ကျွန်တော်တို့စကားဝိုင်းတွင် သူကငေးငေးငိုင်ငိုင်သုန်သုန်မှုန်မှုန်ဖြစ်နေပါသည်။ခဏကြာမှသူနှင့်သူ့ဇနီး
အိမ်ရှင်မတို့မပြေမလည်ဖြစ်လာခဲ့ကြောင်း၊သူ့လိုစာသမားတစ်ဦးအတွက် ဓနဥစ္စာရှာဖွေရေး၌မည်ကဲ့သို့
သောအခက်အခဲများရှိကြောင်းကိုပြောဆိုငြီးတွားပါသည်။ထို့နောက်သူက
“ဖရက်ဒရစ်နိရှေးပြောတာဟုတ်တယ်ဗျ၊ထာဝရဘုရားရဲ့ပထမအမှားကလူကိုဖန်ဆင်းလိုက်ခြင်းပဲ၊လူဖြစ်လာ
ရတာကောင်းကိုမကောင်းပါဘူးဗျာ”
သူကထာဝရဘုရားကိုအပြစ်တင်စကားပြောရင်းဘ၀ဒုက္ခများကိုတဆင့်ငြီးတွားသည်။ထို့နောက်သူကဆက်၍
“ထာဝရဘုရားရဲ့ဒုတိယအမှားကမိန်းမကိုဖန်ဆင်းလိုက်ခြင်းပဲဗျ၊အဲဒီမိန်းမကြောင့် မိန်းမတွေကြောင့်ပေါ့ဗျာ၊
ကျုပ်တို့ယောကျာ်းတွေဒုက္ခရောက်လိုက်ကြတာပြောမဆုံးအောင်ပဲ၊တကယ်ဆိုမိန်းမဆိုတာချောက်
ကမ်းပါးပြတ် ကြီးနဲ့တူတယ်ဆိုတာဟုတ်တယ်ဗျ၊အဲဒီမိန်းမဆိုတဲ့ချောက်ကြီးထဲကျသွားပြီဆိုရင်ပြန်တက်နိုင်ဖို့
ဆိုတာမလွယ် ဘူ၊မလွယ်တော့ဘူး၊”
သူ၏ဘယ်ဘက်နံဘေးတွင်ထိုင်နေသူမိတ်ဆွေကသူ၏စကားကိုထောက်ခံသည့်အနေဖြင့်ဦးခေါင်းတညိတ်
ညိတ်လုပ်နေသည်။ထိုသို့ဦးခေါင်းညိတ်ရင်းမှမိန်းမဆိုသည်မှာယောကျာ်းတည်းဟူသောဝါဂွမ်းကိုလွှင့်မှုတ်
လိုက်သည့်လေနှင့်တူကြောင်း၊လေဖြင့်မှုတ်လွင့်လိုက်ပါက၀ါဂွမ်းသည်ရပ်တည်ရာမရလွင့်ပါသွားသကဲ့
သို့ယောကျာ်းဖြစ်သူမှာလဲရပ်တည်ရာမရနိုင်ပဲဒုက္ခတွေနှင့်ကြုံတွေ့ရကြောင်း၊မိန်းမဆိုသည်မှာသခင်နှင့်တူ၍
လင်ယောကျာ်းမှာမူကျွန်နှင့်တူကြောင်း၊မိန်းမအလိုကျ၊ထိုမိန်းမကမွေးသောသားသမီးများအလိုကျလုပ်ကိုင်
ဆောင်ရွက်နေရသောကျွန်အကြီးစားနှင့်တူကြောင်းပြောရင်းနှစ်ဦးသားစကားအပေးအယူတည့်နေကျပါသည်။
မဃဒေ၀လင်္ကာသစ်ကိုဖက်ရင်း“မိန်းမတို့အပြစ်သဘောညစ်ကိုတစ်တောင်လောက်ရှည်တဲ့လျှာနဲ့ဘာ
အလုပ်မှမလုပ်ပဲနေ့ရောညပါမရပ်မနားပြောပေမယ့်ပြောလို့မဆုံးနိုင်အောင်ပါပဲလား”ဟုလည်းငြီးတွား
