှန်ပါမှ အကျိုးမှန်ပါလိမ့်မည်။ လက်တည့်စမ်း၍ ရသော နည်းလည်းမဟုတ်ပါ။


ဤနည်းသည် ဖြူစင်သန့် ရှင်း အပြစ်ကင်းစွာ ချစ်တတ်သော ၊ ချစ်ကြသော ချစ်သူများအတွက်သာ ဖြစ်ပါသည်။ ချစ်သူရှိပြီးသူများ အတွက် အချစ်ရေး အဆင်ပြေစေရန် ရည်စူးပါသည်။

ဤအစီအရင်တွင် အဓိက (၃) ချက်ရှိပါသည်။
၁- ကာယကံရှင် ၏ မိတ်ဂြိုဟ်
၂- ကာယကံရှင်၏ ဆန္ဒကို ပြည့်စုံစေသော ဂြိုဟ်
၃- ကာယကံရှင် နှင့် တိုက်ရိုက်ပတ်သက်သူ၏ နံဂြိုဟ် ဟူ၍ ဖြစ်ပါသည်။

၁- မိတ်ဂြိုဟ် ပျက်ယွင်းပါက ချစ်ခြင်းအကြောင်းအရာတို့ ပျက်ပြယ်စေတတ်ပါသည်။ မိတ်ပျက်လျှင် ရန်ဝင်စေပါသည်။ ကသိကအောက်များ ဖြစ်လာစေပါသည်။ မကြာခဏ ကတောက်ကဆတ်ဖြစ်တတ်သည်မှာ မိတ်ဂြိုဟ်ပျက်သောကြောင့်ဖြစ်သည်။

၂- ကာယကံရှင်၏ ဆန္ဒကို ပြည့်စုံစေသော ဂြိုဟ် ပျက်ပါက ဖြစ်ချင်သည်များ ဖြစ်မလာတတ်ပါ။ ချစ်သူဖြင့် အမြဲတမ်းလိုလို ဆန့် ကျင်ဘက် ဖြစ်နေတတ်ပါသည်။ ကိုယ်က ဗိုလ်ချုပ်ဈေးသွားလို ၊ ချစ်သူက လိုက်မပို့ ။ ကိုယ်က ယခုအပတ် ရုံတင်သော ကားကို မင်္ဂလာရုံတွင် ကြည့်လို့ ။ ချစ်သူက လိုက်မပြ၊ ချစ်လာခဲ့သည့် သက်တမ်း (၃) နှစ် သို့ မဟုတ် (၅) နှစ် ပြည့်ပြီ ဖြစ်သဖြင့် ကိုယ်က ယခုနှစ် စေ့စပ်ခြင်း၊ လက်ထပ်ခြင်း ဖြစ်လို ၊ ချစ်သူက အဓိပ္ပာယ်မရှိ လက်မခံ စသည်တို့ ဖြင့် အလိုမပြည့်နိုင်ခြင်းမှာ ဆန္ဒကို ပြည့်စုံစေသော ဂြိုဟ်ပျက်ခြင်းကြောင့်ဖြစ်သည်။


၃- ကာယကံရှင် နှင့် တိုက်ရိုက်ပတ်သက်သူ၏ နံဂြိုဟ်ပျက်ပါက မည်သို့ စိတ်ချမ်းသာနိုင်တော့မည်နည်း။ စဉ်းစားကြည့်ပါ။ မိန်းကလေးတစ်ဦးသည် ကိုနိုင်ဟု ခေါ်သူနှင့် ချစ်သူဖြစ်သည် ဆိုကြပါစို့ ။ ထိုမိန်းကလေးမှာ စနေဂြိုဟ် အဆိုးဆုံး ပျက်နေပါက ထို ကိုနိုင်ကြောင့် စိတ်ချမ်းသာနိုင်ပါမည်လား။ ထို့ ကြောင့် ထို ကာယကံရှင်နှင့် တိုက်ရိုက်ပတ်သက် သူ ၏ နံဂြိုဟ်ကို လျှော့တွက် မရကြောင်း ကြိုတင်သိထားရပါမည်။
ဤဗဟုသုတ များစွာကို သိထားပြီးမှ ယခုဖော်ပြထားသော အချစ်ရေး အဆင်မပြေဖြစ်နေသူများ စီရင်ရန်ကို ဆက်လက် ဖတ်ရှုပါ။


