ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, October 8, 2011

မြန်မာအမျိုးသားတိုင်းသိသင့်သော

စစ်ရေးသုံးသပ်ချက်
၁။စစ်ဆိုသည်မှာနိုင်ငံတော်အတွက်သေရေးရှင်ရေးတမျှအရေးကြီးသောကိစ္စတရပ်ဖြစ်သည်။
စစ်သည်ပြည်သူလူထု၏အသက်ရှင်ရေးနှင်လည်းကောင်း။သေကျေပျက်စီးရေးနှင့်လည်ကောင်းသက်ဆိုင်ရုံရှိရုံမက။နိုင်ငံတော်တည်တံခိုင်မြဲရေးကိုလည်းကောင်း။ပျက်သုန်းစေရေးကို
လည်းကောင်းဖြစ်စေနိုင်တယ်။ထိုကြောင့်စစ်ပညာကိုလူတိုင်းစေ့စေ့စပ်စပ်လေ့လာသင်ကြား
ဆည်းပူးထိုက်တယ်။
၂။စစ်မက်ရေးရာကိုဆင်ခြင်သုံးသပ်ရာတွင်မရှီမဖြစ်အခြေခံ(၅)ရပ်ပါဝင်ရမယ်။၎င်းတို့မှာ.........
၁။စိတ်ဓါတ်ရေးရာ လွမ်းမိုးရေး
၂။သဘာဝရာသီဥတု(ကာလ)
၃။မြေပြင်အခြေအနေ(ဒေသ)
၎။ခေါင်းဆောင်မှု(ပုဂလ)
၅။လုပ်ထုံးလုပ်နည်း၊စည်းကမ်းဥပဒေ။
တခုချင်းစီကိုပြန်ရှင်းပြမယ်...
၁။စိတ်ဓါတ်ရေးရာလွမ်းမိုးရေး
ပြည်သူပြည်သားများကိုသူတို့ဧ။်ခေါင်းဆောင်များနှင့်ယုံကြည်ချက်။ခံယူချက်။ဦးတည်ချက်။စသည်တို့တွင်တညီတညွတ်တည်းဖြစ်စေရမယ်။ပြည်သူနှင့်အစိုးရသည်တူညီသော.ယုံကြည်ချက်.မျှော်မှန်းချက်များကိုမျှဝေခံစားရမယ်။ပြည်သူနှင့်အစိုးရသည်တွေ့ကြုံသမျှအကောင်းအဆိုးမှန်သမျှကိုသေအတူရှင်မကွာယှဉ်တွဲလုပ်ဆောင်ရမယ်။စည်းရုံးလှုံဆော်ရေး။ဆွဲဆောင်သိမ်းသွင်းရေး။တစိတ်တ၀ှမ်းထဲ
စည်းလုံးရေးသည်အရေးကြီးဆုံးပထမအချက်ဖြစ်တယ်။
၂။သဘာဝရာသီဥတု
နွေရာသီရဲ့ပူပြင်းမှု.မိုးရာသီရဲ့စိုစွပ်ထိုင်းမှိုင်းမှု။ဆောင်းရာသီရဲ့အေးမျှမှု စစ်ဆင်ရေးအပေါ်တွင်ယင်းရာသီဥတုတို့ဧ။်အကျိုးသက်ရောက်စေနိုင်မှုများကိုတွက်ချက်သုံးသပ်ရာတွင်ပါဝင်တယ်။
၃။မြေပြင်အခြေအနေ
လမ်းပန်းအဆက်အသွယ်.အကွာအဝေး။ရေမြေတောတောင်၊မြစ်ချောင်းအင်းအိုင်.
ရုပ်ပိုင်းဆိုင်ရာအခြေအနေများကစစ်မက်ရေးရာကိုသေခြင်း.ရှင်ခြင်း.အခွင့်အလမ်းတခုခုပေးတက်တယ်
ကွင်းပြင်ကျယ်လျှင်
တပ်ကိုဖြန့်နိုင်ရမယ်။လမ်းကျဉ်းတောင်ကမ်းပါးယံလျှိုမြောင်အနေအထားဆိုရင်
တပ်အင်အားအနည်းအငယ်ဖြန့်ပြီးချီတက်ရမယ်။တိုက်ပွဲဆင်သင့်သည့်မြေပြင်အခြေအနေကိုကြိုတင်မျှော်မြင်ဆင်ခြင်နိုင်ရမယ်။
၎။ခေါင်းဆောင်မှု
စစ်ဖက်ခေါင်းဆောင်(သို့မဟုတ်)စစ်သူကြီးသည်အောက်ပါအချက်ငါးချက်နှင့်ပြည့်စုံရမယ်။...........
၁။ဥာဏ်ပညာ၇ှီခြင်း
၂။ယုံကြည်မှု(ရိုးသားခြင်း)
၃။စာနာတက်ခြင်း
၎။ရဲစွမ်းသတ်တိ
၅။စည်းကမ်းကိုတသွေမသိမ်းလိုက်နာခြင်း...........အဲဒါတွေနဲ့ပြည်စုံမှစစ်သူကြီးပီသမယ်.တိုက်ပွဲတိုင်းမှာအနိုင်ရနိုင်မယ်။
၅။လုပ်ထုံလုပ်နည်းစည်းကမ်းဥပဒေ
ဆုပေးစနစ်.။အုပ်ချုပ်ထောက်ပံ့ရေးစနစ်၊ဖွဲ့စည်းပုံ.၊ကြီးကြပ်ကွပ်ကဲပုံ၊မှန်ကန်စွာတာဝန်ခွဲဝေပုံ၊ရာထူးခန့်အပ်ပုံစသည့်လုပ်ငန်းနည်းစနစ်များ.ကောင်းစွာမှန်ကန်နေရမယ်။ထိရောက်နေရမယ်။
.........................................................
မြန်မာအမျိုးသားတိုင်းသိသင့်သည်ဟုထင်မြင်၍ရှာဖွေတင်ဆက်လိုက်ပါသည်။
နောင်လည်းလေ့လာမိသမျှကိုတင်ပြပေးသွားပါမည်။

