ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, April 4, 2009

မိုးသည်းနေ့များ ဒဏ္ဏာရီ

မိုး .......
သည်းသည်းနိုင်လွန်း ဒီမိုးအောက်မှာ
တို့တွေဆုံတွေ့ မမေ့နိုင်စွာ
ကဗျာဆန်လှ ဒီလမ်းလေးပေါ်
စိန်ပန်းပွင့်နီ မြေမှာခယ ဖွေးဖွေးလှုပ်လို့..............
မိုး......
ဖြိုင်ဖြိုင်ရွာသွန်း ဒီမိုးထဲမှာ
ထပ်မံဆုံတွေ့ ရင်းနှီးခဲ့ပြီ
နှီးနှောဖလုယ် ဆိုမိစကား
ရွှင်ပျစွာဖြင့် ရှိနေခဲ့ပြီ မိုးစဲချိန်ထိ.......
မိုး............
သည်းထန်နိုင်လွန်း ရွာမစဲလေ
ဒီမိုးအောက်မှာ ပြေးလွှားကျီစယ်
ဟစ်ကာသီကျူး မိုးသီချင်းလေ
မိုးလေထဲမှာ လွင့်ကာပျံ့လို့
မိုးစက်တွေထဲ မိုးပေါက်ထဲလည်း
တို့များချစ်ခြင်း ရင်တွင်းသံစဉ် ကာရံထပ်လို့
သံစဉ်ညှိရင်း သီကာကျူးရင်း
ရွှင်မြူးမဆုံး ပျော်မဆုံးမို့
စိန်ပွင့်နီတောင် သက်ဝင်ခဲ့လို့ ရယ်နေခဲ့ပြီ.......။
မိုး........
စွေစွေနိုင်လွန်း တိတ်မစဲလေ
ဒီမိုးအောက်မှာ ခုများတော့ဖြင့် ငါတစ်ယောက်ထဲ
မိုးစက်များအောက် ထိုင်ကာရှိုက်ရင်း ငိုကြွေးမိစဉ်
မြင်ယောင်ခဲ့ပြန် ခွဲခဲ့ရက်လေ ထိုမိုးနေ့အား
ယုံမရစွာ နာကျည်းမိရင်း
ထာဝရတွက် ခွဲသွားရက်သူ ချစ်သူ့ကိုလေ
ယောင်ယမ်းကာတမ်း ယောင်ကာတမ်းရင်း
အထီးကျန်လှ စိန်ပန်းလမ်းမှာ
ငါ........ချမ်းလို့တုန်နေခဲ့ပြီချစ်သူ။
.....................................................
................................................................
ရေးသားသူ
ယဉ်ကျေးငယ်

4 comments:

  1. မိုး ကြိုက်လို့ လားတော့မသိ
    မိုးမြင်တာနဲ့ ကို စိတ်က အလိုလိုကြိုက်ပြီးသား
    ကဗျာလေးကောင်းတယ်
    နေကောင်းလားကိုဒေါင်းရေ
    သတင်းလဲမပို့ ဘူး
    ပိုစ့်ကိုတော့တင်သွားတယ်
    စောင့်နေတယ်ကိုဒေါင်းပြန်အလာကိုနော်
    ခင်မင်လေးစားတဲ့
    ဖိုးစိန်

    ReplyDelete
  2.်မိုးရွာထဲမှာ မင်းကိုခဏလေး တွေ့လိုက်မိတိုင်း စိတ်လှုပ်ရှားတဲ့မင်းရဲ့ အကြည့်များ စွဲလမ်းနေပြီ ..... ဒို့ကိုယ်ဒို့တောင်မသိလိုက်ရပါလား ငါလေ တမ်းတမိတဲ့ ဟိုးအရင်ရာသီတွေထဲကို ....

    ဟုတ်လားမသိဘူးနော် ။ ဘာပဲဖြစ်ဖြစ် မိုးရေထဲလမ်းလျှောက်ရတာ ပျော်စရာကောင်းပါတရ် ။

    (ကိုရဲ)

    ReplyDelete
  3. ကဗျာလေး ဖတ်သွားပါတယ်။
    မဖတ်ဖြစ်တဲ့ စာကြွေးတွေ စုဖတ်သွားတယ်။

    ReplyDelete
  4. မိုး........
    စွေစွေနိုင်လွန်း တိတ်မစဲလေ
    ဒီမိုးအောက်မှာ ခုများတော့ဖြင့် ငါတစ်ယောက်ထဲ

    ဒီအပိုဒ်လေးကို အရမ်းကြိုက်တယ်။

    ပျော်ရွှင်ပါစေ...

    ခင်တဲ့
    မေတ္တာရောင်ပြန်

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။