တနင်္ဂနွေသားသမီးများ
ကြာသပတေးနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီပုထိုးများသို့ သွားကာ မြက်နုတ်ခြင်း၊ အမှိုက်ရှင်းခြင်း ၊ တံမြက်စည်းလှည်းခြင်း၊ ဘုရားတွင်ကပ်လှူထားသော ပန်းများ ညှိုးနွမ်းခြောက်သွေ့  နေပါက ပန်းခြောက်များ အား အမှိုက်ပုံးတွင် စွန့် ပစ်ခြင်း စသည်တို့ ကို မကြာမကြာ ပြုပေးပါ။
သောကြာနံ သတ္တ၀ါများ ကို အစာဝအောင်ကျွေးပါ။ ဥပမာ သမင်၊ သစ်ကုလားအုတ်၊
ခက်ခဲသော နေရာများတွင် သိမ်ကို တံမြက်စည်းလှည်းပေးပါ။ သောကြာနံ ဘွဲ့ အမည်
ပါသော ဘုရားစေတီတွင် လှည်းပေးလျှင်လည်း ရပါသည်။
သင့်ချစ်သူသည် မည်သည့်နံ ဖြစ်သည်ကို ဦးဆုံးစဉ်းစားပါ။ ထိုနံသင့် သတ္တ၀ါများကို အစာကျွေးပါ။ ၀ အောင် ကျွေးပေးပါ။
ဥပမာ သင့်ချစ်သူသည် တနင်္လာနံ ဖြစ်ပါက ခွေးစာ ကျွေးပါ။ ဗုဒ္ဓဟူးဖြစ်ပါက ၀က်စာ ကျွေးပါ။ စနေဖြစ်ပါက နွားစာ ကျွေးပါ။ အင်္ဂါဖြစ်ပါက ဆိတ် ၊ စိတ်ဝေဒနာသည် များကို အစာကျွေးပါ။ တနင်္ဂနွေ ဖြစ်ပါက အ နေသော သူများကို အစာကျွေးပါ။ ကြာသပတေးဖြစ်ပါက မျက်မမြင်များကို အလှူဒါန ပြုပါ။ သောကြာဖြစ်ပါက အစားအသောက် ချို့ တဲ့သော တောင်းရမ်းစားသောက်သူများ အား ကျွေးပါ (သို့ ) ခန္ဓာကိုယ် အောက်ပိုင်း မကောင်းသူ ဒုက္ခိတများကို ကျွေးပါ။

တနင်္လာသားသမီး
ဗုဒ္ဓဟူးနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီပုထိုးသို့ သွားကာ မြက်နုတ်ခြင်း၊ အမှိုက်ရှင်းခြင်း၊ တံမြက်စည်းလှည်းခြင်း၊ ဘုရားတွင်ကပ်လှူထားသော ပန်းများ ညှိုးနွမ်းခြောက်သွေ့  နေပါက ပန်းခြောက်များ အား အမှိုက်ပုံးတွင် စွန့် ပစ်ခြင်း စသည်တို့ ကို မကြာမကြာပြုလုပ်ပေးပါ။
ဦးခေါင်းမကောင်းသော စိတ်ဝေဒနာသည်များ "အ" နေသော သူများကို စားချင်သည်များကို မေးမြန်းပြီး ၀အောင် ၀ကျွေးပါ။ မကြာခဏပြုလုပ်ပေးပါ။ တနင်္ဂနွေနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီတွင် တံမြက်စည်းလှည်း ပေးလျှင်လည်းရပါသည်။ ချစ်သူ၏ နံသင့် ပရိယာယ်အတိုင်း ဆောင်ရွက်ပါ။

