ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Friday, October 14, 2011

သမ္ဗုဒ္ဓေဂါထာတော်မြတ်

ကျွန်တော်အမြဲရွတ်ဆိုနေသောသမ္ဗုဒ္ဓေဂါထာအားမိတ်ဆွေများကြည်ညိုနိုင်ရန်တင်ပြပေးလိုက်ပါသည်။
လူတိုင်းရွတ်ဆိုနေကြသောသမ္ဗုဒ္ဓေဂါထာတော်နှင့်မတူပါဘူး။သမ္ဗုဒ္ဓေဂါထာတော်ရဲ့အကျိုးကျေးဇူးတွေ
တော့ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။

သမ္ဗုဒ္ဓေဂါထာတော်မြတ်
သမ္ဗုဒ္ဓေ အဌဝီသဉ္စ၊
ဒွါဒသဉ္စ သဟသာကေ။
ပဉ္စသတ သဟသာနိ၊
နမာမိ သိရသာမဟံ။
ဂင်္ဂါယံ ဝါဠုကာ စုဏ္ဏေ။
ပရာဇေတွာ ဗဟုဖုလ္လေ၊
၊တေသံဓမ္မဉ္စ သံဃဉ္စ၊
အာဒရေန နာမမဟံ။
နမက္ကာရာ နုဘာဝေန၊
ဟိတွာသဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။ ။

အဋ္ဌ၀ီသံ - သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင်ဟိတ် အောင်ဘိသိက်ဖြင့် နှစ်ကျိပ်ရှစ်ဆူကုန်သော သမ္ဗုဒ္ဓေ စ-တန်ဆောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း။ ဒွါဒသဉ္စသဟဿကေ - နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျှောင်းသည့် တစ်သောင်းနှစ်ထောင်ကုန်သော။ သမ္ဗုဒ္ဓေစ - လရောင်ပမာ ဉာဏ် ရောင်ဝါဖြင့် သစ္စာပွင့်လွင်း တရားမင်းတို့ကိုလည်းကောင်း။ ပဉ္စသတသဟဿာနိ - သောင်းတိုက်စကြာဝဠာ ဂုဏ်ဝါကျော်ဟိန်း ငါးသိန်းကုန်သော၊ သမ္ဗုဒ္ဓေစ-နေရောင်ပမာ ဉာဏ်ရောင်ဝါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ ကိုလည်းကောင်း။ ဂင်္ဂါယံ - ဂင်္ဂါမြစ်ထဲ၌၊ ၀ါဠုကာစုဏ္ဏေ - သဲလုံးမက များပြားလှစွာသော။ ဗဟုဖုလ္လေ-များပြား လှစွာသော ကုသိုလ်ကောင်းမှုများကို ဖျက်ဆီးတတ်ကုန်သော တစ်ထောင့်ငါးရာ ကိလေသာမာရ်ကိုယ်တွင်း ရန်တို့ကို ၊ ပရာဇေတွာ - ဆုံးရှုံးကျဆင်းစေ၊ အမြစ်ပြတ်ရှင်းလင်းစေ၍၊ အာဒရေန - ရိုသေမြတ်နိုးစွာ၊ အဟံ တ ပည့်တော်သည်၊ နမာမိ - မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား။ တေသံ - ထိုငါးသိန်းတစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ် ဆူကုန်သော ဘုရားရှင်တို့၏ ၊ ဓမ္မဉ္စ - မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ပါးသောတရားတော် မြတ်တို့ကိုလည်းကောင်း၊ သံဃဉ္စ- အရိယာရှစ်ပါး သံဃာတော်များနှင့် သမုတိသံဃာတော်အရှင်သူမြတ်တို့ အားလည်းကောင်း ၊ အဟံ - တပည့်တော်သည်၊ အာဒရေန ရိုသေစွာ၊ နမာမိ - မြတ်နိုးသဒ္ဓါ ရှိခိုးပါ၏ဘုရား။ နမက္ကာရာနုဘာဝေန - ရှိခိုးပူဇော် ဖူးမြော်ပါရ ကုသလ၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်၊ သဗ္ဗေ ခပ် သိမ်းကုန်သော၊ ဥပဒ္ဒဝေ - ဘေးဥပဒ်ရန်စွယ် အန္တရာယ်ဟူသမျှတို့သည်။ ဟိတွာ - ပယ်စွန့်ကြကုန်၍၊ အနေက အန္တရာယာပိ - တစ်ပါးမက များလှစွာသော အန္တရာယ်ဟူမျှတို့သည်လည်း ၊ အသေသတော မကြွင်းအကျန်မရှိ သောအားဖြင့်၊ ၀ိနဿန္တု - ကင်းစင်လွင့် ပျောက်ပါစေသတည်း..။ (ဆီလျှော်အောင် ဘာသာပြန်လိုက်ပါသည်)

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။