Friday, October 7, 2011

မြန်မာ့သိုင်းပညာ



(တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။)
ကျွန်တော်ဒေါင်းမင်း၏ခန္ဓာကိုယ်ထဲတွင်မြန်မာ့သွေးများပွက်ပွက်ဆူနေသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းအားရပ်ဆိုင်းလိုက်သည့်ကိစ္စနှင့်ပါတ်သတ်၍တရုတ်မှ
(မြန်မာအားမည်သို့ပြင်းထန်စွာအပြစ်ပေးရမလဲ)ဆိုတဲ့အသံကိုကြားလိုက်ကတဲကကျွန်တော်ဒေါင်းမင်း၏
မြန်မာ့သွေးများပွက်ပွက်ဆူခဲ့ရသည်။မြန်မာတိုင်းရင်းသားတို့၏သွေးသည်ရဲရဲနီ၏။တရုတ်၏စော်ကားမှုကို
ကျွန်တော်တို့တစ်မျိုးသားလုံးခေါင်းငုံခံမည်မဟုတ်ပေ။အကယ်၍တရုတ်သည်မြန်မာမြေအားကျူးကျော်
စော်ကားလာပါကမြန်မာတစ်မျိုးသားနှင့်တစ်ကွကျွန်တော်ဒေါင်းမင်းရှေ့တန်းကနေ၍အသက်စွန့်၍တိုက်
ခိုက်သွားမည်။အဓိဌာန်ပြုပါသည်။မြန်မာတစ်မျိုးသားလုံးတရုတ်နှင့်တစ်ကွမည့်သည့်တိုင်းတစ်ပါး၏စော်
ကားမှုကိုမှမခံလို။ကျွန်တော်တို့မြန်မာတစ်မျိုးသားလုံးမစည်းလုံး၍ဤသို့စော်ကားခံရသည်ဟုမှတ်ယူပါ
သည်။မြန်မာတိုင်းရင်းသားတွေစည်းလုံးညီညွတ်ကြပါစို့လို့ကျွန်တော်အညတရဒေါင်းမင်းမှတိုက်တွန်းနိုး
ဆော်ပါသည်။မြန်မာတိုင်းကိုယ်ခံပညာသိုင်းပညာတက်သင့်ဟုရည်ရွယ်လျှက်ဤဗီဒီယိုဖိုင်အားတင်ပေး
လိုက်ပါသည်။
(တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။)
အားလုံးအားခင်မင်လျှက်
ဒေါင်းမင်း

Sunday, September 25, 2011

မငိုပါနဲ့ ဧရာဝတီ

မငိုပါနဲ့ဧရာဝတီ..ဆိုတဲဆောင်းပါးလေးကို၊မအိမ့်ချမ်းမြေ့ဝက်ဆိုဒ်မှဖတ်ပြီးကူးယူခွင့်တောင်းပြီးကျွန်တော်

ဝက်ဆိုဒ်တွင်ပြန်လည်တင်ပြလိုက်ပါသည်။ကျွန်တော်တို့တွေဧရာဝတီကိုဆက်လက်ကာကွယ်ကြပါစို့။