အင်္ဂါသားသမီး
သောကြာနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီပုထိုးများသို့ သွားကာ တံမြက်စည်းလှည်းခြင်း၊ အမှိုက်ရှင်းခြင်း။ ဘုရားတွင်ကပ်လှူထားသော ပန်းများ ညှိုးနွမ်းခြောက်သွေ့  နေပါက ပန်းခြောက်များ အား အမှိုက်ပုံးတွင် စွန့် ပစ်ခြင်း တို့ ကို မကြာမကြာ ပြုလုပ်ပေးပါ။
တနင်္လာနံ သတ္တ၀ါလေးများကို အစာဝအောင်ကျွေးပါ။ အဓိက ခွေးကို အစာကျွေးပါ။ ခွေးကျွေးရန်အတွက် ခက်ခဲလွန်းလှ ပါက တနင်္လာနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီ တစ်ဆူဆူသို့ သွားကာ သန့် ရှင်းရေး ပြုလုပ်ပေးပါ။ ချစ်သူ၏ နံသင့် ပရိယာယ်အတိုင်း ဆောင်ရွက်ပေးပါ။

ဗုဒ္ဓဟူးသားသမီးများ
တနင်္လာနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီပုထိုးများသို့ သွားကာ တံမြက်စည်းလှည်းခြင်း၊ အမှိုက်ရှင်းခြင်း။ ဘုရားတွင်ကပ်လှူထားသော ပန်းများ ညှိုးနွမ်းခြောက်သွေ့  နေပါက ပန်းခြောက်များ အား အမှိုက်ပုံးတွင် စွန့် ပစ်ခြင်း တို့ ကို မကြာမကြာ ပြုလုပ်ပေးပါ။
အင်္ဂါနံ သတ္တ၀ါလေးများအား အစာဝအောင် ကျွေးပါ။ စာကလေး လွှတ်ခြင်း၊ စာကလေး အစာကျွေးခြင်း၊ စင်ရော် အစာကျွေးခြင်း။ ခက်ခဲသော အရပ်ဒေသများတွင် စိတ်ရောဂါ ဝေဒနာသည်များအား အစာဝအောင် ကျွေးမွေးပါ။ ထို့ ထက်ပိုမိုခက်ခဲပါသေးသည်ဟု ဆိုပါက အင်္ဂါနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီတစ်ဆူဆူ သို့ သွားကာ သန့် ရှင်းရေး ပြုလုပ်ပေးပါ။ မိမိချစ်သူ၏ နံသင့် ပရိယာယ်အတိုင်း ဆောင်ရွက်ပါ။

ကြာသပတေးသားသမီးများ
တနင်္ဂနွေနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီပုထိုးများသို့ သွားကာ တံမြက်စည်းလှည်းခြင်း၊ အမှိုက်ရှင်းခြင်း။ ဘုရားတွင်ကပ်လှူထားသော ပန်းများ ညှိုးနွမ်းခြောက်သွေ့  နေပါက ပန်းခြောက်များ အား အမှိုက်ပုံးတွင် စွန့် ပစ်ခြင်း တို့ ကို မကြာမကြာ ပြုလုပ်ပေးပါ။
နွားစာ ကျွေးပါ။ ခက်ခဲသော နေရာများတွင် ဒုက္ခိတများအား ရှာဖွေကာ လိုအပ်သည်များ (သို့ ) မိမိတတ်အားသမျှ ကုသိုလ် ပြုပေးပါ။ လုပ်ဆောင်ရန် ခက်ခဲပါက
စနေ နံ ဘွဲ့ အမည်ပါသော ဘုရားစေတီ တစ်ဆူဆူတွင် တံမြက်စည်းလှည်း သန့် ရှင်းရေး ပြုလုပ်ပေးပါ။ ချစ်သူ၏ နံသင့် ပရိယာယ် အတိုင်း ဆောင်ရွက်ပါ။

သောကြာသားသမီးများ
အင်္ဂါနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီပုထိုးများသို့ သွားကာ တံမြက်စည်းလှည်းခြင်း၊ အမှိုက်ရှင်းခြင်း။ ဘုရားတွင်ကပ်လှူထားသော ပန်းများ ညှိုးနွမ်းခြောက်သွေ့  နေပါက ပန်းခြောက်များ အား အမှိုက်ပုံးတွင် စွန့် ပစ်ခြင်း တို့ ကို မကြာမကြာ ပြုလုပ်ပေးပါ။
ရာဟုနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီတစ်ဆူဆူတွင် ပန်းခြောက်များစွန့် ခြင်း၊ ရေဆေးကြောခြင်း၊ တံမြက်စည်းလှည်းခြင်း ကုသိုလ်ပြုပေးပါ။ ချစ်သူ၏ နံသင့် ပရိယာယ်အတိုင်း ဆောင်ရွက်ပါ။

