ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, June 6, 2009

ချစ်သူသို့.........

အချစ်ဦးဟု
နုတ်မှာဖွင့်ဟ မဆိုသာလည်း
အချစ်ဆုံးတော့ ဖြစ်နေခဲ့မိ ဖြစ်နေမိပြီ။
ရည်းစားဦးဟု
နုတ်မှာဖွင့်ဟ မဆိုနိုင်လည်း
အချစ်ဦးတော့ ဖြစ်နေခဲ့ပြန် ဖြစ်ခဲ့ပြန်တယ်။
ကျိုးကြောင်းဆက်လို့
ရည်းစားများစွာ ထားခဲ့ဖူးမိ ငါ့အဖြစ်လေ
ချစ်သူ့အတွက်
ယုံကြည်ဖွယ်ရာ ဖြစ်မနေမှန်း သိနေငြားလည်း
အရူးအမူး စွဲလမ်းနေခဲ့ ချစ်ခဲ့ပြီမို့
မချင့်မရဲ သက်ပြင်းကိုသာ ရင်ဝယ်ပိုက်ရင်း
ချစ်သူ့ရှေ့မှာ
ရည်းစားများစွာ ထားခဲ့ဖူးကြောင်း
ရိုးသားစွာဖြင့် ဖွင့်ဟ၀န်ခံ အသိပေးမိ
ငါ့ကိုငါ့သာ
မုန်းနေချင်တော့ မုန်းမိတော့တယ်။
...........................................
ရေးသားသူ
ယဉ်ကျေးငယ်(လားရှိုး)
--
ဒေါင်းမင်း

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။