မငိုပါနဲ့ ဧရာဝတီ

သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့တယ်။

အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အံ့ဖွယ် ယန်စီမြစ်ကြီးဟာဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။
သူတို့ဟာ… အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။

ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အ၀ါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှံ့မှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။

dry9.jpg

{ခြောက်သွေ့နေတဲ့ မြစ်ကမ်းပါးတွေပေါ်မှာ ငုတ်တုပ် အသက်ပျောက်ကြရတဲ့ တိရစ္ဆာန်တွေ }

ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ် ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နိုင်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ.. အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။

ဒါပေမယ့် ….

ဒါပေမယ့် …… အချိန် မမှီတော့ဘူး။

ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော်ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရရင်း ခြေတော်အတင်ခံနေခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ… ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။

dry.jpg

{ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေခဲ့ပြီး နောက်ဆုံးတော့ ဇီဝိန်ချုပ်ငြိမ်းသွားပြီဖြစ်တဲ့ ရှန်ဆီနယ်မြေထဲက လန်မြစ် }

သူတို့တွေဟာ concrete junk တွေဖြစ်တဲ့ မိုးမျှော်တိုက်ကြီးတွေ၊ လမ်းမကြီးတွေဟာ တိုးတက်တဲ့ အရိပ်အရောင်တွေအဖြစ်နဲ့ ကျေနပ်နေကြတယ်။ သဘာဝတရားရဲ့ အလှအပတွေကိုတော့ မတိုးတက်ခြင်းနဲ့ တောဆန်ခြင်းလို့ လွဲမှားစွာ (ဒါမှမဟုတ်) သိသိနဲ့ ခေါင်းမာစွာ.. ယူဆနေကြတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်အဖြစ်နဲ့ ကိုယ့်မျက်နှာက မျက်လုံးကို ဖောက်ထုတ်နေတဲ့ တိုင်းပြည်ဖြစ်နေပြီလို့ ၀ိုင်းသတိပေးတာကို သူတို့ နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. တိုးတက်ခြင်းရဲ့ ပြယုဒ်တွေတဲ့လား….။

2.jpeg

{ရေတွေခမ်းသွားလို့ မြေပက်ကြားအက်တွေဖြစ်၊ မြေတွေဟာ ရေတိုက်စားခြင်းခံရ၊ စပါးစိုက်စရာမြေမရှိ… အက်စစ်ရေတွေထဲမှာလည်း ဘယ်ငါးမှ မရှိလို့ ကြံရာမရဖြစ်နေရှာတဲ့ ယန်စီမြစ်ကမ်းနဖူးပေါ်က တံငါသည် တစ်ဦး}

4.jpg
{တရုတ်ပြည် Jiangxi ပြည်နယ်က စိမ်းစိုခဲ့တဲ့ Poyang ရေကန်ထဲကို ရေတွေ မ၀င်တော့လို့ ပက်ကြားအက်နေတဲ့ မြေပြင်ပေါ်မှာ ငေးမောနေတဲ့ လူတစ်ယောက်။ November 26.- The water level of the largest freshwater lake in China has fallen to dangerous limits due to severe droughts since this summer.}

ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။

၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Damကြောင့်ဖြစ်ရတာလို့ပြောနေတဲ့ သိပံ္ပပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ၇၅GW မှ ၈၅GW ရေပါဝါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။

ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက်ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစား နိုင်ကြလောက်အောင် လောဘတွေ ယှဉ်ပြိုင်လိုမှုတွေနဲ့.. အမိုက်မှောင်ဖုံးနေခဲ့တယ်။

3.jpeg
{ခြောက်သွေ့နေပြီဖြစ်တဲ့ Hubei ပြည်နယ်ထဲက Honghu ရေကန်ထဲမှာ သေဆုံးနေတဲ့ ငါးတွေပါ။ (May 20, 2011) The Yangtze River, China’s longest, has been plagued by a severe drought, with the lowest level of rainfall this year since 1961, an official with the river’s flood control and drought relief headquarters said Monday, Xinhua News Agency reported. Picture taken May 20, 2011. REUTERS/Stringer (CHINA - Tags: ENVIRONMENT ANIMALS)}

