ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, June 6, 2009

ချစ်သူသို့.........

အချစ်ဦးဟု
နုတ်မှာဖွင့်ဟ မဆိုသာလည်း
အချစ်ဆုံးတော့ ဖြစ်နေခဲ့မိ ဖြစ်နေမိပြီ။
ရည်းစားဦးဟု
နုတ်မှာဖွင့်ဟ မဆိုနိုင်လည်း
အချစ်ဦးတော့ ဖြစ်နေခဲ့ပြန် ဖြစ်ခဲ့ပြန်တယ်။
ကျိုးကြောင်းဆက်လို့
ရည်းစားများစွာ ထားခဲ့ဖူးမိ ငါ့အဖြစ်လေ
ချစ်သူ့အတွက်
ယုံကြည်ဖွယ်ရာ ဖြစ်မနေမှန်း သိနေငြားလည်း
အရူးအမူး စွဲလမ်းနေခဲ့ ချစ်ခဲ့ပြီမို့
မချင့်မရဲ သက်ပြင်းကိုသာ ရင်ဝယ်ပိုက်ရင်း
ချစ်သူ့ရှေ့မှာ
ရည်းစားများစွာ ထားခဲ့ဖူးကြောင်း
ရိုးသားစွာဖြင့် ဖွင့်ဟ၀န်ခံ အသိပေးမိ
ငါ့ကိုငါ့သာ
မုန်းနေချင်တော့ မုန်းမိတော့တယ်။
...........................................
ရေးသားသူ
ယဉ်ကျေးငယ်(လားရှိုး)
--
ဒေါင်းမင်း

Wednesday, June 3, 2009

.(ချစ်သူနဲ့ချိန်းဆိုထားတဲ့နေ့တွေတိုင်းမှာ စိတ်ဓာတ်ကျမိတယ်)


ချစ်သူနဲ့ချိန်းဆိုထားတဲ့နေ့တွေတိုင်းမှာ
ငါ.......စိတ်ဓာတ်ကျမိတယ်

စုတ်ပြတ်သတ်လှတဲ့ connection
ငါ့အား.... ရိုင်းစိုင်းတတ်ခြင်းကွင်းပြင်ကိုတွန်းပို့
Gtalk က Calling , Answer လိုက်တိုင်းလည်း....
ဟင်း...........သံစဉ်ညှိနေတဲ့အလား ပြတ်တောင်းတောင်းနဲ့

ချစ်သူ့ကိုလွမ်းမိလို့ မြင်ချင်နေခဲ့တဲ့ငါ
ဝင်ခဲ့မိ VZO ,
ဟင်း.......ချမိပြန်ပေါ့သက်ပြင်းမော
အိမ်မှာပင်ဓာတ်ပုံကြည့်နေခဲ့လျှင်အကောင်းသားဟု......

ခံစားမိသီချင်းတစ်ပုဒ် ချစ်သူ့အားဝေမျှချင်ခဲ့လို့
Compose မှာ ၀င် Send တိုင်း
Still Working ကနေကိုမတက်တော့
ဟင်း............
ချခဲ့မိရပြန်ဒီသက်ပြင်း

ဒီလိုနဲ့.......
ချစ်သူနဲ့ချိန်းဆိုထားတဲ့နေ့တွေတိုင်း
စိတ်ဓာတ်ကျနေရမြဲမို့....
ဟင်း..........
သက်ပြင်းတွေအကြိမ်ကြိမ်များထဲမှာ
@#*#@##*##............
ီစုတ်ချာလှတဲ့ Connection ရေ.......
မင်းတော့ နာမည်ပြောင်းလိုက်ဖို့ကောင်းနေခဲ့ပြီ။
...............................................................................
ရေးသားသူ
ယဉ်ကျေးငယ်(လားရှိုး)

သတိတလုံး အစဉ်သုံး။

သတိတလုံး အစဉ်သုံး။

အပ္ပမာဒေါ အမတံ ပဒံ ၊ပမာဒေါ မစ္စုနောပဒံ။ အပမတ္တာ နမီယန္တိ၊ ယေပမတ္တာ ယထာ မတာ။

မမေ့ခြင်းသည် မသေခြင်း၏ အကြောင်းဖြစ်၏ ၊မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းဖြစ်၏၊ မမေ့သောသူတို့သည်မသေနိုင်ကုန်၊ မေ့လျောသောသူတို့သည် သေကြကုန်၏။ ( ဓမ္မပဒ ၊အပ္ပမာဒ၀ဂ် )

