ယခုလိုလာလည်တဲ့အတွက် ကျေးဇူး တင်ပါတယ်။
တမှုန့်မြေလွှာ၊ တစ်လွှာပန်းခြောက်၊တပေါက်ရေစက်၊ငါတို့လက်မှရန်သူရလျှင်၊ မြန်မာ့သမိုင်းရိုင်းတော့မည်။

Friday, February 27, 2009

သိန္ဓောမြင်းဗေဒင်

တစ်မျိုးမှတ်စရာကောင်းတဲ့ ဗေဒင်ဟောကိန်းကို ပြောပါဦးမယ်။ ဟောကိန်းက အကျယ်ကိုမဆိုထားဘဲ တကယ့် ကိုဖြစ်နိုင်တဲ့ကိန်းကို ဆိုထားပါတယ်။ တွက်နည်းကလည်း မခက်ပါ။ တစ်ချက်ထဲ တွက်ရုံနဲ့ ရတဲ့ကိန်းမျိုး ဖြစ်ပါ တယ်။ မှန် မမှန်သိရအောင် တွက်ကြည့်ရအောင်။
အသက်ကိုတည် ခုနှစ်နှင့်စား
- တစ်ခုကြွင်းက = နှုတ်သီး။
- နှစ်ခုကြွင်းက = လက်။
- သုံးခုကြွင်းက = လိင်။
- လေးခုကြွင်းက = ခြေထောက်။
- ငါးခုကြွင်းက = အမြီး။
ခြောက်ခုကြွင်း၊ သုညကြွင်းက ကျောကုန်း၊ အသက် (၃၅)နှစ်ရှိတဲ့ သူတစ်ယောက်ဆိုပါတော့
၇)၃၅(၅
၃၅
......
ဝ - ကြွင်း
သုညကြွင်းတော့ ကျောကုန်းမှာ ကျပါတယ်။ ကောင်းပါတယ်။ အဟောကတော့ ကြံစည်တိုင်းအောင်မြင်မယ်။ ၀င်ပြီးတဲ့ ဥစ္စာ ရတနာပစ္စည်းတွေလည်း မြဲတတ်ပါတယ်။ လာဘ်လာဘများလည်း မကြာမီ ၀င်တော့မယ်လို့ ဆို ပါတယ်။
အသက် (၁၇)နှစ်ရှိတဲ့သူတစ်ယောက်ကို တွက်ကြည့်ရင်
၇)၁၇(၂
၁၅
......
၃- ခုကြွင်း
သုံးခုကြွင်းက လိင်လို့ ဆိုထားပါတယ်။ ဒီနှစ်ပိုင်းမှာ မိန်းမဆိုရင် ယောက်ျားရလိမ့်မယ်။ ယောက်ျားဆိုရင် မိန်းမ ရလိမ့်မယ်။ ယူရရင် ကောင်းမလားလို့ မေးရင် ယူသာယူကောင်းတယ်လို့  အဟောက ဆိုထားပါတယ်။
သိန္ဓောမြင်းဗေဒင်အဟောကိန်းတွေကို ကြည့်ကြရအောင်
တစ်ခုကြွင်း - တရားတပေါင် အမှုအခင်းဖြစ်တတ်ပါတယ်။ စကားအရှုပ်အရှင်း ဖြစ်တတ်တယ်။ အပြောအဆိုကို အထူးဆင်ခြင်ပါ။
နှစ်ခုကြွင်း - ခရီးယာယီသွားဖို့  မြင်ပါတယ်။ သွားပေးနိုင်ရင် ကောင်းမယ်။
သုံးခုကြွင်း - မိန်းမဆိုရင် ယောက်ျားရလိမ့်မယ်။ ယောက်ျားဆိုရင် မိန်းမရလိမ့်မယ်။ ယူရင်ကောင်းမလားလို့  မေးရင် ယူသာယူကောင်းပါတယ်။
လေးခုကြွင်း - ခရီးယာယီသွားရကိန်းမြင်ပါတယ်။ ယောက်ျားဆိုရင်လည်း မိန်းမရတတ်တယ်။ မိန်းမဆိုရင်
လည်း ယောက်ျားရတတ်တယ်။ ယူရင်ကောင်းမလားလို့ မေးရင် ကောင်းပါတယ်။ ယူပါ။
ငါးခုကြွင်း - တော့ မကောင်း။ မြေ၊ မြင်း၊ မိန်းမထွက်တတ်တယ်။ မိန်းမနဲ့ မကြာခဏ ရန်မဖြစ်နဲ့ ။ အိမ်ကနေ ထွက်သွားတတ်တယ်။
ခြောက်ခုကြွင်း (သို့ မဟုတ်) သုညကြွင်း ကောင်းပါတယ်။ အဟောကတော့ ကြံတိုင်းအောင် ဆောင်တိုင်း မြောက်မယ်။ ၀င်ပြီးတဲ့ ဥစ္စာ ရတနာတွေလည်း မြဲတတ်တယ်။ လာဘ်လာဘများလည်း မကြာမီ ၀င်ကိန်းရှိနေပါ တယ်။
................................................................................................
ကဲသူငယ်ချင်းတို့ရေတွက်ကြည့်လိုက်ကျပါအုံးခင်ဗျ။
ဂမ္ဘီရဆရာပွ...ရေးသားသည်ကိုပြန်လည်ကူးယူဖော်ပြပါသည်ခင်ဗျာ။
ဒေါင်းမင်း

8 comments:

  1. ကောင်းတယ်တော့၊မှန်ပါစေ

    ReplyDelete
  2. မှန်တယ်ထင်တယ်ဗျ။ ကျနော့်အခုဖြစ်နေတာက တလတခါ ကီလို
    မီတာ၂၀၀ကိုကားမောင်းပြီး ၂ရက် ၃ရက်တော့ ခရီးထွက်နေကျဗျ

    ReplyDelete
  3. ဝေးဟေး...ဟေး..ကျနော်က သုညကျွင်းသဗျ..
    ကြံစည်ထားတာကတော့ ယောက်ခမတော်ရမယ့်အိမ်ကို သမီးသိမ်း ဓမြတိုက်မလို့ ...
    အောင်မြင်မယ်ထင်ပ... :D

    ReplyDelete
  4. ဗေဒင်တွက်ကြည့်သွားတယ် မှန်မမှန်တော့ နောက်မှပြောတော့မယ် :)

    ReplyDelete
  5. အဲ ယောက်ျားရမယ်ဆိုပါလား... မဦးမချွတ်... မီးကငယ်ငယ်လေးရှိသေးတာကို

    ReplyDelete
  6. ကျောကုန်းပါ ဒါပေမယ့် ရက်နည်း၂ရရင် ၁ကြွင်းတော့မှာ ..

    ReplyDelete
  7. ဟေး.......... တို့ ၎ကြွင်းတယ်ကွ
း)

    ReplyDelete
  8. ၂၀ ကို ၂ နဲ့ စားတာ 0 ရ လားဟင်...။
    သု ညရတယ်ဆိုရင် တော့ ပျော်စရာကြီး ပဲ..။
    :)

    ReplyDelete

ယခုလိုခင်မင်မှုနဲ့ အမှတ်တရ ရေးပေးသွားတဲ့ အတွက်ကျေးဇူးပါဗျာ။