စနေသားသမီးများ
ရာဟုနံ ဘွဲ့ အမည်ရှိသော ဘုရားစေတီပုထိုးများသို့ သွားကာ တံမြက်စည်းလှည်းခြင်း၊ အမှိုက်ရှင်းခြင်း။ ဘုရားတွင်ကပ်လှူထားသော ပန်းများ ညှိုးနွမ်းခြောက်သွေ့  နေပါက ပန်းခြောက်များ အား အမှိုက်ပုံးတွင် စွန့် ပစ်ခြင်း တို့ ကို မကြာမကြာ ပြုလုပ်ပေးပါ။
ဗုဒ္ဓဟူးနံ ဘွဲ့ တော်ရှိသော ဘုရားစေတီသို့ သွားကာ ရင်ပြင်တစ်ခုလုံးကို သန့် ရှင်းရေးပြုလုပ်ပါ။ ချစ်သူ၏ နံသင့်ပရိယာယ်အတိုင်း ဆောင်ရွက်ပါ။

ဤနည်းသည် အချစ်ရေးတွင် အခက်အခဲများ စွာ တွေ့ ကြုံနေရသူများ အတွက်သာ ဖြစ်ပါသည်။ ချစ်သူရှိပြီးသူများ ကြုံတွေ့ ရလေ့ ရှိသည့် အချစ်ရေး ကိစ္စ အ၀၀ကို လက်တွေ့ ဖြေရှင်းပေးနိုင်သည့် နည်းသာ ဖြစ်ပါသည်။ ထို့ ကြောင့် ဖတ်ကောင်းသော၊ နားထောင်ကောင်းသော ပေါ်ပင်နည်းများတော့ မဟုတ်ပါ။
အမှန်တစ်ကယ် အဆင်ပြေလိုသူများ အတွက်သာ အဟုတ်ဖြစ်လာမည့် နည်းများ ဖြစ်ပါသည်။

အချစ်ရေးကိစ္စတွင် အဆင်ပြေ ချောမွေ့ နေသူများ ပြုလုပ်ရန် မလိုပါ။
၎င်းနည်းသည် လွယ်ကူပါသည်။ သို့ သော် သူတစ်ကာ မလုပ်ချင်သော အလုပ်များ ဖြစ်နေသည်ကို ဂရုပြုပါ။
လောကတွင် သူများ မလုပ်ချင်သော ကောင်းမှုကုသိုလ်များကို ဆောင်ရွက်သူသည် သူများ မဖြစ်သည်များ ဖြစ်လာတတ်သည်ကို ယုံကြည်ကြစေလိုပါသည်။

ဤအစီအရင်များသည် တစ်လမှ သုံးလ အတွင်း လက်တွေ့ အကျိုးပေးကာ ချစ်သူနှင့် ပတ်သက်ပြီး စိတ်ချမ်းသာလာပါမည်။

ဤအစီအရင်များကို စတင် ပြုလုပ်သည့် နေ့ မှ စကာ မိမိအိပ်သည့် အိပ်ရာခေါင်းရင်းဘက်နားတွင် တစ်ထောင့်ထွာပတ်လည်ခန့် စကူအဖြူ တစ်ရွက် အား မျက်နှာပြင် ညီညာစွာ ကပ်ထားပါ။ မော့မကြည့်ရ ၊ ငုံ့ မကြည့်ရသော မျက်နှာ အနေအထား နှင့် တစ်တန်းတည်း ဖြစ်နေရပါမည်။ ထို စက္ကူအလယ်ကောင်တည့်တည့်တွင် ချစ်သူ၏ ဓါတ်ပုံကို ကပ်ထားပါ။ အလင်းရောင် လုံလောက်စွာ ရရှိသောနေရာဖြစ်ပါစေ။ ထိုဓါတ်ပုံလေးအား နေ့ စဉ် (၁၀) မိနစ်ခန့် ငြိမ်သက်စွာ စူးစိုက်ကြည့်ကာ မေတ္တာ အထူးပို့ ပေးပါ။ သင့် ချစ်သူ နှင့် သင် ပြန်လည် အဆင်ပြေ သွားပြီ ဆိုပါက ထိုစက္ကူနှင့် ဓါတ်ပုံ မလိုတော့ပါ။ ဖယ်ရှားနိုင်ပါပြီ။ ညစဉ် မေတ္တာပို့ ကို ပြုလုပ်ပြီးမှ အိပ်စက်အနားယူပါ။

