Saturday, April 25, 2009
၂၇ နှစ်မြှောက်မွေးနေ့မှ...........
လေကရဲ့နိယာမတရား
ဘယ်အရာကမှန်နေလို့
ဘယ်အရာကမှားနေခဲ့လဲ
ငါ.....
တကယ်ကိုမသိနိုင်ခဲ့....
ဒီ ၂၇ နှစ်မြောက်ငါ့မွေးနေ့မှာ
ရရှိခဲ့တဲ့ဆုမွန်တွေထဲ
တချို့ကဖေန်မှုတွေလွန်ကဲလို့
တချို့ကချီးမြှောက်မှုများစွာနဲ့
ဘယ်သူတွေကမှန်နေခဲ့လို့
ဘယ်သူတွေကမှားယွင်းနေခဲ့တာလဲ
ငါ.......
တကယ်ကိုမတွေးတတ်နိုင်ခဲ့တော
့ဖြတ်သန်းလာခဲ့ရပြီးတဲ့ငါ့သက်တမ်းတစ်လျှောက်
ရေးမှတ်ထားခဲ့တဲ့ဒိုင်ယာရီတွေထဲ
မူပိုင်မဲ့ခဲ့တဲ့ရင်ခုန်သံတွေနဲ့
တည်ငြိမ်မှုမဲ့နေခဲ့တဲ့ခံစားမှုများစွာက
အချိန်ကာလတွေနဲ့ထပ်တူကျစွာ
ပြောင်းလဲတတ်ခြင်းသဘောကိုဆောင်နေလို့
မှန်ခြင်း မှားခြင်းအရာ
ငါ့ထံပါးမှာပင် ငါ........
ရှာမရနိုင်ခဲ့တော့ ....
လောကရဲ့နိယာမတရား
ဘယ်အရာကမှန်နေလို့
ဘယ်အရာကမှားနေခဲ့လဲ
ငါ..........
တကယ်ကိုမတွေးချင်မိတော့........။
ပို့တင်သူ
ဒေါင်းမင်း
အကြောင်းအရာ
ကဗျာ
Subscribe to:
Post Comments (Atom)
ရွှင်လန်းပါစေ ကိုဒေါင်းမင်း
ReplyDeleteမွေးနေ့က တစ်ရက်ပဲကွာတယ် ..ကဗျာကောင်းလေး လာဖတ်သွားတယ်
ReplyDeleteလန်းဆန်းခြင်းတွေကို ခံစား စံစားပါစေ ..။
ပျော်ရွင်ဖွယ်မွေးနေ့ဖြစ်ပါစေ...
ReplyDeleteမွေးနေ့မှာ ပျော်ပါစေ ဒေါင်းမင်းကြီးရေ
ReplyDeleteကိုဒေါင်းမင်း၂၇ နှစ်မွေးနေ့မှ စပြီးနှစ်တိုင်းပျော်ရွင်ပါစေရှင်..
ReplyDeleteကိုကို
ReplyDeleteအသက်တွေကြီးလာပြီနော်
ကောင်းမှုတွေများများလုပ်နော်
ပျော်ရွင်ပါစေ ညီမဆုတောင်းနေပါတယ်
အယ်
ReplyDeleteမွေးနေ့ မရောက်ဖြစ်လိုက်ဘူး...။
မွေးနေ့ မှ စနှစ်တစ်ရာတိုင်ပျော်ရွှင်နိုင်ပါစေဗျာ..။
နောက်ကျမှရောက်လာတဲ့အတွက် ခွင့်လွှတ်ပါ..။