ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Wednesday, March 4, 2009

ခရီးထွက်ခြင်းနှင့်ဘလော့မှခေတ္တအနားယူခြင်း

ဘလော့လောကမှခေတ္တခဏအနားယူပါတယ်ခင်ဗျာ။
ခရီးတစ်ခုထွက်စရာရှိသောကြောင့်ဖြစ်ပါသည်။လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသောခရီးတစ်ခုဖြစ်ပါတယ်။
ထိုခရီးမှပြန်လာပါကသူငယ်ချင်းမိတ်ဆွေများကိုထိုစိတ်ဝင်စားဖွယ်ကောင်းသောကိစ္စများကိုပြန်လည်
ရေးသားတင်ဆက်ပါမည်ခင်ဗျာ။ထိုခရီး၌ကျွန်တော်သည်ရှုံးနှိမ့်နိုင်သလို၊အနိုင်လဲရနိုင်ပါသည်။ထိုခရီးတွင်
ကြုံတွေ့ရမည့်ကိစ္စများသည်လူသားအချင်းချင်းဖြစ်လင့်ကစားလူတော့မဟုတ်ပါ။ထို့ကြောင့်ကျွန်တော်၏
သူငယ်ချင်းများဖြစ်သောကိုဖြိုး၊ကိုမောင်၊ကိုနောင်တို့နှင့်ရန်ကုန်၌အချိန်းအဆက်လုပ်ပြီးသွားမှာဖြစ်သည့်
အတွက်ယနေ့ညနေပင်ကျွန်တော်သည်ရန်ကုန်သို့သွားပါမည်ခင်ဗျာ။
ကြာမြင့်ချိန်ကားခန့်မှန်း၍မရပါ ။အားလုံးသောသူငယ်ချင်း၊မိတ်ဆွေ၊ညီအကိုမောင်နှမများအပေါင်းအစဉ်
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ။
...............................................
ဒေါင်းမင်း

9 comments:

  1. လွမ်းနေပါမည်ကိုဒေါင်း..
    အစစအရာရာ အဆင်ပြေပါစေ..
    ရှုံးနိမ့်မှု နဲ့ ဝေးလို့ 
    အောင်မြင်ခြင်းတွေပိုင်ဆိုင်နိုင်ပါစေ..
    ပြန်လာမယ့်ရက်ကိုလက်ရေချိုးလို့ 
    အောင်သပြေနဲ့ စောင့်ကြို နေမယ်
    ခင်တဲ့
    ဖိုးစိန်

    ReplyDelete
  2. ဖိုးစိန်ရေအခုလိုစကားကြားရတာပိတိဖြစ်ရပါတယ်။အခုခရီးကတကယ့်တကယ့်ကိုစိတ်ဝင်စားစရာအရမ်းကောင်းတယ်။စွန့်စားမှုတရပ်ဆိုလဲမမှားပါဘူး
    ဇာတ်လမ်းကောင်းတပုဒ်ဖြစ်တည်မယ့်ခရီးတစ်ခုပေါ့ခင်ဗျာ။

    ReplyDelete
  3. အနိုင်ရပြီး ပြန်လာမဲ့ ဒေါင်းမင်းကြီး ကိုမျှော်နေမယ်

    ReplyDelete
  4. ကိုဒေါင်းမင်း ခရီးအစ၂အဆင်ပြေချောမွေ့ပါစေရှင် ပြန်လာရင် အကြွေးနဲ့ပို့စ်တွေဖတ်မယ်..

    ReplyDelete
  5. အကို...ရန်ကုန်ပြန်လာလို့ ရပြီပေါ့။ညီညီနဲ့ လဲတွေ့ ရပြီပေါ့။ပျော်ပါစေ..နော်

    ReplyDelete
  6. အစိကို ရေ စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်းလေး ကိုမျှော်နေမယ်နော်..။

    ReplyDelete
  7. ဘရာသာ
    အောင်မြင်မှုနဲ့ ရရှိလာမယ့်အပျော်တွေကို ထပ်တူခံစားကြည့်ချင်တယ်..။

    B god bless u!

    ReplyDelete
  8. ညီ အောင်မြင်မှာပါ။ဘာလည်း ဆိုတာ အကို သိပါတယ်။အဆင်
    ပြေမှာပါ။ အနာဂတ်တွေ လှပနေမှာပါ ညီတို့ အတွက်ဆု တောင်းပေးပါတယ်။

    ReplyDelete
  9. အန္တရယ်ကင်းဝေးပြီး အောင်မြင်တဲ့ခရီးတခုဖြစ်ပါစေ။

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။