5.jpg

{ တရုပ်ပြည်အရှေ့ဘက်ပိုင်း ၊ Jiangxi ပြည်နယ်က Poyang ကန် ဟာ တရုတ်ပြည်ရဲ့အကြီးဆုံး ရေ၀င်/ရေထွက်ကန်ကြီးပါ။ အခုဆိုရင် ကန်ထဲမှာ ရေဟာ ၁၀ပုံ ၁ပုံပဲ ကျန်ပါတော့တယ်။ မကြာခင်မှာ တရုတ်ပြည်ရဲ့ အကြီးဆုံး ဒီရေကန်ကြီးဟာ ဒဏ္ဍာရီ စာရင်းထဲ ၀င်တော့မှာ ဖြစ်ပါတယ် }

6.jpg

{တရုပ်ပြည်အလယ်ပိုင်း Hubei ပြည်နယ်ရဲ့ Hanjiang မြစ်ကမ်းပါးပေါ်မှာ ရေရှာမရတော့လို့ သေဆုံးရတဲ့ သတ္တ၀ါတွေများစွာထဲက တစ်ကောင် (May 19, 2011) Hanjiang မြစ်လက်တက်ဟာ ယန်စီရဲ့ မြောက်မြားလှစွာသော ခမ်းခြောက်မြစ်လက်တက်ထဲက တစ်ခုဖြစ်ပါတယ်။ [Photo/Xinhua]}

7.jpg

{Henan ပြည်နယ်မှ ခမ်းခြောက်လာနေသော အ၀ါရောင်မြစ်ကမ်းပါး တစ်နေရာ [File Photo: China News Service]}

သူတို့ ယန်စီကို အားပါးတရ ချေတော်တင်ပြီးပြီ။ ယန်စီတင်မက သူတို့တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း ခြေတော်တင်ခဲ့ပြီးပြီ။ သူတို့ပြည်ထဲက ရှိသမျှ မြစ်တွေကို ခြေတော်တင်လို့ အားရတော့….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့အတွက်.. concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. အသွေးအသားစုတ်ထုတ်ဖို့ မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။

သူတို့ တွေ့သွားတယ်။

တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီ ကို သူတို့ တွေ့သွားတယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေ ထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံးနှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး တစိမ့်စိမ့်ယိုစီးလာမယ့် သွေးတွေကို စိမ်ပြေနပြေသောက်ချင်လွန်းလို့ သူတို့တွေဟာ…. သွားရေတများများနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့တာ ကြာပါပြီ။

8.jpg

{ဧရာဝတီ ရဲ့ မျိုးပြုန်းလုနီး လင်းပိုင်များ}

သူတို့ဟာ.. ဧရာဝတီ ကို ခြေတော်တင်ဖို့ ပြုံးပြုံးကြီး ရှုစားနေကြပြီ။ ကျေနပ်လွန်းလို့ အော်ဟစ်ရယ်မောနေသံတွေဟာ မကောင်းဆိုးဝါးတွေရဲ့ ရယ်သံတွေလိုပဲ မေခ၊ မေလိခ တောင်နံရံတွေပေါ်မှာ ပဲ့တင်ထပ် ရိုက်ခတ်နေကြတယ်…..

အဲဒီတိုင်းပြည်ကလေးဟာ …

အတွေးအခေါ်… ယဉ်ကျေးမှု တစ်ဖြည်းဖြည်း ၀ါးမျိုခံနေရတယ်……

အဲသလို… အမျိုခံနေရတန်းလန်းမှာတောင် မျိုနေတဲ့ သူတွေကို အထင်ကြီးစွာ မော့ကြည့်နေရရှာတယ်။

အဲဒီတိုင်းပြည်ကလေးဟာ….

အရှင်လတ်လတ် ဂုတ်သွေးစုတ်ခံနေရတယ်…

ဂုတ်ကို သွေးစုတ်ခံနေရတာတောင်… သွေးသံရဲရဲ သွားစွယ်ကြီးတွေကို မော့ငေးရင်း..

“တော်လိုက်တဲ့ စီးပွားရေးသမားတွေ”ဆိုပြီး တဖွဖွ ချီးကျူးနေလိုက်ကြသေးတယ်။

သူတို့ဟာ…တိုင်းပြည်ကို စိမ်ပြေနပြေ မျိုလို့ အားမရတော့…

တိုင်းပြည်ရဲ့ သွေးကြောမကြီးကိုဖြတ်တောက်.. အစိမ်းလိုက် သောက်..

အောင်သေအောင်သား စားကြတော့မယ်။

ဒါကို…. လည်စင်းခံပေးရင်း

ကျေကျေနပ်နပ်ကြီးနဲ့ … သွေး အသောက်ခံနေကြသူတွေကို……

ဘယ်လို နားလည်ရမှာလဲ….

