ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Sunday, July 4, 2010

ရင်ခုံသံပြိုလဲ

ရင်ခုန်သံပြိုလဲ

အနံ့သင်းသင်း
ဆွဲအားတင်းတင်း
ခါးစည်းကြိုးလေးနဲ့
သမုဒယမျက်နှာလေးကို
မွေးမွေးပေးချင်တယ်။

စကားလေးတီတီတာတာ
ဟန်နွဲ့နွဲ့ပလီပလာ
အင်္ကျီလည်ဟိုက်လေးနဲ့
အသားချင်းမထိတထိ
ဖက်နမ်းမိလိမ့်မယ်။

ခေါင်းကလေးယိမ်းကာတိမ်းကာ
မျက်စောင်းလေးဝင့်ကာတင့်ကာ
ကျောင်းဆင်ထမီလေးနဲ့
အသက်ရှုမသိတသိ
ချစ်နေမိတယ်။

ရက်စက်တဲ့သဏ္ဍာန်
အပြုံးချိုမူဟန်ဟန်နဲ့
ရောဂါတဲ့ သဲနေသူကိုပေါ့
ချစ်အဖြေပေးတော့
လက်တွဲကြရအောင်နော့
တသက်လုံးပေါ့။


ရေးသားသူ----စိုးမိုးသူ(ထားဝယ်)၊ခေတ္တ-အမေရိက၊
soemoethu969@gmail.com

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။