ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Thursday, October 28, 2010

အောင်သပြေညီနောင်

အောင်သပြေညီနောင်ဆိုသည်မှာအောင်သပြေမြို့ရိုးဟောင်းအရှေ့မြောက်ဒေါင့်၏အရှေ့ဘက်ကပ်လျှက်တွင်
ရှိသောသပြေညီနောင်ခေါ်သပြေပင်ကြီးနှစ်ပင်ဖြစ်ပါသည်။အံ့သြဖွယ်ကောင်းလောက်အောင်ပင်စည်များတုတ်
ကြပါသည်။စာရေးသူအပါအ၀င်ပါလာသူငါးယောက်ထိုအပင်ကြီးကိုဖတ်ကြည့်ကြည့်ရာမမှီပဲနောက်ထပ်သုံး
ပေလိုနေသေးသည်ကိုအံ့သြမိပါသည်။
အချင်းကိုတိုင်းကြည့်ရာ ၁၀ပေ၊၆လက်မရှိပါသည်။တောင်ဘက်ပင်မှာအချင်း၁၀ပေရှိပါသည်။
ပင်စည်အောက်ခြေအချင်းမှာမြောက်ဘက်ပင်မှာ ၂၃ပေ၊တောင်ဘက်အပင်ခြေမှာအချင်း၂၀ပေရှိပါသည်။
ဒေသခံများ၏အစဉ်လာပြောပြချက်အရ သုဒ္ဓေါနမင်းကြီးကသိဒ္ဓတ္ထမင်းသားကိုဒေ၀ိဠရသေ့အားပြသသည်။
ထိုဒေ၀ီဠရသေ့နှင့်သူငယ်ချင်းဖြစ်သည့်ဂေါ်ဓံရသေ့သည်ထိုအပင်ကြီးနှစ်ပင်အနီ့း၌သီတင်းသုံးခဲ့သည်ဟု
ဆိုပါသည်။ထိုအဆိုမှန်ကန်ပါက အဆိုပါသပြေပင်ကြီးနှစ်ပင်၏သက်သမ်းမှာနှစ်ပေါင်း(၂၅၀၀)ကျော်ပြီဟုခန့်
မှန်းရပါသည်။ထပ်မံတိုင်းတာချက်အရထိုအဆိုမှာမှန်ကန်သည်ဟုယူဆရပါသည်။တိုင်းတာချက်နှင့်ထိုအဆို
အရသပြေပင်ကြီးနှစ်ပင်မှာမြတ်စွာဘုရားရှင်ထက်အသက်၆၈နှစ်ကြီးသည်ဟုသတ်မှတ်လို့ရပါသည်။
ထိုသပြေပင်ကြီးနှစ်ပင်ကိုအစွဲပြုပြီးယခင်က အပင်မြို့။အောင်သပြေမြို့၊ဟုနာမည်တွင်ခဲ့ပါသည်။

ထိုမြင်ရသောရေတွင်းလေးမှာလဲအောင်သပြေညီနောင်ကြီးနှင့်အပြိုင်သက်တမ်းတူတူပဲဖြစ်ပါသည်။
ရေတွင်းရေမှာအမြဲအေးမြလျက်ရှိပြီးPH7အဆင့်ရှိကြောင်းကျမ်းမာရေးဝန်ကြီးဌာနမှတိုင်းတာချက်အရသိရ
ပါသည်။


အော်ခြေအမြစ်များမှာကျောက်ဖျာကဲ့သို့ဖြစ်ပေါ်နေသည်။



ထိုအောင်သပြေညီနောင်ကြီးနှင့်ပါတ်သတ်ပြီးသမိုင်းလေ့လာသူများအနေဖြင့်လေ့လာနိုင်သလို၊ဘာသာတရား
ဂမ္ဘီရလိုက်စားသူများလဲလေ့လာနိုင်ပါသည်။မျက်မြင်ကိုယ်တွေ့အရ ထိုအောင်သပြေညီနောင်ကြီးတွင်အဓိဌာန်
ပုတီးစိတ်၊တရားထိုင် ပြီး အောင်မြင်သွားသူအများအပြားကိုတွေ့ရပါသည်။ထိုအောင်သပြေညီနောင်တည်ရှိရာ
နေရာကတော့ မကွေးတိုင်း၊နတ်မောက်မြို့နယ်၊ယခုပင်းမြို့ဟောင်းနေရာတွင်တည်ရှိပါသည်။ရှင်အရဟံမဟာ
ဗောဓိရွှေညောင်တော်နှင့်ကပ်လျှက်တည်ရှိပါသည်။သွားရောလေ့လာနိုင်ပါသည်။

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။