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏ အထက်ပါစကားစုလေးသည် ဆင်ခြင်တတ်သူတို့အတွက် လွန်စွာ အလေးအနက်ထားအပ်သော စကားစုလေးဖြစ်ပါသည်။စာရေးသူတို့ မြန်မာလူမျိုးများ အားလုံးသည် အထက်ပါ မြတ်ဗုဒ္ဓစကားတော်ကြောင့်ပင် ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ကြရခြင်းဖြစ်ပါသည်။ ထိုစကားကို စာရေးသူ ရှင်းပါမည်။သာသနာတော်ကို နေလို လလို ထွန်းလင်းအောင် စောင့်ရှောက် လှူဒါန်းခဲ့ပြီး တတိယသင်္ဂါယနာတင်ရာတွင် လှူဒါန်းထောက်ပံ့ခဲ့သော အသောက မင်းတရားကြီး သည် ဗုဒ္ဓဘာသာ မဖြစ်မီက ဂျိန်းဘာသာဝင်ဖြစ်ခဲ့ပါသည်။ သို့သော် သူသည် ဂျိန်းဘာသာဝင် ဘုန်း ကြီး များ၏ နေထိုင် စားသောက်ပုံ အမူအရာတို့ကို မကြည်ညိုနိုင်ပဲ အခြားကိုးကွယ်ရာ ဘာသာ တစ် ခုကို တောင့်တနေခဲ့လေသည်။

သို့သော် မည်သည့်ဘာသာကို ကိုးကွယ်ရမှန်းလည်း မသိရှိနိုင်ခဲ့ပါ။အသောကနန်းတက်သော အခါ အမိတူ ညီတော်တစ်ပါးကိုသာချန်ထား၍ အခြားသူ၏ညီတော်နောင်တော်များကို သတ်ဖြတ်ခဲ့ သည်။တစ်နေ့သောအခါ နန်းတော်လေသာပြတင်းကို ဖွင့်၍ နန်းရင်ပြင်ရှိလမ်းသွားလမ်းလာများကိုငေး မော ကြည့်ရှုနေခိုက် ဣနြေ္ဒသိက္ခာနှင့် အလွန်ပြည့်စုံလှသော ( ၇ )နှစ်အရွယ်သာမဏေငယ်လေးတစ် ပါးကို တွေ့မြင်လိုက်ရလေသည်။ ပရမ်းပတာ နှင့် ဣနြေ္ဒသိက္ခမဲ့ သွားလာနေသော ဂျိန်းဘုန်းကြီးများ၏ နေထိုင် သွားလာ စားသောက်ပုံများကို စိတ်ကုန်နေပြီုဖစ်သော အသောက မင်းသည် သာမဏေငယ် လေး၏ ထူခြားသော သွင်ပြင်ကို လွန်စွာ ကြည်ညိုမိသွားလေသည်။

ထို့ကြောင့် မင်းချင်းများကို သွားရောက်ပင့်ဆောင် ခိုင်းလိုက်သည် သာမဏေငယ်နန်းတွင်းသို့ ရောက်သောအခါ သင့်တော်သောနေရာကိုထိုင်ပါဟု ပြောသောအခါ သာမဏေငယ်က မိမိထက် သီလ သိက္ခာ ကြီးသူ ရှိမရှိ နန်တော်တွင်းသို့ လှည်လည် စူးစမ်းလိုက်ပါသည်။မိမိထက် သီလ သိက္ခာ ကြီးမားသူမရှိမှန်းသိသောအခါ ရှင်ဘုရင်ထိုင်သော ရာဇပလ္လင်ထက်သို့ တက်ထိုင်လိုက်ပါသည်။အ သောကမင်းကြီးလည်း အထူးသဘောကျသွားပြီး သင့်တော်သောတရားကို ဟောပါဟု တောင်းပန် သောအခါ ၊ကိုရင် ငယ်လေးက အထက်ပါ ဘုရားရှင်၏ အပ္ပမာဒေါ အမတံ ပဒံ ဂါထာကို ဟောကြား လိုက်ပါသည်။အသောကမင်းကြီးသည် ကိုရင်ငယ်လေး၏ သွင်ပြင်မူရာထက် ကိုရင်ငယ်ဟောကြား သော တရားကို ပို၍နှစ်ခြိုက်သွားမိလေသည်။ကိုရင်ငယ်လေးအား ဆွမ်းအုပ်များလှူဒါန်းပြီး ကိုရင် ငယ်၏ တပည့်ဥပသကာအဖြစ်ပါ ရောက်ရှိသွားလေသည်။ထိုမှတဆင့် နောက်ဆုံး ဗုဒ္ဓဘာသာကို အထူးသက်ဝင်ကိုင်းရှိုင်းသူ ဖြစ်လာခဲ့ပါသည်။

တကယ်တော့ ကိုရင်ငယ်လေးသည် အသောကဘုရင်၏ တူတော်ဖြစ်နေလေသည်။ အသောက၏ လက်ချက်ဖြင့် ကိုရင်လေး၏ခမည်းတော် သတ်ဖြတ်ခံရပြီနောက် ကိုရင်လေး၏မယ်တော်သည် ကိုရင် လေးကိုယ်ဝန်ဖြင့် ဘေးလွတ်ရာသို့တိမ်း ရှောင်နိုင်ခဲ့သည်။မွေးဖွား၍ အရွယ်ရောက်လာသောအခါ ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် အပ်နှံထားလိုက်သည်။( ၇ )နှစ်အရွယ်ရောက်သောအခါ သာမဏေ၀တ်ရန် ခေါင်းရိတ်စဉ်၌ပင် ကမ္မဌာန်း ရှုရင်း ရဟန္တာဖြစ်ခဲ့လေသည်။ညောင်ပင် အောက်၌ သာမဏေပြုရင်း ရဟန္တာဖြစ်သော ကြောင့် ကိုရင် နိဂြောဓ ဟူသောအမည်ကို ရလေသသည်။

