ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Wednesday, November 3, 2010

“ မကျွမ်းခင်ကလွမ်းနှင့်ပြီ”

“ မကျွမ်းခင်ကလွမ်းနှင့်ပြီ”
ဧည့်သည်ဘ၀ .....တခဏဖြင့်
ကြုံရဆုံရ .........တွေခဲ့ကြလည်း
အတိတ်ဘ၀ ..........သံသာရက
ဘ၀ရေစက် .........ပဋ္ဌာန်းဆက်မို့
ကံဆက်၍ပင် .........သံယောဇဉ်ဖြင့်
ချစ်ခင်မ၀ ...........မြတ်နိုးကြသည့်
မိဘဘိုးဘွား .........သားချင်းများနှင့်
ညီများတသွယ် ......ညီမငယ်တို့
ခင်တွယ်သမျှ .......ချစ်သမျှကြောင့်
ပျော်လှပါလျက်......ခွဲဖို့ခက်၍
တစ်ရက်နေရ ....တစ်ဘ၀ဟု
စိတ်ကမှတ်ထင် ...ဆက်နေချင်လည်း
နေချင်သမျှ ...နေမရဘဲ
ခွဲကြရမည် ......ဝေးတော့မည်ဟု
ကြံစည်စဉ်းစား.....သောကပွားလျက်
လက်များချိုးရေ ...တွက်လေတိုင်း
ခွဲနေရမည့် .........ထိုအသိကြောင့်
မချိရင်မှာ ........ကြေကွဲစွာဖြင့်
တွယ်တာနှောင်ငင်....သံယောဇဉ်သည်
အမျှင်မပြတ် ......ဆို့နင့်ကျပ်လျက်
ဘယ်ရပ်ဘယ်ဆီိ.....သွားရမည်ကို
အတည်တကျ.......မသိရခင်
မှန်းဆတမ်းတ.......လွမ်းနေရမည့်
ဘ၀ဖြစ်ထွေ.........ဘယ်သို့နေဟု
တွေးလေလေသာ ...သောကဖြာလျက်
ရင်မှာမောရပါတကား။ ။

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။