ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Saturday, January 17, 2009

အဖေ

သူငယ်ချင်းတစ်ယောက်အီးမေးနဲ့ပို့တဲ့ကဗျာလေးပါကြိုက်လို့
ကျွန်တော်ဘလော့မှာတင်လိုက်ပါတယ်။

!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
အဖေ
ဖေချစ်တို့ …ဖေခင်တို့ ဆိုတာ ရှိတော့ရှိတယ်ရှားတယ် ဆိုတာမျိုးလိုပဲ
အဖေဆိုတာကလည်းသားသမီးကိုချစ်လျှက်နဲ့  ကြောက်အောင်နေပြရတဲ့ဖန်တီးရှင်မဟုတ်လား
ဒါပေမယ့်…အဖေသာ အရှင်ဘုရင်ကြီးဖြစ်ခဲ့ရင် သားသမီးတွေဟာ အိမ်ရှေ့စံမင်းသား မင်းသမီးတွေ
ဖြစ်လာနိုင်တာပေါ့ အဖေကချမ်းသာကြွယ်ဝပြန်တော့လည်း သူဌေးသားသမီးတွေ ဖြစ်ပြန်တာပဲမဟုတ်လား
အဖေကပညာရဖို့  ကုသိုလ်ရဖို့ ငွေရဖို့ မိသားစုတာဝန်ကျေဖို့  အလုပ်လုပ်နေတာပါ
ဆူးမွှေ့ ယာလည်းမအိပ်ခဲ့..ပန်းမွှေ့ ရာလည်းမစံရပေမယ့် မငြီးရှာ နှီးဖျာလေးပေါ်က မိသားစုသိုက်မြုံလေးကိုတော့
အဖေ့ဦးနှောက်နဲ့  ကြွက်သားကြီးတွေပေါ်မှာ သာယာဖူလုံမှုများနဲ့  လွှမ်းခြုံနွေးထွေးစေခဲ့ပါတယ်
ဖောက်ပြန်မှုကင်းစွာနဲ့ နှစ်ကိုယ်ပိုင်းတစ်စိတ်နဲ့ နှစ်ယောက်ပေါင်း တစ်ဘ၀ဖြစ်အောင်
မေတ္တာတွေအစဉ်အပိုင်ပေးပြီး အမေ့အတွက်နားလည်မှုအရှိဆုံးဟာ အဖေရယ်ပါ
အိမ်နီးချင်းဆိုတာ ကလေးချင်း ၊ မိန်းမချင်း ကြောင့် ၊ ခြံမြေကြောင့် ၊ တိရစ္ဆာန်ကြောင့်
စကားများတက်တယ်ဆိုတဲ့အဖေ့စကား အလွန်မှတ်သားလိုက်နာသင့်တဲ့အချက်ပါ
သောက်တယ်ဆိုတာ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျမ်းမာရေး ၊ လူမှုရေး မပျက်စီးစေရဘူးဆိုတာ
အဖေ့ နိတိ( လမ်းညွှန် )ပါ အဖေဟာအလှချစ် ဓနချစ်မပါ မေတ္တာချစ်သက်သက်နဲ့သာ အိမ်ထောင်ရေးကိုတည်ထောင်သူပါ
ဒါကြောင့်အဖေ့မိသားစုဟာ ငွေမချမ်းသာပေမယ့်စိတ်ချမ်းသာတဲ့ လူတန်းစားမှာတော့ထိပ်ဆုံးကပါပဲ
ကြွေးဟောင်းလည်းဆပ် ၊ ကြွေးသစ်ထပ်နှစ်ရပ်တာဝန်ကျေခဲ့တဲ့အဖေ
သားသမီးဆန်းသမျှ နွမ်းလျှတဲ့အ၀တ်လေးနဲ့တင့်တယ်ခဲ့တဲ့အဖေ
သားသမီးကို ပုခုံးပေါ်တင် ဆံပင်ကိုကိုင်စေပြီး စတိုင်ကျကျပွဲပြခဲ့ဖူးတဲ့အဖေ
သားသမီးတွေအတွက် အသာမခံ အနာခံသမားသက်သက်ဟာ အဖေလိုမိဘတွေမှတပါး အခြားမရှိ
ရေချိုးတော့ချမ်း အဖေ့ပုဆိုးကြမ်းကလေးနဲ့ နွေးထွေးစေခဲ့ဖူးတယ်
အမေကကောင်းစေချင်လို့ ဆုံးမခဲ့သမျှအသားနာပေမယ့်ဘ၀မနာစေရပါဘူး
အခုတော့ အဖေ့မှာ ခေတ်ဆန်းပညာတက်တဲ့ သားသမီးတွေကြားရှေးရိုးအဖိုးကြီးဖြစ်နေပြီ
ခုတော့အဖေ့မှာ ရွှေပုံငွေပုံဘေးမှာ မြေးကိုထိန်း ပေးတာယူကျွေးတာစား လှိုင်သောအပြုံးများနဲ့နှောလို့
အားနာနေတာလား အားငယ်နေတာလား အဖေရယ်…?
အဖေရေ…ခေါ်လို့ ထူးမည့်သူမရှိတဲ့တစ်နေ့မှာ အဖေ့ပုံရိပ်တွေက လှိုင်သောအပြုံးများနဲ့စောင့်ရှောက်ပေးနေဦးမှာပါ
ဒီလောကမှာ အဖေနဲ့တူတဲ့အဖေလို အဖေမျိုးတွေ တဖြုတ်ဖြုတ်ကြွေလွှင့်သွားကြရင်တောင် များများကြီး
ရှိရှိလာနိုင်ပါစေလို့ သားဆုတောင်းလျှက်ပါ……။
( အဖေကိုချစ်သော သားသမီးများအတွက် )
တင်ပြသူပန်ဒိုရာ(ထီလာ)

1 comment:

  1. အင်း
    ကျွန်တော်လည်းကြိုက်တယ်အကို...။
    မိဘဆိုတာ အမေ တစ်ယောက် တည်း မဟုတ်ပါဘူး...။ အဖေ လည်း ပါတာ ပဲ လေနော်... ။
    ကျေးဇူးပါအကို ..။

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။