ဤနည်းကို ပြုလုပ်ပြီး တစ်ဦးနှင့် တစ်ဦး ပြန်ဆုံသည့် အခါ ကိုယ့်ဘက်မှ မာနထားခြင်း၊ တင်းမာခက်ထန်နေခြင်း၊ စကားလုံး ဆန့် ကျင်ဘက်များ ပြောဆိုခြင်းများအား ရှောင်ရှားရပါမည်။

ဖြူစင်သန့် ရှင်းစွာ ချစ်တတ်ကြသော ချစ်သူများ၏ သစ္စာအလှပန်းများ ဖူးပွင့် ဝေစည် နိုင်ပါစေ။

Monday, July 26, 2010

ဆင်ခြင်

ဒီပို့လေးကတင်ပြီးသားပါ။ဖတ်ပြီးသားစာအုပ်ကိုပြန်ဖတ်ရင်း၊ ဒီပုံပြင်လေးကိုပြန်ဖတ်မိလို့
မိတ်ဆွေသူငယ်ချင်းများပြန်ဖတ်ရအောင်ပြန်တင်ပေးလိုက်ပါတယ်။ကျွန်တော်လဲပုံပြင်လေး
ပြန်ဖတ်ရင်းပြန်လည်ဝေဖန်စဉ်းစားနေမိပြန်တယ်။
အကို၊အမ၊ညီ၊ညီမ၊သူငယ်ချင်းများလဲဝေဖန်ကြည့်ကြပါအုံး....
ပုံပြင်လေးကတော့..........................................
..............................................................................
ဟိုးရှေးရှေးတုန်းက....
ဧရာမစွယ်စုံဆင်ကြီးတစ်ကောင်ဟာခြင်ပျိုမလေးထံရောက်လာပြီး...........
............“သင်နှင့်ငါပေါင်းဖက်ကျရင်.................
လူသတ္တ၀ါတွေအတွက်ကောင်းကျိုးအများကြီးရှိပါလိမ့်မယ်”ပြောတော့.........
ခြင်ပျိုမလေးက..၀မ်းသာအားရနဲ့..ကြည်ကြည်ဖြူဖြူသဘောတူလိုက်တယ်။
ဒါနဲ့“ဆင်ခြင်”ဖြစ်သွားရောတဲ့။
ပုံပြင်လေးကတော့ဒါပါပဲ။

မှတ်ချက်။ ။
(၁)ဆင်ခြင်ပြော၊ဆင်ခြင်ပြုမည်ဆိုလျှင်မိုက်မှားနောင်တတွေကင်းပြီးအောင်မြင်မှုအကျိုးရလဒ်တွေ
အများကြီးရနိုင်တယ်ဆိုတာ ဒီပုံပြင်လေးကရည်ညွန်းတာဖြစ်တယ်လို့တချိုကဝေဖန်ကြပါတယ်။

(၂)တချို့ကတော့အနုပညာဆိုင်ရာ“ပုံတူကူးဝါဒ”“သဘာ၀၀ါဒ”နဲ့“သရုပ်မှန်ဝါဒ”
ရှုထောင့်တွေကနေကြည့်ရင်ဒီပုံပြင်ဟာ အနုပညာပစ္စည်းဖြစ်တယ်လို့မမှတ်ယူနိုင်ကြောင်းဝေဖန်ကြတယ်။

(၃)တချို့ကတော့လည်းဒီပုံပြင်လေးဟာလူမှုကောင်းကျိုးပြုအနုပညာတွေအားလုံးကိုခြုံငုံမိတဲ့
သမိုင်းအဆက်ဆက်တည်နေမည့် အနုပညာတစ်ခုဖြစ်တယ်လို့ဝေဖန်ကြပြန်ပါတယ်။
(ကဲ...သင်တို့ကောဒီပုံပြင်လေးကို..ဘယ်လို..ပုံစံ..နဲ့ဝေဖန်ကြမလဲ)
ဝေဖန်ခဲ့ကြဖို့...မမေ့နဲ့နော်.......
ဒေါင်းမင်း