အသောကမင်းကြီးသည် ဗုဒ္ဓဘာသာ အတွက် လွန်စွာကျေးဇူးများသော မင်းကြီးဖြစ်ခဲ့လေသည်။ သူ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာပြီးနောက် ဘုရားရှင်မွေးဖွားရာ ၊ ဘုရားဖြစ်တော်မူရာ၊ ဓမ္မစ ကြာတရားဟောကြားရာ အရပ်များဆီတွင် ကြီးမားသော ကျေုာက်တိုင်ကြီးများကို စိုက်ထူ၍ နောင် လာနောင်သားတို့အတွက် အမှတ်တရ ထားခဲ့လေသည်။ထိုကျောက်တိုင်ကြီးများသည်၊မြေကြီး အောက် သို့များစွာ နက်သောကြောင့် ခေတ်ကာလတို့ လွန်စွာ ကြာညောင်းလာသည့်တိုင် ပျက် ယွင်းမသွားပဲ နောက်လာနောက်သားတို့ လေ့လာ သုတေသနပြုနိုင်ကြလေသည်။ဘာသာခြားတို့ လည်း မဖျက်ဆီးနိုင်ပဲ ကြံကြံခံ တည်တံ့နိုင်လေသည်။ ထိုကျောက်တိုင်ကြီးများ စိုက်ထူသော အချိန် မှာ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ် ( ၂၀၀ )ကျော်မျှ ရှိသေးသောကာလဖြစ်၍ ဘုရားရှင်၏ ဖြစ်တော်စဉ် နှင့် ဘုရားရှင် ပွင့်ထွန်းခဲ့ခြင်းတို့အပေါ်လွန်စွာ ခိုင်လုံသော အထောက်အထားများဖြစ်ခဲ့လေသည်။

အသောကမင်းကြီးသည် မြတ်ဗုဒ္ဓသာသနာတော် ကို သက်ဝင်ယုံကြည်ပြီးနောက် တတိယသင်္ဂါယ နာတင်ရာတွင် အဓိက ထောက်ပံ့သော သာသနာပြုမင်းဖြစ်လေသည်။ သားတော်သမီးတော်များကို လည်း သာသနဘောင်သို့ ၀င်စေ၍ သာသန အလုပ်အားထုတ်စေရာ ရဟန္တာ ၊ရဟန္တာမ များ ဖြစ်ခဲ့ကြ ပါသည်။သားတော်မှာ မဟိန္ဒ မင်းသား အမည်ရှိ၍ သမီးတော်မှာ သင်္ဃမိတ္တာ ဖြစ်လေသည်။ထို့နောက် အသောက မင်းကြီးသည် မြတ်ဗုဒ္ဓသာသနာ ကျယ်ပြန့်စွာ ထွန်းလင်းတောက်ပ နိုင်ရန်အတွက် ရဟန်း တော်များကို ကိုးတိုင်းကိုးဌာန သာသနာပြုစေလွှတ်တော်မူပါသည်။ထိုကိုးတိုင်းကိုးဌာနတွင် သုဝဏ္ဏ ဘူမိ ဟုခေါ်သော မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ ပါသည်။ယနေ့ စာရေးသူတို့ ကိုးကွယ်ခွင့်ရနေသော ဗုဒ္ဓဘာသာသည် အသောက မင်းကြီးစေလွှတ်ခဲ့သော အရှင်သောဏနှင့် အရှင်ဥတ္တရ ဟူသော ရဟန္တာ မထေရ် မြတ်နှစ်ပါးမှ ဆင်းသက် ဖြန့်ချီလာသော ထေရ၀ါဒ ဗုဒ္ဓသာသနာဖြစ်လေသည်။ ဤနေရာ၌ စာရေးသူ စဉ်းစားနေမိပါသည်။

အကယ်၍များ အသောကမင်းက သာမဏေငယ်လေးကို မဖူးတွေ့ခဲ့ပါလျှင် ဖူးတွေ့ခဲ့သော်လည်း ဘုရားရှင်၏ အပ္ပမာဒ ဂါထာကို မဟောကြားခဲပါလျှင် စာရေးသူတို့ ယနေ့ကိုးကွယ်နေသောဘာသာ သည် တခြားတစ်ခုဖြစ်နေပေလိမ့်မည်ဟု စာရေးသူ မှန်းဆနေမိပါသည်။ထို့ကြောင့် သာမဏေငယ် နိ ဂြောဓကို လည်းကကောင်း ၊အသောက မင်းတရားကြီး၏ သာသနာပြုစိတ်ဓာတ်နှလုံးသားကိုလည်း ကောင်း သာသနာပြုကြွရောက်၍ ယနေ့မြန်မာပြည် သာသနာကို စတင်ဖြန့်ချီပေးခဲ့သော အရှင်သော ဏ နှင့် အရှင်ဥတ္တရ ရဟန္တာ မထေရ်မြတ်နှစ်ပါးကို လည်းကောင်း စာရေးသူတို့ အလေးထားဦးခိုက်၍ လွန်စွာကျေးဇူးတင်သင့်ကြပါသည်။

