ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, March 14, 2009

မောင်ရစ်

ဒီကဗျာလေးကိုငယ်ငယ်လေးထဲကကြိုက်နှစ်သက်တဲ့ကဗျာလေးပါ
အခုစာတွေမတင်ဖြစ်တာကြာတော့...ဇာတိမာန်တက်ကြွအောင်ဒီကဗျာလေးကိုတင်ပြလိုက်ပါတယ်။
................................
မောင်ရစ်
............................................
ပန်းသျှင်း မဟာမြိုင်တောမှာဖြင့်
စမ်းအင်းဖြာ ထူးကျင်းချောင်လျှိုတွေနဲ့
ရေတွေတွေ လှိမ့်ကာစီးလေသပ
ဝေဆာဆာမွှေးကြိုင်မြပါဘိ
ပွင့်ချင်းဆိုင်ပင်ယံထက်မှာလ
ပျံသန်းကာဟို…သည်…ကူးလို့ရယ်
ရွှင်မြူးကာကျေးငှက်ပေါင်းတစ်တွေနှင့်
တောအောင်းကောင် ဆင်၊ကျား၊ကျားသစ်တို့က
အော်ဟစ်ကာ ဟိန်းကာ ဟောက်မှဖြင့်
ယုန်၊သမင်၊ချေ၊စိုင်၊ဆက်တို့ရယ်
ဝနေစွယ် ဝေးရာပြေးရှာကြ
လူသတ္တ၀ါ၊သည်ချိန်ခါ၊နည်းပါသေးလေရဲ့
စုဝေးနေ တဲငယ်စခန်းမှကွယ်
ပြွန်းထင်းကာပွား။ ။
ပန်းခင်း အလွှာဆိုင်ကြောမှာဖြင့်
သလ္လာဝတီနဒီအရှေ့ကျော်ပါက
သုနာပရန္တတိုင်းအရပ်တွင်းမှာပ
မဟာမြိုင် ဂနိုင်တောဝနာငဲ့
ပွင့်လွှာရောင်နီနီရဲတွေနှင့်ကွယ်
ရန်အသွယ် တစ်ကယ်မကြောက်ပေဘူး
ရဲရဲတောက် ကျားတစ်ကောင်လိုပ
သွေးမြောက်ပို မဟာဗန္ဓုလမှာဖြင့်
မဟာမြိုင် ပန်းယင်းတောရွာအခြေမှာလှ
သန္ဓေယူ မွေးကာချက်မြှုပ်လေဘိ
အမျိုးဆွေ သွေးတူကြပါရဲ့
မဟုတ်ရာ လုပ်ကြံမပြောတက်ပါဘူး
မှန်ရာကို စွပ်ကာလုပ်စတမ်းပါပဲ
ပန်းယင်းရွာသား။ ။
ခန်းသင်းတစ်ဖြာလှိုင်ပြောရာထင့်
အဘမှာဘိုးပေါက်တောရယ်နှင့်
အမိငယ် မယ်ငြိမ်တို့ပေပ
“မောင်ရစ်”လို့ခေါ်“မဟာဗန္ဓုလ”ရယ်က
အမျိုးနွယ် တိုင်းပြည်အကျိုးအတွက်နှင့်
စစ်ထွက်ကာ တိုက်ကာနွှဲပါရ
အာသန်မဏိပူရ နယ်မြေတစ်လွှားပေပ
ဘင်္ဂလားနယ်မြေ ပန်းဝါရာမူးတို့တွင်လည်း
အောင်ပွဲဝင်ပန်းတွေဆွပ်ခဲ့ရ
ပြေးကျရ ကုလားဖြူတစ်တွေ
မတူပေ လက်နက်ဆန်းတွေနှင့်
ပြန်ကာလေနယ်မြေကျူးမှဖြင့်
မမှုသူ ဓနုဖြူစခန်းကကွယ်
ကျန်းပြင်းတာထား။ ။
...................................
ရေးသားသူ(မောင်နီ..(ငပယင်း) )

2 comments:

  1. ကဗျာလေးကောင်း၏

    ReplyDelete
  2. ကောင်းတယ်ဗျာ ကဗျာလေးက ဆရာကြီး ဦးနီလည်း ကျန်းမာပါစေခမျာ ပို့တင်သူဒေါင်းမင်းကိုလဲ
    ကျေးဇူးတင်ပါတယ် ခမျာ....

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။