လူတွေဟာ… သဘာဝတရားကို အတင်းအဓ္ဒ္ဒမ လုယူတတ်ကြတယ်။

အဲသလို.. အလုယူခံရတဲ့ သဘာဝတရားဟာ တန်ပြန်တုံ့ပြန်တဲ့ အခါမှာ..

လူသားတွေပဲ နစ်နာဆုံးရှုံးကြရတတ်ပါတယ်။

သူတို့တွေရဲ့ ဂုတ်သွေးစုတ်ခံနေရခြင်းမှ…. တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ရုန်းထွက်နိုင်ဖို့ … ရှိရှိသမျှသောနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပါစေတော့ .. လို့…..

ဧရာဝတီ ဟာ ငိုကြွေးရင်း တောင်းပန်နေပါတော့တယ်။

(( ကျမဟာ ဘူမိဗေဒပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာကို မြန်မာပြည်သူတစ်ယောက်အနေနဲ့ စာတွေအများကြီးဖတ်ပြီးတဲ့နောက်… နှလုံးသားနဲ့ ရေးပါတယ်။ တရုတ်ပြည်မှာ သူတို့ဖျက်ဆီးစရာ မြစ်ချောင်းတွေအများကြီး ရှိပါတယ်။ ကျမတို့တိုင်းပြည်မှာ.. ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို စီးတာ.. ဒီမြစ်ကလေးပဲ … ရှိပါတယ်။

တစ်နေ့မှာ…
နောင်လာနောက်သားတွေဟာ..
ဒီနေရာမှာ…
ဧရာဝတီ ဆိုတဲ့ မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးတယ်…
မြန်မာဆိုတဲ့ လူမျိုးတွေ နေခဲ့ဖူးတယ်…
ဆိုပြီး….
ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ပြောကြတော့မှာမျိုး မဖြစ်ပါစေနဲ့လို့ဘဲ …. ဆုတောင်းရတော့မလို ဖြစ်နေရပါပြီ ))

စာရေးလို့အပြီး..
ခေါင်းစဉ်တပ်လို့အပြီးမှာ..
မျက်ရည်ကျပါတယ် ဧရာဝတီ။

(အိမ့်ချမ်းမြေ့)

http://articlesofinterest-kelley.blogspot.com/2011/05/china-drought-affects-35-million-people.html
http://www.trust.org/alertnet/multimedia/pictures/detail.dot?mediaInode=48161642-795e-4b29-9800-566b78ca70a8
http://english.peopledaily.com.cn/90001/90776/90882/7397337.html
http://www.itsnature.org/sea/aquatic-mammals/irrawaddy-dolphin/
http://ipsnews.net/mekong/stories/dolphins.html

သက်ဆိုင်တာလေးတွေ

Monday, August 29, 2011

ကဲ..စိတ်ဝင်စားရင်ပြော




မိုးကုတ်တွင်းထွက်စစ်စစ်။စိတ်ဝင်စားရင်ပြော။
ကမ္ဘာမှာအကြီးဆုံးပဲ။မြန်မာတွင်းထွက်စစ်စစ်။

Friday, August 12, 2011

တို့မြန်ပြေအေးချမ်းစေ။



အရမ်းကြိုက်တဲ့သီချင်းလေးပါ။မြန်မာပြည်ကိုလွမ်းတယ်။
ပြန်ချင်တယ်။ဒါပေမယ့်တစ်စုံတစ်ရာသောအကြောင်းတွေ
ကြောင့်ပြည်တော်ဝေးနေတုန်းပါပဲ။

Saturday, August 6, 2011

မှားတဲ့ဘက်မှာ



ဒီသီချင်းလေးကျွန်တော်အရမ်းကြိုက်တဲ့သီချင်းလေးဖြစ်ပါတယ်။

Monday, August 1, 2011

ဓါတ်လှေကားမှာခြောက်တဲ့သရဲ..

ဓါတ်လှေကားမှာခြောက်တဲ့သရဲ..ဟဲဟဲ..ကျွန်တော်ဆိုဓါတ်လှေကားစီးရင် နောက်ကျောမလုံဘူးလေ....
နောက်ဆုံးလူနှစ်ယောက်ရှိနေတဲ့အခန်းလေးကိုသေချာအာရုံစိုက်ကြည့်နေနော်...
အဲဒါလေးကြည့်ပြီးရင်နောက်ဆိုဓါတ်လှေကားစီးရင်သတိထားကျတော့.....
ဟဲဟဲဟဲ....နောက်ကျောကတော့တကယ်ကိုမလုံတာဗျ...

ဒေါင်းမင်း