ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Sunday, January 11, 2009

ချစ်သူငယ်ချင်း…….သို့ 


စိတ်အားငယ်ညို မျက်ရည်စိုလည်း
အားပေးနှစ်သိမ့် ဖြည့်ဆည်းပေးမယ်
ချစ်သူငယ်ချင်း ။……..။

ဘ၀မှာရှုံးစိတ်မှာနုံးလို့ 
မကြည်မျက်နှာရှိနေပါလည်း
မင်းပျော်ရွှင်အောင် နှစ်သိမ့်ပေးမယ်
ချစ်သူငယ်ချင်း ။……..။

မင်းအတွက်ဆို အရာရာတုန့့်နှင်း
အသက်ရင်းလို့ ကာကွယ်ရဲတယ်
ချစ်သူငယ်ချင်း ။……..။

အခြေမပေးအနေဝေးလည်း
ဆုတောင်းမေတာပို့ သနေမယ်
ချစ်သူငယ်ချင်း ။………။
သြော် ……
ငါ့အတွက်တော့လေ မင်းရဲ့ ရင်မှာ
ငါနဲ့ ခင်ကြောင်း တစေ့ တစောင်း
မှတ်မိရင်ပဲ ကျေနပ်နေမယ်
ချစ်သူငယ်ချင်း ။………..။

ပန်ဒိုရာ
(- ထီလာ -)

No comments:

Post a Comment

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။