ကြပြန်ပါသည်။ရှိုပင်ဟောင်ဝါဆိုသောတွေးခေါ်ပညာရှင်ကမင်္ဂလာလက်ဖွဲ့စရာကြုံလာလျှင်ကြိမ်လုံးနှင့်ကြိုးကို
လက်ဖွဲ့တက်ကြောင်း၊ထိုသို့လက်ဖွဲ့တက်ခြင်း၏သဘောမှာမိန်းမကသခင်အဖြစ်နှင့်မိမိကိုကျွန်သဖွယ်
မဆက်ဆံရအောင်အိမ်ထောင်ကျကတည်းကကြိုကြိုတင်တင်“မိန်းမနဲ့နွားမသနားနဲ့”စကားအတိုင်း
မိန်းမကိုကြိုးတုတ်၍ကြိမ်နှင့်ရိုက်ပေးဖို့ရန်ဖြစ်ကြောင်းပြောနေပြန်ပါသည်။
သူတို့နှစ်ဦး၏ရှေ့တည့်တည့်တွင်ထိုင်နေသောမိတ်ဆွေကလှုပ်လှုပ်ရှားရှားဖြစ်လာပြီးနောက်
“ခင်ဗျားတို့ကိုနွားကြီးနှစ်ကောင်အကြောင်းပြောချင်တယ်ဗျ၊နွားအဖြူနဲ့နွားအနက်ကိုနဖါးကြိုးချင်းချည်နှောင်
ထားတယ်ဗျ၊ဒီလိုချည်ထားတော့နွားဖြူကြီးသွားမယ်ကြံတော့လည်းနွားနက်ကကန့်လန့်ကန့်လန့်ပါနေတယ်
နွားနက်ကြီးသွားမယ်လုပ်တော့လည်းနွားဖြူကြီးကကန့်လန့်ကန့်လန့်ပါနေတယ်။ဒီအခါမှာနွားဖြူကလည်း
နွားနက်ကြောင့်၊နွားနက်ကလည်းနွားဖြူကြောင့်လွတ်လွတ်လပ်လပ်မသွားလာမလှုပ်ရှားရဘူးဖြစ်နေတယ်
လို့အပြစ်တင်စရာတွေဖြစ်နေတာပေါ့။တကယ်တော့ဘယ်သူ့အပြစ်မှမဟုတ်ပါဘူးဗျာ၊။အလည်ကနဖါး
ကြိုးကြောင့်ပါ။အဲဒီလိုပဲဗျ။ခင်းဗျားတို့ကလည်းမိန်းမတွေမကောင်းကြောင်း၊မိန်းမတွေရဲ့အပြစ်ကိုပြောသလို
မိန်းမတွေကလည်းယောကျာ်းတွေရဲ့မကောင်းကြောင်း၊ယောကျာ်းတွေရဲ့အပြစ်ကိုပြောနေမှာပဲ။
တကယ်တော့ဘယ်သှူုအပြစ်မှမဟုတ်ပါဘူး။မိန်းမနဲ့ယောကျာ်းကြားမှာချည်နှောင်ထားတဲ့တဏှာရာဂဆိုတဲ့
သံယောဇဉ်ကြိုးရဲ့အပြစ်ပါ။တကယ်တော့အပြစ်ပြောချင်ရင်အဲဒီကြိုးရဲ့အပြစ်ကိုပြောပေါ့။လူတွေဟာ
ယူရမယ့်တာဝန်ကိုမယူရဲတာ၊ဖြေရှင်းရမယ့်ပြသနာကိုမဖြေရှင်းရဲတာနဲ့ဟိုလူအပြစ်ပြောဒီလူ့အပြစ်ပြောနဲ့
လုပ်နေကျတာပါ။ဟုတ်တယ်မဟုတ်လား”
ဘယ်သူမှဘာမျှပြန်မဖြေပဲဆိတ်ငြိမ်နေကျသည်။မိန်းမအပြစ်ပြောရင်းသုန်မှုန်နေသောမိတ်ဆွေ၏မျက်နှာက