မြန်မာနိုင်ငံ သာသနာတော်အတွက် လွန်စွာအရေးပါခဲ့သော အထက်ပါ ဘုရားရှင်၏ အပ္ပမာဒ ဂါထာတော် ကို အနှစ်ချုပ်ကြည့်လျှင် သတိရှိဖို့ အရာရာကို မမေ့လျော့ဖို့ ဆုံးမတော်မူလိုခြင်းဖြစ် ပါ သည်။အဓိကသ တိထားရမည်မှာ မိမိတို့ဘ၀ ၏ မတည်မြဲပုံ ဖောက်ပြန်ဆင်းရဲပုံ အစိုးမရပုံတို့ကို မမေ့ ဖို့ဖြစ်ပါသည်။ဘ၀၏ ထိုကဲ့သို့ မမြဲပုံ ဆင်းရဲပုံ အစိုးမရပုံကို သတိရှိနေလျှင် ဘ၀ကို သာယာ တပ် မက်စရာဟု မထင်တော့ပဲ ထိုဘ၀ထဲမှာ မျောမနေပဲ ကုသိုလ်ကေင်းမှု တရားဘာဝနာအလုပ်များကို အားထုတ်ဖြစ်ပါလိမ့်မည်။ထိုသိုလ်ကောင်းမှု တရားဘာဝနာအလုပ်များ လုပ်ဖြစ်ပြီဆိုလျှင် ဘ၀အဆင့် အတန်းတွေ မြင့်သထက်မြင့်လာတော့မည် နောက်ဆုံး မဂ်ဖိုလ် နိဗ္ဗာန်တရားများကို ရရှိလာမည်ဖြစ်ပါ သည်။မဂ်ဖိုလ် နိဗ္ဗာန်တရားကို ရရှိလာပြီဆိုလျှင် ဘ၀တွေထပ်မံ မဖြစ်နိုင်တော့ပေ ဘ၀တွေထပ်မဖြစ် တော့ဘူးဆိုလျှင် သေစရာလည်း အကြောင်းမရှိတော့ပေ။ ထို့ကြောင့် ဘုရားရှင်က မမေ့ခြင်း၊(၀ါ) သတိရှိခြင်းသည် မသေခြင်း၏ အကြောင်းဖြစ်၏ဟု ဟောတော်မူခြင်းဖြစ်ပါသည်။

မေ့လျော့နေလျှင် ဘ၀ဆိုတာ သာယာစရာ ပဲဟု မြင်ပြီး မိမိစိတ်ထင်ရာ အကုသိုလ်အလုပ်များကို လုပ်နေပေတော့မည်။အကုသိုလ်အလုပ်များလုပ်နေလျှင် ထိုအကုသိုလ်တို့၏ အကျိုးပေးသောနေရာ မှာ အပါယ်လေးဘုံပင်ဖြစ်ပါသည။် အပါယ်လေးပါးကျရောက်ပြီဆိုလျှင် ဘ၀တွေ ထပ်ခါ ထပ်ခါ ဖြစ်နေ ပေတော့မည် ဘ၀တွေထပ်ခါ ထပ်ခါ ဖြစ်နေလျှင် အကြိမ်ကြိမ် အဖန်ဖန် သေရပါအုံးမည်။ ထို့ကြောင့် ဘုရားရှင်က မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏ ဟုဟောတော်မူပါသည်။

ဘုရားရှင်၏ အထက်ပါစကားတော်သည် သံသရာအရးကိစ္စတွင်သာ အသုံချရန် မဟုတ်ပဲ လော ကီအရေးကိစ္စ တွေ အတွက်ပါ သုံးတတ်သူအတွက် အသုံးကျလေသည်။ မည်သည့်အရေးကိစ္စကို ဆောင်ရွက်နေသူဖြစ်စေ မိမိ ဆောင်ရွက်နေသော ကိစ္စ ကို မမေ့မလျော့ လုံလ၀ီရိယ စိုက်ပြီး ဆောင် ရွက်မည်ဆိုပါက ထိုဆောင်ရွက်နေသော လုပ်ငန်းကိစ္စသည် အမြဲတန်း ရှင်သန်နေမှာ ဖြစ်ပေ သည်။ ထို့ကြောင့် ဘုရားရှင်က မမေ့ရင်မသေဘူး ဟု ဟောတော်မူခဲ့ခြင်းဖြစ်ပါ သည်။

