ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Tuesday, May 12, 2009

အပျိုနှင့်ညားမလား၊အအိုနဲ့ညားမလားစမ်းကြည့်ကြရအောင်

ကဲ..စလိုက်ကြရအောင်...ဒီလို..သူငယ်ချင်းရောင်းရင်းတို့ရေ..အဲသူငယ်ချင်းရောင်းရင်းတို့ဆိုတာယောင်္ကျား
လေးသူငယ်ချင်းများကိုဆိုလိုပါသည်။ကျွန်တော်တို့ယောင်္ကျားလေးတွေချစ်သူရည်းစားထားကြမယ်ဗျာ..နောက်
တစ်ဆင့်..မိန်းမယူကြမယ်ဗျာ..ကဲ..မိန်းမယူမယ်ဆိုရင်အားလုံးကအပျိုစစ်စစ်ပဲလိုချင်ကြတာပဲ..ဟုတ်တယ်
နော်..ကျွန်တော်လဲထို့အတူပဲ..မိန်းမယူမှတော့အပျိုပဲလိုချင်တာပဲလေ..သူငယ်ချင်းတို့ရဲ့လက်ထက်မယ့်
ချစ်သူမိန်းကလေးဟာအပျိုဖြစ်မလား၊မပျိုဘူးလားဆိုတာသိတဲ့နည်းတစ်နည်းရှိတယ်။မှန်တယ်လို့ပြောကြ
တယ်။သင်္ချာအပေါင်းအနုတ်၊အမြှောက်၊အစား၊တက်ရင်ရပြီခင်ဗျ။ အဲဒီတွက်ကိန်းတွေကိုရှေးပညာရှိကြီးတွေ
ကအောက်ပါအတိုင်းလင်္ကာဖွဲ့ပေးထားခဲ့ပါတယ်။

မူလကိုတည်ဆောက်၍လေးမြောက်ကာပုံသေသေ၊စားသတ္တပေ၊ဧက်သာနေကညာပေမလွဲ၊။ကျားကြွက်ကယ်
ပဥာနှင့်တစ်လင်ကွာနှစ်လင်ကျတို့ညားရစမြဲ။ခြင်္သေ့နံဆင်မင်းနှင့်အကြွင်းမြင်ပြန်လျှင်မျိုးမြတ်သန့်စင်၊သုည
မြင်ဆံပင်ဖြူကြားသက်ကြီးရွယ်ပျိုတဲ့အမယ်အိုမျိုမလိုချစ်ရတယ်မှတ်ကြမမှား။

အဓိပါယ်ကတော့မိမိတို့မွေးဖွားတဲ့မူလမွေးသက္ကရာဇ်(အင်္ဂလိပ်နှစ်)ကိုတည်ပါ။(၄)နဲ့ပုံသေမြှောက်ပါ။

မြှောက်ရလဒ်ကို (၇)ဖြင့်စားပါ။

(၁)(၆)ကြွင်းလျှင်အပျိုကညာအစစ်ကိုရပါမည်။

(၂)(၅)ကြွင်းလျှင်တစ်လင်ကွာ၊နှစ်လင်ကွာ(သို့)မုဆိုးမနှင့်ညားတက်သည်။

(၃)(၄)ကြွင်းလျှင်အမျိုးမြတ်သောမိန်းမကိုရမည်။

(၀)ကြွင်းလျှင်ဆံပင်ဖြူကြားသောမိန်းမကြီးကိုရတက်သည်။

ကဲသူငယ်ချင်းတို့ဘာကြွင်းကျလဲ။ဟဲဟဲကျွန်တော်ကတော့(၁)ကြွင်းတော့အပျိုစစ်စစ်ကိုရမယ်တဲ့။အဟဲ။
ကဲနားကျအုံးစို့........။
ဒေါင်းမင်း။

6 comments:

  1. (၄)ကြွင်းပါသည်

    ReplyDelete
  2. ဟင်... မဖြစ်နိုင်တာ... ၁၉၈၄ က မွေးတဲ့လူတွေ အကုန်လုံး တစ်လင်ကွာ၊နှစ်လင်ကွာ(သို့)မုဆိုးမနှင့်ညားကုန်တော့မှာပေါ့ ဟွန်း.. ဒီpostကို ပေးဖတ်လို့ မဖြစ်ဘူး အဲဒါဆို :((

    ReplyDelete
  3. အဓိပ္ပါယ်မရှိပါ
    အဲဒါ တဖက်မိန်းကလေးကို ယုံထင်ကြောင်ထင်ဖြစ်စေပါတယ်။

    ReplyDelete
  4. ကိုဒေါင်းမင်း ယောကျာ်းလေးတွေအတွက်ပဲလား မိန်းကလေးတွေ ဘက်ကရော တွက်လို့မရဘူး လား ဟီး၂ ရှိရင်ရေးပေးပါအုံး
    ပျောက်နေတယ်နော် ဘယ်တွေရောက်

    ReplyDelete
  5. မတွက်ရဲဘူး ဟီး

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။