ပို၍သုန်မှုန်နေသည်ဟုထင်ပါသည်။ခဏကြာသောအခါသူကကျွန်တော်တို့ကိုနုတ်ဆက်၍သုန်သုန်မှုန်မှုန်နှင့်
ပင်ထွက်ခွာသွားပါသည်။
ကြိုးတွေပို၍ရှုတ်ထွေးသွားဟန်ဖြင့်လျှောက်သွားနေသော့သူကို့ ကျွန်တော်တို့ငေးမျှော်ကြည့်နေကျပါသည်။
နန္ဒာသိန်းဇံ(အသွင်သဏ္ဌာန်တို့နောက်ကွယ်၌)စာအုပ်မှဖော်ပြပါသည်။
ဒေါင်းမင်း
Saturday, September 18, 2010
Monday, August 23, 2010
အချစ်ကိုတွေ့ရှိ့ခြင်း
အချစ်ကိုတွေ့ရှိခြင်း
မင်းအတွက်နဲ့ ချွင်းချက်ထည့် ယွင်းပျက်ခဲ့တဲ့ငါ။
မင်းအတွက်နဲ့ ချွင်းချက်ထည့် ယွင်းပျက်ခဲ့တဲ့ငါ။
စိတ်မချပေါင် စိတ္တဇကြောင် အိပ်မရအောင်ဖြစ်နေပြီ။
ဦးနှောက်ဆိုတဲ့ တပ်မ စစ်ဆင်ရေး
မစနိုင်ခင် နှလုံးသားကအာဏာသိမ်း
အလံစိမ်းပြလိုက်တဲ့အခါ
အချစ်ဆိုတဲ့ရထား
ဥသြဆွဲပြီး ထွက်သွားတာ
တစ်ဘူတာပြီး တစ်ဘူတာ
သံသရာမပြတ် မရပ် မနား ခုတ်မောင်း
လမ်းကြောင်းပေါ်က ကျော်ထွက်
အာကာပြင်ဆက်တက်ပြီး
အချစ်အတွက် သေရဲတယ်။။ ။။
ပို့တင်သူ
ဒေါင်းမင်း
0
သူတို့အမြင်
အကြောင်းအရာ
ကဗျာ
Saturday, August 14, 2010
ကမ်ဘောဒီးယားနိုင်ငံ၊အန်ကောဝတ် သို့အမှတ်တရ
ကမ်ဘောဒီးယားနိုင်ငံ..အန်ကောဝတ်ကိုရောက်တုန်း..ရိုက်လာတဲ့ပုံလေးတွေပါ..
အန်ကောဝတ် ဆိုတဲ့နေရာကအဆောက်အဦးတွေက ကျောက်တုံးတွေနဲ့တည်
ဆောက်ထားတာပါ။တချို့ ရုပ်လုံးတွေ၊နံရံပန်းချီတွေက၊ပြောရရင် မြန်မာပြည်
ပျူခေတ်လက်ရာတွေနဲ့တော်တော်ကိုတူတယ်။...အဲ...အန်ကောဝတ် ကျောင်း
ကြီးကိုလေ့လာဖို့ ၀င်ခွင့် လက်မှတ်က ဒေါ်လာ၂၀တောင်ပေးရတယ်..........
ပေးခါနီးလက်တော့တုန်နေတယ်နှမြောလို့..ဒါပေမယ့်လည်း လေ့လာချင်တော့
လည်း ပေးရတာပေါ့...။ သူ့ဧရိယာက တော်တော် ကျယ် တယ်။တနေကုန်သွားတယ်။
ကဲလေ့လာကြည့်လိုက်ပါအုံး သူငယ်ချင်း ၊မိတ်ဆွေတို့ရေ.....................................