စီးပွါးရေး၊လူမှုရေး ၊နိုင်ငံရေး၊ ၊ကျန်းမာရေး၊ ပညာရေး စသည်ဖြင့် မည်သည့် အရေးကိစ္စကို ဆောင်ရွက်နေသူပင်ဖြစ်စေ မိမိဆောင် ရွက်နေသောကိစ္စကို မေ့လျော့ပြီး မိမိနှင့် မသက်ဆိုင်သော ကိစ္စတွေမှာ စိတ်ဝင်စားမှုရှိနေ ပြီဆိုလျှင် ထိုပုဂ္ဂိုလ်သည် မိမိ ဆောင်ရွက်နေသော ကိစ္စမှာ သေနေ သောသူပင်ဖြစ်လေသည်။ထို့ကြောင့် ဘုရားရှင် က မေ့လျှင်သေတယ် ဟု ဟောခဲ့ခြင်းဖြစ်ပါသည်။အ သောကမင်းကြီသည် ဘုန်းသမ္ဘာ၊ဥာဏ်ပညာ ကြီးမားသူဖြစ်သည့်အလျောက် ဘုရားရှင်က အကျဉ်း ဟောခဲ့သော အထက်ပါ အပ္ပမာဒ ဂါထာလေးကို အကျယ်သဘောပေါက်တော်မူခဲ့ပါသည်။မည်၍ မည်မျှ သဘောပေါက်သည်ကို စာရေးသူမှန်းဆ၍ မရနိုင်ပါ။ထိုဂါထာကို နာယူသည်မှ စတင်၍ မြတ် ဗုဒ္ဓသာသနာတော် အတွက် သူ၏ စွန့်လွတ် ဖြည့်ကျင့် ဆောင်ရွက်မှုများကလည်း မည်၍မည်မျှရှိ သည်ကို မှန်းဆဖို့ ခက်ခဲလှပါသည်။

အသောကမင်းကြီးလောက် သဘောမပေါက်နိုင်သော်ငြားလည်း စာရေးသူတို့ဗုဒ္ဓဘာသာဝင်တို့ အတွက် လွန်စွာ ကျေးဇူးများခဲ့သော အထက်ပါ အပ္ပမာဒ ဂါထာလေးကို လက်လှမ်းမှီသလောက်ဆင် ခြင်ကြရင်း သံသရာရေး လောကီရေးကိစ္စများမှာ အထက်ပါဂါထာလေး၏ အနှစ်ချုပ်ဖြစ်သော သတိ တလုံးကို အစဉ်သုံးဖို့ တိုက်တွန်းရေးသားလိုက်ရပါသတည်း။

ဂန္ထလုလင် (ုဘိုကလေး )

Sunday, May 31, 2009

online လူသား)

အညာပေါ် အလိမ်ဆင့်
မုသားစကားပတ်ခြံရံ
ဒီ id ပိတ်ပြန်တော့
နောက် id စောင့်သူရှိနေသေးသမို့
ပြောခဲ့ရပြန်
ခါတလေ စုပေါင်းကြုံဆုံတတ်တာမို့
လိုက်နာကျင့်သုံးရအခါခါ
ရှေးဆိုရိုးစကား
"မုသားမပါ လင်္ကာမချော"
စီကာပတ်ကုံး ကျင့်သုံးရပြန်
စိတ်မောတယ်ထင် ရှိခဲ့ဖူးလည်း
အညာ တကြော
မုသားတောမှာ
နေသားကျနေခဲ့ ပြီမို့
ရှေ့ ဆက် Lie နေမိပြန်ပေါ့
online လူသား။

ဒေါင်းမင်း

Sunday, May 17, 2009

မြန်မာ့ရိုးရာဗေဒင်တွက်ကိန်း။

နမန္တာသင်္ချိုင်းကိန်းတွက်နည်း
ဒီနည်းကိုနမန္တာသင်္ချိုင်းကိန်းတွက်နည်းလို့ခေါ်ပါတယ်။သဘောကတော့ရှောင်ရန်သေကိန်းရှိတဲ့အရပ်ကိုပြဆို
ပါတဲ့ကိန်းပါပဲ။တွက်နည်းတွက်ပုံကတော့...
ကောဇာသက္ကရစ်(မြန်မာနှစ်)ယခုရောက်ရှိနေသောမြန်မာနှစ်ကိုတည်၊၅၃နဲ့ပေါင်း၊ယခုရောက်ရှိနေတဲ့
အသက်ကိုပါထည့်ပေါင်း၊ပေါင်းလို့ရတာကိုရှစ်နဲ့စား။
တစ်ခုကြွင်းတော့အနောက်တောင်။
နှစ်ခုကြွင်းတော့အနောက်။
သုံးခုကြွင်းတော့အနောက်မြောက်။
လေးခုကြွင်းတော့မြောက်။
ငါးခုကြွင်းတော့အရှေ့မြောက်။
ခြောက်ခုကြွင်းတော့အရှေ့။
ခုနှစ်ခုကြွင်းတော့အရှေ့တောင်။
သုညကြွင်းတော့တောင်။....လို့ဖြစ်ပါတယ်။
..........................
ဥပမာ..ကောဇာသက္ကရဇ်၁၃၁၅ခုနှစ်ကအသက်၃၀ရှိတဲ့လူတစ်ယောက်ကိုတွက်ကြည့်တော့
ကောဇာသက္ကရဇ်-၁၃၁၅
၅၃ပေါင်း
...........
၁၃၆၈
အသက်- ၃၀ပေါင်း
..................
၈ ) ၁၃၉၈(၁၇၄

..................
၅၉
၅၆
....................
၃၈
၃၂
.................

