ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Sunday, January 11, 2009

သင်မည်သို့ထင်သနည်း။

သင်မည်သို့ထင်သနည်း။
ကံကောင်းခြင်း ၊ကံဆိုးခြင်းဆိုသည်မှာ သင်၏ထင်မြင်ချက်ပေါ်တွင် များစွာမူ တည်ပါသည်။သင်ကံကောင်းနေသည်ဟု သင့်ကိုယ်သင်ယူဆနေလျှင် သင်တကယ် ကံကောင်းနေပါသည်။သင်ကံဆိုးနေသည် ဟုယူဆလိုက်လျှင် သင်ကံဆိုးသူဖြစ်နေ ပါပြီ။ ၎င်းဒဿနနှင့် ပတ်သက်၍ ကြားဘူးသော ပုံပြင်တစ် ပုဒ်ကို ပြောပြလိုပါသည်။
တစ်ခါတုံးက တရုတ်နိုင်ငံ ကျေးလက်တောရွာ တစ်ရွာတွင် မိသားစု တစ်စုမှ မသန်မစွမ်း သားယောင်္ကျားလေး တစ်ယောက်မွေးဖွားလေသည်။ကလေးလာကြည့် ကြသော အိမ်နီးချင်းများက ယင်းမိသားစု အား ‘‘တော်တော်ကံဆိုးတဲ့ မိသားစုပဲ’’ ဟု မှတ်ချက်ချ ပြောဆိုကြလေသည်။
ထိုအခါ အိမ်ရှင်ဖြစ်သူ အဖိုကြီးက
‘‘ကံဆိုးတယ်ဆိုတာ ခင်ဗျားတို့က အဲဒီလိုထင်တာကိုး ’’ဟု ပြန်ပြောလိုက်ပါသည်။
ယင်းနောက် နှစ်ပေါင်း နှစ်ဆယ်လောက် ကြာသောအခါ ၎င်း ရွာသို့ ဘုရင့်စစ် သည်တော်များက စစ်သား စုဆေင်းရန် ရောက်လာကြပါသည်။စစ်သည်တော်များက အရွယ်ရောက်သော ယောင်္ကျားလေး အာလုံးကို ခေါ်ဆောင်သွားပြီး မသန်မစွမ်း ယောင်္ကျားလေး ကိုတော့ ထားရစ်ခဲ့ကြပါသည်။
အိမ်နီးချင်းများက အဖိုကြီးထံသို့ လာပြီး‘‘ တော်တော်ကံကောင်းတဲ့မိသားစုပဲ’’ဟု မှတ်ချက်ပြောဆိုကြပြန်လေသည်။ထိုအခါ အိမ်ရှင်အဖိုကြီးက
‘‘ကျုပ်သာလေးမွေးတုံးကလည်း ခင်ဗျားတို့လာပြီးပြောတယ် ကျုပ်တို့ မိသားစု ကံဆိုးတယ်တဲ့ အခုလည်း ခင်ဗျားတို့ ပြောပြန်ပြီ ကံကောင်းတယ်တဲ့ ခင်ဗျားတို့ စကား တွေ ရှေ့နောက် မညီပါလား’’
ဟုပြန်ပြောလိုက်လေသည်။

ကံကောင်ခြင်း၊ကံဆိုးခြင်းနှင့် စပ်လျဉ်း ၍နောက်ထပ် ပုံပြင်တစ်ပုဒ် ကိုပြောပြလို ပါသေးသည်။
တစ်ခါတုံးက ကျေးလက်တောရွာမှ ကျေးတောသားတစ်ယောက်သည် ချမ်းသာ သောဆွေမျိုးများ၏ ခေါ်ဆေင်မှုဖြင့် လေယဉ်ပျံ စီးခွင့် ရလေသည်။ထိုအခါသူက ငါတော်တော် ကံကောင်းလို့ လေယဉ်ပျံစီးရတာပဲဟု သူ့ကိုယ်သူ မှတ်ချက်ပြုလေသည်
ယင်းနောက် အတန်ငယ် ခရီးပေါက်သောအခါ လေယဉ်ပျံ ပျက်ကျလေသည်။ထိုအခါ သူက ငါတော်တော် ကံဆိုးတာပဲ ဟုယူဆလေသည်။ယင်းနောက် အမှတ်မထင် လေ ထီးတစ်လက်ရရှိလေသည်။ထိုအခါ ကံကောင်းတာပဲ ယူဆလေသည်။
သို့သော် လေထီးကဖွင့်လို့ မရပေ ထိုအခါ ကံဆိုးသည်ဟု ယူဆပြန်လေသည်။
လေထီးမပွင့် ပဲ အောက်သို့ တဖြည်းဖြည်း ကျလာရာ ကောက်ရိုးပုံတစ်ခုပေါသို့ကျလေ သည်။ကံကောင်းသည်ဟု ယူုဆပြန်သည်။ကောက်ရိုးပုံပေါ်တွင် ရှိသောမြွေကကိုက် လိုက်လေသည်။ကံဆိုးသည်ဟု ယူဆပြန်သည်။မြွေမှာ အဆိပ်မရှိသော လင်းမြွေဖြစ် နေပြန်သည်။
ထိုအခါ ကျေးတောသားသည် ကံကောင်းခြင်း ကံဆိးုခြင်းဆိုသည်မှာ သူ့စိတ်၏ အထင်က အဓိကဖြစ်ကြောင်း သဘောပေါက်လာလေသည်။ကံကောင်းခြင်းဖြစ်ဖို့ရန်အ တွက် ကံကောင်းသည် ဟုမိမိကိုယ် ကိုထင်မြင်နိုင်သော အကောင်းမြင်စိတ်ထားအခြေ ခံ ရှိဖို့လိုအပ်ကြောင်း နားလည်လာလေသည်။

ချစ်သောမိတ်ဆွေ အထက်ပါအယူအဆကို သင်ဘယ်သို့ ထင်မြင်ပါသနည်း တုန့်ပြန်ချက် ရေးသားပေးပို့နိုင်ပါသည်။

ဒေါင်းမင်း

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။