အန်ကောဝတ် ဆိုတဲ့နေရာကအဆောက်အဦးတွေက ကျောက်တုံးတွေနဲ့တည်
ဆောက်ထားတာပါ။တချို့ ရုပ်လုံးတွေ၊နံရံပန်းချီတွေက၊ပြောရရင် မြန်မာပြည်
ပျူခေတ်လက်ရာတွေနဲ့တော်တော်ကိုတူတယ်။...အဲ...အန်ကောဝတ် ကျောင်း
ကြီးကိုလေ့လာဖို့ ၀င်ခွင့် လက်မှတ်က ဒေါ်လာ၂၀တောင်ပေးရတယ်..........
ပေးခါနီးလက်တော့တုန်နေတယ်နှမြောလို့..ဒါပေမယ့်လည်း လေ့လာချင်တော့
လည်း ပေးရတာပေါ့...။ သူ့ဧရိယာက တော်တော် ကျယ် တယ်။တနေကုန်သွားတယ်။
ကဲလေ့လာကြည့်လိုက်ပါအုံး သူငယ်ချင်း ၊မိတ်ဆွေတို့ရေ.....................................
ပို့တင်သူ
ဒေါင်းမင်း
0
သူတို့အမြင်
အကြောင်းအရာ
မှတ်တမ်း
Tuesday, August 10, 2010
မှတ်သားမိသော ကမ်ဘောဒီးယား စကား
ဒီနေ့ဘာရယ်မဟုတ်ဟော်တည်အောက်က ကောင်တာမှာ ၀န်ထမ်းတွေနဲ့စကားပြောရင်း ကမ်ဘောဒီးယား
စကားသင်လာတယ်။မြန်မာစကား သူ့ကိုသင် ၊သူ့စကား ကိုယ်သင်နဲ့ပေါ့၊ကဲမှတ်သားထားလေး ပြောပြမယ်။
မြန်မာ = ကမ်ဘောဒီးယား
နေကောင်းလား =နရားဆော့စပါတီ စ်
ကျေားဇူးတင်ပါသည် = အော့ကွန်း
ဟဲလို =ဆွတ်စလာရီ
မိန်းကလေး =စလရိုက်
ယောကျားလေး =ပရရောင်း
မင်းကိုချစ်တယ် = စညောခရောလှိုင်း နရ
မင်းကိုသတိရတယ် = ခညောနပ်စ် နရ
အရမ်းလှတဲ့မိန်းကလေး = စလရိုက် စအမ်
လေ့လာမိသလောက်ရေးပြတာပါ။သူငယ်ချင်းများကမ်ဘောဒီးယားရောက်ရင်..ဟီး ကမ်ဘောဒီးယားမလေး
တွေကို ချစ်တယ်ဆိုတာပြောတက်အောင်လို့ ဟီးဟီး...ဟီး။ကဲမနက်ဖြန်တော့ အန်ကောဝတ် ရှိရာမြို့သို့
သွားရောက်လည်ပါတ်လိုက်အုံးမယ်။
စကားသင်လာတယ်။မြန်မာစကား သူ့ကိုသင် ၊သူ့စကား ကိုယ်သင်နဲ့ပေါ့၊ကဲမှတ်သားထားလေး ပြောပြမယ်။
မြန်မာ = ကမ်ဘောဒီးယား
နေကောင်းလား =နရားဆော့စပါတီ စ်
ကျေားဇူးတင်ပါသည် = အော့ကွန်း
ဟဲလို =ဆွတ်စလာရီ
မိန်းကလေး =စလရိုက်
ယောကျားလေး =ပရရောင်း
မင်းကိုချစ်တယ် = စညောခရောလှိုင်း နရ