အရှေ့ရပ်--ခြောက်ခုကြွင်းပါသည်။

ဒီကိန်းကိုအမှတ်တမဲ့တော့မထားကြပါနဲ့။ဘာကြောင့်လဲဆိုတော့ဟံသာဝတီမင်းကောဇာသက္ကရဇ်၉၈၈ခုမှာ
သက်တော်၄၉မှာပဲခူးမြို့အတွင်းကအနောက်တောင်ကိုပြောင်းတော်မူတဲ့အတွက်အနိစ ရောက်ကြောင်းကျမ်း
မှာဆိုထားတဲ့အတွက်မှတ်သားသင့်ကြောင်းသတိပေးလိုက်ပါတယ်။
.....................................................................................................................................
.....................................................................................................................................
လင်မယားနှစ်ယောက်ဘယ်သူအရင်သေမလဲတွက်နည်း

ဗေဒင်တွက်ကိန်းမလို့သာပြလိုက်ရခြင်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လင်မယားနှစ်ယောက်ဘယ်သူ
အရင်သေမှာလဲဆိုတဲ့တွက်ကိန်းဖြစ်နေလို့ပါပဲ။ဗေဒင်တွက်ကိန်းကိုသာပြဆိုတာပါ.ဗေဒင်ကိန်းကသေမယ်
ဆိုတိုင်းလဲသေတဲ့သူမှသေဆုံးတာပါ။မသေတဲ့သူကိုလဲတွေ့ရပါတယ်။အဲဒီသူတွေကတော့သီလမြဲတဲ့သူ
ဘုရားတရားလိုက်စားလွန်းသူတွေပါ။
ကဲတွက်စစ်နည်းကိုကြည့်ရအောင်....
ယောကျားနံမိန်းမနံနှစ်ခုကိုပေါင်းပြီး၊သုံးခုနဲ့မြောက်၊ကိုးခုနဲ့စား။
နှစ်ခုကြွင်းရင်ယောကျားအရင်သေလိမ့်မယ်။
သုညကြွင်း ယောင်္ကျားအရင်သေမယ်။

တစ်ခုကြွင်း၊သုံးခုကြွင်း၊လေးခုကြွင်း၊ငါးခုကြွင်း၊ခြောက်ခုကြွင်း၊....မိန်းမအရင်သေလိမ့်မယ်။

ဥပမာ.....ယောင်္ကျားကတနင်္လာ၊မိန်းမကအင်္ဂါ၊ဆိုပါတော့ဒီနှစ်ယောက်ကိုတွက်စစ်ကြည့်မယ်ဆိုရင်
၂-ယောင်္ကျား
၃-မိန်းမ
...

၃ မြှောက်
...
၁၅
...
၉)၁၅(၁

.....
၆ကြွင်း
ယောင်္ကျားတနင်္လာ၊မိန်းမအင်္ဂါတွက်စစ်ကြည့်တော့ခြောက်ခုကြွင်းတယ်။ဟောကိန်းအရတော့မိန်းမကအရင်
သေမယ်လို့ဆိုထားပါတယ်။
................................................................................................................
................................................................................................................

အိမ်ထောင်ဖက်အဟော

တွက်နည်းကတော့သတို့သားနဲ့သတို့သမီးရဲနံနှစ်ပါးကိုတည်၊ငါးခုနဲ့မြှောက်၊ခုနှစ်နဲ့စား

တစ်ခုကြွင်းကစီးပွားဥစာရှာဖွေစုစောင်းလို့မရ။ကြံသမျှတွေလွဲပြီးမွဲတေလို့သာနေပါတယ်။

နှစ်ခုကြွင်းရင်ပစည်းရရေးမှာလုံးလစိုက်ထုတ်ပင်းပန်းကြီးစွာမလုပ်မကိုင်ရပဲလွယ်ကူစွာရရှိတက်ပြီးကြွယ်ဝချမ်း
သာတက်ပါတယ်။

သုံးခုကြွင်းရင်ဆင်းရဲနွမ်းပါးပြီးလူ့အောက်ကသာကျိုးနွံစွာနေရတက်ပါတယ်။

လေးခုကြွင်းရင်နာမည်၊ဘုန်းတန်ခိုး၊သတင်းကျော်ဇောထင်ရှားတက်ပါတယ်။

ငါးခုကြွင်းရင် ဆင်၊မြင်း၊ကျွဲ၊နွား၊စပါး၊ရွှေ၊ငွေ၊အထွေထွေပြည့်စုံပြီးချမ်းသာကြွယ်ဝတက်ပါတယ်။

