ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Monday, August 23, 2010

အချစ်ကိုတွေ့ရှိ့ခြင်း

အချစ်ကိုတွေ့ရှိခြင်း


မင်းအတွက်နဲ့ ချွင်းချက်ထည့် ယွင်းပျက်ခဲ့တဲ့ငါ။

စိတ်မချပေါင် စိတ္တဇကြောင် အိပ်မရအောင်ဖြစ်နေပြီ။

ဦးနှောက်ဆိုတဲ့ တပ်မ စစ်ဆင်ရေး

မစနိုင်ခင် နှလုံးသားကအာဏာသိမ်း

အလံစိမ်းပြလိုက်တဲ့အခါ

အချစ်ဆိုတဲ့ရထား

ဥသြဆွဲပြီး ထွက်သွားတာ

တစ်ဘူတာပြီး တစ်ဘူတာ

သံသရာမပြတ် မရပ် မနား ခုတ်မောင်း

လမ်းကြောင်းပေါ်က ကျော်ထွက်

အာကာပြင်ဆက်တက်ပြီး

အချစ်အတွက် သေရဲတယ်။။ ။။

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။