မင်းကိုသတိရတယ် = ခညောနပ်စ် နရ
အရမ်းလှတဲ့မိန်းကလေး = စလရိုက် စအမ်
လေ့လာမိသလောက်ရေးပြတာပါ။သူငယ်ချင်းများကမ်ဘောဒီးယားရောက်ရင်..ဟီး ကမ်ဘောဒီးယားမလေး
တွေကို ချစ်တယ်ဆိုတာပြောတက်အောင်လို့ ဟီးဟီး...ဟီး။ကဲမနက်ဖြန်တော့ အန်ကောဝတ် ရှိရာမြို့သို့
သွားရောက်လည်ပါတ်လိုက်အုံးမယ်။
ပို့တင်သူ
ဒေါင်းမင်း
0
သူတို့အမြင်
အကြောင်းအရာ
မှတ်တမ်း
Monday, August 9, 2010
ကမ်ဘောဒီးယားအကင်စားကြမလား
ကဲလာလည်သူမိတ်ဆွေသူငယ်ချင်းများကမ်ဘောဒီးယားအကင်များကိုအားရပါးရ သုံးဆောင်နိုင်ပါကြောင်း
နိုးဆော်အပ်ပါသည်။ကျွန်တော်ကတော့ဗိုက်ကိုပြည့်နေပြီ။ကဲသုံးဆောင်ကြပါခင်ဗျ။
ပို့တင်သူ
ဒေါင်းမင်း
0
သူတို့အမြင်
အကြောင်းအရာ
မှတ်တမ်း
Saturday, August 7, 2010
ဖနွမ်းဖန် မှ တနေ့တာ ပုံ များ(၁)
ဟဲဟဲဒီနေ့ တော့ ညဈေးကနေပြန်လာတာ ...အဲဒီမှာခဲပန်းချီအမှတ်တရအနေနဲ့ဝင်ဆွဲလာတာ။






ညဈေးတန်းမှာအကင်တွေရောင်းနေတာ..ဟဲကျွန်တော်ကတော့တနင့်တပိုးကြီးစားလာတယ်။
ကင်မရာကတော့ထုံးစံအတိုင်းကားကျိတ်ထားတဲ့ဖုန်းကင်မရာနဲ့ဆိုတော့ဆက်ပြီးသည်းခံပေါ့နော်....ဟီး
ညဈေးတန်းမှာအကင်တွေရောင်းနေတာ..ဟဲကျွန်တော်ကတော့တနင့်တပိုးကြီးစားလာတယ်။
ပို့တင်သူ
ဒေါင်းမင်း
0
သူတို့အမြင်
အကြောင်းအရာ
မှတ်တမ်း
Friday, August 6, 2010
ဖနွမ်းဖန် မှ တနေ့တာ ပုံ များ
ကမ်ဘောဒီးယားနိုင်ငံ ဖနွမ်းဖန်မြို့တော်မှ WATT PHNOM ဆိုတဲ့နေရာလေးပါ။ ကင်မရာမပါသွားတော့
ဖုန်းနဲ့ပဲရိုက်လာတာ၊ဖုန်းကလဲကားတက်ကျိတ်ထားတာဆိုတော့ ကင်မရာမှာအစင်းကြောင်းထင်နေတယ်။
ဟီး ဒီတိုင်းပဲသည်းခံကြည့်ပါခင်ဗျ။





ဖုန်းနဲ့ပဲရိုက်လာတာ၊ဖုန်းကလဲကားတက်ကျိတ်ထားတာဆိုတော့ ကင်မရာမှာအစင်းကြောင်းထင်နေတယ်။
ဟီး ဒီတိုင်းပဲသည်းခံကြည့်ပါခင်ဗျ။
ပို့တင်သူ
ဒေါင်းမင်း
0
သူတို့အမြင်
အကြောင်းအရာ
မှတ်တမ်း
Subscribe to:
Posts (Atom)