ခြောက်ခုကြွင်းရင် အမွေရလို့ဖြစ်စေ၊ထီပေါက်လို့ဖြစ်စေ၊စုစောင်းပြီးဥစာပစည်းများရရှိကာသူဌေးဘွဲ့ရကာ
ချမ်းသာကြွယ်ဝတက်ပါတယ်။

သူညကြွင်းရင်ဒီဘ၀မှာပူပင်သောက ဒုက္ခ၊ဒေါမနသတွေနဲ့သာအချိန်ုကုန်ဆုံးသွားတက်ပါတယ်။

အိမ်ထောင်ဖက်အဟောတွက်နည်းကမခက်ပါဘူး။လွယ်လွယ်လေးပါပဲ။
ကြာသာပတေးသတို့သားနဲ့ဗုဒ္ဓဟူးသတို့သမီးဆိုကြပါစို့။သူတို့နှစ်ဦးရဲအိမ်ထောင်ဖက်အဟောကိုတွက်
ကြည့်ရင်

၅-ကြာသာပတေး
ပေါင်း ၄-ဗုဒ္ဓဟူး
.........

အမြှောက် ၅
၇)၄၅(၆
၄၂
..........
၃ ခုကြွင်း
သုံးခုကြွင်းဆိုတော့သိပ်မကောင်းဘူး။ဆင်းရဲနွမ်းပါးတက်တယ်။လူ့အောက်မှာပဲကျိုးနွံစွာနေရတက်တယ်လို့
အဟောထွက်ပါတယ်။
........................................................
ကဲသူငယ်ချင်းမိတ်ဆွေအပေါင်းတို့လဲတွက်စစ်ကြည့်ကြအုံးရှောင်သင့်တာရှောင်ပေါ့ဗျာ.....
ကဲကျွန်တော်တို့လဲခဏတာအနားယူပါအုံးမယ်။ပြည်တော်ပြန်ခရီးကိုကြွမြန်းရမှာမလို့သိမ်းစရာရှိတာသိမ်း
ယူစရာရှိတာယူ၊ကောင်မလေးချောချောလေးတွေပါဆယ်ထုတ်..အဲ...မှားလို့....
ကျွန်တော်တို့ရဲ့ရွှေပြည်မြန်မာကိုရောက်မှထပ်မံတွေ့ဆုံကြတာပေါ့ဗျာ။....

ဒေါင်းမင်း

Saturday, May 16, 2009

အဖြေမဲ့ဘ၀ပုစ္ဆာ

ဘ၀.....
ဘ၀ရဲ့ပြီးပြည့်စုံခြင်းအဓိပ္ပာယ် ဘာကိုရည်ညွှန်းနေခဲ့လဲ
ငါ တကယ်ကိုတွေးသိနားမလည်နိုင်ခဲ့။
လူတွေရဲ့ ထင်မြင်သတ်မှတ်ထားချက်များစွာတွေထဲ
ငါ...ဖွေရှာသိရှိနေခဲ့တာက
ဘ၀ဟာ ငါတို့တွေးထင်ထားတာထက်ပိုလို့ရှုပ်ထွေးနေ
ဘာတစ်ခုမျှမသိခဲ့သူကအရာရာကိုသံသယပွားနေတတ်ခဲ့လို့
ပဋိပက္ခများစွာကိုဖြစ်ပေါ်စေခဲ့
အရာရာကိုသိနေခဲ့သူကျပြန်တော့
ပြုံးရုံသာပြုံးနေတတ်ခဲ့ပြန်
ဘ၀ဟာတကယ်ပဲဒီလိုသမကျနေခဲ့ပြီလား
ငါ....တကယ်ကိုနားမလည်နိုင်ခဲ့တော့........
ကြုံဆုံဖြတ်သန်းလာရခဲ့ပြီးတဲ့ငါ့သက်တမ်းတွေထဲ
ငါတွေ့ရှိခဲ့ပြန်တာက
လိုအပ်မှုကဒုက္ခကိုဖြစ်တည်စေလို့
လိုချင်တောင့်တနေရမှုကဒုက္ခအားလုံးရဲ့အရင်းမြစ်ဖြစ်လို့နေပြန်
ဘ၀ဟာတကယ်ပဲရီမောနေခြင်းဖြင့်
ငိုကြွေးရခြင်းတစ်ခုပေါ်ဖုံးကွယ်လွှာချထားခဲ့တာလား
နေထိုင်မှုသက်တမ်းရင့်ရော်လာခဲ့တာနဲ့အမျှ
ဘ၀နေနည်းတစ်ခုကို မှန်ကန်စွာဖွေရှာနိုင်ခဲ့ပြီလား
ကျင်လည်နေဆဲဒီသက်တမ်းထဲမှာ
အမှန်ကန်ဆုံးလို့ ငါတွေ့ရှိထားတာက
ရင့်ကျက်လာခဲ့တဲ့အချိန်ကာလတွေနဲ့အတူ
အမှားအယွင်းများစွာကို ဟန်ဆောင်ဖုံးလွှာထားတာဖြစ်လို့နေခဲ့ပြန်
ဒါဟာ...ဘ၀ရဲ့ ဖောက်ပြန်တတ်မှု ဓမ္မာတာတစ်ခုပေပဲလား
ငါ....တကယ်ကိုမတွေးတတ်နိုင်ခဲ့တော့....
ပြောင်းလဲတတ်ခြင်းက သစ္စာရှိစွာလည်ပတ်နေဆဲ
ရွေ့လျားနေဆဲအရာများစွာထဲမှာ
ရွေးချယ်မှုမဲ့ဘ၀တစ်ခုက
အဖြေမဲ့ ယန္တားရားထဲမှာ ယောင်နစွာ ကျင်လည် လှည့်ပတ်
လိုက်ပါလို့နေရဆဲ....။
******************
ရေးသားသူ
ယဉ်ကျေးငယ်

Tuesday, May 12, 2009

အပျိုနှင့်ညားမလား၊အအိုနဲ့ညားမလားစမ်းကြည့်ကြရအောင်

ကဲ..စလိုက်ကြရအောင်...ဒီလို..သူငယ်ချင်းရောင်းရင်းတို့ရေ..အဲသူငယ်ချင်းရောင်းရင်းတို့ဆိုတာယောင်္ကျား
လေးသူငယ်ချင်းများကိုဆိုလိုပါသည်။ကျွန်တော်တို့ယောင်္ကျားလေးတွေချစ်သူရည်းစားထားကြမယ်ဗျာ..နောက်
တစ်ဆင့်..မိန်းမယူကြမယ်ဗျာ..ကဲ..မိန်းမယူမယ်ဆိုရင်အားလုံးကအပျိုစစ်စစ်ပဲလိုချင်ကြတာပဲ..ဟုတ်တယ်
နော်..ကျွန်တော်လဲထို့အတူပဲ..မိန်းမယူမှတော့အပျိုပဲလိုချင်တာပဲလေ..သူငယ်ချင်းတို့ရဲ့လက်ထက်မယ့်
ချစ်သူမိန်းကလေးဟာအပျိုဖြစ်မလား၊မပျိုဘူးလားဆိုတာသိတဲ့နည်းတစ်နည်းရှိတယ်။မှန်တယ်လို့ပြောကြ
တယ်။သင်္ချာအပေါင်းအနုတ်၊အမြှောက်၊အစား၊တက်ရင်ရပြီခင်ဗျ။ အဲဒီတွက်ကိန်းတွေကိုရှေးပညာရှိကြီးတွေ
ကအောက်ပါအတိုင်းလင်္ကာဖွဲ့ပေးထားခဲ့ပါတယ်။

မူလကိုတည်ဆောက်၍လေးမြောက်ကာပုံသေသေ၊စားသတ္တပေ၊ဧက်သာနေကညာပေမလွဲ၊။ကျားကြွက်ကယ်
ပဥာနှင့်တစ်လင်ကွာနှစ်လင်ကျတို့ညားရစမြဲ။ခြင်္သေ့နံဆင်မင်းနှင့်အကြွင်းမြင်ပြန်လျှင်မျိုးမြတ်သန့်စင်၊သုည
မြင်ဆံပင်ဖြူကြားသက်ကြီးရွယ်ပျိုတဲ့အမယ်အိုမျိုမလိုချစ်ရတယ်မှတ်ကြမမှား။

အဓိပါယ်ကတော့မိမိတို့မွေးဖွားတဲ့မူလမွေးသက္ကရာဇ်(အင်္ဂလိပ်နှစ်)ကိုတည်ပါ။(၄)နဲ့ပုံသေမြှောက်ပါ။

မြှောက်ရလဒ်ကို (၇)ဖြင့်စားပါ။

(၁)(၆)ကြွင်းလျှင်အပျိုကညာအစစ်ကိုရပါမည်။

(၂)(၅)ကြွင်းလျှင်တစ်လင်ကွာ၊နှစ်လင်ကွာ(သို့)မုဆိုးမနှင့်ညားတက်သည်။

(၃)(၄)ကြွင်းလျှင်အမျိုးမြတ်သောမိန်းမကိုရမည်။

(၀)ကြွင်းလျှင်ဆံပင်ဖြူကြားသောမိန်းမကြီးကိုရတက်သည်။

ကဲသူငယ်ချင်းတို့ဘာကြွင်းကျလဲ။ဟဲဟဲကျွန်တော်ကတော့(၁)ကြွင်းတော့အပျိုစစ်စစ်ကိုရမယ်တဲ့။အဟဲ။
ကဲနားကျအုံးစို့........။
ဒေါင်းမင်း။